နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ - Property News in Myanmar from iMyanmarHouse.com
3 Feb 2025 12:04 pm တွင် တင်ခဲ့သည်
1133 ကြိမ် ကြည့်ရှု့ပြီး

နယူးဇီလန်နိုင်ငံတွင် ကျေးရွာတစ်ခုလုံးကို ရောင်းချရန် အရောင်းဈေးကွက်ဝင်လာသည်။

Lake Waitaki ဟု အမည်ရသောကျေးရွာဖြစ်ပြီး ရွာအကျယ်အဝန်း ၁၄ ဟက်တာရှိသည်။

ရွာအတွင်း အိပ်ခန်း ၃ ခန်းပါ နေအိမ် ၈ လုံး၊ အိပ်ခန်း ၅ ခန်းပါ အိမ်တစ်လုံး၊ စီးပွားရေးလုပ်ငန်းသုံး မီးဖိုဆောင် ပါဝင်သော ကော်ဖီဆိုင်/ဘားနှင့် ကား ၁၀ စင်းဆန့် ဂိုဒေါင်တစ်လုံးတို့ ပါဝင်သည်။

ဈေးကွက်တင် အိမ်ခြံမြေအကျိုးဆောင်၏ ပြောကြားချက်အရ Waitaki ကျေးရွာကို ဒေါ်လာ ၂ ဒသမ ၉ သန်း ဈေးခေါ်ထားကြောင်း သိရသည်။

အနီးရှိ Waitaki ဆည်ကြီးဆောက်လုပ်ရာတွင် အလုပ်သမားများကို ထားရှိရန် ၁၉၃၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

Waitaki ကျေးရွာသည် Kurow မြို့မှ ၇ ကီလိုမီတာ၊ Oamaru မြို့မှ ၅၀ ကီလိုမီတာ အကွာတွင် တည်ရှိသည်။

အစည်ကားဆုံးအချိန်က ရွာတွင်နေထိုင်သူ ၂၀၀၀ ဦးကျော် ရှိခဲ့သည်။

အုတ်နေအိမ်များမှာ မန်နေဂျာများအတွက်ဖြစ်ပြီး ဓာတ်ပုံဟောင်းများတွင် တွေ့ရှိရမှုအရ အလုပ်သမားများ နေထိုင်ရန် သစ်သားတဲများ တန်းစီ တည်ရှိခဲ့ဖူးသည်။

ဆည်ကို အလိုအလျောက်စနစ်အသုံးပြုပြီးနောက်ပိုင်း သစ်သားတဲများကို အခြားနေရာသို့ ပြောင်းရွှေ့လိုက်သည်။

ယခုအခါ ထိုနေရာတွင် လူနေထိုင်သည့်အိမ် ၃ လုံးသာ ရှိတော့သည်။

ပင်မအိမ်တွင် ပိုင်ရှင်ဖြစ်သူနေထိုင်ပြီး ကျန်အိမ် ၂ လုံးတွင် မိသားစု ၂ ခု နေထိုင်သည်။ အဆိုပါ အိမ် ၂ လုံးမှာ ပြန်လည်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ထားသည်။

(အိပ်ခန်း ၃ ခန်းပါ နေအိမ် ၈ လုံးအနက် ၂ လုံးကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-Supplied)

အရောင်းဈေးကွက်တင်ပေးသည့်အကျိုးဆောင် Kelli Williams က ပြောသည်မှာ လက်ရှိပိုင်ရှင်တို့က ပျက်စီးယိုယွင်းနေသည့် Waitaki ကျေးရွာကို ၂၀၀၁ ခုနှစ်တွင် ဒေါ်လာ ၂၉၄၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဝယ်ယူပြီးနောက် ပြန်လည်မွမ်းမံမှုများစွာ ပြုလုပ်ခဲ့ပြီး ကော်ဖီဆိုင်တစ်ခု ဖွင့်လှစ်ခဲ့ကာ ဧည့်ဝန်ဆောင်မှု လုပ်ငန်းတစ်ခု လည်ပတ်ခဲ့သည်။

Waitaki ကျေးရွာကို ၂၀၁၆ ခုနှစ်က ပထမဆုံးအကြိမ် အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး ၂၀၁၈ တွင် အရောင်းတင်သည့်ကြော်ငြာမှာ အလွန်ပျံ့နှံ့ကျော်ကြားခဲ့ဖူးသည်။

ကမ္ဘာတစ်ဝန်းမှ စိတ်ဝင်စားသူများစွာ ဆက်သွယ်မေးမြန်းခဲ့ရာ အမေရိကန်မှ ရော့ခ်ကြယ်ပွင့်တစ်ဦးပင် ပါဝင်ခဲ့သည်ဟု ဆိုသည်။

“ပျံ့နှံ့ကျော်ကြားသွားတာ အကြောင်းရှိပါတယ်။ ရွာတစ်ရွာလုံးကို ဝယ်လို့ရတဲ့ အခွင့်အလမ်းက ခဏခဏ မတွေ့နိုင်ဘူးလေ။ ကမ္ဘာလှည့်ခရီးသွားတွေရှုပ်တဲ့လမ်းကြောင်းပေါ်မှာ မရှိဘဲ ဒီလိုနိုင်ငံမျိုးရှိတာကြောင့် လူတွေစိတ်ဝင်စားကြတာပါ။ ကျွန်မ ပြောနိုင်တာကတော့ ဒါက တစ်ယောက်ယောက်အတွက်တော့ ကြီးမားတဲ့ အခွင့်အလမ်းကြီးပါ။ ကျွန်မလို အမြင်ရှိတဲ့သူရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Kelli က ပြောသည်။

(ရွာကလေးတွင် ကော်ဖီဆိုင်နှင့် အရက်ဘား၊ အိပ်ခန်း ၅ ခန်းပါ အိမ်တစ်လုံးတို့ ပါဝင်သည်။ ဓာတ်ပုံ-Supplied)

(ကော်ဖီဆိုင်ကို လက်ရှိပိုင်ရှင်တို့က ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-Supplied)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Entire New Zealand village for sale again - got a spare $2.9m? Photo Credit-Supplied

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
Mingalar Market
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service