ပေါ့ပ်အဖွဲ့ Backstreet Boys မှ အဆိုတော် AJ McLean က ဇနီးနှင့် ကွာရှင်းပြီးနောက် ကယ်လီဖိုးနီးယားမှ နေအိမ်ကို အရောင်းဈေးကွက်တင်

ပေါ့ပ်အဖွဲ့ Backstreet Boys မှ အဆိုတော် AJ McLean က ဇနီးနှင့် ကွာရှင်းပြီးနောက် ကယ်လီဖိုးနီးယားမှ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
21 Feb 2024 12:44 pm တွင် တင်ခဲ့သည်
579 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

Backstreet Boys ၏ သီချင်းများကို မြန်မာပြည်တွင် ပြန်လည်သီဆိုမှု နည်းပါးသည်။

If I Knew Then အမည်ရှိသီချင်းကို ဘန်နီဖြိုးက ချစ်တယ်ဟုတ်…ဟူသောအမည်ဖြင့်လည်းကောင်း ၊ I’ll never break your heart ဟူသော သီချင်းကို ခရီးသွား ငါးယောက်အဖွဲ့က ထာဝရအရှုံးဟု လည်းကောင်း ပြန်လည်သီဆိုထားမှုသာ ရှိသည်။

Backstreet Boys အဆိုတော်အဖွဲ့ကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့တွင် ၁၉၉၃ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သည်။

ပေါ့ပ်အဆိုတော် AJ McLean သည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ၊Westlake Village မြို့တွင် ၂၀၁၅ ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့သော နေအိမ်ကို ရောင်းချရန် စီစဉ်လာသည်။

မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး စတုရန်းပေ ၅၃၃၀ ကျယ်ဝန်းသောအိမ်ကို ပြီးခဲ့သောလ က ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထားခြင်း ဖြစ်သည်။

Backstreet Boys အဖွဲ့ကို တည်ထောင်ခဲ့သော အဖွဲ့ဝင်ဖြစ်သူ McLean က ယခုနှစ်အစောပိုင်းတွင် ၎င်းနှင့် အိမ်ထောင်သက် ၁၂ နှစ်ကြာ လက်တွဲခဲ့သော ဇနီးဖြစ်သူ Rochelle တို့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာ လိုက်ပြီးနောက်ပိုင်း ယခုနေအိမ် ရောင်းချမှုသတင်း ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

အင်စတာဂရမ်လူမှုကွန်ရက်တွင် ၎င်းတို့ဇနီးမောင်နှံက ရေးသားဖော်ပြခဲ့သည်မှာ အဆိုပါ ဆုံးဖြတ်ချက်အား နက်ရှိုင်းသောမေတ္တာ၊ လေးစားမှုတို့ဖြင့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ လက်ရှိအချိန်တွင် မိတ်ဆွေများအဖြစ် ရှေ့ဆက်သွားရန်နှင့် သမီးများကို ပူးတွဲအုပ်ထိန်းသွားရန် ရည်ရွယ်ထားကြောင်း ရေးသားထားသည်။

အရောင်းဈေးကွက်တင်ပေးသော Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Brenda Hayward က ယခုနေအိမ်ကို စိတ်ဝင်စားသူ များပြားနေကြောင်း ပြောသည်။

 

(အိမ်အဝင်ကားလမ်း။ ဓာတ်ပုံ-Realtor)

 

(အဝင်ခန်းမ။ ဓာတ်ပုံ-Realtor)

၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလအတွင်း တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာ လော့စ်အိန်ဂျလိနှင့် Ventura ခရိုင်တို့ မီးဘေးသင့်ခဲ့သည်။

ယင်းနောက်ပိုင်း အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါသော စံအိမ်ကို ပြုပြင်မွမ်းမံမှုများ ပြန်လည်ပြုလုပ်ခဲ့သည်။

နေအိမ်အတွင်းသို့ ပြာမှုန့်များ အလုံးအရင်း ဝင်ရောက်ခဲ့ပြီး ပရိဘောဂများ ၊ အဝတ်အစားများ အပါအဝင် အိမ်တွင်းရှိ အားလုံးကို ပြန်လည်ရှင်းလင်းခဲ့ရကြောင်း McLean က ဖေ့စ်ဘုတ်တွင် ရေးသားခဲ့ဖူးသည်။

 

(မီးဖိုဆောင်။ ဓာတ်ပုံ-Realtor)

 

(ပင်မအိပ်ခန်း။ ဓာတ်ပုံ-Realtor)

 

(ပင်မရေချိုးခန်း။ ဓာတ်ပုံ-Realtor)

 

(အဝတ်အစား ထားသိုခန်း။ ဓာတ်ပုံ-Realtor)

ခြံအကျယ်မှာ ၀ ဒသမ ၇ ဧကရှိပြီး တစ်ဖက်ပိတ်လမ်းကလေးတစ်ခု၏ အလယ်ခန့်တွင် တည်ရှိသည်။

ခြံနောက်ဘက်တွင် နားနေဆောင်နှင့် ညစာစားနေရာ၊ ရေကူးကန်နှင့် သက်တမ်းရင့် အုန်းပင်များ ရှိသည်။

 

(နားနေဆောင်။ ဓာတ်ပုံ-Realtor)

 

(ရေကူးကန်။ ဓာတ်ပုံ-Realtor)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Quit Playing Games: Backstreet Boys’ AJ McLean Finds a Buyer for His $3.5M SoCal Home (realtor)

Photo Credit: (Realtor.com)

 

 

 

[Zawgyi]

ေပါ့ပ္အဖြဲ႔ Backstreet Boys မွ အဆိုေတာ္ AJ McLean က ဇနီးႏွင့္ ကြာရွင္းျပီးေနာက္ ကယ္လီဖိုးနီးယားမွ ေနအိမ္ကို အေရာင္းေစ်းကြက္တင္

 

Backstreet Boys ၏ သီခ်င္းမ်ားကို ျမန္မာျပည္တြင္ ျပန္လည္သီဆိုမႈ နည္းပါးသည္။

If I Knew Then အမည္ရွိသီခ်င္းကို ဘန္နီျဖိဳးက ခ်စ္တယ္ဟုတ္…ဟူေသာအမည္ျဖင့္လည္းေကာင္း ၊ I’ll never break your heart ဟူေသာ သီခ်င္းကို ခရီးသြား ငါးေယာက္အဖြဲ႔က ထာဝရအရံႈးဟု လည္းေကာင္း ျပန္လည္သီဆိုထားမႈသာ ရွိသည္။

Backstreet Boys အဆိုေတာ္အဖြဲ႔ကို အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ ေအာ္လန္ဒိုျမိဳ႕တြင္ ၁၉၉၃ ခုႏွစ္၌ စတင္ဖြဲ႔စည္းခဲ့သည္။

ေပါ့ပ္အဆိုေတာ္ AJ McLean သည္ အေမရိကန္ျပည္ေထာင္စု ကယ္လီဖုိးနီးယားျပည္နယ္ ၊Westlake Village ျမိဳ႕တြင္ ၂၀၁၅ ခုႏွစ္ကတည္းက ပိုင္ဆိုင္ခဲ့ေသာ ေနအိမ္ကို ေရာင္းခ်ရန္ စီစဥ္လာသည္။

ေျမထဲပင္လယ္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး စတုရန္းေပ ၅၃၃၀ က်ယ္ဝန္းေသာအိမ္ကို ျပီးခဲ့ေသာလ က ကန္ေဒၚလာ ၃ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ထားျခင္း ျဖစ္သည္။

Backstreet Boys အဖြဲ႔ကို တည္ေထာင္ခဲ့ေသာ အဖြဲ႔ဝင္ျဖစ္သူ McLean က ယခုႏွစ္အေစာပိုင္းတြင္ ၎ႏွင့္ အိမ္ေထာင္သက္ ၁၂ ႏွစ္ၾကာ လက္တြဲခဲ့ေသာ ဇနီးျဖစ္သူ Rochelle တို႔ လမ္းခြဲလိုက္ျပီျဖစ္ေၾကာင္း ေၾကညာ လုိက္ျပီးေနာက္ပိုင္း ယခုေနအိမ္ ေရာင္းခ်မႈသတင္း ေပၚေပါက္လာျခင္းလည္း ျဖစ္သည္။

အင္စတာဂရမ္လူမႈကြန္ရက္တြင္ ၎တို႔ဇနီးေမာင္ႏွံက ေရးသားေဖာ္ျပခဲ့သည္မွာ အဆုိပါ ဆံုးျဖတ္ခ်က္အား နက္ရိႈင္းေသာေမတၱာ၊ ေလးစားမႈတို႔ျဖင့္ ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း ၊ လက္ရွိအခ်ိန္တြင္ မိတ္ေဆြမ်ားအျဖစ္ ေရွ႕ဆက္သြားရန္ႏွင့္ သမီးမ်ားကို ပူးတြဲအုပ္ထိန္းသြားရန္ ရည္ရြယ္ထားေၾကာင္း ေရးသားထားသည္။

အေရာင္းေစ်းကြက္တင္ေပးေသာ Compass အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Brenda Hayward က ယခုေနအိမ္ကို စိတ္ဝင္စားသူ မ်ားျပားေနေၾကာင္း ေျပာသည္။

 

(အိမ္အဝင္ကားလမ္း။ ဓာတ္ပံု-Realtor)

(အဝင္ခန္းမ။ ဓာတ္ပံု-Realtor)

၂၀၁၈ ခုႏွစ္ ၊ ႏိုဝင္ဘာလအတြင္း ေတာမီးအၾကီးအက်ယ္ေလာင္ကၽြမ္းခဲ့ရာ ေလာ့စ္အိန္ဂ်လိႏွင့္ Ventura ခရိုင္တို႔ မီးေဘးသင့္ခဲ့သည္။

ယင္းေနာက္ပိုင္း အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၅ ခန္းပါေသာ စံအိမ္ကုိ ျပဳျပင္မြမ္းမံမႈမ်ား ျပန္လည္ျပဳလုပ္ခဲ့သည္။

ေနအိမ္အတြင္းသို႔ ျပာမႈန္႔မ်ား အလံုးအရင္း ဝင္ေရာက္ခဲ့ျပီး ပရိေဘာဂမ်ား ၊ အဝတ္အစားမ်ား အပါအဝင္ အိမ္တြင္းရွိ အားလံုးကို ျပန္လည္ရွင္းလင္းခဲ့ရေၾကာင္း McLean က ေဖ့စ္ဘုတ္တြင္ ေရးသားခဲ့ဖူးသည္။

(မီးဖိုေဆာင္။ ဓာတ္ပံု-Realtor)

(ပင္မအိပ္ခန္း။ ဓာတ္ပံု-Realtor)

(ပင္မေရခ်ဳိးခန္း။ ဓာတ္ပံု-Realtor)

(အဝတ္အစား ထားသိုခန္း။ ဓာတ္ပံု-Realtor)

ျခံအက်ယ္မွာ ၀ ဒသမ ၇ ဧကရွိျပီး တစ္ဖက္ပိတ္လမ္းကေလးတစ္ခု၏ အလယ္ခန္႔တြင္ တည္ရွိသည္။

ျခံေနာက္ဘက္တြင္ နားေနေဆာင္ႏွင့္ ညစာစားေနရာ၊ ေရကူးကန္ႏွင့္ သက္တမ္းရင့္ အုန္းပင္မ်ား ရွိသည္။

(နားေနေဆာင္။ ဓာတ္ပံု-Realtor)

(ေရကူးကန္။ ဓာတ္ပံု-Realtor)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Quit Playing Games: Backstreet Boys’ AJ McLean Finds a Buyer for His $3.5M SoCal Home (realtor)

Photo Credit: (Realtor.com)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service