ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား

ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား - Property News in Myanmar from iMyanmarHouse.com
6 Jun 2024 12:27 pm တွင် တင်ခဲ့သည်
1213 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

Dell ကုမ္ပဏီ၏ အခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူတို့ စိတ်ပျက်ခဲ့သောကြောင့် ရှယ်ယာဈေးများ ကျဆင်းသွားရာ တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှုမှာ တစ်နေ့တည်းဖြင့် များစွာထိုးကျသွားခဲ့သည်။

Dell Technologies Inc ၏ ရှယ်ယာဈေးနှုန်းများမှာ နယူးယောက်စတော့အိတ်ချိန်းတွင် ၁၈ ရာခိုင်နှုန်း ကျဆင်းသွားရာ Michael Dell ချမ်းသာကြွယ်ဝမှုမှာ ပြီးခဲ့သော သောကြာနေ့က ကန်ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံ ထိုးကျသွားခဲ့ပြီး သူ၏ ကြွယ်ဝမှု ကန်ဒေါ်လာ ၁၀၇ ဒသမ ၁ ဘီလီယံသို့ ကျဆင်းသွားသည်။

Dell ၏ ရှယ်ယာဈေး ကျဆင်းမှုမှာ မှတ်တမ်းများအရ အဆိုးရွားဆုံး ကျဆင်းမှု ဖြစ်ခဲ့သည်။

ယခုနှစ်ပထမ ၃ လပတ်ကာလအတွင်း ဝင်ငွေမြင့်တက်ခဲ့ပြီး ၂ နှစ်တာအတွင်း ပထမဆုံး ဝင်ငွေမြင့်တက်မှု ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့မှု ရှိသည်။

သို့သော် Dell ၏ AI ဆာဗာလုပ်ငန်းအပေါ် ရင်းနှီးမြှုပ်နှံသူတို့က ယခုထက်ပိုပြီး များစွာ မျှော်လင့်ထားကြသည်။

Dell ၏ ဝင်ငွေ တစ်ဝက်နီးပါးမှာ တက္ကဆပ်ပြည်နယ်အခြေစိုက် ကွန်ပြူတာထုတ်လုပ်ရေးမှ လာခြင်းဖြစ်သည်။

အဆိုပါ ကွန်ပြူတာထုတ်လုပ်ရေးကို Michael Dell က တက္ကဆပ်ပြည်နယ် တက္ကသိုလ်ကျောင်းသားဘဝ လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်က စတင်ခဲ့ခြင်း ဖြစ်သည်။

Michael Dell ၏ အခြားပင်မဝင်ငွေ အရင်းအမြစ်မှာ Broadcom Inc မှ လာသည်။

ထိုကုမ္ပဏီမှာလည်း ပြီးခဲ့သောသောကြာနေ့က ရှယ်ယာဈေးများ ကျဆင်းခဲ့သည်။

Dell ၏ ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Michael Dell (အသက် ၅၉ နှစ်) သည် Bloomberg ဘီလျံနာ ညွှန်းကိန်းတွင် နံပါတ် ၁၃ နေရာ၌ ရပ်တည်နေသည်။

AI နည်းပညာအပေါ် ဝယ်လိုအား အလွန်မြင့်တက်လာသောကြောင့် Dell ၏ ရှယ်ယာဈေးများ ယခုနှစ် အစပိုင်းတွင် စံချိန်တင်မြင့်တက်ခဲ့ရာ မတ်လအစောပိုင်းတွင် Michael Dell ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်အထိ ရောက်ရှိသွားသည်။

AI နှင့်ဆက်နွှယ်သော ရှယ်ဈေးများ မြင့်တက်မှုကြောင့် အခြားသော နည်းပညာလုပ်ငန်းနယ်မှ သူဌေးကြီးများ ၏ ကြွယ်ဝမှုလည်း မြင့်တက်ခဲ့ကြသည်။

Chip ထုတ်လုပ်သူ Nvidia Corp ၏ ၃ လပတ်အခြေအနေကောင်းမွန်မှုများကြောင့် ယခုရက်သတ္တပတ် အစောပိုင်းတွင် ကုမ္ပဏီပူးတွဲတည်ထောင်သူ Jensen Huang ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀၀ ဘီလီယံ ကျော်သို့ ရောက်ရှိသွားသည်။

Jensen Huang ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၉၆ ဒသမ ၃ ဘီလီယံရှိပြီး Bloomberg ဘီလျံနာညွှန်းကိန်းတွင် နံပါတ် ၁၆ နေရာ၌ ရပ်တည်နေသည်။

အလွန်ကြီးမားသော ကော်ပိုရေးရှင်းများတွင် AI နှင့်စပ်လျဉ်းသော လုပ်ငန်းဆောင်တာများအတွက် High-power servers လိုအပ်ချက်များ မြင့်မားလာသည်။

ယင်းတို့ကို Dell နှင့် အခြားသော ကုမ္ပဏီအနည်းငယ်က ထုတ်လုပ်ရောင်းချသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Michael Dell’s net worth sinks the most in a single day, falling by $11.7 billion after shares of his company suffer record selloff on weak revenue (fortune)

 

 

 

[Zawgyi]

ကမၻာေက်ာ္ Dell ကုမၸဏီ၏ ရွယ္ယာေစ်းႏႈန္းမ်ား ထုိးက်မႈေၾကာင့္ တည္ေထာင္သူ Michael Dell ၏ ၾကြယ္ဝမႈ ၁ ရက္တည္းျဖင့္ ကန္ေဒၚလာ ၁၁ ဘီလီယံေက်ာ္ က်ဆင္းသြား

 

Dell ကုမၸဏီ၏ အေျခအေနအေပၚ ရင္းႏွီးျမွဳပ္ႏွံသူတို႔ စိတ္ပ်က္ခဲ့ေသာေၾကာင့္ ရွယ္ယာေစ်းမ်ား က်ဆင္းသြားရာ တည္ေထာင္သူ Michael Dell ၏ ၾကြယ္ဝမႈမွာ တစ္ေန႔တည္းျဖင့္ မ်ားစြာထိုးက်သြားခဲ့သည္။

Dell Technologies Inc ၏ ရွယ္ယာေစ်းႏႈန္းမ်ားမွာ နယူးေယာက္စေတာ့အိတ္ခ်ိန္းတြင္ ၁၈ ရာခိုင္ႏႈန္း က်ဆင္းသြားရာ Michael Dell ခ်မ္းသာၾကြယ္ဝမႈမွာ ျပီးခဲ့ေသာ ေသာၾကာေန႔က ကန္ေဒၚလာ ၁၁ ဒသမ ၇ ဘီလီယံ ထိုးက်သြားခဲ့ျပီး သူ၏ ၾကြယ္ဝမႈ ကန္ေဒၚလာ ၁၀၇ ဒသမ ၁ ဘီလီယံသို႔ က်ဆင္းသြားသည္။

Dell ၏ ရွယ္ယာေစ်း က်ဆင္းမႈမွာ မွတ္တမ္းမ်ားအရ အဆိုးရြားဆံုး က်ဆင္းမႈ ျဖစ္ခဲ့သည္။

ယခုႏွစ္ပထမ ၃ လပတ္ကာလအတြင္း ဝင္ေငြျမင့္တက္ခဲ့ျပီး ၂ ႏွစ္တာအတြင္း ပထမဆံုး ဝင္ေငြျမင့္တက္မႈ ျဖစ္ေၾကာင္း ကုမၸဏီက ထုတ္ျပန္ခဲ့မႈ ရွိသည္။

သို႔ေသာ္ Dell ၏ AI ဆာဗာလုပ္ငန္းအေပၚ ရင္းႏွီးျမွဳပ္ႏွံသူတို႔က ယခုထက္ပိုျပီး မ်ားစြာ ေမွ်ာ္လင့္ထားၾကသည္။

Dell ၏ ဝင္ေငြ တစ္ဝက္နီးပါးမွာ တကၠဆပ္ျပည္နယ္အေျခစိုက္ ကြန္ျပဴတာထုတ္လုပ္ေရးမွ လာျခင္းျဖစ္သည္။

အဆိုပါ ကြန္ျပဴတာထုတ္လုပ္ေရးကို Michael Dell က တကၠဆပ္ျပည္နယ္ တကၠသိုလ္ေက်ာင္းသားဘဝ လြန္ခဲ့ေသာႏွစ္ေပါင္း ၄၀ ခန္႔က စတင္ခဲ့ျခင္း ျဖစ္သည္။

Michael Dell ၏ အျခားပင္မဝင္ေငြ အရင္းအျမစ္မွာ Broadcom Inc မွ လာသည္။

ထိုကုမၸဏီမွာလည္း ျပီးခဲ့ေသာေသာၾကာေန႔က ရွယ္ယာေစ်းမ်ား က်ဆင္းခဲ့သည္။

Dell ၏ ဥကၠဌ၊ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ Michael Dell (အသက္ ၅၉ ႏွစ္) သည္ Bloomberg ဘီလ်ံနာ ညႊန္းကိန္းတြင္ နံပါတ္ ၁၃ ေနရာ၌ ရပ္တည္ေနသည္။

AI နည္းပညာအေပၚ ဝယ္လိုအား အလြန္ျမင့္တက္လာေသာေၾကာင့္ Dell ၏ ရွယ္ယာေစ်းမ်ား ယခုႏွစ္ အစပိုင္းတြင္ စံခ်ိန္တင္ျမင့္တက္ခဲ့ရာ မတ္လအေစာပိုင္းတြင္ Michael Dell ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၀၀ ဘီလီယံေက်ာ္အထိ ေရာက္ရွိသြားသည္။

AI ႏွင့္ဆက္ႏႊယ္ေသာ ရွယ္ေစ်းမ်ား ျမင့္တက္မႈေၾကာင့္ အျခားေသာ နည္းပညာလုပ္ငန္းနယ္မွ သူေဌးၾကီးမ်ား ၏ ၾကြယ္ဝမႈလည္း ျမင့္တက္ခဲ့ၾကသည္။

Chip ထုတ္လုပ္သူ Nvidia Corp ၏ ၃ လပတ္အေျခအေနေကာင္းမြန္မႈမ်ားေၾကာင့္ ယခုရက္သတၱပတ္ အေစာပိုင္းတြင္ ကုမၸဏီပူးတြဲတည္ေထာင္သူ Jensen Huang ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၀၀ ဘီလီယံ ေက်ာ္သုိ႔ ေရာက္ရွိသြားသည္။

Jensen Huang ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၉၆ ဒသမ ၃ ဘီလီယံရွိျပီး Bloomberg ဘီလ်ံနာညႊန္းကိန္းတြင္ နံပါတ္ ၁၆ ေနရာ၌ ရပ္တည္ေနသည္။

အလြန္ၾကီးမားေသာ ေကာ္ပိုေရးရွင္းမ်ားတြင္ AI ႏွင့္စပ္လ်ဥ္းေသာ လုပ္ငန္းေဆာင္တာမ်ားအတြက္ High-power servers လုိအပ္ခ်က္မ်ား ျမင့္မားလာသည္။

ယင္းတို႔ကို Dell ႏွင့္ အျခားေသာ ကုမၸဏီအနည္းငယ္က ထုတ္လုပ္ေရာင္းခ်သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Michael Dell’s net worth sinks the most in a single day, falling by $11.7 billion after shares of his company suffer record selloff on weak revenue (fortune)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service