ထူးထူးခြားခြား ကမ္ဘာတလွှား ၊ ပါကစ္စတန်တွင် ဗြိတိသျှအရာရှိတစ်ဦး၏ အမိန့်ဖြင့် နှစ်ပေါင်း ၁၂၀ ကျော် ဖမ်းဆီးအရေးယူခံထားရသော ညောင်ပင်ကြီးအကြောင်း

ထူးထူးခြားခြား ကမ္ဘာတလွှား ၊ ပါကစ္စတန်တွင် ဗြိတိသျှအရာရှိတစ်ဦး၏ အမိန့်ဖြင့် နှစ်ပေါင်း ၁၂၀ ကျော် ဖမ်းဆီးအရေးယူခံထားရသော ညောင်ပင်ကြီးအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
10 Dec 2024 9:57 am တွင် တင်ခဲ့သည်
456 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ပါကစ္စတန်နိုင်ငံ၊ ခိုင်ဘာ ပထန်ကွာပြည်နယ်၊ လန်ဒီး ကိုတာလာ (Landi Kotala) မြို့မှ စစ်ဘက်ပိုင် နယ်နိမိတ်အတွင်း တည်ရှိသော ညောင်မုတ်ဆိတ်ပင်ကြီးတစ်ပင်မှာ ဗြိတိသျှအရာရှိတစ်ဦး၏ အမိန့်ဖြင့် ၁၈၉၈ ခုနှစ်တွင် ဖမ်းဆီးအရေးယူခြင်းခံထားရသည်။

နောင်နှစ်ပေါင်း ၁၂၆ နှစ်အကြာ ယနေ့တိုင် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။ ယနေ့တိုင် သံကြိုးများဖြင့် တုပ်နှောင်ကာ ဖမ်းဆီးထားဆဲဖြစ်သည်။ ညောင်ပင်ကြီး ထွက်ပြေးလွတ်မြောက် သွားမည်စိုးသောကြောင့် ဖြစ်သည်။

သင့်တွင် အခြားထင်မြင်ချက်ရှိနိုင်သည်။ သို့သော် နောက်ပြောင်ခြင်းမဟုတ်ပါ။ အမှန်တကယ် ဖမ်းဆီးအရေးယူထားခြင်း ဖြစ်သည်။

ပါကစ္စတန်၏ ထိပ်တန်းသတင်းစာကြီးဖြစ်သော Dawn တွင် အဆိုပါညောင်ပင်ကြီးအကြောင်း ရေးသားဖော်ပြခဲ့ဖူးသည်။

ပါကစ္စတန် သတင်းစာများစွာ၏ ဖော်ပြချက်အရ ညောင်ပင်ကြီး ဖမ်းဆီးခံရခြင်း၏ အကြောင်းရင်းမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်….။ အိန္ဒိယနိုင်ငံ ဗြိတိသျှကိုလိုနီဘဝတွင် ရှိခဲ့ချိန်က။

(မှတ်ချက်။ ထိုစဉ်က ပါကစ္စတန်နိုင်ငံ မရှိသေး။ အိန္ဒိယပိုင်နက်အဖြစ်သာ ရှိသေးသည်။)

ဗြိတိသျှစစ်တပ်မှ အရာရှိတစ်ဦးဖြစ်သူ James Squid က ညောင်ပင်အိုကြီးတစ်ပင် ၎င်းထံသို့ ရွေ့လျားလာနေသည်ဟု မှတ်ထင်ခဲ့သည်။

ထိုအချိန်တွင် James Squid မှာ အရက်အလွန်မူးနေသည်ဟု ဆိုသည်။

James က ညောင်ပင်ကြီးကို ကြောက်ရွံ့သွားကာ တပ်မတော်စားရိပ်သာ စားဖိုမှူး တပ်ကြပ်ကြီးအား ညောင်ပင်ကြီးကို ဖမ်းဆီးရန် အမိန့်ပေးခဲ့သည်။

စားရိပ်သာ တပ်ကြပ်ကြီးလည်း အရာရှိ၏ အမိန့်အတိုင်း ပြစ်မှုကျူးလွန်သော ညောင်ပင်ကြီးကို သံကြိုးဖြင့် တုပ်နှောင်ခဲ့သည်။

နောင်နှစ်ပေါင်း ၁၀၀ ကျော်အကြာ ယနေ့တိုင် သံကြိုးဖြင့် ချုပ်နှောင်ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားရာ “ကျွန်တော် အဖမ်းခံထားရပါတယ်”ဟု ရေးသားဖော်ပြထားသည်။

ဖမ်းဆီးခံထားရသော ညောင်ပင်ကြီးကို ကြည့်ရှုရန် နေ့စဉ် လာရောက်လည်ပတ်သူ များစွာ ရှိသည်။

“ဗြိတိသျှကို ဆန့်ကျင် ပုန်ကန်မယ်ဆိုရင် ဒီလို အရေးယူခံရမယ်လို့ သွယ်ဝိုက်ပြသတယ့် သဘောလည်း ဖြစ်ပါတယ်”ဟု ဒေသခံတစ်ဦးက The Tribune သတင်းစာသို့ ပြောသည်။

လန်ဒီးကိုတာသည် ပြည်ထောင်စုက အုပ်ချုပ်သော တိုင်းရင်းသားမျိုးနွယ် မြို့ကလေး ဖြစ်သည်။

အာဖဂန်နစ္စတန်သို့ ဝင်ပေါက် ဖြစ်သော ခိုင်ဘာ တောင်ကြားလမ်း၏ အနောက်ဘက်စွန်းတွင် တည်ရှိသည်။

“ဒီသစ်ပင်ကြီးဟာ မတရားမှုနဲ့ မတရားတဲ့ ဥပဒေတွေကို အမြဲတမ်း သတိရစေမယ့် အရာတစ်ခုပါပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

လန်ဒီးကိုတာမြို့မှ Khogikheil မျိုးနွယ်စု၏ ခေါင်းဆောင် အသက် ၆၀ အရွယ်ရှိ အစ္စလမ်ခန်း ရှင်းဝါရီက ပြောသည်မှာ ညောင်ပင်ကြီး တည်ရှိသည့် နေရာသည် ယခင်က မိမိတို့ မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့သော နေရာဖြစ်ကြောင်း၊ ဗြိတိသျှ စစ်တပ်က သိမ်းယူကာ စားရိပ်သာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ယခုအခါ ပါကစ္စတန်စစ်တပ်၏ ပိုင်နက်အတွင်း တည်ရှိနေပြီး ကမ္ဘာလှည့်ခရီးသွားများစွာ လည်ပတ်ကြည့်ရှုရာ နေရာ ဖြစ်လာသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tree in Pakistan remains ‘under arrest’ for 120 years (aa.com.tr)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service