စိန့်တိုင်းမှ နွေးထွေးသော ကမ်းလင့်လက်များ (သို့မဟုတ်) ရေခဲမှတ်အောက် ၂၀ ဒီဂရီအထိ သွေးခဲမတတ် အေးလှသည့် တရုတ်ပြည် ဟာဘင်းမြို့မှ ဆောင်းရာသီ ရေခဲပန်းပုပွဲတော်သို့ (၃) ရက်အတွင်း လာရောက်လည်ပတ်သူ ၃ သန်းရှိခဲ့

စိန့်တိုင်းမှ နွေးထွေးသော ကမ်းလင့်လက်များ (သို့မဟုတ်) ရေခဲမှတ်အောက် ၂၀ ဒီဂရီအထိ သွေးခဲမတတ် အေးလှသည့် တရုတ်ပြည် ဟာဘင်းမြို့မှ ဆောင်းရာသီ ရေခဲပန်းပုပွဲတော်သို့ (၃) ရက်အတွင်း လာရောက်လည်ပတ်သူ ၃ သန်းရှိခဲ့ - Property News in Myanmar from iMyanmarHouse.com
21 Feb 2024 11:14 am တွင် တင်ခဲ့သည်
738 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဟာဘင်းဆိုသည်နှင့် တရုတ်ပြည်သူတို့၏ စိတ်အာရုံထဲတွင် ရေခဲနှင့် စတီး၊ အလွန်အေးစက်သော ကြမ်းတမ်းသည့် ရာသီဥတုကို ဦးစွာ မြင်ယောင်လာလေ့ရှိကြသည်။

သို့သော် ယခုနှစ် ဆောင်းဥတုတွင် ဟာဘင်းသည် အကြီးစားစက်မှုမြို့အဖြစ်မှသည် လာရောက်လည်ပတ် သော ဧည့်သည်များကို အံ့ဖွယ်နွေးထွေးမှုများဖြင့် ကြိုဆိုပေးသည့်နေရာအဖြစ် ပြောင်းလဲလာသည်။

ဟာဘင်းသို့ ရက်ပိုင်းအတွင်း လာရောက်လည်ပတ်သူ စံချိန်တင်ခဲ့ပြီး အများဆုံးမှာ တရုတ်ပြည် တောင်ပိုင်းမှ ဖြစ်သည်။

ဒီဇင်ဘာလ ၃၀ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ ၃ ရက်တာ နှစ်သစ်ကူးကာလအတွင်း ဟာဘင်းသို့ လာရောက် လည်ပတ်သူ ၃ သန်းရှိခဲ့သည်။

ထိုသို့ စံချိန်တင် လာရောက်လည်ပတ်ခဲ့သောကြောင့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ယွမ်ငွေ ၅ ဒသမ ၉၁၄ ဘီလီယံ (ကန်ဒေါ်လာ သန်း ၈၃၀) ရရှိခဲ့ကြောင်း ဟာဘင်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဗျူရို၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

 

(ကမ္ဘာလှည့်ခရီးသွားမှာ ဘုရားဟု သဘောပိုက်ထားသောနေရာ))

ဟာဘင်း၏ ဆောင်းရာသီ ပွဲလမ်းသဘင်များက ရှန်ဟိုင်းမြို့တွင် နေထိုင်သူ ယုရင်ချန်း (Yuying Zhang) အမည်ရှိ မိန်းကလေးအား အလည်အပတ်သွားရောက်ရန် ဖမ်းစားနိုင်ခဲ့သည်။

သူမက ပြောသည်မှာ နောက်ဆုံးတွင် ဟာဘင်း၏ နာမည်ကြီး ရေခဲရုပ်တုများထက် ဒေသခံတို့ကို ပိုမိုနှစ်သက်သဘောကျသွားခဲ့မိကြောင်း ပြောသည်။

ဟာဘင်းသို့ စတင်ရောက်ရှိချိန်တွင် ယုရင်ချန်းက တရုတ်ပြည်တွင်း အငှားကား ငှားရမ်းသည့် ဖုန်း App ဖြစ်သော Didi မှတဆင့် ကားငှားခဲ့သည်။

“ကျွန်မတို့ရဲ့ တောင်ပိုင်းသား လေသံတွေကို ကားဆရာ သတိပြုမိသွားတဲ့နောက်ပိုင်း အခမဲ့ ကားစီးခွင့် ပေးမယ်လို့ ပြောပြီး ကျွန်မတို့ ပေးထားတဲ့ငွေကို ပြန်လွှဲပေးဖို့ လုပ်ပါတယ်။”ဟု ယုရင်ချန်းက မန်ဒရင်းစကား ဖြင့် ပြောဆိုခဲ့သည်။

“ဟာဘင်းမြို့ကို တောင်ပိုင်းသားတွေ အများကြီး အလည်လာကြတာတွေ့ရတော့ အရမ်းပျော်တယ်လို့ ကားဆရာကြီးက ပြောပါတယ်”

 

(ဟာဘင်းမြို့သို့ တရုတ်ပြည် တောင်ပိုင်းသားများ အလုံးအရင်း အလည်အပတ်ရောက်လာကြသည်။ ဓာတ်ပုံ-Yuying Zhang)

ဟာဘင်းမြို့အုပ်ချုပ်ရေးအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဂျပန်စကားပုံဖြစ်သော “ဝယ်သူမှာ ဘုရားသခင်” ဟူသည့် စကားကို အနည်းငယ်ပြောင်းလဲကာ “ကမ္ဘာလှည့်ခရီးသွားမှာ ဘုရားသခင်”ဟူ၍ ဖော်ပြထားမှုမှာ ကမ္ဘာလှည့် ခရီးသွားများကို ထိုမြို့က မည်သို့ သဘောထားကြောင်း ပြသနေသည်။

မြို့အုပ်ချုပ်ရေးအဖွဲ့က မြို့သူမြို့သားများထံ ပေးပို့ခဲ့သည့် ပေးစာတစ်စောင်ထဲတွင် လာရောက်လည်ပတ်သော ဧည့်သည်များကို ဦးစားပေးရန်၊ ထူးကဲသော မေတ္တာတရား လက်ကိုင်ထားရန်၊ ၎င်းတို့အပေါ် အဆုံးစွန်သော လေးစားမှု၊ ဖော်ရွေပျူငှာမှုတို့ဖြင့် ဆက်ဆံပေးရန် တောင်းဆိုထားသည်။

လာရောက်လည်ပတ်သူတို့ကို ဂရုတစိုက် လမ်းညွှန်ပေးရန်၊ မေးခွန်းများကို နွေးထွေးစွာ ဖြေပေးရန်၊ ဂျင်းလဘက်ရည်တစ်ခွက် တိုက်ရန်၊ ပျော်ရွှင်အောင်လုပ်ပေးရန်နှင့် ဟာဘင်းမြို့သားတို့၏ စစ်မှန်သော ဧည့်ဝတ်ကျေပွန်မှုကို ပြသရန်လည်း မြို့အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုထားသည်။

 

(ဟာဘင်းမြို့ ဗဟိုလမ်းမကြီးတွင် ခရီးသွားများ လမ်းလျှောက်နေကြပုံကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-Zhang Tao, Xinhua News Agency, Getty Images)

ဟာဘင်းမြို့လယ်လမ်းမကြီးပေါ်တွင် ခရီးသွားများအား ဂျင်းလဘက်ရည်များ အခမဲ့ လိုက်လံဝေငှ ကြသည်။

အချို့သူတို့ကမူ အခမဲ့ခရီးပို့ဆောင်ပေးမည်ဟူသော ဆိုင်းဘုတ်များ လည်ပင်းတွင် ချိတ်ဆွဲထားကြသည်ကို တွေ့ရသည်။ အထူးသဖြင့် တရုတ်ပြည်တောင်ပိုင်းမှလာသည့် ခရီးသွားများကို အခမဲ့ပို့ဆောင်ပေးခြင်း ဖြစ်သည်။

ဆေးကုမ္ပဏီတို့က ခရီးသွားများအတွက် တခါသောက်စာ ဆေးဝါးများ ရောင်းချပေးကြသည်။

စားသောက်ဆိုင်တို့က အစားအသောက်မှာယူစောင့်ဆိုင်းနေကြသူများကို ရေခဲစိမ် သစ်တော်သီးများ အခမဲ့ကျွေးမွေးကြသည်။

တောင်ပိုင်းသားတို့အကြိုက် သစ်တော်သီးများကို အစိတ်ကလေးများစိတ်ကာ ကျွေးမွေးခြင်း ဖြစ်သည်။

 

(စားသောက်ဆိုင်တို့က တောင်ပိုင်းသားများအကြိုက် သစ်တော်သီးများကို အခမဲ့ကျွေးမွေးကြသည်။ ဓာတ်ပုံ-Yuying Zhang)

 

မြို့အုပ်ချုပ်ရေးအဖွဲ့က ဗဟိုလမ်းမကြီး၏ မြေအောက် လူသွားစင်္ကြန်များတွင် ခရီးသွားများ ချော်မလဲစေရန် ကော်ဇောများပင် ခင်းကျင်းပေးထားသည်။

အဆိုပါလုပ်ဆောင်မှုအပေါ် တရုတ်ပြည်တွင်း လူမူကွန်ရက်တွင် မှတ်ချက်ပြု ပြောဆိုမှုများရှိခဲ့သည်။

မြို့ခံတစ်ဦးက ပြောသည်မှာ “ကျွန်တော့်အမေက ပြောတယ်။ သူ ဟာဘင်းမှာနေလာတာ နှစ်ပေါင်း ၆၀ ရှိပြီ။ ဒါမျိုး တစ်ခါမှ မကြုံဖူးဘူးလို့ ပြောပါတယ်”ဟု ဆိုသည်။

 

(ဟာဘင်းမြို့တွင် လည်ပတ်နေသော ခရီးသွားများ။ ဓာတ်ပုံ-Andrea Verdelli, Bloomberg)

 

(ဟာဘင်းမြို့၏ ၂၀၂၄ ခုနှစ် ပွဲလမ်းသဘင်များသို့ ရောက်ရှိလာသော ခရီးသွားများ။ ဓာတ်ပုံ-Yuetong Jiang)

 

(ဟာဘင်းမြို့ ရေခဲနှင့် နှင်းကမ္ဘာကို ညအချိန်တွင် တွေ့မြင်ရပုံ။ ဓာတ်ပုံ-Andrea Verdelli, Bloomberg)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Social media chatter helps draw 3 million tourists in 3 days to a frigid city in northern China (cnbc)

Photo Credit: Getty Image

 

 

 

[Zawgyi]

စိန္႔တိုင္းမွ ေႏြးေထြးေသာ ကမ္းလင့္လက္မ်ား (သို႔မဟုတ္) ေရခဲမွတ္ေအာက္ ၂၀ ဒီဂရီအထိ ေသြးခဲမတတ္ ေအးလွသည့္ တရုတ္ျပည္ ဟာဘင္းျမိဳ႕မွ ေဆာင္းရာသီ ေရခဲပန္းပုပြဲေတာ္သို႔ ၃ ရက္အတြင္း လာေရာက္လည္ပတ္သူ ၃ သန္းရွိခဲ့

 

ဟာဘင္းဆိုသည္ႏွင့္ တရုတ္ျပည္သူတို႔၏ စိတ္အာရံုထဲတြင္ ေရခဲႏွင့္ စတီး၊ အလြန္ေအးစက္ေသာ ၾကမ္းတမ္းသည့္ ရာသီဥတုကို ဦးစြာ ျမင္ေယာင္လာေလ့ရွိၾကသည္။

သို႔ေသာ္ ယခုႏွစ္ ေဆာင္းဥတုတြင္ ဟာဘင္းသည္ အၾကီးစားစက္မႈျမိဳ႕အျဖစ္မွသည္ လာေရာက္လည္ပတ္ ေသာ ဧည့္သည္မ်ားကို အံ့ဖြယ္ေႏြးေထြးမႈမ်ားျဖင့္ ၾကိဳဆိုေပးသည့္ေနရာအျဖစ္ ေျပာင္းလဲလာသည္။

ဟာဘင္းသို႔ ရက္ပိုင္းအတြင္း လာေရာက္လည္ပတ္သူ စံခ်ိန္တင္ခဲ့ျပီး အမ်ားဆံုးမွာ တရုတ္ျပည္ ေတာင္ပိုင္းမွ ျဖစ္သည္။ ဒီဇင္ဘာလ ၃၀ ရက္မွ ဇန္နဝါရီ ၁ ရက္အထိ ၃ ရက္တာ ႏွစ္သစ္ကူးကာလအတြင္း ဟာဘင္းသို႔ လာေရာက္ လည္ပတ္သူ ၃ သန္းရွိခဲ့သည္။

ထိုသို႔ စံခ်ိန္တင္ လာေရာက္လည္ပတ္ခဲ့ေသာေၾကာင့္ ခရီးသြားလုပ္ငန္းမွ ဝင္ေငြ ယြမ္ေငြ ၅ ဒသမ ၉၁၄ ဘီလီယံ (ကန္ေဒၚလာ သန္း ၈၃၀) ရရွိခဲ့ေၾကာင္း ဟာဘင္းျမိဳ႕ ယဥ္ေက်းမႈႏွင့္ ခရီးသြားလုပ္ငန္း ဗ်ဴရို၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

(ကမၻာလွည့္ခရီးသြားမွာ ဘုရားဟု သေဘာပိုက္ထားေသာေနရာ))

ဟာဘင္း၏ ေဆာင္းရာသီ ပြဲလမ္းသဘင္မ်ားက ရွန္ဟိုင္းျမိဳ႕တြင္ ေနထုိင္သူ ယုရင္ခ်န္း (Yuying Zhang) အမည္ရွိ မိန္းကေလးအား အလည္အပတ္သြားေရာက္ရန္ ဖမ္းစားႏိုင္ခဲ့သည္။

သူမက ေျပာသည္မွာ ေနာက္ဆံုးတြင္ ဟာဘင္း၏ နာမည္ၾကီး ေရခဲရုပ္တုမ်ားထက္ ေဒသခံတို႔ကို ပိုမိုႏွစ္သက္သေဘာက်သြားခဲ့မိေၾကာင္း ေျပာသည္။

ဟာဘင္းသို႔ စတင္ေရာက္ရွိခ်ိန္တြင္ ယုရင္ခ်န္းက တရုတ္ျပည္တြင္း အငွားကား ငွားရမ္းသည့္ ဖုန္း App ျဖစ္ေသာ Didi မွတဆင့္ ကားငွားခဲ့သည္။

“ကၽြန္မတို႔ရဲ႕ ေတာင္ပိုင္းသား ေလသံေတြကို ကားဆရာ သတိျပဳမိသြားတဲ့ေနာက္ပိုင္း အခမဲ့ ကားစီးခြင့္ ေပးမယ္လို႔ ေျပာျပီး ကၽြန္မတို႔ ေပးထားတဲ့ေငြကို ျပန္လႊဲေပးဖို႔ လုပ္ပါတယ္။”ဟု ယုရင္ခ်န္းက မန္ဒရင္းစကား ျဖင့္ ေျပာဆိုခဲ့သည္။

“ဟာဘင္းျမိဳ႕ကို ေတာင္ပိုင္းသားေတြ အမ်ားၾကီး အလည္လာၾကတာေတြ႔ရေတာ့ အရမ္းေပ်ာ္တယ္လို႔ ကားဆရာၾကီးက ေျပာပါတယ္”

(ဟာဘင္းျမိဳ႕သို႔ တရုတ္ျပည္ ေတာင္ပိုင္းသားမ်ား အလံုးအရင္း အလည္အပတ္ေရာက္လာၾကသည္။ ဓာတ္ပံု-Yuying Zhang)

ဟာဘင္းျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔၏ ဝက္ဘ္ဆိုက္တြင္ ဂ်ပန္စကားပံုျဖစ္ေသာ “ဝယ္သူမွာ ဘုရားသခင္” ဟူသည့္ စကားကို အနည္းငယ္ေျပာင္းလဲကာ “ကမၻာလွည့္ခရီးသြားမွာ ဘုရားသခင္”ဟူ၍ ေဖာ္ျပထားမႈမွာ ကမၻာလွည့္ ခရီးသြားမ်ားကို ထိုျမိဳ႕က မည္သို႔ သေဘာထားေၾကာင္း ျပသေနသည္။

ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ျမိဳ႕သူျမိဳ႕သားမ်ားထံ ေပးပို႔ခဲ့သည့္ ေပးစာတစ္ေစာင္ထဲတြင္ လာေရာက္လည္ပတ္ေသာ ဧည့္သည္မ်ားကို ဦးစားေပးရန္၊ ထူးကဲေသာ ေမတၱာတရား လက္ကိုင္ထားရန္၊ ၎တို႔အေပၚ အဆံုးစြန္ေသာ ေလးစားမႈ၊ ေဖာ္ေရြပ်ဴငွာမႈတို႔ျဖင့္ ဆက္ဆံေပးရန္ ေတာင္းဆိုထားသည္။

လာေရာက္လည္ပတ္သူတို႔ကို ဂရုတစိုက္ လမ္းညႊန္ေပးရန္၊ ေမးခြန္းမ်ားကို ေႏြးေထြးစြာ ေျဖေပးရန္၊ ဂ်င္းလဘက္ရည္တစ္ခြက္ တိုက္ရန္၊ ေပ်ာ္ရႊင္ေအာင္လုပ္ေပးရန္ႏွင့္ ဟာဘင္းျမိဳ႕သားတို႔၏ စစ္မွန္ေသာ ဧည့္ဝတ္ေက်ပြန္မႈကို ျပသရန္လည္း ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ေတာင္းဆိုထားသည္။

(ဟာဘင္းျမိဳ႕ ဗဟိုလမ္းမၾကီးတြင္ ခရီးသြားမ်ား လမ္းေလွ်ာက္ေနၾကပံုကို ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၉ ရက္က ေတြ႔ရပံု။ ဓာတ္ပံု-Zhang Tao, Xinhua News Agency, Getty Images)

ဟာဘင္းျမိဳ႕လယ္လမ္းမၾကီးေပၚတြင္ ခရီးသြားမ်ားအား ဂ်င္းလဘက္ရည္မ်ား အခမဲ့ လိုက္လံေဝငွ ၾကသည္။

အခ်ဳိ႕သူတို႔ကမူ အခမဲ့ခရီးပို႔ေဆာင္ေပးမည္ဟူေသာ ဆိုင္းဘုတ္မ်ား လည္ပင္းတြင္ ခ်ိတ္ဆြဲထားၾကသည္ကို ေတြ႔ရသည္။ အထူးသျဖင့္ တရုတ္ျပည္ေတာင္ပိုင္းမွလာသည့္ ခရီးသြားမ်ားကို အခမဲ့ပို႔ေဆာင္ေပးျခင္း ျဖစ္သည္။

ေဆးကုမၸဏီတို႔က ခရီးသြားမ်ားအတြက္ တခါေသာက္စာ ေဆးဝါးမ်ား ေရာင္းခ်ေပးၾကသည္။

စားေသာက္ဆိုင္တို႔က အစားအေသာက္မွာယူေစာင့္ဆိုင္းေနၾကသူမ်ားကို ေရခဲစိမ္ သစ္ေတာ္သီးမ်ား အခမဲ့ေကၽြးေမြးၾကသည္။

ေတာင္ပိုင္းသားတို႔အၾကိဳက္ သစ္ေတာ္သီးမ်ားကို အစိတ္ကေလးမ်ားစိတ္ကာ ေကၽြးေမြးျခင္း ျဖစ္သည္။

(စားေသာက္ဆိုင္တို႔က ေတာင္ပိုင္းသားမ်ားအၾကိဳက္ သစ္ေတာ္သီးမ်ားကို အခမဲ့ေကၽြးေမြးၾကသည္။ ဓာတ္ပံု-Yuying Zhang)

ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ဗဟိုလမ္းမၾကီး၏ ေျမေအာက္ လူသြားစၾကၤန္မ်ားတြင္ ခရီးသြားမ်ား ေခ်ာ္မလဲေစရန္ ေကာ္ေဇာမ်ားပင္ ခင္းက်င္းေပးထားသည္။

အဆိုပါလုပ္ေဆာင္မႈအေပၚ တရုတ္ျပည္တြင္း လူမူကြန္ရက္တြင္ မွတ္ခ်က္ျပဳ ေျပာဆိုမႈမ်ားရွိခဲ့သည္။

ျမိဳ႕ခံတစ္ဦးက ေျပာသည္မွာ “ကၽြန္ေတာ့္အေမက ေျပာတယ္။ သူ ဟာဘင္းမွာေနလာတာ ႏွစ္ေပါင္း ၆၀ ရွိျပီ။ ဒါမ်ဳိး တစ္ခါမွ မၾကံဳဖူးဘူးလုိ႔ ေျပာပါတယ္”ဟု ဆိုသည္။

(ဟာဘင္းျမိဳ႕တြင္ လည္ပတ္ေနေသာ ခရီးသြားမ်ား။ ဓာတ္ပံု-Andrea Verdelli, Bloomberg)

(ဟာဘင္းျမိဳ႕၏ ၂၀၂၄ ခုႏွစ္ ပြဲလမ္းသဘင္မ်ားသို႔ ေရာက္ရွိလာေသာ ခရီးသြားမ်ား။ ဓာတ္ပံု-Yuetong Jiang)

(ဟာဘင္းျမိဳ႕ ေရခဲႏွင့္ ႏွင္းကမၻာကို ညအခ်ိန္တြင္ ေတြ႔ျမင္ရပံု။ ဓာတ္ပံု-Andrea Verdelli, Bloomberg)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Social media chatter helps draw 3 million tourists in 3 days to a frigid city in northern China (cnbc)

Photo Credit: Getty Images

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service