ရှုံးပွဲမရှိ စံချိန်ဖြင့် လက်ဝှေ့လောကမှ အနားယူသွားသူ ဖလွိုက် မေဝယ်သာက လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၄၈ သန်း ဈေးခေါ်ကာ အရောင်းဈေးကွက်တင်လာ

ရှုံးပွဲမရှိ စံချိန်ဖြင့် လက်ဝှေ့လောကမှ အနားယူသွားသူ ဖလွိုက် မေဝယ်သာက လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၄၈ သန်း ဈေးခေါ်ကာ အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
23 Sep 2024 10:27 am တွင် တင်ခဲ့သည်
754 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရှုံးပွဲမရှိ စံချိန်ဖြင့် လက်ဝှေ့လောကမှ အနားယူသွားသူ ဖလွိုက် မေဝယ်သာသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ သူ၏စံအိမ်ကြီးကို ကန်ဒေါ်လာ ၄၈ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

မေဝယ်သာသည် Beverly Hills အရပ်၊ North Crescent Drive လမ်းရှိ အိပ်ခန်း ၆ ခန်းပါ စံအိမ်ကြီးကို အိမ်ခြံမြေ developer တစ်ဦးဖြစ်သူ Nile Niami ထံမှ ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၅ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြသည်။

ပြင်သစ်မော်ဒန်ဗိသုကာဟန်ဖြင့် ၁၉၉၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သောစံအိမ်ဖြစ်ပြီး အခန်းဖွင့် ခင်းကျင်းထား သော ဧည့်ခန်းနေရာ၊ အရက်ဘားတစ်ခု ကပ်လျက်ပါဝင်သော ဝိုင်သိုလှောင်ခန်း၊ ပြင်သစ်တံခါး ၁၀ ခု၊ စာကြည့်တိုက်၊ လူ ၂၀ ဆန့် ရုပ်ရှင်ရုံတစ်ခုပါသော ဧည့်ဂေဟာအိမ်တစ်လုံးတို့ ပါဝင်သည်။

စံအိမ်အကျယ်မှာ ၁၅၀၉၆ စတုရန်းပေရှိပြီး ခြံအကျယ်မှာ ဧကဝက်ခန့်ရှိပြီး Beverly Hills အရပ်ရှိ တောင်ကုန်း များပေါ်တွင် တည်ရှိသည်။

Niami ပိုင်ဆိုင်ထားသည့် ၃ နှစ်တာကာလအတွင်း ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ ယခုအခါတွင် အနက်ရောင်တောက်ပသော formal dining room နှင့် အဖြူနှင့် အနက်စင်း pool deck တို့ ရှိသည်။

(ပြင်သစ်မော်ဒန်ဗိသုကာဟန်ဖြင့် ၁၉၉၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Google Maps)

 

အရောင်းဈေးကွက်တင်ပေးသည်မှာ Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှ Joshua Altman နှင့် Mattew Altman တို့ ဖြစ်သည်။

မေဝယ်သာသည် ဟဲဗီးဝိတ်လက်ဝှေ့ပွဲများ ကျင်းပလေ့ရှိသော လာ့စ်ဗီးဂပ်စ်မြို့တွင်လည်း စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။

စံအိမ်အသစ်အနေအထားဖြင့် ၂၀၁၈ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ကာ ကန်ဒေါ်လာ ၁၀ သန်းပေးခဲ့ရသည်။

လာ့စ်ဗီးဂပ်စံအိမ်တွင် ဧည့်ဂေဟာအိမ် ၂ လုံး၊ ရေကူးကန်ဘေးအိမ်၊ ကားအစင်း ၂၀ ဆန့် ဂိုဒေါင်နှင့် စပျစ်ခြံတို့ ပါဝင်သည်။

၂၀၂၁ ခုနှစ်အတွင်းကလည်း မိုင်အမ်မီကမ်းခြေရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၈ သန်းဖြင့် ဝယ်ယူခဲ့သေးသည်။

လက်ဝှေ့ချန်ပီယံဟောင်းသည် လော့စ်အိန်ဂျလိရှိ အလွန်ခမ်းနားလှသော ဒေါ်လာ ၁၁၉ သန်းတန် စံအိမ်ကြီးတစ်လုံးကို ဝယ်ယူရန် စိတ်ဝင်စားနေသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

 

(ဆက်စပ်သတင်း) ကမ္ဘာပေါ်တွင် ၂ စင်းတည်းသာရှိသော အရှားပါးဆုံးပြိုင်ကား Koenigsegg CCXR Trevita ၊ ဟဲဗီးဝိတ် ချန်ပီယံ ဖလွိုက် မေဝယ်သာက တစ်စင်း ပိုင်ဆိုင်ခဲ့

https://www.carsdb.com/en/news/291

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Floyd Mayweather Puts Beverly Hills Mansion up for Sale Asking $48 Million (mansionglobal) Photo Credit- Google Maps

 

[Zawgyi]

ရံႈးပြဲမရွိ စံခ်ိန္ျဖင့္ လက္ေဝွ႔ေလာကမွ အနားယူသြားသူ ဖလိြဳက္ ေမဝယ္သာက ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly Hills အရပ္ရွိ စံအိမ္ၾကီးကို ကန္ေဒၚလာ ၄၈ သန္း ေစ်းေခၚကာ အေရာင္းေစ်းကြက္တင္လာ

ရံႈးပြဲမရွိ စံခ်ိန္ျဖင့္ လက္ေဝွ႔ေလာကမွ အနားယူသြားသူ ဖလိြဳက္ ေမဝယ္သာသည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly Hills အရပ္ရွိ သူ၏စံအိမ္ၾကီးကို ကန္ေဒၚလာ ၄၈ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။

ေမဝယ္သာသည္ Beverly Hills အရပ္၊ North Crescent Drive လမ္းရွိ အိပ္ခန္း ၆ ခန္းပါ စံအိမ္ၾကီးကို အိမ္ျခံေျမ developer တစ္ဦးျဖစ္သူ Nile Niami ထံမွ ၂၀၁၇ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂၅ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း အိမ္ျခံေျမ မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ျပင္သစ္ေမာ္ဒန္ဗိသုကာဟန္ျဖင့္ ၁၉၉၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာစံအိမ္ျဖစ္ျပီး အခန္းဖြင့္ ခင္းက်င္းထား ေသာ ဧည့္ခန္းေနရာ၊ အရက္ဘားတစ္ခု ကပ္လ်က္ပါဝင္ေသာ ဝိုင္သိုေလွာင္ခန္း၊ ျပင္သစ္တံခါး ၁၀ ခု၊ စာၾကည့္တိုက္၊ လူ ၂၀ ဆန္႔ ရုပ္ရွင္ရံုတစ္ခုပါေသာ ဧည့္ေဂဟာအိမ္တစ္လံုးတို႔ ပါဝင္သည္။

စံအိမ္အက်ယ္မွာ ၁၅၀၉၆ စတုရန္းေပရွိျပီး ျခံအက်ယ္မွာ ဧကဝက္ခန္႔ရွိျပီး Beverly Hills အရပ္ရွိ ေတာင္ကုန္း မ်ားေပၚတြင္ တည္ရွိသည္။

Niami ပိုင္ဆိုင္ထားသည့္ ၃ ႏွစ္တာကာလအတြင္း ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။ ယခုအခါတြင္ အနက္ေရာင္ေတာက္ပေသာ formal dining room ႏွင့္ အျဖဴႏွင့္ အနက္စင္း pool deck တို႔ ရွိသည္။

(ျပင္သစ္ေမာ္ဒန္ဗိသုကာဟန္ျဖင့္ ၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု-Google Maps)

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Douglas Elliman အိမ္ျခံေျမကုမၸဏီမွ Joshua Altman ႏွင့္ Mattew Altman တို႔ ျဖစ္သည္။

ေမဝယ္သာသည္ ဟဲဗီးဝိတ္လက္ေဝွ႔ပြဲမ်ား က်င္းပေလ့ရွိေသာ လာ့စ္ဗီးဂပ္စ္ျမိဳ႕တြင္လည္း စံအိမ္တစ္လံုး ပိုင္ဆိုင္ထားသည္။

စံအိမ္အသစ္အေနအထားျဖင့္ ၂၀၁၈ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္းျဖစ္ကာ ကန္ေဒၚလာ ၁၀ သန္းေပးခဲ့ရသည္။

လာ့စ္ဗီးဂပ္စံအိမ္တြင္ ဧည့္ေဂဟာအိမ္ ၂ လံုး၊ ေရကူးကန္ေဘးအိမ္၊ ကားအစင္း ၂၀ ဆန္႔ ဂိုေဒါင္ႏွင့္ စပ်စ္ျခံတုိ႔ ပါဝင္သည္။

၂၀၂၁ ခုႏွစ္အတြင္းကလည္း မိုင္အမ္မီကမ္းေျခရွိ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၁၈ သန္းျဖင့္ ဝယ္ယူခဲ့ေသးသည္။

လက္ေဝွ႔ခ်န္ပီယံေဟာင္းသည္ ေလာ့စ္အိန္ဂ်လိရွိ အလြန္ခမ္းနားလွေသာ ေဒၚလာ ၁၁၉ သန္းတန္ စံအိမ္ၾကီးတစ္လံုးကို ဝယ္ယူရန္ စိတ္ဝင္စားေနသည္ဟူေသာ သတင္းမ်ားလည္း ထြက္ေပၚေနသည္။

(ဆက္စပ္သတင္း) ကမၻာေပၚတြင္ ၂ စင္းတည္းသာရွိေသာ အရွားပါးဆံုးျပိဳင္ကား Koenigsegg CCXR Trevita ၊ ဟဲဗီးဝိတ္ ခ်န္ပီယံ ဖလြိဳက္ ေမဝယ္သာက တစ္စင္း ပိုင္ဆိုင္ခဲ့

https://www.carsdb.com/en/news/291

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Floyd Mayweather Puts Beverly Hills Mansion up for Sale Asking $48 Million (mansionglobal) Photo Credit- Google Maps

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service