မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
5 Feb 2025 11:49 am တွင် တင်ခဲ့သည်
1179 ကြိမ် ကြည့်ရှု့ပြီး

အော်စကာဆုရှင် ရုပ်ရှင်သရုပ်ဆောင် ရော်ဘင် ဝီလျံစ် (Robin Williams) (ကွယ်လွန်) က သားသမီးများကို ဆယ်စုနှစ် ၂ ခု ကျော် ပြုစုပျိုးထောင်ပေးခဲ့သော ဆန်ဖရန်စစ္စကိုမှ စံအိမ်တစ်လုံး ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ် ဖြစ်သွားသည်။

အီတလီ ရီနေးဆင်းဗိသုကာဟန်ဖြင့် ၁၉၂၆ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဆန်ဖရန်စစ္စကိုမြို့၊ Sea Cliff အရပ်တွင် တည်ရှိပြီး ၃ ထပ်အဆောက်အအုံဖြစ်ကာ အကျယ်အဝန်း စတုရန်းပေ ၁၁၀၀၀ နီးပါးရှိကြောင်း Kron4 သတင်းဌာနက ဖော်ပြသည်။ ဆန်ဖရန်စစ္စကိုမြို့၊ El Camino Del Mar လမ်း၊ အမှတ် ၅၄၀ တွင် တည်ရှိပြီး Golden Gate တံတားကြီး၊ Marin Headlands ပန်းဥယျာဉ်နှင့် ပစိဖိတ်သမုဒ္ဒရာတို့၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

ရော်ဘင်ဝီလျံစ်သည် Good Will Hunting ဇာတ်ကားတွင် စိတ်ပညာရှင်အဖြစ် ပါဝင်သရုပ်ဆောင်ကာ အော်စကာဆု ရရှိခဲ့ခြင်းဖြစ်သော်လည်း ၎င်းအား ပိုမိုလူသိများစေသည်မှာ Jumanji ဇာတ်ကားဖြင့် ဖြစ်သည်။

 

 

(ရော်ဘင်ဝီလျံစ်တို့ ဇနီးမောင်နှံက ၁၉၉၁ ခုနှစ်က ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-OpenHomes)

 

 

(Jumanji ရုပ်ရှင်မိတ်ဆက်ပွဲတွင် ရော်ဘင်ဝီလျံစ်ကို ဇနီးဟောင်း မာရှာ ဝီလျံစ်၊ သားသမီးများနှင့်အတူ တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Ron Galella Collection via Getty Images)

 

ဗိသုကာပညာရှင် Earle Bertz က ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ခေတ်ဟောင်း၏ အလှတရားတို့ကို ခမ်းနားမှုဖြင့် ပေါင်းစည်းထားသည်။

အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်းနှင့် ကောင်းစွာထိန်းသိမ်းမွမ်းမံထားသော ပန်းဥယျာဉ်တို့ ပါဝင်သည်။

Good Will Hunting ဇာတ်ကားဖြင့် အော်စကာဆုရခဲ့သူ ရော်ဘင်ဝီလျံစ်သည် ယခုနေအိမ်ကို ဇနီးဟောင်း ရုပ်ရှင်ထုတ်လုပ်သူ Marsha Garces Williams နှင့်အတူ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ရော်ဘင်ဝီလျံစ်တို့ စုံတွဲသည် ယခုစံအိမ်တွင် သားသမီးများကို ပြုစုပျိုးထောင်ပေးခဲ့ကြပြီး ၂၀၁၀ ပြည့်နှစ်တွင် ကွာရှင်းပြတ်စဲကြသောအခါ စံအိမ်ကို ဇနီးဖြစ်သူ Garces က ရရှိခဲ့သည်။

 

 

(ဧည့်ခန်း။ ဓာတ်ပုံ-OpenHomes)

 

 

(သီးသန့် နားနေ နေရာ။ ဓာတ်ပုံ-OpenHomes)

 

 

(ညစာစားခန်း။ ဓာတ်ပုံ-OpenHomes)

 

 

(မနက်စာ စားခန်း။ ဓာတ်ပုံ-OpenHomes)

 

၂၀၂၃ ခုနှစ်တွင် စတင်အရောင်းဈေးကွက်တင်ချိန်က ကန်ဒေါ်လာ ၂၅ သန်း ဈေးခေါ်ခဲ့သည်။

ဆန်ဖရန်စစ္စကို၏ အထင်ကရအရှိဆုံး နေအိမ်များတွင် ပါဝင်ပြီး ခေတ်ဟောင်းအလှကို ခေတ်သစ်၏ luxury တို့ဖြင့် ပေါင်းစည်းထားကြောင်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြခဲ့သည်။

 

 

(အိပ်ခန်းများအနက်မှ တစ်ခန်း။ ဓာတ်ပုံ-OpenHomes)

 

 

(Golden Gates တံတားကြီး၏ ရှုမျှော်ခင်းများကို လှမ်းမျှော်တွေ့မြင်ရသည်။ ဓာတ်ပုံ-OpenHomes)

 

 

(အခြား အိပ်ခန်းတစ်ခန်း။ ဓာတ်ပုံ-OpenHomes)

 

 

(ခြံဝန်းအတွင်း ရှုခင်း။ ဓာတ်ပုံ-OpenHomes)

 

ရော်ဘင်ဝီလျံစ်သည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ Paradise Cay ရှိ နေအိမ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်။

ရင်ခွဲစစ်ဆေးချက်များအရ မိမိကိုယ်ကို အဆုံးစီရင်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ကောက်ချက်ဆွဲကြသည်။

ကြိုးဆွဲချအဆုံးစီရင်မှုကြောင့် အောက်ဆီဂျင်ပြတ်ကာ သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။

ရော်ဘင်ဝီလျံစ်သည် ဦးနှောက်ဖောက်လွဲဖောက်ပြန်ဖြစ်စေသည့် Lewy body dementia ဝေဒနာကို ခံစားနေရသည်မှာ နှစ်ပေါင်းအတန်ကြာခဲ့ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The San Francisco home where Robin Williams raised his children has sold for $18M Photo Credit- Ron Galella Collection via Getty Images, Open Homes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service