ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေါင်းသတ်ခဲ့သော အမေရိကန် အမျိုးသား ဖမ်းဆီးအရေးယူခံရပြီးနောက် သူ၏နေအိမ်ကို ရှေ့နေခအဖြစ် ရှေ့နေအား ပေးခဲ့

ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေါင်းသတ်ခဲ့သော အမေရိကန် အမျိုးသား ဖမ်းဆီးအရေးယူခံရပြီးနောက် သူ၏နေအိမ်ကို ရှေ့နေခအဖြစ် ရှေ့နေအား ပေးခဲ့ - Property News in Myanmar from iMyanmarHouse.com
10 Jun 2024 10:53 am တွင် တင်ခဲ့သည်
1086 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကမ္ဘာပျက်သောနေ့အကြောင်း စာအုပ်တစ်အုပ်ရေးသားခဲ့သူ ချက်ဒ် ဒေးဘဲလ် (Chad Daybell) အမည်ရှိ အမျိုးသားသည် သားသမီး ၂ ဦးအပြင် ဇနီးများအနက် ၁ ဦးကို သတ်ခဲ့သော လူသတ်မှုများဖြင့် ဖမ်းဆီး အရေးယူခံထားရသည်။

ချက်ဒ် ဒေးဘဲလ်အနေဖြင့် သေဒဏ်ချမှတ်ခံရဖွယ်ရာ ရှိသည်။

အမေရိကန်ပြည်၊ အိုင်ဒါဟိုပြည်နယ်တွင် ကျန်ရစ်ခဲ့သော သူ၏နေအိမ် ပိုင်ဆိုင်မှုမှာ ယခုအခါ အငြင်းပွားဖွယ် ဖြစ်နေသည်။

သူ၏နေအိမ်ကို လက်ရှိပိုင်ဆိုင်ထားသူမှာ အမှုတွင်လိုက်ပါခဲ့သော ရှေ့နေဖြစ်သည်။

 

((အိုင်ဒါဟိုပြည်နယ်က ရက်ရက်စက်စက် လူသတ်မှုကြီး))

 

ချက်ဒ် ဒေးဘဲလ်သည် သူ၏ ပထမဇနီးအပြင် ဒုတိယဇနီးနှင့်ရသော ကလေး ၂ ဦးကို သတ်ခဲ့သော လူသတ်မှု များဖြင့် အရေးယူခံထားရခြင်း ဖြစ်သည်။

သူ၏ ဒုတိယဇနီး လိုရီ ဗယ်လို ဒေးဘဲလ်မှာလည်း ကလေး ၂ ဦးကို သတ်သောအမှုဖြင့်ပင် အဖမ်းခံထားရသည်။

ချက်ဒ် ဒေးဘဲလ်သည် ဒုတိယဇနီးနှင့် ကလေး ၂ ဦးရခဲ့ပြီး ဂျိုရွှာ ဂျေဂျေ ဗယ်လို (Joshua JJ Vallow) (၇ နှစ်) နှင့် တိုင်လီ ရိုင်ယန် (Tylee Ryan) (၁၇ နှစ်) တို့ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကလေး ၂ ဦးကို ရဲတပ်ဖွဲ့က လပေါင်းများစွာ ရှာဖွေခဲ့ပြီးနောက် အိုင်ဒါဟိုပြည်နယ်၊ Rexburg မြို့မှ ဒေးဘဲလ် ပိုင်သော နေအိမ်တွင် ကလေးနှစ်ဦး၏ ကြွင်းကျန်ရစ်သော ရုပ်အလောင်းများကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် တွေ့ရှိခဲ့သည်။

  

(တိုင်လီ ရိုင်ယန်နှင့် မောင်ဖြစ်သူ ဂျိုရွှာ ဂျေဂျေ ဗယ်လိုတို့၏ ဓာတ်ပုံတစ်ပုံကို တိုင်လီ ရိုင်ယန်၏ အလောင်းတွေ့သောနေရာတွင် အမှတ်တရအနေဖြင့် ထားရှိထားပုံ။ ဓာတ်ပုံ-Natalie Behring /Getty Images)

 

ဒုတိယဇနီး လိုရီဘယ်လိုမှာ မိမိ၏ သားသမီးအရင်း ၂ ဦးကို သတ်ဖြတ်မှုအပြင် ဒေးလ်ဘယ်က ပထမဇနီးကို သတ်ဖြတ်မှုတွင် ပူးပေါင်း ကြံစည်မှုဖြင့် ၂၀၂၃ ခုနှစ် ၊ ဧပြီလတွင် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ် အကြိမ်ပေါင်း များစွာ ချမှတ်ခံခဲ့ရသည်။

လိုရီဘယ်လိုက တရားရုံးသို့ တင်ပြသည်မှာ ကလေးများကို သတ်ဖြတ်မှုအတွက် မိမိတွင် အပြစ်မရှိကြောင်း၊ ကလေးများသည် မိမိထံအလည်လာခြင်းဖြစ်ပြီး ယခုအခါ ကောင်းကင်ဘုံတွင် ပျော်ရွှင်နေပြီဖြစ်ကြောင်း ပြောသည်။

 

((အိုင်ဒါဟိုပြည်နယ်မှ ယာတောအိမ်။))

ဒေးလ်ဘယ်သည် သူ၏ ရှေ့နေ John Prior အား ၂၀၂၁ ခုနှစ်အတွင်း နေအိမ်ပိုင်ဆိုင်မှု လွှဲပြောင်းပေးကြောင်း လတ်မှတ်ရေးထိုးခဲ့သည်။

အိမ်ခြံမြေမှတ်တမ်းများအရ သူ၏ ရှေ့နေက အဆိုပါအိမ်ကို ယနေ့အချိန်အထိ ပိုင်ဆိုင်ထားသည်။

 

 

(တိုင်လီ ရိုင်ယန်နှင့် ဂျိုရွှာတို့၏ အလောင်းများ ရှာဖွေတွေ့ရှိခဲ့သော ဒေးလ်ဘယ်၏ နေအိမ်။ ဓာတ်ပုံ-Natalie Behring/Getty Images)

 

ရှေ့နေ Prior သည် ဤအိမ်ကို ၂၀၂၁ ခုနှစ် မေလအတွင်း ဒေးလ်ဘဲ၏ နေအိမ်စွန့်လွှတ်မှုမှတဆင့် ရရှိခဲ့ ခြင်းဖြစ်သည်။

ဒေးလ်ဘဲက ထိုလအတွင်းတွင်ပင် ရှေ့နေ Prior ကို အမှုရင်ဆိုင်ရန်ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

ဒေးလ်ဘဲ၏ တရားစရိတ်များ ကာမိစေရန်အတွက် နေအိမ်စွန့်လွှတ်ကာ ရှေ့နေကို ပေးခဲ့ခြင်းလည်း ဖြစ်သည်။

၁၉၆၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့သော နေအိမ်ဖြစ်ပြီး အိပ်ခန်း ၄ ခန်းပါဝင်သည်။

နေအိမ်အကျယ် ၁၆၄၄ စတုရန်းပေရှိပြီး ခြံအကျယ်မှာ ၄ ဧကနီးပါး ရှိသည်။

အိမ်ခြံမြေမှတ်တမ်းများအရ နှစ်စဉ် အိမ်ခွန် ဒေါ်လာ ၁၇၀၀ ခန့် ပေးဆောင်ရပြီး နေအိမ်တန်ကြေးမှာ ဒေါ်လာ ၃၉၀,၀၀၀ ဝန်းကျင်ခန့် ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: As Chad Daybell heads to prison, his lawyer still owns his infamous Idaho house (realtor)

Photo Credit:   Natalie Behring/Getty Images

 

 

[Zawgyi]

ပထမဇနီးကို သတ္ခဲ့သည့္အျပင္ ဒုတိယဇနီးႏွင့္ ရေသာ ကေလး ၂ ဦးကိုလည္း မေကာင္းဆိုးရြားမ်ား ျဖစ္သည္ ဟုဆိုကာ ဒုတိယဇနီးႏွင့္ ပူးေပါင္းသတ္ခဲ့ေသာ အေမရိကန္ အမ်ဳိးသား ဖမ္းဆီးအေရးယူခံရျပီးေနာက္ သူ၏ေနအိမ္ကို ေရွ႕ေနခအျဖစ္ ေရွ႕ေနအား ေပးခဲ့

 

ကမၻာပ်က္ေသာေန႔အေၾကာင္း စာအုပ္တစ္အုပ္ေရးသားခဲ့သူ ခ်က္ဒ္ ေဒးဘဲလ္ (Chad Daybell) အမည္ရွိ အမ်ဳိးသားသည္ သားသမီး ၂ ဦးအျပင္ ဇနီးမ်ားအနက္ ၁ ဦးကို သတ္ခဲ့ေသာ လူသတ္မႈမ်ားျဖင့္ ဖမ္းဆီး အေရးယူခံထားရသည္။

ခ်က္ဒ္ ေဒးဘဲလ္အေနျဖင့္ ေသဒဏ္ခ်မွတ္ခံရဖြယ္ရာ ရွိသည္။

အေမရိကန္ျပည္၊ အိုင္ဒါဟိုျပည္နယ္တြင္ က်န္ရစ္ခဲ့ေသာ သူ၏ေနအိမ္ ပိုင္ဆိုင္မႈမွာ ယခုအခါ အျငင္းပြားဖြယ္ ျဖစ္ေနသည္။

သူ၏ေနအိမ္ကို လက္ရွိပိုင္ဆိုင္ထားသူမွာ အမႈတြင္လိုက္ပါခဲ့ေသာ ေရွ႕ေနျဖစ္သည္။

((အိုင္ဒါဟိုျပည္နယ္က ရက္ရက္စက္စက္ လူသတ္မႈၾကီး))

ခ်က္ဒ္ ေဒးဘဲလ္သည္ သူ၏ ပထမဇနီးအျပင္ ဒုတိယဇနီးႏွင့္ရေသာ ကေလး ၂ ဦးကို သတ္ခဲ့ေသာ လူသတ္မႈ မ်ားျဖင့္ အေရးယူခံထားရျခင္း ျဖစ္သည္။

သူ၏ ဒုတိယဇနီး လိုရီ ဗယ္လို ေဒးဘဲလ္မွာလည္း ကေလး ၂ ဦးကို သတ္ေသာအမႈျဖင့္ပင္ အဖမ္းခံထားရသည္။

ခ်က္ဒ္ ေဒးဘဲလ္သည္ ဒုတိယဇနီးႏွင့္ ကေလး ၂ ဦးရခဲ့ျပီး ဂ်ဳိရႊာ ေဂ်ေဂ် ဗယ္လို (Joshua JJ Vallow) (၇ ႏွစ္) ႏွင့္ တိုင္လီ ရိုင္ယန္ (Tylee Ryan) (၁၇ ႏွစ္) တို႔ျဖစ္ျပီး ၂၀၁၉ ခုႏွစ္အတြင္း သတ္ျဖတ္ခဲ့ျခင္း ျဖစ္သည္။

ကေလး ၂ ဦးကို ရဲတပ္ဖြဲ႔က လေပါင္းမ်ားစြာ ရွာေဖြခဲ့ျပီးေနာက္ အိုင္ဒါဟိုျပည္နယ္၊ Rexburg ျမိဳ႕မွ ေဒးဘဲလ္ ပိုင္ေသာ ေနအိမ္တြင္ ကေလးႏွစ္ဦး၏ ၾကြင္းက်န္ရစ္ေသာ ရုပ္အေလာင္းမ်ားကို ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လတြင္ ေတြ႔ရွိခဲ့သည္။

 

(တိုင္လီ ရိုင္ယန္ႏွင့္ ေမာင္ျဖစ္သူ ဂ်ဳိရႊာ ေဂ်ေဂ် ဗယ္လိုတို႔၏ ဓာတ္ပံုတစ္ပံုကို တိုင္လီ ရိုင္ယန္၏ အေလာင္းေတြ႔ေသာေနရာတြင္ အမွတ္တရအေနျဖင့္ ထားရွိထားပံု။ ဓာတ္ပံု-Natalie Behring /Getty Images)

ဒုတိယဇနီး လိုရီဘယ္လိုမွာ မိမိ၏ သားသမီးအရင္း ၂ ဦးကို သတ္ျဖတ္မႈအျပင္ ေဒးလ္ဘယ္က ပထမဇနီးကို သတ္ျဖတ္မႈတြင္ ပူးေပါင္း ၾကံစည္မႈျဖင့္ ၂၀၂၃ ခုႏွစ္ ၊ ဧျပီလတြင္ ေထာင္ဒဏ္တစ္သက္ျပစ္ဒဏ္ အၾကိမ္ေပါင္း မ်ားစြာ ခ်မွတ္ခံခဲ့ရသည္။

လိုရီဘယ္လိုက တရားရံုးသုိ႔ တင္ျပသည္မွာ ကေလးမ်ားကို သတ္ျဖတ္မႈအတြက္ မိမိတြင္ အျပစ္မရွိေၾကာင္း၊ ကေလးမ်ားသည္ မိမိထံအလည္လာျခင္းျဖစ္ျပီး ယခုအခါ ေကာင္းကင္ဘံုတြင္ ေပ်ာ္ရႊင္ေနျပီျဖစ္ေၾကာင္း ေျပာသည္။

 

((အိုင္ဒါဟိုျပည္နယ္မွ ယာေတာအိမ္။))

ေဒးလ္ဘယ္သည္ သူ၏ ေရွ႕ေန John Prior အား ၂၀၂၁ ခုႏွစ္အတြင္း ေနအိမ္ပိုင္ဆိုင္မႈ လႊဲေျပာင္းေပးေၾကာင္း လတ္မွတ္ေရးထိုးခဲ့သည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ သူ၏ ေရွ႕ေနက အဆုိပါအိမ္ကို ယေန႔အခ်ိန္အထိ ပိုင္ဆိုင္ထားသည္။

(တိုင္လီ ရိုင္ယန္ႏွင့္ ဂ်ဳိရႊာတို႔၏ အေလာင္းမ်ား ရွာေဖြေတြ႔ရွိခဲ့ေသာ ေဒးလ္ဘယ္၏ ေနအိမ္။ ဓာတ္ပံု-Natalie Behring/Getty Images)

ေရွ႕ေန Prior သည္ ဤအိမ္ကို ၂၀၂၁ ခုႏွစ္ ေမလအတြင္း ေဒးလ္ဘဲ၏ ေနအိမ္စြန္႔လႊတ္မႈမွတဆင့္ ရရွိခဲ့ ျခင္းျဖစ္သည္။

ေဒးလ္ဘဲက ထိုလအတြင္းတြင္ပင္ ေရွ႕ေန Prior ကို အမႈရင္ဆိုင္ရန္ငွားရမ္းခဲ့ျခင္း ျဖစ္သည္။

ေဒးလ္ဘဲ၏ တရားစရိတ္မ်ား ကာမိေစရန္အတြက္ ေနအိမ္စြန္႔လႊတ္ကာ ေရွ႕ေနကို ေပးခဲ့ျခင္းလည္း ျဖစ္သည္။

၁၉၆၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာ ေနအိမ္ျဖစ္ျပီး အိပ္ခန္း ၄ ခန္းပါဝင္သည္။

ေနအိမ္အက်ယ္ ၁၆၄၄ စတုရန္းေပရွိျပီး ျခံအက်ယ္မွာ ၄ ဧကနီးပါး ရွိသည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ႏွစ္စဥ္ အိမ္ခြန္ ေဒၚလာ ၁၇၀၀ ခန္႔ ေပးေဆာင္ရျပီး ေနအိမ္တန္ေၾကးမွာ ေဒၚလာ ၃၉၀,၀၀၀ ဝန္းက်င္ခန္႔ ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: As Chad Daybell heads to prison, his lawyer still owns his infamous Idaho house (realtor)

Photo Credit: Natalie Behring/Getty Images

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service