တချိန်က ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးများ၊ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးမှ အထပ်ပေါင်းများစွာ၊ တန်ဖိုးကြီး ကားများ ပိုင်ဆိုင်ခဲ့သော အိန္ဒိယလုပ်ငန်းရှင်ကြီးက သူ၏ ရူပီး ကုဋေ ၁၂,၄၀၀ တန် ကုမ္ပဏီကြီးကို ၇၄ ရူပီး (၁ ဒေါ်လာ) မျှဖြင့် ရောင်းချခဲ့ရသည့် သံဝေဂရဖွယ်ဖြစ်ရပ်

တချိန်က ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးများ၊ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးမှ အထပ်ပေါင်းများစွာ၊ တန်ဖိုးကြီး ကားများ ပိုင်ဆိုင်ခဲ့သော အိန္ဒိယလုပ်ငန်းရှင်ကြီးက သူ၏ ရူပီး ကုဋေ ၁၂,၄၀၀ တန် ကုမ္ပဏီကြီးကို ၇၄ ရူပီး (၁ ဒေါ်လာ) မျှဖြင့် ရောင်းချခဲ့ရသည့် သံဝေဂရဖွယ်ဖြစ်ရပ် - Property News in Myanmar from iMyanmarHouse.com
8 Aug 2024 10:35 am တွင် တင်ခဲ့သည်
970 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လောကဇာတ်ခုံတွင် ဇာတ်ဆရာ၏ ဖန်တီးမှုများမှာ အချို့နေရာများတွင် ပဉ္စလက်ဆန်လှသည်။

တချိန်က အိန္ဒိယ၏ အချမ်းသာဆုံး tycoon များတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦး ဆင်းရဲမွဲတေသွားသည့် ဖြစ်ရပ်မှာ မျက်လှည့်ဆန်လှသည်။

ဘာဗက်ဂုထု ရာဂူရမ်း ရှက်တီ (BR Shetty ဟု လူသိများ) အမည်ရှိ ပုဂ္ဂိုလ်ကြီးမှာ တချိန်က ကြီးကျယ်ခမ်းနား ခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ခဲ့ပြီး ရူပီး ကုဋေ ၁၈,၀၀၀ ချမ်းသာကြွယ်ဝခဲ့သည်။

ဘီအာရ် ရှက်တီသည် ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးများ၊ ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီးဖြစ်သော Burj Khalifa မှ အထပ်ပေါင်းများစွာနှင့် Luxury ကားပေါင်းများစွာ ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။

သို့သော် သူသည် ရူပီး ကုဋေ ၁၂,၄၀၀ တန် ကုမ္ပဏီကြီးကို ၇၄ ရူပီး ( ၀ ဒသမ ၈ ဒေါ်လာ) မျှဖြင့် ရောင်းချခဲ့ရ ကာ ဘုံဖျားမှ ခြုံကြားသို့ ရောက်ရှိသွားသည်။

ဘီအာရ် ရှက်တီသည် ဘဝကို အောက်ခြေမှ စတင်ခဲ့သူဖြစ်သည်။

၁၉၇၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်မှ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီသို့ အိတ်ကပ်ထဲတွင် ၆၆၅ ရူပီး (၈ ဒေါ်လာ) မျှဖြင့် ရောက်လာခဲ့သည်။

ကနဦးတွင် ဆေးဝါး အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင်မူ New Medical Centre (NMC) ဟူသော အမည်ဖြင့် သာမန် ဆေးခန်းလေးတစ်ခု ဖွင့်လှစ်ခဲ့သည်။

ထိုဆေးခန်းတွင် သူ၏ ဇနီးမှာ တစ်ဦးတည်းသော ဆရာဝန်ဖြစ်ပြီး နောက်ပိုင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု၏ အကြီးမားဆုံး ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းကြီးဖြစ်လာသည်အထိ ကြီးပွားအောင်မြင်လာခဲ့သည်။

ဘီအာရ် ရှက်တီသည် အရှေ့အလယ်ပိုင်းတွင် အရေးပါသော ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ လုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့သည်။၂၀၁၉ ခုနှစ်တွင်မူ ဗြိတိန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုအဖွဲ့ဖြစ်သော Muddy Waters ၏ စွပ်စွဲချက်များကြောင့် ဘီအာရ် ရှက်တီ၏ စီးပွားရေးအင်ပါယာကြီး ယိမ်းယိုင်လာခဲ့သည်။

ဘီအာရ်ရှက်တီသည် များပြားလှသော ကြွေးမြီများကို ဖုံးဖိထားရန်အတွက် financial statement များအား မလိမ့်တပတ်လုပ်ခဲ့ကြောင်း ၎င်းတို့က စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

ထိုပြဿနာကြောင့် NMC ၏ ရှယ်ယာဈေးများ ထိုးကျသွားပြီး ဘီအာရ်ရှက်တီမှာ ရူပီး ကုဋေ ၁၂၄၀၀ တန် ကုမ္ပဏီကြီးကို အစ္စရေး- ယူအေအီး ကုမ္ပဏီတစ်ခုထံ ၇၄ ရူပီးမျှဖြင့် ထိုးအပ်လိုက်ရသည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် အဘူဒါဘီ ကူးသန်းရောင်းဝယ်ရေးဘဏ်က NMC Health ကို ရာဇဝတ်ကြောင်း ဖြင့် တရားစွဲရာ အခြေအနေမှာ ပိုမိုဆိုးရွားသွားခဲ့သည်။

ယင်းနောက် မကြာမီတွင် အာရပ်စော်ဘွားများပြည်ထောင်စု ဗဟိုဘဏ်က ဘီအာရ် ရှက်တီ၏ ဘဏ်စာရင်း များကို ချိတ်ပိတ်ခဲ့ပြီး သူ၏ ကုမ္ပဏီလုပ်ငန်းများကို အမည်မည်းစာရင်းသွင်းခဲ့ရာ တချိန်က လျှမ်းလျှမ်းတောက်ခဲ့သော လုပ်ငန်းအင်ပါယာကြီးတစ်ခု နေဝင်သွားခဲ့တော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meet man who once owned private jets, Burj Khalifa floors, collection of luxury cars, sold Rs 12400 crore company for.. (dnaindia)

 

 

 

[Zawgyi]

တခ်ိန္က ကိုယ္ပိုင္ဂ်က္ေလယာဥ္ၾကီးမ်ား၊ ကမၻာ့အျမင့္ဆံုး မိုးေမွ်ာ္တိုက္ၾကီးမွ အထပ္ေပါင္းမ်ားစြာ၊ တန္ဖုိးၾကီး ကားမ်ား ပိုင္ဆိုင္ခဲ့ေသာ အိႏိၵယလုပ္ငန္းရွင္ၾကီးက သူ၏ ရူပီး ကုေဋ ၁၂,၄၀၀ တန္ ကုမၸဏီၾကီးကို ၇၄ ရူပီး (၁ ေဒၚလာ) မွ်ျဖင့္ ေရာင္းခ်ခဲ့ရသည့္ သံေဝဂရဖြယ္ျဖစ္ရပ္

ေလာကဇာတ္ခံုတြင္ ဇာတ္ဆရာ၏ ဖန္တီးမႈမ်ားမွာ အခ်ဳိ႕ေနရာမ်ားတြင္ ပဥၥလက္ဆန္လွသည္။

တခ်ိန္က အိႏိၵယ၏ အခ်မ္းသာဆံုး tycoon မ်ားတြင္ ပါဝင္ခဲ့ေသာ ပုဂၢိဳလ္ၾကီးတစ္ဦး ဆင္းရဲမြဲေတသြားသည့္ ျဖစ္ရပ္မွာ မ်က္လွည့္ဆန္လွသည္။

ဘာဗက္ဂုထု ရာဂူရမ္း ရွက္တီ (BR Shetty ဟု လူသိမ်ား) အမည္ရွိ ပုဂၢိဳလ္ၾကီးမွာ တခ်ိန္က ၾကီးက်ယ္ခမ္းနား ခဲ့ေသာ ပုဂၢိဳလ္ၾကီးတစ္ဦးျဖစ္ခဲ့ျပီး ရူပီး ကုေဋ ၁၈,၀၀၀ ခ်မ္းသာၾကြယ္ဝခဲ့သည္။

ဘီအာရ္ ရွက္တီသည္ ကိုယ္ပိုင္ဂ်က္ေလယာဥ္ၾကီးမ်ား၊ ကမၻာ့အျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီးျဖစ္ေသာ Burj Khalifa မွ အထပ္ေပါင္းမ်ားစြာႏွင့္ Luxury ကားေပါင္းမ်ားစြာ ပိုင္ဆိုင္ခဲ့သူ ျဖစ္သည္။ သို႔ေသာ္ သူသည္ ရူပီး ကုေဋ ၁၂,၄၀၀ တန္ ကုမၸဏီၾကီးကို ၇၄ ရူပီး ( ၀ ဒသမ ၈ ေဒၚလာ) မွ်ျဖင့္ ေရာင္းခ်ခဲ့ရ ကာ ဘံုဖ်ားမွ ျခံဳၾကားသို႔ ေရာက္ရွိသြားသည္။

ဘီအာရ္ ရွက္တီသည္ ဘဝကို ေအာက္ေျခမွ စတင္ခဲ့သူျဖစ္သည္။ ၁၉၇၃ ခုႏွစ္တြင္ အိႏိၵယႏိုင္ငံ၊ ကာနာတာကာျပည္နယ္မွ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု၊ အဘူဒါဘီသို႔ အိတ္ကပ္ ထဲတြင္ ၆၆၅ ရူပီး (၈ ေဒၚလာ) မွ်ျဖင့္ ေရာက္လာခဲ့သည္။

ကနဦးတြင္ ေဆးဝါး အေရာင္းဝန္ထမ္းအျဖစ္ လုပ္ကိုင္ခဲ့သည္။ ၁၉၇၅ ခုႏွစ္တြင္မူ New Medical Centre (NMC) ဟူေသာ အမည္ျဖင့္ သာမန္ ေဆးခန္းေလးတစ္ခု ဖြင့္လွစ္ခဲ့သည္။

ထိုေဆးခန္းတြင္ သူ၏ ဇနီးမွာ တစ္ဦးတည္းေသာ ဆရာဝန္ျဖစ္ျပီး ေနာက္ပိုင္းတြင္ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု၏ အၾကီးမားဆံုး ပုဂၢလိက က်န္းမာေရးဝန္ေဆာင္မႈေပးသည့္ လုပ္ငန္းၾကီးျဖစ္လာသည္အထိ ၾကီးပြားေအာင္ျမင္လာခဲ့သည္။

ဘီအာရ္ ရွက္တီသည္ အေရွ႕အလယ္ပိုင္းတြင္ အေရးပါေသာ က်န္းမာေရးဝန္ေဆာင္မႈက႑ လုပ္ငန္းရွင္တစ္ဦး ျဖစ္လာခဲ့သည္။ ၂၀၁၉ ခုႏွစ္တြင္မူ ျဗိတိန္အေျခစိုက္ ရင္းႏွီးျမွဳပ္ႏွံမႈအဖြဲ႔ျဖစ္ေသာ Muddy Waters ၏ စြပ္စြဲခ်က္မ်ားေၾကာင့္ ဘီအာရ္ ရွက္တီ၏ စီးပြားေရးအင္ပါယာၾကီး ယိမ္းယိုင္လာခဲ့သည္။

ဘီအာရ္ရွက္တီသည္ မ်ားျပားလွေသာ ေၾကြးျမီမ်ားကို ဖံုးဖိထားရန္အတြက္ financial statement မ်ားအား မလိမ့္တပတ္လုပ္ခဲ့ေၾကာင္း ၎တုိ႔က စြပ္စြဲခဲ့ျခင္း ျဖစ္သည္။

ထိုျပႆနာေၾကာင့္ NMC ၏ ရွယ္ယာေစ်းမ်ား ထိုးက်သြားျပီး ဘီအာရ္ရွက္တီမွာ ရူပီး ကုေဋ ၁၂၄၀၀ တန္ ကုမၸဏီၾကီးကို အစၥေရး- ယူေအအီး ကုမၸဏီတစ္ခုထံ ၇၄ ရူပီးမွ်ျဖင့္ ထိုးအပ္လိုက္ရသည္။ ၂၀၂၀ ျပည့္ႏွစ္၊ ဧျပီလတြင္ အဘူဒါဘီ ကူးသန္းေရာင္းဝယ္ေရးဘဏ္က NMC Health ကို ရာဇဝတ္ေၾကာင္း ျဖင့္ တရားစြဲရာ အေျခအေနမွာ ပိုမိုဆိုးရြားသြားခဲ့သည္။

ယင္းေနာက္ မၾကာမီတြင္ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု ဗဟိုဘဏ္က ဘီအာရ္ ရွက္တီ၏ ဘဏ္စာရင္း မ်ားကို ခ်ိတ္ပိတ္ခဲ့ျပီး သူ၏ ကုမၸဏီလုပ္ငန္းမ်ားကို အမည္မည္းစာရင္းသြင္းခဲ့ရာ တခ်ိန္က လွ်မ္းလွ်မ္းေတာက္ ခဲ့ေသာ လုပ္ငန္းအင္ပါယာၾကီးတစ္ခု ေနဝင္သြားခဲ့ေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Meet man who once owned private jets, Burj Khalifa floors, collection of luxury cars, sold Rs 12400 crore company for.. (dnaindia)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service