ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ

ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ - Property News in Myanmar from iMyanmarHouse.com
26 Dec 2024 11:06 am တွင် တင်ခဲ့သည်
429 ကြိမ် ကြည့်ရှု့ပြီး

ဘိန်းဘုရင် အက်စ်ကိုဘာ တချိန်က ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသား တစ်ဦးက ရေပူစိမ်ကန်၊ Sauna တို့ ထည့်သွင်းကာ လူနေအိမ်အဖြစ် ပြောင်းလဲခဲ့ပြီးနောက် တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချလာသည်။

Pytch ကို တည်ထောင်သူဖြစ်သော ဂျွန်နီ ပန်မာ (Johnny Palmer) က သက်တမ်း ၅၇ နှစ်ရှိပြီဖြစ်သော လေယာဉ်ကြီးကို ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းတွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

(ဂျွန်နီက လေယာဉ်ကြီးကို အငှားအိမ်အဖြစ် ပြောင်းလဲခဲ့သည်။ ဓာတ်ပုံ-airbnb.co.uk/h/pytchair)

 

(ဂျွန်နီက လေယာဉ်ကြီးကို ၂၀၂၀ ပြည့်နှစ်အတွင်း ဝယ်ယူပြီးနောက် PYTCHair ဟု အမည်ပေးခဲ့သည်။ ဓာတ်ပုံ-airbnb.co.uk/h/pytchair)

 

(727 ဂျက်လေယာဉ်ကြီးတွင် လူ ၄ ဦး တည်းခိုနိုင်သည့် နေရာရှိသည်။ ဓာတ်ပုံ-airbnb.co.uk/h/pytchair)

 

(luxury ဆန်သော အတွင်းပိုင်း။ ဓာတ်ပုံ-airbnb.co.uk/h/pytchair)

လေယာဉ်ကြီးကို အငှားအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ဂျွန်နီက တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချထားခဲ့သည်။

“တချို့လူတွေက ပြောကြတယ်။ ဘရစ္စတိုးမှာ ဈေးအကြီးဆုံးပဲတဲ့” ဟု ဂျွန်နီက ပြောသည်။

“ခရစ္စမတ်နေ့မှာ ပေါင် ၈၅၀ အထိ ဈေးတက်သွားတယ်။ ဒါက ၄ ယောက်စာအတွက် တကယ်ဈေးကြီးပါတယ်”

အချို့သူတို့က ပုံမှန်အတိုင်း တည်းခိုနေထိုင်ကြသော်လည်း အချို့ကမူ ပါတီပွဲ လာရောက်ကျင်းပကြကာ ပါတီပွဲပြီးချိန်တွင် အိမ်ပြန်သွားကြလေ့ရှိကြောင်း ဂျွန်နီက ပြောသည်။

727 ဂျက်လေယာဉ်အိမ်ကြီးတွင် sauna ၊ ရေပူစိမ်ကန်တို့အပြင် full kitchen လည်း ပါသည်။

လေယာဉ်အိမ်သည် ခရီးသွားများနှင့် ဒေသခံတို့အကြား အလွန်ကျော်ကြားနေကြောင်း ဂျွန်နီက ပြောပြသည်။

မြို့ခံတို့က လေယာဉ်အိမ်ကို အလွန်သဘောကျနေပြီး မြို့၏ စိတ်ဝင်စားစရာနေရာတစ်ခုအဖြစ် သတ်မှတ်ထားကြကြောင်းလည်း ဂျွန်နီက ပြောသည်။

လေယာဉ်ကြီး၏ သမိုင်းကြောင်းကိုလည်း ဂျွန်နီက သဘောကျနေသည်။

ဤလေယာဉ်ကြီးကို ကိုလံဘီယာ ဘိန်းဘုရင် ပါဘလို အက်စ်ကိုဘာ တချိန်က ပိုင်ဆိုင်ခဲ့ဖူးသည်ဟူသော သတင်းများရှိသည်။

ပထမဆုံးပိုင်ခဲ့သည်မှာ ဂျပန်လေကြောင်းလိုင်းမှဖြစ်ပြီး ၁၉၆၇ မှ ၁၉၇၅ ခုနှစ်အထိ ခရီးသည်တင် လေယာဉ်ကြီးအဖြစ် အသုံးပြုခဲ့သည်။

ယင်းနောက်ပိုင်း ကိုယ်ပိုင်ဂျက်လေယာဉ်အဖြစ် အသုံးပြုခဲ့သည်။

နောက်ဆုံးပျံသန်းခဲ့သည်မှာ ၂၀၁၂ ခုနှစ်အတွင်း ဘရစ္စတိုးရှိ Filton Airfield သို့ ဖြစ်သည်။

ထိုနေရာမှ Kemble Airfield သို့ ကုန်းလမ်းမှ သယ်ဆောင်ခဲ့သည်။

ဂျွန်နီသည် ၂၀၁၈ ခုနှစ်တွင် Kemble သို့ ရောက်ရှိခဲ့ရာတွင် လေယာဉ်ကြီးကို တွေ့ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ နှစ်လယ်ပိုင်းတွင် ဝယ်ယူခဲ့ပြီးနောက် ထားရှိမည့်နေရာဖြစ်သော Brislington သို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သယ်ယူခဲ့သည်။

(လေယာဉ်ကြီးကို ဘရစ္စတိုးမြို့၊ Brislington အရပ်ရှိ စက်မှုဇုန်တစ်ခုတွင် ထားရှိခဲ့သည်။ ဓာတ်ပုံ-airbnb.co.uk/h/pytchair)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: PLANE SAILING I transformed Boeing 727 ‘once owned by Pablo Escobar’ into ultimate Airbnb with hot tub & sauna – now I make £850 a day Photo Credit- airbnb.co.uk/h/pytchair

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service