ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘာ့အရှည်လျားဆုံး လမ်းဖြောင့်

ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘာ့အရှည်လျားဆုံး လမ်းဖြောင့် - Property News in Myanmar from iMyanmarHouse.com
24 May 2024 1:45 pm တွင် တင်ခဲ့သည်
1257 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် မြို့နှစ်မြို့ကို ဆက်သွယ်ကာ ဖောက်လုပ်ထားသည့် ၁၄၉ မိုင်ရှည်လျားသော အဝေးပြေးလမ်းပိုင်းသည် ကမ္ဘာ့အရှည်လျားဆုံးလမ်းဖြောင့်ဟူသော ဂုဏ်ပုဒ်ကို ရရှိထားသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ အမှတ် ၁၀ အဝေးပြေးလမ်းမကြီးသည် နိုင်ငံအနောက်တောင်ပိုင်း Al Darb မြို့နှင့် အရှေ့ပိုင်းရှိ Al Batha မြို့တို့ကို ဆက်သွယ်ပေးထားပြီး လမ်းအလျားမှာ ၉၁၆ မိုင် (၁၄၇၄ ကီလိုမီတာ) ရှိသည်။

အလွန်ယာဉ်ထူထပ်သော လမ်းဖြစ်ပြီး အများဆုံးဖြတ်သန်းအသုံးပြုကြသည်မှာ နိုင်ငံတစ်နေရာနှင့် တစ်နေရာ ကုန်စည်ကူးသန်းပို့ဆောင်ကြသော ကုန်တင်ကားကြီးများ ဖြစ်သည်။

ထိုအဝေးပြေးလမ်းကြီး၏ အကျော်ကြားဆုံးနေရာမှာ Rub-al-Khali သဲကန္တာရကို ဖြတ်သန်းဖောက်လုပ် ထားသော ၁၄၉ မိုင် ရှည်လျားသည့် လမ်းပိုင်းဖြစ်သည်။

ထိုလမ်းပိုင်းနေရာမှာ မူလက ဘုရင် Fahd (SAU) အတွက် သီးသန့်လမ်းအဖြစ် ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးလမ်းကွန်ရက်ထဲသို့ ရောက်ရှိလာခဲ့သည်။

ဤလမ်းပိုင်းသည် ကမ္ဘာ့အရှည်လျားဆုံး တဖြောင့်တည်းသောလမ်းအဖြစ် ဂင်းနက်စ်စံချိန်တင်ထားသည့်အပြင် ကမ္ဘာပေါ်တွင် ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်းဟုလည်း လူသိများသည်။

လမ်းကွေးနေရာ လုံးဝမရှိသည့်အပြင် မြေပြင်မှာလည်း မြေပြင်ညီ တသမတ်တည်းနီးပါးဖြစ်သည်။

လမ်းဘေးဝဲယာတွင် မည်သည့်ဆိုင်းဘုတ်၊ အလှဆင်မှုမှ မရှိရာ မျက်စိတဆုံး မြင်ကွင်းအပြောင်းအလဲ လုံးဝမရှိချေ။

(ဓာတ်ပုံ-Agraam)

 

အမှတ် ၁၀ အဝေးပြေးလမ်းမကြီးသည် အမှတ် ၇၅ အဝေးပြေးလမ်းမကြီးနှင့် အမှတ် ၉၅ အဝေးပြေးလမ်းမကြီးတို့အား ဖြတ်သန်းသည့် လမ်းပိုင်းနေရာကို အကွေ့အကောက်မရှိ ၁၄၉ မိုင် (၂၄၀ ကီလိုမီတာ) သဲကန္တာရအတွင်း ဖောက်လုပ်ထားခြင်း ဖြစ်သည်။

ယင်းနောက် Al Batha မြို့မရောက်မီတွင်မှ လမ်းအနည်းငယ် ကွေ့သွားသည်။

 

 

ဂင်းနက်စ်စံချိန်မှတ်တမ်း၏ ဖော်ပြချက်အရ အလွန်ဖြောင့်ဖြူးလှသော အဆိုပါလမ်းပိုင်းကို ဖြတ်သန်း မောင်းနှင်ရချိန်မှာ ခန့်မှန်းချေ ၂ နာရီခန့် ကြာမြင့်သည်ဟု ဆိုသည်။

ဆော်ဒီအာရေးဗီးယားမှ ဤလမ်းပိုင်း မပေါ်ပေါက်မီ ယခင်က ကမ္ဘာ့အရှည်လျားဆုံး လမ်းဖြောင့်အဖြစ် ကမ္ဘာ့စံချိန်တင်ထားသည်မှာ သြစတေးလျနိုင်ငံမှ ၉၁ ဒသမ ၁ မိုင် ရှည်လျားသော Eyre Highway ဖြစ်သည်။

အဆိုပါလမ်းမှာ ယခုအခါ သြစတေးလျ၏ အရှည်လျားဆုံး လမ်းဖြောင့်အဖြစ် ရပ်တည်နေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: The World’s Longest Straight Road Pierces a Desert for 149 Miles without a Single Bend

Photo Credit-Agraam

 

 

[Zawgyi]

ကမၻာ့ပ်င္းရိျငီးေငြ႔ဖြယ္ အေကာင္းဆံုးလမ္း (သို႔) လမ္းေကြး တစ္ေနရာမွ်ပင္မပါဘဲ ၁၄၉ မိုင္ တေျဖာင့္တည္း ေဖာက္လုပ္ထားေသာ ကမၻာ့အရွည္လ်ားဆံုး လမ္းေျဖာင့္

 

ေဆာ္ဒီအာေရးဗီးယားႏိုင္ငံတြင္ ျမိဳ႕ႏွစ္ျမိဳ႕ကို ဆက္သြယ္ကာ ေဖာက္လုပ္ထားသည့္ ၁၄၉ မိုင္ရွည္လ်ားေသာ အေဝးေျပးလမ္းပိုင္းသည္ ကမၻာ့အရွည္လ်ားဆံုးလမ္းေျဖာင့္ဟူေသာ ဂုဏ္ပုဒ္ကို ရရွိထားသည္။

ေဆာ္ဒီအာေရးဗီးယားႏိုင္ငံရွိ အမွတ္ ၁၀ အေဝးေျပးလမ္းမၾကီးသည္ ႏိုင္ငံအေနာက္ေတာင္ပိုင္း Al Darb ျမိဳ႕ႏွင့္ အေရွ႕ပိုင္းရွိ Al Batha ျမိဳ႕တို႔ကို ဆက္သြယ္ေပးထားျပီး လမ္းအလ်ားမွာ ၉၁၆ မိုင္ (၁၄၇၄ ကီလိုမီတာ) ရွိသည္။

အလြန္ယာဥ္ထူထပ္ေသာ လမ္းျဖစ္ျပီး အမ်ားဆံုးျဖတ္သန္းအသံုးျပဳၾကသည္မွာ ႏိုင္ငံတစ္ေနရာႏွင့္ တစ္ေနရာ ကုန္စည္ကူးသန္းပို႔ေဆာင္ၾကေသာ ကုန္တင္ကားၾကီးမ်ား ျဖစ္သည္။

ထိုအေဝးေျပးလမ္းၾကီး၏ အေက်ာ္ၾကားဆံုးေနရာမွာ Rub-al-Khali သဲကႏၱာရကို ျဖတ္သန္းေဖာက္လုပ္ ထားေသာ ၁၄၉ မိုင္ ရွည္လ်ားသည့္ လမ္းပိုင္းျဖစ္သည္။

ထိုလမ္းပိုင္းေနရာမွာ မူလက ဘုရင္ Fahd (SAU) အတြက္ သီးသန္႔လမ္းအျဖစ္ ေဖာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ ေနာက္ပိုင္းတြင္ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးလမ္းကြန္ရက္ထဲသို႔ ေရာက္ရွိလာခဲ့သည္။

ဤလမ္းပိုင္းသည္ ကမၻာ့အရွည္လ်ားဆံုး တေျဖာင့္တည္းေသာလမ္းအျဖစ္ ဂင္းနက္စ္စံခ်ိန္တင္ထားသည့္အျပင္ ကမၻာေပၚတြင္ ပ်င္းရိျငီးေငြ႔ဖြယ္ အေကာင္းဆံုးလမ္းဟုလည္း လူသိမ်ားသည္။

လမ္းေကြးေနရာ လံုးဝမရွိသည့္အျပင္ ေျမျပင္မွာလည္း ေျမျပင္ညီ တသမတ္တည္းနီးပါးျဖစ္သည္။

လမ္းေဘးဝဲယာတြင္ မည္သည့္ဆိုင္းဘုတ္၊ အလွဆင္မႈမွ မရွိရာ မ်က္စိတဆံုး ျမင္ကြင္းအေျပာင္းအလဲ လံုးဝမရွိေခ်။

(ဓာတ္ပံု-Agraam)

အမွတ္ ၁၀ အေဝးေျပးလမ္းမၾကီးသည္ အမွတ္ ၇၅ အေဝးေျပးလမ္းမၾကီးႏွင့္ အမွတ္ ၉၅ အေဝးေျပးလမ္းမၾကီးတို႔အား ျဖတ္သန္းသည့္ လမ္းပိုင္းေနရာကို အေကြ႔အေကာက္မရွိ ၁၄၉ မိုင္ (၂၄၀ ကီလိုမီတာ) သဲကႏၱာရအတြင္း ေဖာက္လုပ္ထားျခင္း ျဖစ္သည္။

ယင္းေနာက္ Al Batha ျမိဳ႕မေရာက္မီတြင္မွ လမ္းအနည္းငယ္ ေကြ႔သြားသည္။

ဂင္းနက္စ္စံခ်ိန္မွတ္တမ္း၏ ေဖာ္ျပခ်က္အရ အလြန္ေျဖာင့္ျဖဴးလွေသာ အဆိုပါလမ္းပိုင္းကို ျဖတ္သန္း ေမာင္းႏွင္ရခ်ိန္မွာ ခန္႔မွန္းေခ် ၂ နာရီခန္႔ ၾကာျမင့္သည္ဟု ဆိုသည္။

ေဆာ္ဒီအာေရးဗီးယားမွ ဤလမ္းပိုင္း မေပၚေပါက္မီ ယခင္က ကမၻာ့အရွည္လ်ားဆံုး လမ္းေျဖာင့္အျဖစ္ ကမၻာ့စံခ်ိန္တင္ထားသည္မွာ ၾသစေတးလ်ႏိုင္ငံမွ ၉၁ ဒသမ ၁ မိုင္ ရွည္လ်ားေသာ Eyre Highway ျဖစ္သည္။

အဆိုပါလမ္းမွာ ယခုအခါ ၾသစေတးလ်၏ အရွည္လ်ားဆံုး လမ္းေျဖာင့္အျဖစ္ ရပ္တည္ေနသည္။

 

 

Ref: The World’s Longest Straight Road Pierces a Desert for 149 Miles without a Single Bend

Photo Credit-Agraam

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service