ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ် ကနေဒါတွင် ရုပ်ရှင်ရိုက်စဉ်နေထိုင်ခဲ့သောအိမ် ရက်ပိုင်းအတွင်း ရောင်းထွက်

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ် ကနေဒါတွင် ရုပ်ရှင်ရိုက်စဉ်နေထိုင်ခဲ့သောအိမ် ရက်ပိုင်းအတွင်း ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
9 Sep 2024 11:25 am တွင် တင်ခဲ့သည်
507 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်မာကယ်သည် ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် စတင်ချစ်ကြိုးသွယ်ခဲ့စဉ်နှင့် Suits အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးစဉ် နေထိုင်ခဲ့သော ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှ အိပ်ခန်း ၃ ခန်း ပါ နေအိမ်မှာ အရောင်းဈေးကွက် တင်ထားပြီး ရက်သတ္တပတ် မပြည့်မီတွင်ပင် ဝယ်လက်ရှာတွေ့သွားသည်။

(ဆက်စပ်သတင်း)

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ် ကနေဒါတွင် ရုပ်ရှင်ရိုက်စဉ်က နေထိုင်ခဲ့ပြီး မင်းသားဟယ်ရီနှင့် အချစ်ရေးစတင်ခဲ့ရာ စံအိမ် အရောင်းဈေးကွက်ဝင်လာ

https://www.imyanmarhouse.com/news/read/1122118

 

တိုရွန်တိုမြို့၊ Seaton ကျေးရွာတွင် တည်ရှိပြီး နှစ်ထပ်အိမ်ဖြစ်သည်။

သြဂုတ်လကုန်ပိုင်းတွင် ကနေဒါဒေါ်လာ ၁ ဒသမ ၈၉၅ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၃၉ သန်း) ဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

ဈေးကွက်တင်ထားပြီး ၅ ရက်အကြာတွင် ကန်ဒေါ်လာ ၁ ဒသမ ၉၈ သန်းဖြင့် ရောင်းထွက်သွားကြောင်း Zolo အိမ်ခြံမြေဝက်ဘ်ဆိုက်က ဖော်ပြသည်။

 

(Suits ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးစဉ် မီဂန်မာကယ်နေထိုင်ခဲ့သော တိုရွန်တိုမြို့နေအိမ်ကို ကနေဒါဒေါ်လာ ၁ ဒသမ ၈၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။ ဓာတ်ပုံ-Unique Vtour)

 

ဆပ်ဆက်စ်မြို့စားကတော်ဖြစ်လာမည့် မီဂန်မာကယ်သည် တိုရွန်တိုမြို့၊ Yarmouth လမ်းရှိ ခရမ်းရောင်နေအိမ် တွင် ၂ နှစ်ခန့် နေထိုင်ခဲ့သည်။

၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ မင်းသားဟယ်ရီနှင့်အတူ ဗြိတိန်ရှိ ကန်ဆင်တန်နန်းတော်မှ အိမ်တော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

 

(မီဂန်မာကယ်သည် Seaton ကျေးရွာရှိ နှစ်ထပ်အိမ်ကို ၂၀၁၇ ခုနှစ်အထိ ငှားရမ်းကာ ခွေး ၂ ကောင်နှင့်အတူ နေထိုင်ခဲ့သည်။ ထိုစဉ်က Suits ဇာတ်လမ်းတွဲ ရိုက်ကူးနေပြီး မင်းသားဟယ်ရီနှင့် စတင်ချစ်ကြိုက်နေချိန်လည်း ဖြစ်သည်။ ဓာတ်ပုံ-Unique Vtour)

 

မီဂန်မာကယ်သည် အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိမြို့သူဖြစ်ပြီး ကနေဒါတွင် ရိုက်ကူးခဲ့သည့် Suits ရုပ်သံဇာတ်လမ်းတွဲတွင် နယူးယောက်မြို့အခြေစိုက် ဥပဒေအဖွဲ့မှ Rachel Zane အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့သည်။

 

(မင်းသားဟယ်ရီသည် တိုရွန်တိုတွင် မီဂန်မာကယ်၏နေအိမ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး မီဂန်မာကယ်က ထိုအိမ်ကို သဘောကျကြောင်း Spare စာအုပ်တွင် ရေးသားခဲ့ဖူးသည်။ ဓာတ်ပုံ-Unique Vtour)

မီဂန်မာကယ်သည် သူငယ်ချင်းတစ်ဦး၏ အောင်သွယ်ပေးမှုဖြင့် မင်းသားဟယ်ရီနှင့် ၂၀၁၆ ခုနှစ်တွင် စတင်ဆုံစည်းခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦး စတွဲနေစဉ်အတွင်း မင်းသားဟယ်ရီက တိုရွန်တိုသို့ မကြာခဏ လာလေ့ရှိခဲ့သည်။

အများပြည်သူမြင်ကွင်းတွင် နှစ်ဦးအတူ တွဲကြသည်မှာ တိုရွန်တိုရှိ Invictus Games တွင် ဖြစ်သည်။

မင်းသားဟယ်ရီက တိုရွန်တိုမြို့၊ Seaton ကျေးရွာရှိ မီဂန်မာကယ်၏ နေအိမ်သို့ ပထမဆုံး အလည်အပတ် ရောက်ခဲ့ပုံအကြောင်းကို ၂၀၂၃ ခုနှစ်က ရေးသားထုတ်ဝေခဲ့သော Spare အမည်ရှိ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ စာအုပ်တွင် ထည့်သွင်းရေးသားခဲ့သည်။

“မီဂန်က သူ့ဘဝ၊ သူ့ခွေးတွေ၊ သူမြတ်နိုးတဲ့အိမ်လေးကို ကျွန်တော့်ကိုပြဖို့ စိတ်လှုပ်ရှားနေခဲ့ပါတယ်” ဟု မင်းသားဟယ်ရီက ရေးသားဖော်ပြသည်။

 

(Seaton ကျေးရွာတွင် အခြားသော နေအိမ်များ၏ ပေါက်ဈေးမှာ ကန်ဒေါ်လာ ၁ သန်းမှ ၃ သန်းကြားရှိသည်။ ဓာတ်ပုံ-Unique Vtour)

 

မီဂန်မာကယ်နေထိုင်ခဲ့စဉ်ကာလက ထိုအိမ်၏ ပိုင်ရှင်မှာ ကနေဒါ fashion stylist တစ်ဦးဖြစ်သူ Elizabeth Cabral ဖြစ်ကြောင်း Grazia Daily က ဖော်ပြသည်။

မီဂန်မာကယ်က တိုရွန်တိုကို ကျောခိုင်းကာ မင်းသားဟယ်ရီနှင့်အတူ လန်ဒန်သို့ ပြောင်းရွှေ့သွားပြီး မကြာမီတွင်ပင် Elizabeth က နေအိမ်ကို ကနေဒါဒေါ်လာ ၁ ဒသမ ၃၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ရာ အချိန်တိုအတွင်း ရောင်းထွက်သွားခဲ့သည်။

 

(အိပ်ခန်း ၃ ခန်း၊ စားသောက်ရန် နေရာပါသော မီးဖိုဆောင်နှင့် ပြန်လည်မွမ်းမံထားသော မြေအောက်ခန်းတို့ ပါဝင်သည်။ ဓာတ်ပုံ-Unique Vtour)

 

ယခုအရောင်းအဝယ်တွင် ဈေးကွက်တင်ပေးခဲ့သည်မှာ Freeman Realty အိမ်ခြံမြေကုမ္ပဏီမှ Daniel Freeman ဖြစ်သည်။

 

(နှစ်ထပ်အိမ်ဖြစ်ပြီး ရောင်းချလိုက်သော ပိုင်ရှင်တို့ ဝယ်ယူခဲ့သည့် ၂၀၁၈ ခုနှစ်ကတည်းက ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-Unique Vtour)

 

(ခြံဝန်းအတွင်း မိသားစု၊ သူငယ်ချင်းများနှင့်အတူ နားနေရန် နေရာများ ပါဝင်သည်။ ဓာတ်ပုံ-Unique Vtour)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meghan Markle’s Former Toronto Home Sells in a Matter of Days (mansionglobal) Photo Credit- Unique Vtour

 

[Zawgyi]

ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီ၏ ၾကင္ယာေတာ္ မီဂန္မာကယ္ ကေနဒါတြင္ ရုပ္ရွင္ရိုက္စဥ္ေနထိုင္ခဲ့ေသာအိမ္ ရက္ပိုင္းအတြင္း ေရာင္းထြက္

အေမရိကန္ရုပ္ရွင္မင္းသမီး မီဂန္မာကယ္သည္ ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီႏွင့္ စတင္ခ်စ္ၾကိဳးသြယ္ခဲ့စဥ္ႏွင့္ Suits အမည္ရွိ ရုပ္သံဇာတ္လမ္းတြဲကို ရိုက္ကူးစဥ္ ေနထိုင္ခဲ့ေသာ ကေနဒါႏိုင္ငံ၊ တိုရြန္တိုျမိဳ႕မွ အိပ္ခန္း ၃ ခန္း ပါ ေနအိမ္မွာ အေရာင္းေစ်းကြက္ တင္ထားျပီး ရက္သတၱပတ္ မျပည့္မီတြင္ပင္ ဝယ္လက္ရွာေတြ႔သြားသည္။

(ဆက္စပ္သတင္း)

ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီ၏ ၾကင္ယာေတာ္ မီဂန္မာကယ္ ကေနဒါတြင္ ရုပ္ရွင္ရိုက္စဥ္က ေနထိုင္ခဲ့ျပီး မင္းသားဟယ္ရီႏွင့္ အခ်စ္ေရးစတင္ခဲ့ရာ စံအိမ္ အေရာင္းေစ်းကြက္ဝင္လာ

https://www.imyanmarhouse.com/news/read/1122118

တိုရြန္တိုျမိဳ႕၊ Seaton ေက်းရြာတြင္ တည္ရွိျပီး ႏွစ္ထပ္အိမ္ျဖစ္သည္။

ၾသဂုတ္လကုန္ပိုင္းတြင္ ကေနဒါေဒၚလာ ၁ ဒသမ ၈၉၅ သန္း (ကန္ေဒၚလာ ၁ ဒသမ ၃၉ သန္း) ျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ျခင္း ျဖစ္သည္။ ေစ်းကြက္တင္ထားျပီး ၅ ရက္အၾကာတြင္ ကန္ေဒၚလာ ၁ ဒသမ ၉၈ သန္းျဖင့္ ေရာင္းထြက္သြားေၾကာင္း Zolo အိမ္ျခံေျမဝက္ဘ္ဆိုက္က ေဖာ္ျပသည္။

(Suits ရုပ္သံဇာတ္လမ္းတြဲကို ရိုက္ကူးစဥ္ မီဂန္မာကယ္ေနထိုင္ခဲ့ေသာ တိုရြန္တိုျမိဳ႕ေနအိမ္ကို ကေနဒါေဒၚလာ ၁ ဒသမ ၈၉၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့သည္။ ဓာတ္ပံု-Unique Vtour)

ဆပ္ဆက္စ္ျမိဳ႕စားကေတာ္ျဖစ္လာမည့္ မီဂန္မာကယ္သည္ တိုရြန္တိုျမိဳ႕၊ Yarmouth လမ္းရွိ ခရမ္းေရာင္ေနအိမ္ တြင္ ၂ ႏွစ္ခန္႔ ေနထိုင္ခဲ့သည္။

၂၀၁၇ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္မူ မင္းသားဟယ္ရီႏွင့္အတူ ျဗိတိန္ရွိ ကန္ဆင္တန္နန္းေတာ္မွ အိမ္ေတာ္သို႔ ေျပာင္းေရႊ႕ေနထုိင္ခဲ့သည္။

(မီဂန္မာကယ္သည္ Seaton ေက်းရြာရွိ ႏွစ္ထပ္အိမ္ကို ၂၀၁၇ ခုႏွစ္အထိ ငွားရမ္းကာ ေခြး ၂ ေကာင္ႏွင့္အတူ ေနထုိင္ခဲ့သည္။ ထိုစဥ္က Suits ဇာတ္လမ္းတြဲ ရိုက္ကူးေနျပီး မင္းသားဟယ္ရီႏွင့္ စတင္ခ်စ္ၾကိဳက္ေနခ်ိန္လည္း ျဖစ္သည္။ ဓာတ္ပံု-Unique Vtour)

မီဂန္မာကယ္သည္ အေမရိကန္ျပည္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕သူျဖစ္ျပီး ကေနဒါတြင္ ရိုက္ကူးခဲ့သည့္ Suits ရုပ္သံဇာတ္လမ္းတြဲတြင္ နယူးေယာက္ျမိဳ႕အေျခစိုက္ ဥပေဒအဖြဲ႔မွ Rachel Zane အျဖစ္ ပါဝင္သရုပ္ေဆာင္ ခဲ့သည္။

(မင္းသားဟယ္ရီသည္ တိုရြန္တိုတြင္ မီဂန္မာကယ္၏ေနအိမ္သို႔ သြားေရာက္လည္ပတ္ခဲ့ျပီး မီဂန္မာကယ္က ထိုအိမ္ကို သေဘာက်ေၾကာင္း Spare စာအုပ္တြင္ ေရးသားခဲ့ဖူးသည္။ ဓာတ္ပံု-Unique Vtour)

မီဂန္မာကယ္သည္ သူငယ္ခ်င္းတစ္ဦး၏ ေအာင္သြယ္ေပးမႈျဖင့္ မင္းသားဟယ္ရီႏွင့္ ၂၀၁၆ ခုႏွစ္တြင္ စတင္ဆံုစည္းခဲ့ျခင္းျဖစ္သည္။

၎တို႔ႏွစ္ဦး စတြဲေနစဥ္အတြင္း မင္းသားဟယ္ရီက တိုရြန္တိုသို႔ မၾကာခဏ လာေလ့ရွိခဲ့သည္။

အမ်ားျပည္သူျမင္ကြင္းတြင္ ႏွစ္ဦးအတူ တြဲၾကသည္မွာ တိုရြန္တိုရွိ Invictus Games တြင္ ျဖစ္သည္။

မင္းသားဟယ္ရီက တိုရြန္တိုျမိဳ႕၊ Seaton ေက်းရြာရွိ မီဂန္မာကယ္၏ ေနအိမ္သို႔ ပထမဆံုး အလည္အပတ္ ေရာက္ခဲ့ပံုအေၾကာင္းကို ၂၀၂၃ ခုႏွစ္က ေရးသားထုတ္ေဝခဲ့ေသာ Spare အမည္ရွိ ကိုယ္တိုင္ေရးအတၳဳပၸတၱိ စာအုပ္တြင္ ထည့္သြင္းေရးသားခဲ့သည္။

“မီဂန္က သူ႔ဘဝ၊ သူ႔ေခြးေတြ၊ သူျမတ္ႏိုးတဲ့အိမ္ေလးကို ကၽြန္ေတာ့္ကိုျပဖို႔ စိတ္လႈပ္ရွားေနခဲ့ပါတယ္” ဟု မင္းသားဟယ္ရီက ေရးသားေဖာ္ျပသည္။

(Seaton ေက်းရြာတြင္ အျခားေသာ ေနအိမ္မ်ား၏ ေပါက္ေစ်းမွာ ကန္ေဒၚလာ ၁ သန္းမွ ၃ သန္းၾကားရွိသည္။ ဓာတ္ပံု-Unique Vtour)

မီဂန္မာကယ္ေနထိုင္ခဲ့စဥ္ကာလက ထိုအိမ္၏ ပိုင္ရွင္မွာ ကေနဒါ fashion stylist တစ္ဦးျဖစ္သူ Elizabeth Cabral ျဖစ္ေၾကာင္း Grazia Daily က ေဖာ္ျပသည္။

မီဂန္မာကယ္က တိုရြန္တိုကို ေက်ာခိုင္းကာ မင္းသားဟယ္ရီႏွင့္အတူ လန္ဒန္သို႔ ေျပာင္းေရႊ႕သြားျပီး မၾကာမီတြင္ပင္ Elizabeth က ေနအိမ္ကို ကေနဒါေဒၚလာ ၁ ဒသမ ၃၉ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ရာ အခ်ိန္တိုအတြင္း ေရာင္းထြက္သြားခဲ့သည္။

(အိပ္ခန္း ၃ ခန္း၊ စားေသာက္ရန္ ေနရာပါေသာ မီးဖိုေဆာင္ႏွင့္ ျပန္လည္မြမ္းမံထားေသာ ေျမေအာက္ခန္းတို႔ ပါဝင္သည္။ ဓာတ္ပံု-Unique Vtour)

ယခုအေရာင္းအဝယ္တြင္ ေစ်းကြက္တင္ေပးခဲ့သည္မွာ Freeman Realty အိမ္ျခံေျမကုမၸဏီမွ Daniel Freeman ျဖစ္သည္။

(ႏွစ္ထပ္အိမ္ျဖစ္ျပီး ေရာင္းခ်လိုက္ေသာ ပိုင္ရွင္တို႔ ဝယ္ယူခဲ့သည့္ ၂၀၁၈ ခုႏွစ္ကတည္းက ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ထားသည္။ ဓာတ္ပံု-Unique Vtour)

(ျခံဝန္းအတြင္း မိသားစု၊ သူငယ္ခ်င္းမ်ားႏွင့္အတူ နားေနရန္ ေနရာမ်ား ပါဝင္သည္။ ဓာတ္ပံု-Unique Vtour)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Meghan Markle’s Former Toronto Home Sells in a Matter of Days (mansionglobal) Photo Credit- Unique Vtour

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service