ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၂၁ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၂၁ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
17 Jul 2024 3:37 pm တွင် တင်ခဲ့သည်
1726 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်တွင် လက်ရှိလည်ပတ်လုပ်ကိုင်နေသော သမိုင်းကြောင်း ထူးခြားသည့် မွေးမြူရေးခြံကြီးတစ်ခု အရောင်းဈေးကွက်ဝင်လာသည်။

ထိုခြံကြီးသည် တချိန်က အနောက်နိုင်ငံများသို့ ဘက်ပြောင်းလာသည့် ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ရာ နေရာဖြစ်သည်။

အမေရိကန်ပြည်ထောင်စု မွန်တားနားပြည်နယ်အနောက်ပိုင်း Philipsburg မြို့တွင် တည်ရှိပြီး Rocking Chair မွေးမြူရေးခြံဟု အမည်ပေးထားသည်။

အကျယ်အဝန်း ၇၂၃၀ ဧကရှိပြီး နွားမွေးမြူရေးလုပ်ငန်းတစ်ခု၊ မြက်ခင်းပြင်၊ တောအုပ်၊ စားကျက်မြေ၊ စိုက်ပျိုးမြေများနှင့် တစိတ်တပိုင်း ကိုယ်ပိုင်ဖြစ်သော ထရောက်ငါးကန်တို့ ပါဝင်သည်။

 

(မွေးမြူရေးခြံကြီးကို မိသားစုတစ်ခုတည်းက ဆယ်စုနှစ် ၇ ခုခန့် ပိုင်ဆိုင်ထားခဲ့သည်။ ဓာတ်ပုံ-Hall and Hall)

အိပ်ခန်း ၅ ခန်းပါ အိမ်တစ်လုံးအပြင် အခြားအဆောက်အအုံများလည်း ပါဝင်သည်။

မိသားစုတစ်ခုတည်းက ဆယ်စုနှစ် ၇ ခုခန့် ပိုင်ဆိုင်ခဲ့သည်။ The Vietor မိသားစုသည် ဤခြံကြီးတွင် ဆိုဗီယက် တိုက်လေယာဉ်မှူးဟောင်းတစ်ဦးဖြစ်သော ဗစ်တာ ဘလင်ကို (Viktor Belenko) အား နေထိုင်ခွင့် ပေးခဲ့သည်။

ဗစ်တာ ဘလင်ကိုသည် ဆိုဗီယက်ထုတ် MiG-25 တိုက်လေယာဉ်အသစ်တစ်စင်းကို မောင်းနှင်ကာ ဂျပန်နိုင်ငံ၊ ဟိုကိုင်းဒိုးသို့ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ဘလင်ကိုသည် ဆိုဗီယက်လေကြောင်းကာကွယ်ရေးတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ပြီးခဲ့သောနှစ်အတွင်း ဘလင်ကို ကွယ်လွန်ခဲ့ချိန်တွင် နယူးယောက်တိုင်းမ်သတင်းစာကြီးက ၎င်း၏အကြောင်း ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။

 

(ခြံကြီးအတွင်း လက်ရှိလည်ပတ်လုပ်ကိုင်နေသော နွားမွေးမြူရေးလုပ်ငန်းရှိသည်။ ဓာတ်ပုံ-Hall and Hall)

“ကျွန်တော် အမေရိကန်ပြည်က လွတ်လပ်မှုမျိုးကို လိုချင်နေခဲ့တာပါ” ဟု တိုက်လေယာဉ်မှူး ဘလင်ကိုက ဂျပန်ရဲတပ်ဖွဲ့ကို ပြောခဲ့သည်။

“ဆိုဗီယက်ယူနီယံမှာ နေထိုင်ရတဲ့ဘဝက ဇာဘုရင်ခေတ် ရုရှားပြည်ရဲ့ အခြေအနေအတိုင်း ဘာမှ မပြောင်းလဲ ဘူး။ လွတ်လပ်မှု မရှိပါဘူး” ဟု ဘလင်ကိုက ဆက်လက်ပြောကြားသည်။

ဘလင်ကိုသည် လပေါင်းများစွာ အကွက်ချစီစဉ်ခဲ့ပြီးနောက် ဂျပန်ပင်လယ်ပြင်တွင် လေ့ကျင့်ရေးလုပ်စဉ် ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ၎င်းအား ၎င်းမောင်းနှင်လာသော MiG-25 နှင့်အတူ အမေရိကန်ပြည်ထောင်စုသို့ ချက်ချင်းလွှဲပြောင်းပေးခဲ့သည်။

အမေရိကန်မှ ပညာရှင်များက MiG-25 ကို ဖြုတ်သိမ်းလေ့လာပြီးနောက် ပစ္စည်းအစိတ်အပိုင်းများကို ဆိုဗီယက်ပြည်ထောင်စုထံ ပြန်လည်ပို့ပေးခဲ့သည်။

 

(ခြံဝန်းကြီးတွင် အိပ်ခန်း ၅ ခန်းပါ အိမ်တစ်လုံးလည်း ပါဝင်သည်။ ဓာတ်ပုံ-Hall and Hall)

ဘလင်ကိုသည် ဝါရှင်တန်တွင် နှစ်အနည်းငယ်နေထိုင်ခဲ့ပြီး နောက်ဆုံးတွင် Rocking Chair မွေးမြူရေးခြံကြီး တွင် အခြေချနေထိုင်ခဲ့သည်။

(Rocking Chair ခြံကြီးတွင် မြက်ခင်းများ၊ သစ်တောများနှင့် စားကျက်မြေများရှိသည်။ ဓာတ်ပုံ-Hall and Hall)

CIA က ဘလင်ကိုအား မည်သည့်နေရာတွင် နေလိုသနည်းဟု မေးခဲ့ရာ ဘလင်ကိုက နိုင်ငံအနောက်ပိုင်းရှိ မွေးမြူရေးခြံတစ်ခုတွင် နေလိုကြောင်း ပြောခဲ့သည်။

 

(မွေးမြူရေးခြံကြီးသည် Missoula မြို့မှ ၁ နာရီ ၁၅ မိနစ်ခရီးခန့် ဝေးကွာသောနေရာတွင် ရှိသည်။ ဓာတ်ပုံ-Hall and Hall)

 

(ရေပေးစနစ်ရှိသော စိုက်ခင်းများ။ ဓာတ်ပုံ-Hall and Hall)

 

(ထရောက်ငါးကန်။ ဓာတ်ပုံ-Hall and Hall)

 

ဘလင်ကိုသည် အီလီနွိုက်စ်ပြည်နယ်ရှိ ဘိုးဘွားဂေဟာတစ်ခုတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၌ ကွယ်လွန် သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This $21.7 million ranch for sale in Montana once served as a hideout for a Soviet pilot who defected in a MiG-25. Take a look. (businessinsider)

Photo Credit- Hall and Hall

 

 

[Zawgyi]

ဆိုဗီယက္တိုက္ေလယာဥ္မွဴးတစ္ဦး ပုန္းခိုေနထိုင္ခဲ့ဖူးေသာ အေမရိကန္ျပည္ေထာင္စု၊ မြန္တားနားျပည္နယ္မွ ေမြးျမဴေရးျခံၾကီး ကန္ေဒၚလာ ၂၁ ဒသမ ၇ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

အေမရိကန္ျပည္ေထာင္စု၊ မြန္တားနားျပည္နယ္တြင္ လက္ရွိလည္ပတ္လုပ္ကိုင္ေနေသာ သမိုင္းေၾကာင္း ထူးျခားသည့္ ေမြးျမဴေရးျခံၾကီးတစ္ခု အေရာင္းေစ်းကြက္ဝင္လာသည္။

ထိုျခံၾကီးသည္ တခ်ိန္က အေနာက္ႏိုင္ငံမ်ားသို႔ ဘက္ေျပာင္းလာသည့္ ဆိုဗီယက္တိုက္ေလယာဥ္မွဴးတစ္ဦး ပုန္းခိုေနထိုင္ခဲ့ရာ ေနရာျဖစ္သည္။

အေမရိကန္ျပည္ေထာင္စု မြန္တားနားျပည္နယ္အေနာက္ပိုင္း Philipsburg ျမိဳ႕တြင္ တည္ရွိျပီး Rocking Chair ေမြးျမဴေရးျခံဟု အမည္ေပးထားသည္။

အက်ယ္အဝန္း ၇၂၃၀ ဧကရွိျပီး ႏြားေမြးျမဴေရးလုပ္ငန္းတစ္ခု၊ ျမက္ခင္းျပင္၊ ေတာအုပ္၊ စားက်က္ေျမ၊ စိုက္ပ်ဳိးေျမမ်ားႏွင့္ တစိတ္တပိုင္း ကိုယ္ပိုင္ျဖစ္ေသာ ထေရာက္ငါးကန္တို႔ ပါဝင္သည္။

(ေမြးျမဴေရးျခံၾကီးကို မိသားစုတစ္ခုတည္းက ဆယ္စုႏွစ္ ၇ ခုခန္႔ ပိုင္ဆိုင္ထားခဲ့သည္။ ဓာတ္ပံု-Hall and Hall)

အိပ္ခန္း ၅ ခန္းပါ အိမ္တစ္လံုးအျပင္ အျခားအေဆာက္အအံုမ်ားလည္း ပါဝင္သည္။

မိသားစုတစ္ခုတည္းက ဆယ္စုႏွစ္ ၇ ခုခန္႔ ပိုင္ဆိုင္ခဲ့သည္။ The Vietor မိသားစုသည္ ဤျခံၾကီးတြင္ ဆိုဗီယက္ တိုက္ေလယာဥ္မွဴးေဟာင္းတစ္ဦးျဖစ္ေသာ ဗစ္တာ ဘလင္ကို (Viktor Belenko) အား ေနထုိင္ခြင့္ ေပးခဲ့သည္။

ဗစ္တာ ဘလင္ကိုသည္ ဆိုဗီယက္ထုတ္ MiG-25 တိုက္ေလယာဥ္အသစ္တစ္စင္းကို ေမာင္းႏွင္ကာ ဂ်ပန္ႏိုင္ငံ၊ ဟိုကိုင္းဒိုးသို႔ထြက္ေျပးခဲ့ျခင္း ျဖစ္သည္။

ဘလင္ကိုသည္ ဆိုဗီယက္ေလေၾကာင္းကာကြယ္ေရးတပ္တြင္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္သည္။

ျပီးခဲ့ေသာႏွစ္အတြင္း ဘလင္ကို ကြယ္လြန္ခဲ့ခ်ိန္တြင္ နယူးေယာက္တိုင္းမ္သတင္းစာၾကီးက ၎၏အေၾကာင္း ေရးသားေဖာ္ျပခဲ့ျခင္း ျဖစ္သည္။

(ျခံၾကီးအတြင္း လက္ရွိလည္ပတ္လုပ္ကိုင္ေနေသာ ႏြားေမြးျမဴေရးလုပ္ငန္းရွိသည္။ ဓာတ္ပံု-Hall and Hall)

“ကၽြန္ေတာ္ အေမရိကန္ျပည္က လြတ္လပ္မႈမ်ဳိးကို လိုခ်င္ေနခဲ့တာပါ” ဟု တိုက္ေလယာဥ္မွဴး ဘလင္ကိုက ဂ်ပန္ရဲတပ္ဖြဲ႔ကို ေျပာခဲ့သည္။

“ဆိုဗီယက္ယူနီယံမွာ ေနထိုင္ရတဲ့ဘဝက ဇာဘုရင္ေခတ္ ရုရွားျပည္ရဲ႕ အေျခအေနအတိုင္း ဘာမွ မေျပာင္းလဲ ဘူး။ လြတ္လပ္မႈ မရွိပါဘူး” ဟု ဘလင္ကိုက ဆက္လက္ေျပာၾကားသည္။

ဘလင္ကိုသည္ လေပါင္းမ်ားစြာ အကြက္ခ်စီစဥ္ခဲ့ျပီးေနာက္ ဂ်ပန္ပင္လယ္ျပင္တြင္ ေလ့က်င့္ေရးလုပ္စဥ္ ထြက္ေျပးခဲ့ျခင္းျဖစ္ျပီး ၎အား ၎ေမာင္းႏွင္လာေသာ MiG-25 ႏွင့္အတူ အေမရိကန္ျပည္ေထာင္စုသို႔ ခ်က္ခ်င္းလႊဲေျပာင္းေပးခဲ့သည္။

အေမရိကန္မွ ပညာရွင္မ်ားက MiG-25 ကို ျဖဳတ္သိမ္းေလ့လာျပီးေနာက္ ပစၥည္းအစိတ္အပိုင္းမ်ားကို ဆိုဗီယက္ျပည္ေထာင္စုထံ ျပန္လည္ပို႔ေပးခဲ့သည္။

(ျခံဝန္းၾကီးတြင္ အိပ္ခန္း ၅ ခန္းပါ အိမ္တစ္လံုးလည္း ပါဝင္သည္။ ဓာတ္ပံု-Hall and Hall)

ဘလင္ကိုသည္ ဝါရွင္တန္တြင္ ႏွစ္အနည္းငယ္ေနထုိင္ခဲ့ျပီး ေနာက္ဆံုးတြင္ Rocking Chair ေမြးျမဴေရးျခံၾကီး တြင္ အေျခခ်ေနထုိင္ခဲ့သည္။

(Rocking Chair ျခံၾကီးတြင္ ျမက္ခင္းမ်ား၊ သစ္ေတာမ်ားႏွင့္ စားက်က္ေျမမ်ားရွိသည္။ ဓာတ္ပံု-Hall and Hall)

CIA က ဘလင္ကိုအား မည္သည့္ေနရာတြင္ ေနလိုသနည္းဟု ေမးခဲ့ရာ ဘလင္ကိုက ႏိုင္ငံအေနာက္ပိုင္းရွိ ေမြးျမဴေရးျခံတစ္ခုတြင္ ေနလိုေၾကာင္း ေျပာခဲ့သည္။

 

(ေမြးျမဴေရးျခံၾကီးသည္ Missoula ျမိဳ႕မွ ၁ နာရီ ၁၅ မိနစ္ခရီးခန္႔ ေဝးကြာေသာေနရာတြင္ ရွိသည္။ ဓာတ္ပံု-Hall and Hall)

(ေရေပးစနစ္ရွိေသာ စိုက္ခင္းမ်ား။ ဓာတ္ပံု-Hall and Hall)

(ထေရာက္ငါးကန္။ ဓာတ္ပံု-Hall and Hall)

ဘလင္ကိုသည္ အီလီႏိြဳက္စ္ျပည္နယ္ရွိ ဘိုးဘြားေဂဟာတစ္ခုတြင္ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလ၌ ကြယ္လြန္ သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၇၆ ႏွစ္ရွိျပီ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This $21.7 million ranch for sale in Montana once served as a hideout for a Soviet pilot who defected in a MiG-25. Take a look. (businessinsider)

Photo Credit- Hall and Hall

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service