ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ခင်ပွန်းက ဇနီး၏ အုတ်ဂူသို့ တစ်ပတ်လျှင် ၃ ကြိမ်နှုန်းဖြင့် ၃၇ နှစ်တိုင် နှင်းဆီပန်း ၆ ပွင့် ပို့ပေးခဲ့၊ ထိုအမျိုးသမီးမှာ မည်သည့် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးဖြစ်သည်ကို သင်သိပါသလား

ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ခင်ပွန်းက ဇနီး၏ အုတ်ဂူသို့ တစ်ပတ်လျှင် ၃ ကြိမ်နှုန်းဖြင့် ၃၇ နှစ်တိုင် နှင်းဆီပန်း ၆ ပွင့် ပို့ပေးခဲ့၊ ထိုအမျိုးသမီးမှာ မည်သည့် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးဖြစ်သည်ကို သင်သိပါသလား - Property News in Myanmar from iMyanmarHouse.com
17 Jul 2024 10:16 am တွင် တင်ခဲ့သည်
1436 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လော့စ်အိန်ဂျလိမြို့ရှိ Westwood Village Memorial Park and Mortuary အမည်ရှိ သင်္ချိုင်းတွင် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးတစ်ဦး၏ နောက်ဆုံးအနားယူရာနေရာသို့ အမျိုးသားတစ်ဦး တစ်ပတ်လျှင် ၃ ကြိမ် လာရောက် ကာ နှင်းဆီပန်း ၆ ပွင့် ထားရှိပေးလျက်ရှိသည်။

ထိုသူ ယခုကဲ့သို့ နှင်းဆီပန်းများ နေ့စဉ်မပျက်မကွက် လာထားနေသည်မှာ ၃၇ နှစ် ရှိခဲ့ပြီ။

ထိုသူမည်သူနည်း။

ထိုသူ၏ အမည်ကား ဂျိုး ဒီမက်ဂျီယိုဟု အမည်ရသည်။

သူ နှင်းဆီပန်းလာထားနေသော အုတ်ဂူနေရာမှ ကမ္ဘာကျော်မင်းသမီးကား… မာရီလင်မွန်ရိုးဖြစ်သည်။

မာရီလင်မွန်ရိုးသည် စိတ်ငြိမ်ဆေး အလွန်အကျွံသုံးစွဲကာ အသက် ၃၆ နှစ်အရွယ်မျှဖြင့် သေဆုံးသွားခဲ့ရသူ ဖြစ်သည်။

မာရီလင်မွန်ရိုးကို သမိုင်းတလျှောက် လိင်ဆွဲဆောင်အား အကောင်းဆုံးမင်းသမီးဟု မကြာခဏ ရည်ညွှန်းခံရသည်။

အမေရိကန် ရုပ်ရှင်သိပ္ပံက ဟောလိဝုဒ်ရွှေခေတ်၏ အကြီးမြတ်ဆုံး ရုပ်ရှင်မင်းသမီး ၁၀ ဦးစာရင်းတွင် မွန်ရိုးကို ထည့်သွင်းဖော်ပြခဲ့သည်။

မာရီလင်မွန်ရိုးနှင့် ဂျိုးဒီမက်ဂျီယိုတို့၏ အိမ်ထောင်ရေးသက်တမ်းမှာ တစ်နှစ်မျှသာ ကြာမြင့်ခဲ့ပြီး မာရီလင်မွန်ရိုးမှာ အာသာမေလာဆိုသူနှင့် လက်ထပ်ခဲ့သည်။

ဂျိုးဒီမက်ဂျီယိုကမူ မွန်ရိုးနှင့် လမ်းခွဲပြီးနောက် ကွယ်လွန်ချိန်အထိ နောက်အိမ်ထောင်မပြုခဲ့။

ကွယ်လွန်ပြီး ကာလများစွာ ကြာမြင့်ချိန်အထိ မွန်ရိုးသည် ပေါ့ပ်ယဉ်ကျေးမှု၏ Icon အဖြစ် ဆက်လက် သတ်မှတ်ခြင်း ခံခဲ့ရသည်။

ဂျိုးဒီ မက်ဂျီယိုသည် ဇနီးဟောင်း မွန်ရိုး၏ အုတ်ဂူရှိရာသို့ တစ်ပတ်လျှင် ၃ ကြိမ် လာရောက်ကာ ၎င်းကွယ်လွန်ချိန်အထိ ၃၇ နှစ်တိုင် နှင်းဆီပန်းများ သွားရောက် ထားရှိခဲ့သည်။

သတင်းမီဒီယာများသို့ ၎င်းတို့ ဇနီးမောင်နှံအကြောင်း ပြောပြရန် အမြဲငြင်းဆိုလေ့ရှိသော်လည်း သတင်းထောက် များနှင့် ရှားရှားပါးပါး ပြောဆိုဖြစ်သောအချိန်မျိုးတွင် မက်ဂျီယိုမှာ မျက်ရည်မဆည်နိုင် ဖြစ်လေ့ရှိသည်။

၎င်း၏ ဘဝတွင် မည်သည့်အခါမှ ထပ်မံအိမ်ထောင်မပြုခဲ့ချေ။

 

((မွန်ရိုးနေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်))

 

မာရီလင်မွန်ရိုး နေထိုင်ခဲ့သော လော့စ်အိန်ဂျလိမြို့၊ Brentwood အရပ်မှ နေအိမ်ကို သမိုင်းဝင် ယဉ်ကျေးမှု အထိမ်းအမှတ်နေရာအဖြစ် ဇွန်လကုန်ပိုင်းတွင် ကြေညာခြင်း ခံခဲ့ရသည်။

မွန်ရိုး၏ နေအိမ်ကို လက်ရှိပိုင်ဆိုင်ထားသူများမှာ ရုပ်သံထုတ်လုပ်သူနှင့် အိမ်ခြံမြေလုပ်ငန်းရှင် အမျိုးသမီးတို့ ဇနီးမောင်နှံ ဖြစ်သည်။

၎င်းတို့က မွန်ရိုး၏ နေအိမ်ကို ရောင်းချရန် အစီအစဉ် မရှိကြောင်း TMZ သတင်းဌာနသို့ ပြောကြားသည်။

မွန်ရိုး၏ နေအိမ်ကို သမိုင်းဝင် ယဉ်ကျေးမှုနေရာအဖြစ် လော့စ်အိန်ဂျလိမြို့ကောင်စီအဖွဲ့က ၁၂-၀ မဲဖြင့် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 

(ဟောလိဝုဒ် Icon မွန်ရိုးသည် ၁၉၆၂ ခုနှစ်၊ သြဂုတ်လ ၄ ရက်တွင် barbiturate overdose ဖြစ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Getty Images)

 

သို့သော် လက်ရှိပိုင်ရှင်များဖြစ်သော Brinah Milstein နှင့် Roy Bank တို့ ဇနီးမောင်နှံက မြို့ကောင်စီ၏ ဆုံးဖြတ်ချက်တွင် မွန်ရိုး၏ နေအိမ်ဖြိုချမှု တားမြစ်ထားခြင်းကို ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

၎င်းတို့စုံတွဲက မွန်ရိုးနေထိုင်ခဲ့သော အိမ်ကို ပြီးခဲ့သောနှစ်အတွင်း ကန်ဒေါ်လာ ၈ ဒသမ ၃၅ သန်းဝန်းကျင်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

မြို့ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေနည်းလမ်းများနှင့် ဆန့်ကျင်စွာ ဆောင်ရွက်နေကြောင်း ၎င်းတို့ ဇနီးမောင်နှံက ပြောသည်။

မွန်ရိုး၏ နေအိမ်နှင့် ပတ်သက်ပြီး မြို့ကောင်စီ၏ ဆုံးဖြတ်ချက်မှာ မိမိတို့၏ အခွင့်အရေးကို ချိုးဖောက်ခံရ သည်ဟု ခံစားရကြောင်း ၎င်းတို့ဇနီးမောင်နှံက ပြောသည်။

၎င်းတို့စုံတွဲက နေအိမ်ကို ချဲ့ထွင်ရန်အတွက် မွန်ရိုးနေခဲ့သောအိမ်ကို ဖြိုချရန် ရည်မှန်းခဲ့သည်။

ထို့အပြင် ထိုအိမ်မှာ အမိုးပျက်စီးမှုအပါအဝင် ပျက်စီးယိုယွင်းနေသည့် အခြေအနေရှိပြီး ထိုသို့ ပျက်စီးယိုယွင်း နေသောကြောင့်လည်း ၎င်းတို့ဇနီးမောင်နှံက နေထိုင်ခဲ့ခြင်း မရှိချေ။

 

(လက်ရှိပိုင်ရှင်များက နေအိမ်ရောင်းချရန် အစီအစဉ် မရှိချေ။ ဓာတ်ပုံ-Reuters)

 

ကနဦးကမူ ထိုအိမ်ကို ဖြိုချရန် ခွင့်ပြုချက်ပေးခဲ့သည်။

သို့သော် မြို့ကောင်စီက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် နေအိမ်ဖြိုချခွင့်ကို ဆိုင်းငံ့ခဲ့ပြီး အဆိုပါ နေအိမ်ကို သမိုင်းဝင် ယဉ်ကျေးမှု အထိမ်းအမှတ်နေရာအဖြစ် သတ်မှတ်ရန် တင်ပြလာမှုတစ်ခုကို ကြားနာခဲ့သည်။

မွန်ရိုးက ယခုအိမ်ကို ၁၉၆၂ ခုနှစ်တွင် ကန်ဒေါ်လာ ၇၅၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

(မွန်ရိုးဝယ်ယူရာတွင် ကန်ဒေါ်လာ ၇၅၀၀၀ ပေးခဲ့ရသည်။ ဓာတ်ပုံ-Getty Images)

 

မွန်ရိုးသည် ဤနေအိမ်တွင် barbiturate overdose ဖြစ်ကာ ၁၉၆၂ ခုနှစ်၊ သြဂုတ်လ ၄ ရက်တွင် သေဆုံးခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Marilyn Monroe’s Los Angeles home will not be sold despite historical ruling (nypost)

Photo Credit: Reuters, Getty Images

 

 

 

[Zawgyi]

ဇနီးျဖစ္သူ ကြယ္လြန္သြားျပီးေနာက္ ခင္ပြန္းက ဇနီး၏ အုတ္ဂူသို႔ တစ္ပတ္လွ်င္ ၃ ၾကိမ္ႏႈန္းျဖင့္ ၃၇ ႏွစ္တိုင္ ႏွင္းဆီပန္း ၆ ပြင့္ ပို႔ေပးခဲ့၊ ထိုအမ်ဳိးသမီးမွာ မည္သည့္ ကမၻာေက်ာ္ ရုပ္ရွင္မင္းသမီးျဖစ္သည္ကို သင္သိပါသလား

 

ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ Westwood Village Memorial Park and Mortuary အမည္ရွိ သခၤ်ဳိင္းတြင္ ကမၻာေက်ာ္ ရုပ္ရွင္မင္းသမီးတစ္ဦး၏ ေနာက္ဆံုးအနားယူရာေနရာသို႔ အမ်ဳိးသားတစ္ဦး တစ္ပတ္လွ်င္ ၃ ၾကိမ္ လာေရာက္ ကာ ႏွင္းဆီပန္း ၆ ပြင့္ ထားရွိေပးလ်က္ရွိသည္။

ထိုသူ ယခုကဲ့သို႔ ႏွင္းဆီပန္းမ်ား ေန႔စဥ္မပ်က္မကြက္ လာထားေနသည္မွာ ၃၇ ႏွစ္ ရွိခဲ့ျပီ။

ထိုသူမည္သူနည္း။

ထိုသူ၏ အမည္ကား ဂ်ဳိး ဒီမက္ဂ်ီယိုဟု အမည္ရသည္။

သူ ႏွင္းဆီပန္းလာထားေနေသာ အုတ္ဂူေနရာမွ ကမၻာေက်ာ္မင္းသမီးကား… မာရီလင္မြန္ရိုးျဖစ္သည္။

မာရီလင္မြန္ရိုးသည္ စိတ္ျငိမ္ေဆး အလြန္အကၽြံသံုးစြဲကာ အသက္ ၃၆ ႏွစ္အရြယ္မွ်ျဖင့္ ေသဆံုးသြားခဲ့ရသူ ျဖစ္သည္။

မာရီလင္မြန္ရိုးကို သမိုင္းတေလွ်ာက္ လိင္ဆြဲေဆာင္အား အေကာင္းဆံုးမင္းသမီးဟု မၾကာခဏ ရည္ညႊန္းခံ ရသည္။

အေမရိကန္ ရုပ္ရွင္သိပၸံက ေဟာလိဝုဒ္ေရႊေခတ္၏ အၾကီးျမတ္ဆံုး ရုပ္ရွင္မင္းသမီး ၁၀ ဦးစာရင္းတြင္ မြန္ရိုးကို ထည့္သြင္းေဖာ္ျပခဲ့သည္။

မာရီလင္မြန္ရိုးႏွင့္ ဂ်ဳိးဒီမက္ဂ်ီယိုတို႔၏ အိမ္ေထာင္ေရးသက္တမ္းမွာ တစ္ႏွစ္မွ်သာ ၾကာျမင့္ခဲ့ျပီး မာရီလင္မြန္ရိုးမွာ အာသာေမလာဆိုသူႏွင့္ လက္ထပ္ခဲ့သည္။

ဂ်ဳိးဒီမက္ဂ်ီယိုကမူ မြန္ရိုးႏွင့္ လမ္းခြဲျပီးေနာက္ ကြယ္လြန္ခ်ိန္အထိ ေနာက္အိမ္ေထာင္မျပဳခဲ့။

ကြယ္လြန္ျပီး ကာလမ်ားစြာ ၾကာျမင့္ခ်ိန္အထိ မြန္ရိုးသည္ ေပါ့ပ္ယဥ္ေက်းမႈ၏ Icon အျဖစ္ ဆက္လက္ သတ္မွတ္ျခင္း ခံခဲ့ရသည္။

ဂ်ဳိးဒီ မက္ဂ်ီယိုသည္ ဇနီးေဟာင္း မြန္ရိုး၏ အုတ္ဂူရွိရာသို႔ တစ္ပတ္လွ်င္ ၃ ၾကိမ္ လာေရာက္ကာ ၎ကြယ္လြန္ခ်ိန္အထိ ၃၇ ႏွစ္တုိင္ ႏွင္းဆီပန္းမ်ား သြားေရာက္ ထားရွိခဲ့သည္။

သတင္းမီဒီယာမ်ားသို႔ ၎တု႔ိ ဇနီးေမာင္ႏွံအေၾကာင္း ေျပာျပရန္ အျမဲျငင္းဆိုေလ့ရွိေသာ္လည္း သတင္းေထာက္ မ်ားႏွင့္ ရွားရွားပါးပါး ေျပာဆိုျဖစ္ေသာအခ်ိန္မ်ဳိးတြင္ မက္ဂ်ီယိုမွာ မ်က္ရည္မဆည္ႏိုင္ ျဖစ္ေလ့ရွိသည္။

၎၏ ဘဝတြင္ မည္သည့္အခါမွ ထပ္မံအိမ္ေထာင္မျပဳခဲ့ေခ်။

((မြန္ရိုးေနထိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိစံအိမ္))

မာရီလင္မြန္ရိုး ေနထိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိျမဳိ႕၊ Brentwood အရပ္မွ ေနအိမ္ကို သမိုင္းဝင္ ယဥ္ေက်းမႈ အထိမ္းအမွတ္ေနရာအျဖစ္ ဇြန္လကုန္ပိုင္းတြင္ ေၾကညာျခင္း ခံခဲ့ရသည္။

မြန္ရိုး၏ ေနအိမ္ကို လက္ရွိပုိင္ဆိုင္ထားသူမ်ားမွာ ရုပ္သံထုတ္လုပ္သူႏွင့္ အိမ္ျခံေျမလုပ္ငန္းရွင္ အမ်ဳိးသမီးတို႔ ဇနီးေမာင္ႏွံ ျဖစ္သည္။

၎တို႔က မြန္ရုိး၏ ေနအိမ္ကို ေရာင္းခ်ရန္ အစီအစဥ္ မရွိေၾကာင္း TMZ သတင္းဌာနသို႔ ေျပာၾကားသည္။

မြန္ရိုး၏ ေနအိမ္ကို သမိုင္းဝင္ ယဥ္ေက်းမႈေနရာအျဖစ္ ေလာ့စ္အိန္ဂ်လိျမဳိ႕ေကာင္စီအဖြဲ႔က ၁၂-၀ မဲျဖင့္ ကန္႔ကြက္သူမရွိ အတည္ျပဳခဲ့ျခင္း ျဖစ္သည္။

(ေဟာလိဝုဒ္ Icon မြန္ရိုးသည္ ၁၉၆၂ ခုႏွစ္၊ ၾသဂုတ္လ ၄ ရက္တြင္ barbiturate overdose ျဖစ္ကာ ေသဆံုးခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု-Getty Images)

သုိ႔ေသာ္ လက္ရွိပိုင္ရွင္မ်ားျဖစ္ေသာ Brinah Milstein ႏွင့္ Roy Bank တို႔ ဇနီးေမာင္ႏွံက ျမိဳ႕ေကာင္စီ၏ ဆံုးျဖတ္ခ်က္တြင္ မြန္ရိုး၏ ေနအိမ္ျဖိဳခ်မႈ တားျမစ္ထားျခင္းကို ဆက္လက္တိုက္ပြဲဝင္သြားမည္ဟု ဆိုသည္။

၎တို႔စံုတြဲက မြန္ရိုးေနထုိင္ခဲ့ေသာ အိမ္ကို ျပီးခဲ့ေသာႏွစ္အတြင္း ကန္ေဒၚလာ ၈ ဒသမ ၃၅ သန္းဝန္းက်င္ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ျမိဳ႕ေကာင္စီသည္ ဖြဲ႔စည္းပံုအေျခခံဥပေဒနည္းလမ္းမ်ားႏွင့္ ဆန္႔က်င္စြာ ေဆာင္ရြက္ေနေၾကာင္း ၎တို႔ ဇနီးေမာင္ႏွံက ေျပာသည္။

မြန္ရိုး၏ ေနအိမ္ႏွင့္ ပတ္သက္ျပီး ျမိဳ႕ေကာင္စီ၏ ဆံုးျဖတ္ခ်က္မွာ မိမိတို႔၏ အခြင့္အေရးကို ခ်ဳိးေဖာက္ခံရ သည္ဟု ခံစားရေၾကာင္း ၎တုိ႔ဇနီးေမာင္ႏွံက ေျပာသည္။

၎တို႔စံုတြဲက ေနအိမ္ကို ခ်ဲ႕ထြင္ရန္အတြက္ မြန္ရိုးေနခဲ့ေသာအိမ္ကို ျဖိဳခ်ရန္ ရည္မွန္းခဲ့သည္။

ထို႔အျပင္ ထိုအိမ္မွာ အမိုးပ်က္စီးမႈအပါအဝင္ ပ်က္စီးယိုယြင္းေနသည့္ အေျခအေနရွိျပီး ထိုသို႔ ပ်က္စီးယိုယြင္း ေနေသာေၾကာင့္လည္း ၎တို႔ဇနီးေမာင္ႏွံက ေနထိုင္ခဲ့ျခင္း မရွိေခ်။

(လက္ရွိပိုင္ရွင္မ်ားက ေနအိမ္ေရာင္းခ်ရန္ အစီအစဥ္ မရွိေခ်။ ဓာတ္ပံု-Reuters)

ကနဦးကမူ ထိုအိမ္ကုိ ျဖိဳခ်ရန္ ခြင့္ျပဳခ်က္ေပးခဲ့သည္။

သို႔ေသာ္ ျမိဳ႕ေကာင္စီက ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလတြင္ ေနအိမ္ျဖိဳခ်ခြင့္ကို ဆိုင္းငံ့ခဲ့ျပီး အဆိုပါ ေနအိမ္ကို သမိုင္းဝင္ ယဥ္ေက်းမႈ အထိမ္းအမွတ္ေနရာအျဖစ္ သတ္မွတ္ရန္ တင္ျပလာမႈတစ္ခုကို ၾကားနာခဲ့သည္။

မြန္ရိုးက ယခုအိမ္ကို ၁၉၆၂ ခုႏွစ္တြင္ ကန္ေဒၚလာ ၇၅၀၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(မြန္ရိုးဝယ္ယူရာတြင္ ကန္ေဒၚလာ ၇၅၀၀၀ ေပးခဲ့ရသည္။ ဓာတ္ပံု-Getty Images)

မြန္ရိုးသည္ ဤေနအိမ္တြင္ barbiturate overdose ျဖစ္ကာ ၁၉၆၂ ခုႏွစ္၊ ၾသဂုတ္လ ၄ ရက္တြင္ ေသဆံုးခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Marilyn Monroe’s Los Angeles home will not be sold despite historical ruling (nypost)

Photo Credit: Reuters, Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service