ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား

ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား - Property News in Myanmar from iMyanmarHouse.com
6 Jun 2024 12:27 pm တွင် တင်ခဲ့သည်
964 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Dell ကုမ္ပဏီ၏ အခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူတို့ စိတ်ပျက်ခဲ့သောကြောင့် ရှယ်ယာဈေးများ ကျဆင်းသွားရာ တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှုမှာ တစ်နေ့တည်းဖြင့် များစွာထိုးကျသွားခဲ့သည်။

Dell Technologies Inc ၏ ရှယ်ယာဈေးနှုန်းများမှာ နယူးယောက်စတော့အိတ်ချိန်းတွင် ၁၈ ရာခိုင်နှုန်း ကျဆင်းသွားရာ Michael Dell ချမ်းသာကြွယ်ဝမှုမှာ ပြီးခဲ့သော သောကြာနေ့က ကန်ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံ ထိုးကျသွားခဲ့ပြီး သူ၏ ကြွယ်ဝမှု ကန်ဒေါ်လာ ၁၀၇ ဒသမ ၁ ဘီလီယံသို့ ကျဆင်းသွားသည်။

Dell ၏ ရှယ်ယာဈေး ကျဆင်းမှုမှာ မှတ်တမ်းများအရ အဆိုးရွားဆုံး ကျဆင်းမှု ဖြစ်ခဲ့သည်။

ယခုနှစ်ပထမ ၃ လပတ်ကာလအတွင်း ဝင်ငွေမြင့်တက်ခဲ့ပြီး ၂ နှစ်တာအတွင်း ပထမဆုံး ဝင်ငွေမြင့်တက်မှု ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့မှု ရှိသည်။

သို့သော် Dell ၏ AI ဆာဗာလုပ်ငန်းအပေါ် ရင်းနှီးမြှုပ်နှံသူတို့က ယခုထက်ပိုပြီး များစွာ မျှော်လင့်ထားကြသည်။

Dell ၏ ဝင်ငွေ တစ်ဝက်နီးပါးမှာ တက္ကဆပ်ပြည်နယ်အခြေစိုက် ကွန်ပြူတာထုတ်လုပ်ရေးမှ လာခြင်းဖြစ်သည်။

အဆိုပါ ကွန်ပြူတာထုတ်လုပ်ရေးကို Michael Dell က တက္ကဆပ်ပြည်နယ် တက္ကသိုလ်ကျောင်းသားဘဝ လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်က စတင်ခဲ့ခြင်း ဖြစ်သည်။

Michael Dell ၏ အခြားပင်မဝင်ငွေ အရင်းအမြစ်မှာ Broadcom Inc မှ လာသည်။

ထိုကုမ္ပဏီမှာလည်း ပြီးခဲ့သောသောကြာနေ့က ရှယ်ယာဈေးများ ကျဆင်းခဲ့သည်။

Dell ၏ ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Michael Dell (အသက် ၅၉ နှစ်) သည် Bloomberg ဘီလျံနာ ညွှန်းကိန်းတွင် နံပါတ် ၁၃ နေရာ၌ ရပ်တည်နေသည်။

AI နည်းပညာအပေါ် ဝယ်လိုအား အလွန်မြင့်တက်လာသောကြောင့် Dell ၏ ရှယ်ယာဈေးများ ယခုနှစ် အစပိုင်းတွင် စံချိန်တင်မြင့်တက်ခဲ့ရာ မတ်လအစောပိုင်းတွင် Michael Dell ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်အထိ ရောက်ရှိသွားသည်။

AI နှင့်ဆက်နွှယ်သော ရှယ်ဈေးများ မြင့်တက်မှုကြောင့် အခြားသော နည်းပညာလုပ်ငန်းနယ်မှ သူဌေးကြီးများ ၏ ကြွယ်ဝမှုလည်း မြင့်တက်ခဲ့ကြသည်။

Chip ထုတ်လုပ်သူ Nvidia Corp ၏ ၃ လပတ်အခြေအနေကောင်းမွန်မှုများကြောင့် ယခုရက်သတ္တပတ် အစောပိုင်းတွင် ကုမ္ပဏီပူးတွဲတည်ထောင်သူ Jensen Huang ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀၀ ဘီလီယံ ကျော်သို့ ရောက်ရှိသွားသည်။

Jensen Huang ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၉၆ ဒသမ ၃ ဘီလီယံရှိပြီး Bloomberg ဘီလျံနာညွှန်းကိန်းတွင် နံပါတ် ၁၆ နေရာ၌ ရပ်တည်နေသည်။

အလွန်ကြီးမားသော ကော်ပိုရေးရှင်းများတွင် AI နှင့်စပ်လျဉ်းသော လုပ်ငန်းဆောင်တာများအတွက် High-power servers လိုအပ်ချက်များ မြင့်မားလာသည်။

ယင်းတို့ကို Dell နှင့် အခြားသော ကုမ္ပဏီအနည်းငယ်က ထုတ်လုပ်ရောင်းချသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Michael Dell’s net worth sinks the most in a single day, falling by $11.7 billion after shares of his company suffer record selloff on weak revenue (fortune)

[Zawgyi]

ကမၻာေက်ာ္ Dell ကုမၸဏီ၏ ရွယ္ယာေစ်းႏႈန္းမ်ား ထုိးက်မႈေၾကာင့္ တည္ေထာင္သူ Michael Dell ၏ ၾကြယ္ဝမႈ ၁ ရက္တည္းျဖင့္ ကန္ေဒၚလာ ၁၁ ဘီလီယံေက်ာ္ က်ဆင္းသြား

Dell ကုမၸဏီ၏ အေျခအေနအေပၚ ရင္းႏွီးျမွဳပ္ႏွံသူတို႔ စိတ္ပ်က္ခဲ့ေသာေၾကာင့္ ရွယ္ယာေစ်းမ်ား က်ဆင္းသြားရာ တည္ေထာင္သူ Michael Dell ၏ ၾကြယ္ဝမႈမွာ တစ္ေန႔တည္းျဖင့္ မ်ားစြာထိုးက်သြားခဲ့သည္။

Dell Technologies Inc ၏ ရွယ္ယာေစ်းႏႈန္းမ်ားမွာ နယူးေယာက္စေတာ့အိတ္ခ်ိန္းတြင္ ၁၈ ရာခိုင္ႏႈန္း က်ဆင္းသြားရာ Michael Dell ခ်မ္းသာၾကြယ္ဝမႈမွာ ျပီးခဲ့ေသာ ေသာၾကာေန႔က ကန္ေဒၚလာ ၁၁ ဒသမ ၇ ဘီလီယံ ထိုးက်သြားခဲ့ျပီး သူ၏ ၾကြယ္ဝမႈ ကန္ေဒၚလာ ၁၀၇ ဒသမ ၁ ဘီလီယံသို႔ က်ဆင္းသြားသည္။

Dell ၏ ရွယ္ယာေစ်း က်ဆင္းမႈမွာ မွတ္တမ္းမ်ားအရ အဆိုးရြားဆံုး က်ဆင္းမႈ ျဖစ္ခဲ့သည္။

ယခုႏွစ္ပထမ ၃ လပတ္ကာလအတြင္း ဝင္ေငြျမင့္တက္ခဲ့ျပီး ၂ ႏွစ္တာအတြင္း ပထမဆံုး ဝင္ေငြျမင့္တက္မႈ ျဖစ္ေၾကာင္း ကုမၸဏီက ထုတ္ျပန္ခဲ့မႈ ရွိသည္။

သို႔ေသာ္ Dell ၏ AI ဆာဗာလုပ္ငန္းအေပၚ ရင္းႏွီးျမွဳပ္ႏွံသူတို႔က ယခုထက္ပိုျပီး မ်ားစြာ ေမွ်ာ္လင့္ထားၾကသည္။

Dell ၏ ဝင္ေငြ တစ္ဝက္နီးပါးမွာ တကၠဆပ္ျပည္နယ္အေျခစိုက္ ကြန္ျပဴတာထုတ္လုပ္ေရးမွ လာျခင္းျဖစ္သည္။

အဆိုပါ ကြန္ျပဴတာထုတ္လုပ္ေရးကို Michael Dell က တကၠဆပ္ျပည္နယ္ တကၠသိုလ္ေက်ာင္းသားဘဝ လြန္ခဲ့ေသာႏွစ္ေပါင္း ၄၀ ခန္႔က စတင္ခဲ့ျခင္း ျဖစ္သည္။

Michael Dell ၏ အျခားပင္မဝင္ေငြ အရင္းအျမစ္မွာ Broadcom Inc မွ လာသည္။

ထိုကုမၸဏီမွာလည္း ျပီးခဲ့ေသာေသာၾကာေန႔က ရွယ္ယာေစ်းမ်ား က်ဆင္းခဲ့သည္။

Dell ၏ ဥကၠဌ၊ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ Michael Dell (အသက္ ၅၉ ႏွစ္) သည္ Bloomberg ဘီလ်ံနာ ညႊန္းကိန္းတြင္ နံပါတ္ ၁၃ ေနရာ၌ ရပ္တည္ေနသည္။

AI နည္းပညာအေပၚ ဝယ္လိုအား အလြန္ျမင့္တက္လာေသာေၾကာင့္ Dell ၏ ရွယ္ယာေစ်းမ်ား ယခုႏွစ္ အစပိုင္းတြင္ စံခ်ိန္တင္ျမင့္တက္ခဲ့ရာ မတ္လအေစာပိုင္းတြင္ Michael Dell ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၀၀ ဘီလီယံေက်ာ္အထိ ေရာက္ရွိသြားသည္။

AI ႏွင့္ဆက္ႏႊယ္ေသာ ရွယ္ေစ်းမ်ား ျမင့္တက္မႈေၾကာင့္ အျခားေသာ နည္းပညာလုပ္ငန္းနယ္မွ သူေဌးၾကီးမ်ား ၏ ၾကြယ္ဝမႈလည္း ျမင့္တက္ခဲ့ၾကသည္။

Chip ထုတ္လုပ္သူ Nvidia Corp ၏ ၃ လပတ္အေျခအေနေကာင္းမြန္မႈမ်ားေၾကာင့္ ယခုရက္သတၱပတ္ အေစာပိုင္းတြင္ ကုမၸဏီပူးတြဲတည္ေထာင္သူ Jensen Huang ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၀၀ ဘီလီယံ ေက်ာ္သုိ႔ ေရာက္ရွိသြားသည္။

Jensen Huang ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၉၆ ဒသမ ၃ ဘီလီယံရွိျပီး Bloomberg ဘီလ်ံနာညႊန္းကိန္းတြင္ နံပါတ္ ၁၆ ေနရာ၌ ရပ္တည္ေနသည္။

အလြန္ၾကီးမားေသာ ေကာ္ပိုေရးရွင္းမ်ားတြင္ AI ႏွင့္စပ္လ်ဥ္းေသာ လုပ္ငန္းေဆာင္တာမ်ားအတြက္ High-power servers လုိအပ္ခ်က္မ်ား ျမင့္မားလာသည္။

ယင္းတို႔ကို Dell ႏွင့္ အျခားေသာ ကုမၸဏီအနည္းငယ္က ထုတ္လုပ္ေရာင္းခ်သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Michael Dell’s net worth sinks the most in a single day, falling by $11.7 billion after shares of his company suffer record selloff on weak revenue (fortune)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိုင်ယာလန်တွင် အိမ်ငှားဖြစ်သူအား အသိမပေးဘဲ အငှားချထားသောနေအိမ်တွင် အကြိမ်ကြိမ် ဝင်ရောက်အိပ်စက်သော အိမ်ရှင်၊ အိမ်ရှင်အိမ်ငှားကြားက ပြဿနာကို ဘယ်လိုဖြေရှင်းလိုက်လဲ...
အိုင်ယာလန်တွင် အိမ်ငှားဖြစ်သူအား အသိမပေးဘဲ အငှားချထားသောနေအိမ်တွင် အကြိမ်ကြိမ် ဝင်ရောက်အိပ်စက်သော အိမ်ရှင်၊ အိမ်ရှင်အိမ်ငှားကြားက ပြဿနာကို ဘယ်လိုဖြေရှင်းလိုက်လဲ...
ဒေါ်လာ ၉ သန်းဝန်းကျင်ဖြင့် ရဲတိုက်ကြီးတစ်လုံး၏ ပိုင်ရှင်ဖြစ်လာနိုင်မည့်အခွင့်အရေး၊ သင့်အနေဖြင့် ဘယ်လ်ဂျီယံသို့ ပြောင်းရွှေ့နေထိုင်ရန်သာ လိုအပ်...
ဒေါ်လာ ၉ သန်းဝန်းကျင်ဖြင့် ရဲတိုက်ကြီးတစ်လုံး၏ ပိုင်ရှင်ဖြစ်လာနိုင်မည့်အခွင့်အရေး၊ သင့်အနေဖြင့် ဘယ်လ်ဂျီယံသို့ ပြောင်းရွှေ့နေထိုင်ရန်သာ လိုအပ်...
လုပ်ငန်းများအပြင် ပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ကျောင်းဘတ်စ်ကားတစ်စီးပေါ်တွင် ခင်ပွန်း၊ ခွေး ၄ ကောင်နှင့် အတူနေထိုင် လှည့်လည်သွားလာနေသည့် သြစတေးလျက အမျိုးသမီး...
လုပ်ငန်းများအပြင် ပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ကျောင်းဘတ်စ်ကားတစ်စီးပေါ်တွင် ခင်ပွန်း၊ ခွေး ၄ ကောင်နှင့် အတူနေထိုင် လှည့်လည်သွားလာနေသည့် သြစတေးလျက အမျိုးသမီး...
သဘာဝနှင့်လူဖန်တီးမှု ပေါင်းစပ်ထားသည့် ရေခဲနိုင်ငံ Iceland မှ ကျော်ကြားတဲ့အပန်းဖြေနေရာ BLUE LAGOON
သဘာဝနှင့်လူဖန်တီးမှု ပေါင်းစပ်ထားသည့် ရေခဲနိုင်ငံ Iceland မှ ကျော်ကြားတဲ့အပန်းဖြေနေရာ BLUE LAGOON
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒီလာဝယ်ပြည်နယ်မှ နေအိမ်ကို အပေါင်ထားကာ အကြိမ် ၂၀ ခန့် ချေးငွေ ထုတ်ယူခဲ့၊ ဒေါ်လာ ၄ ဒသမ ၂ သန်းတန်ကြေးရှိသောအိမ်ဖြစ်ပြီး ချေးငွေစုစုပေါင်း ဒေါ်လာ ၃၅၀,၀၀၀ ထုတ်ယူထား...
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒီလာဝယ်ပြည်နယ်မှ နေအိမ်ကို အပေါင်ထားကာ အကြိမ် ၂၀ ခန့် ချေးငွေ ထုတ်ယူခဲ့၊ ဒေါ်လာ ၄ ဒသမ ၂ သန်းတန်ကြေးရှိသောအိမ်ဖြစ်ပြီး ချေးငွေစုစုပေါင်း ဒေါ်လာ ၃၅၀,၀၀၀ ထုတ်ယူထား...
ဗြိတိန်ရှိ ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုက ဝန်ထမ်းများထံမှ မကြားလိုသော စကားများကို ဝှိုက်ဘုတ်တွင် ရေးသားထားသည့် ဖြစ်ရပ် လူမှုကွန်ရက်၌ ဂယက်ရိုက်...
ဗြိတိန်ရှိ ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုက ဝန်ထမ်းများထံမှ မကြားလိုသော စကားများကို ဝှိုက်ဘုတ်တွင် ရေးသားထားသည့် ဖြစ်ရပ် လူမှုကွန်ရက်၌ ဂယက်ရိုက်...
တရုတ်ပြည်တွင် ထိမ်းမြားမင်္ဂလာကျင်းပသည့် စုံတွဲက ဧည့်သည်တော်များကို လေယာဉ်စရိတ်၊ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် ၅ ရက်တာ တည်းခိုခွင့်တို့ အကုန်အကျခံကာ ဖိတ်ခေါ်ခဲ့သည့်အပြင် လက်ဖွဲ့လက်မခံဘဲ ဒေါ်လာ (၈၀၀) ပါသော ဟုန်ပေါင် လက်ဆောင်ပြန်ပေး...

လန်ဒန်မှ Tower Bridge တံတားကြီးထက် ၆၇၅ ဆ ပိုမိုကြီးမားသော တရုတ်ပြည်မှ ဂင်းနက်စ်စံချိန်တင် Dayang-Kunshan Grand တံတားကြီးနှင့် ကမ္ဘာတဝန်းမှ အခြားသော အကြီးမားဆုံး တံတားကြီးများ အကြောင်း...
လန်ဒန်မှ Tower Bridge တံတားကြီးထက် ၆၇၅ ဆ ပိုမိုကြီးမားသော တရုတ်ပြည်မှ ဂင်းနက်စ်စံချိန်တင် Dayang-Kunshan Grand တံတားကြီးနှင့် ကမ္ဘာတဝန်းမှ အခြားသော အကြီးမားဆုံး တံတားကြီးများ အကြောင်း...
Warren Buffett က ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ထပ်မံလှူဒါန်း၊ မိမိကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု၏ ၉၉ ရာခိုင်နှုန်းကျော်ကို ပရဟိတအဖွဲ့များထံ လှူဒါန်းခဲ့မည်ဟု ပြောကြား...
Warren Buffett က ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ထပ်မံလှူဒါန်း၊ မိမိကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု၏ ၉၉ ရာခိုင်နှုန်းကျော်ကို ပရဟိတအဖွဲ့များထံ လှူဒါန်းခဲ့မည်ဟု ပြောကြား...
အာရှတိုက်၏ အချမ်းသာဆုံးသူဌေးကြီး မူကက်ရှ် အမ်ဘာနီက စုပေါင်းလက်ထပ်ပွဲ ကျင်းပခဲ့သော စုံတွဲ ၅၀ အား ရွှေလက်စွပ်၊ လည်ဆွဲနှင့် ချက်လက်မှတ်များ လက်ဆောင်ပေး...
အာရှတိုက်၏ အချမ်းသာဆုံးသူဌေးကြီး မူကက်ရှ် အမ်ဘာနီက စုပေါင်းလက်ထပ်ပွဲ ကျင်းပခဲ့သော စုံတွဲ ၅၀ အား ရွှေလက်စွပ်၊ လည်ဆွဲနှင့် ချက်လက်မှတ်များ လက်ဆောင်ပေး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk က အလုပ်လျှောက်ထားလာသူတိုင်းကို မေးလေ့ရှိသော မေးခွန်းတစ်ခု
Elon Musk က အလုပ်လျှောက်ထားလာသူတိုင်းကို မေးလေ့ရှိသော မေးခွန်းတစ်ခု
Warren Buffett က ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ထပ်မံလှူဒါန်း၊ မိမိကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု၏ ၉၉ ရာခိုင်နှုန်းကျော်ကို ပ
Warren Buffett က ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ထပ်မံလှူဒါန်း၊ မိမိကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု၏ ၉၉ ရာခိုင်နှုန်းကျော်ကို ပ
၇၁၁ ဧက ကျယ်ဝန်းကာ ရဲတိုက်ကြီးတစ်လုံးနှင့် မြစ်တစ်စင်းပါသော ဗြိတိန်၏ အကြီးကျယ်ခမ်းနားဆုံး အိမ်ခြံမြေများတွင် ပါဝင်သော ခြံ
၇၁၁ ဧက ကျယ်ဝန်းကာ ရဲတိုက်ကြီးတစ်လုံးနှင့် မြစ်တစ်စင်းပါသော ဗြိတိန်၏ အကြီးကျယ်ခမ်းနားဆုံး အိမ်ခြံမြေများတွင် ပါဝင်သော ခြံ
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော ဇနီးမောင်နှံက ၎င်းတို့၏ အိမ်ကို ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezo
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော ဇနီးမောင်နှံက ၎င်းတို့၏ အိမ်ကို ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezo
စင်္ကာပူရှိ နာမည်ကြီး စူပါမာ့ကက်အုပ်စု ပိုင်ရှင်၏ သားဖြစ်သူက သူ၏နေအိမ်ကို စင်္ကာပူဒေါ်လာ ၈၃ သန်းဖြင့် ရောင်းချရန် စီစဉ်လ
စင်္ကာပူရှိ နာမည်ကြီး စူပါမာ့ကက်အုပ်စု ပိုင်ရှင်၏ သားဖြစ်သူက သူ၏နေအိမ်ကို စင်္ကာပူဒေါ်လာ ၈၃ သန်းဖြင့် ရောင်းချရန် စီစဉ်လ
စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက် အေးနေသောကြောင့် အစိုးရက မြေနေရာတစ်ခု လေလံတင်သော်လည်း စိတ်ဝင်စားသော Developer မရှိခဲ့
စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက် အေးနေသောကြောင့် အစိုးရက မြေနေရာတစ်ခု လေလံတင်သော်လည်း စိတ်ဝင်စားသော Developer မရှိခဲ့
“ကျွန်မ အိမ်ရာမဲ့ မဖြစ်ချင်ဘူး” အမေရိကန်ပြည်၊ ချီကာဂိုတွင် အငြိမ်းစား ကျောင်းဆရာမကြီးက အိမ်ရာမဲ့ မဖြစ်စေရေးအတွက် အသက် ၇
“ကျွန်မ အိမ်ရာမဲ့ မဖြစ်ချင်ဘူး” အမေရိကန်ပြည်၊ ချီကာဂိုတွင် အငြိမ်းစား ကျောင်းဆရာမကြီးက အိမ်ရာမဲ့ မဖြစ်စေရေးအတွက် အသက် ၇
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ရဲ့ ကြမ်းပြင်နဲ့ နံရံတွေမှာရှိတဲ့ မှိုနဲ့ ရေညှိတွေကို အပြီးသတ်ဖယ်ရှားနည်း
အိမ်ရဲ့ ကြမ်းပြင်နဲ့ နံရံတွေမှာရှိတဲ့ မှိုနဲ့ ရေညှိတွေကို အပြီးသတ်ဖယ်ရှားနည်း
ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား ?
ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား ?
sweet-dream

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service