Once upon a time in Hollywood ရုပ်ရှင်ကားတွင် ပါဝင်ခဲ့သော အမေရိကန်ရုပ်ရှင်မင်းသမီး Sydney Sweeney ငွေကြေးအကျပ်အတည်းကြောင့် ဘိုးဘွားပိုင်နေအိမ်ကို ရောင်းချခဲ့ရသော်လည်း ပြီးခဲ့သော နှစ်အတွင်း ထိုအိမ်ကို ပြန်လည်ဝယ်ယူနိုင်ခဲ့

Once upon a time in Hollywood ရုပ်ရှင်ကားတွင် ပါဝင်ခဲ့သော အမေရိကန်ရုပ်ရှင်မင်းသမီး Sydney Sweeney ငွေကြေးအကျပ်အတည်းကြောင့် ဘိုးဘွားပိုင်နေအိမ်ကို ရောင်းချခဲ့ရသော်လည်း ပြီးခဲ့သော နှစ်အတွင်း ထိုအိမ်ကို ပြန်လည်ဝယ်ယူနိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
29 Jan 2024 11:14 am တွင် တင်ခဲ့သည်
1587 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆစ်ဒနီ ဆွီနီ (Sydney Sweeney) (မွေး ၁၉၉၇) ၏ အမည်အပြည့်အစုံမှာ Sydney Bernice Sweeney ဖြစ်ပြီး အမေရိကန်ရုပ်ရှင်မင်းသမီးဖြစ်သည်။

HBO ၏ ဒရာမာဇာတ်လမ်းတွဲ Euphoria (၂၀၁၉ မှ ယခုအထိ) ဖြင့် လူသိများသည်။

ဒါရိုက်တာ Quentin Tarantino ၏ Once upon a time in Hollywood အပါအဝင် ရုပ်ရှင်ဇာတ်ကား များစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဆစ်ဒနီ ဆွီနီသည် ဟောလိဝုဒ်သရုပ်ဆောင်အဖြစ် ရရှိလာသော ငွေများကို အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည်။

ဆစ်ဒနီ ဆွီနီသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ငွေကြေးအကျပ်အတည်းကြောင့် မိသားစုအိမ်ကို ရောင်းထုတ်ခဲ့ရပြီး အဆိုပါအိမ်ကို ပြီးခဲ့သောနှစ်အတွင်းက ပြန်လည်ဝယ်ယူနိုင်ခဲ့ကြောင်း The Kelly Clarkson Show ရုပ်သံအစီအစဉ်တွင် မကြာသေးမီက ထုတ်ဖော်ပြောပြလာသည်။

“အဲဒီအိမ်က အဘွားရဲ့အမေပိုင်ခဲ့တဲ့အိမ်ပါ။ အဘွားက အဲဒီမှာ မွေးတယ်။ အမေလည်း အဲဒီမှာ မွေးတယ်။ နောက်ပိုင်း ကလေးတွေ အရွယ်ရောက် ကြီးပြင်းလာတော့ တခြားနေရာတွေမှာ တအိုးတအိမ် ထူထောင်ကြ တယ်”ဟု ဆစ်ဒနီ ဆွီနီက ပြောသည်။

“အဘေးဖြစ်တဲ့သူ ကွယ်လွန်သွားပြီးတဲ့နောက် အဘေးမကြီးကလည်း အသက်အရွယ် အိုမင်းနေပြီး ဒီအိမ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပါဘူး။”

ဆစ်ဒနီဆွီနီသည် ဝါရှင်တန်တွင် မွေးဖွားသော်လည်း အိုင်ဒါဟိုပြည်နယ်တွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။

ပြီးခဲ့သော နှစ်အတွင်းကမူ မိသားစုအိမ်ကို ပြန်လည်ဝယ်ယူရန် အချိန်ကျပြီ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

“ပိုင်ရှင်တွေဆီ ဆက်သွယ်ပြီး ကျွန်မ ပြောပြခဲ့တယ်… ဘိုးဘွားပိုင်အိမ်ကို ကျွန်မ ပြန်ဝယ်ချင်ပါတယ်”ဟု ဆွီနီက ပြောသည်။

“အဘွားက ခုချိန်ထိ ဘေးအိမ်မှာ နေနေတုန်းပါပဲ။ ဒါကြောင့် အခုဆိုရင် ကျွန်မဟာ အဘွားနဲ့ အိမ်နီးချင်း ဖြစ်နေပါပြီ။”

မိသားစု၏ ငွေကြေးအကျပ်အတည်းများအကြောင်း ဆွီနီက ယခင်ကလည်း ထုတ်ဖော်ပြောပြဖူးသည်။

ပြီးခဲ့သောနှစ် နိုဝင်ဘာလအတွင်း Women’s Health နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဆွီနီက ပြောသည်မှာ မိမိ သရုပ်ဆောင်အလုပ် လုပ်ကိုင်နိုင်ရေးအတွက် လော့စ်အိန်ဂျလိသို့ မိသားစုလိုက် ပြောင်းရွှေ့ခဲ့ကြောင်း ပြောသည်။

လော့စ်အိန်ဂျလိတွင် ဆွီနီတို့ မိသားစု ငွေကြေးအကျပ်ဆိုက်ကာ ဒေဝါလီခံခဲ့ရပြီး ဘိုးဘွားပိုင်အိမ်ကို ရောင်းချခဲ့ရသည်။

လော့စ်အိန်ဂျလိတွင် ဘဝရပ်တည်နိုင်ရန် မစွမ်းဆောင်နိုင်ခဲ့သည့်အပြင် မည်သည့်နေရာတွင်မှလည်း မရပ်တည်နိုင်ခဲ့ကြကြောင်း၊ မိဘများက မိမိ၏ အိပ်မက်အား ပံ့ပိုးပေးခဲ့ရမှုမှာ ခက်ခဲခဲ့ကြောင်း ဆွီနီက ပြောသည်။

 

(ဆွီနီသည် နာမည်ကြီးရုပ်သံအစီအစဉ်များ ဖြစ်သော Euphoria နှင့်The White Lotus တို့တွင် ပါဝင် သရုပ်ဆောင်လျက်ရှိသည်။ ဓာတ်ပုံ-Getty Images)

 

The Hollywood Reporter သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဆွီနီက ပြောသည်မှာ မိဘများ၏ ရုန်းကန်ရမှုများကို တွေ့မြင်ရချိန်တွင် ၎င်းတို့အား အကူအညီပေးရန်အတွက် အလုပ်ပေါင်းများစွာ ဝင်ရောက် လုပ်ကိုင်ခဲ့ကြောင်း ပြောသည်။

“အကူအညီပေးမယ့်သူ တစ်ယောက်မှ ကျွန်မမှာ မရှိခဲ့ပါဘူး။ ကျွန်မရဲ့ အထွေထွေ စရိတ်တွေပေးဖို့ အကူအညီတောင်းလို့ ရမယ့်သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။”

“သရုပ်ဆောင်ဘက်ပဲ အာရုံစိုက်နေမယ်ဆိုရင် လော့စ်အိန်ဂျလိမှာ ဘဝရပ်တည်နိုင်ခဲ့မှာ မဟုတ်ပါဘူး”ဟု ဆွီနီက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Money problems forced Sydney Sweeney’s family to sell her great-grandmother’s house—she was able to buy it back last year (cnbc)

Photo Credit: Getty Images

 

 

 

[Zawgyi]

Once upon a time in Hollywood ရုပ္ရွင္ကားတြင္ ပါဝင္ခဲ့ေသာ အေမရိကန္ရုပ္ရွင္မင္းသမီး Sydney Sweeney ေငြေၾကးအက်ပ္အတည္းေၾကာင့္ ဘိုးဘြားပိုင္ေနအိမ္ကို ေရာင္းခ်ခဲ့ရေသာ္လည္း ျပီးခဲ့ေသာ ႏွစ္အတြင္း ထိုအိမ္ကို ျပန္လည္ဝယ္ယူႏိုင္ခဲ့

 

ဆစ္ဒနီ ဆြီနီ (Sydney Sweeney) (ေမြး ၁၉၉၇) ၏ အမည္အျပည့္အစံုမွာ Sydney Bernice Sweeney ျဖစ္ျပီး အေမရိကန္ရုပ္ရွင္မင္းသမီးျဖစ္သည္။

HBO ၏ ဒရာမာဇာတ္လမ္းတြဲ Euphoria (၂၀၁၉ မွ ယခုအထိ) ျဖင့္ လူသိမ်ားသည္။

ဒါရိုက္တာ Quentin Tarantino ၏ Once upon a time in Hollywood အပါအဝင္ ရုပ္ရွင္ဇာတ္ကား မ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည္။

ဆစ္ဒနီ ဆြီနီသည္ ေဟာလိဝုဒ္သရုပ္ေဆာင္အျဖစ္ ရရွိလာေသာ ေငြမ်ားကို အိမ္ျခံေျမက႑တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

ဆစ္ဒနီ ဆီြနီသည္ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက ေငြေၾကးအက်ပ္အတည္းေၾကာင့္ မိသားစုအိမ္ကို ေရာင္းထုတ္ခဲ့ရျပီး အဆိုပါအိမ္ကို ျပီးခဲ့ေသာႏွစ္အတြင္းက ျပန္လည္ဝယ္ယူႏိုင္ခဲ့ေၾကာင္း The Kelly Clarkson Show ရုပ္သံအစီအစဥ္တြင္ မၾကာေသးမီက ထုတ္ေဖာ္ေျပာျပလာသည္။

“အဲဒီအိမ္က အဘြားရဲ႕အေမပိုင္ခဲ့တဲ့အိမ္ပါ။ အဘြားက အဲဒီမွာ ေမြးတယ္။ အေမလည္း အဲဒီမွာ ေမြးတယ္။ ေနာက္ပိုင္း ကေလးေတြ အရြယ္ေရာက္ ၾကီးျပင္းလာေတာ့ တျခားေနရာေတြမွာ တအိုးတအိမ္ ထူေထာင္ၾက တယ္”ဟု ဆစ္ဒနီ ဆြီနီက ေျပာသည္။

“အေဘးျဖစ္တဲ့သူ ကြယ္လြန္သြားျပီးတဲ့ေနာက္ အေဘးမၾကီးကလည္း အသက္အရြယ္ အိုမင္းေနျပီး ဒီအိမ္ကို ဆက္လက္ထိန္းသိမ္းထားႏိုင္စြမ္း မရွိေတာ့ပါဘူး။”

ဆစ္ဒနီဆြီနီသည္ ဝါရွင္တန္တြင္ ေမြးဖြားေသာ္လည္း အိုင္ဒါဟိုျပည္နယ္တြင္ ၾကီးျပင္းခဲ့သူ ျဖစ္သည္။

ျပီးခဲ့ေသာ ႏွစ္အတြင္းကမူ မိသားစုအိမ္ကို ျပန္လည္ဝယ္ယူရန္ အခ်ိန္က်ျပီ ျဖစ္ေၾကာင္း ဆံုးျဖတ္ခဲ့သည္။

“ပိုင္ရွင္ေတြဆီ ဆက္သြယ္ျပီး ကၽြန္မ ေျပာျပခဲ့တယ္… ဘိုးဘြားပိုင္အိမ္ကို ကၽြန္မ ျပန္ဝယ္ခ်င္ပါတယ္”ဟု ဆြီနီက ေျပာသည္။

“အဘြားက ခုခ်ိန္ထိ ေဘးအိမ္မွာ ေနေနတုန္းပါပဲ။ ဒါေၾကာင့္ အခုဆိုရင္ ကၽြန္မဟာ အဘြားနဲ႔ အိမ္နီးခ်င္း ျဖစ္ေနပါျပီ။”

မိသားစု၏ ေငြေၾကးအက်ပ္အတည္းမ်ားအေၾကာင္း ဆြီနီက ယခင္ကလည္း ထုတ္ေဖာ္ေျပာျပဖူးသည္။

ျပီးခဲ့ေသာႏွစ္ ႏိုဝင္ဘာလအတြင္း Women’s Health ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ဆြီနီက ေျပာသည္မွာ မိမိ သရုပ္ေဆာင္အလုပ္ လုပ္ကိုင္ႏိုင္ေရးအတြက္ ေလာ့စ္အိန္ဂ်လိသို႔ မိသားစုလိုက္ ေျပာင္းေရႊ႕ခဲ့ေၾကာင္း ေျပာသည္။

ေလာ့စ္အိန္ဂ်လိတြင္ ဆြီနီတုိ႔ မိသားစု ေငြေၾကးအက်ပ္ဆိုက္ကာ ေဒဝါလီခံခဲ့ရျပီး ဘိုးဘြားပိုင္အိမ္ကို ေရာင္းခ်ခဲ့ရသည္။

ေလာ့စ္အိန္ဂ်လိတြင္ ဘဝရပ္တည္ႏိုင္ရန္ မစြမ္းေဆာင္ႏိုင္ခဲ့သည့္အျပင္ မည္သည့္ေနရာတြင္မွလည္း မရပ္တည္ႏိုင္ခဲ့ၾကေၾကာင္း၊ မိဘမ်ားက မိမိ၏ အိပ္မက္အား ပံ့ပိုးေပးခဲ့ရမႈမွာ ခက္ခဲခဲ့ေၾကာင္း ဆြီနီက ေျပာသည္။

 

(ဆြီနီသည္ နာမည္ၾကီးရုပ္သံအစီအစဥ္မ်ား ျဖစ္ေသာ Euphoria ႏွင့္The White Lotus တို႔တြင္ ပါဝင္ သရုပ္ေဆာင္လ်က္ရွိသည္။ ဓာတ္ပံု-Getty Images)

The Hollywood Reporter သတင္းဌာနႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ဆြီနီက ေျပာသည္မွာ မိဘမ်ား၏ ရုန္းကန္ရမႈမ်ားကို ေတြ႔ျမင္ရခ်ိန္တြင္ ၎တို႔အား အကူအညီေပးရန္အတြက္ အလုပ္ေပါင္းမ်ားစြာ ဝင္ေရာက္ လုပ္ကိုင္ခဲ့ေၾကာင္း ေျပာသည္။

“အကူအညီေပးမယ့္သူ တစ္ေယာက္မွ ကၽြန္မမွာ မရွိခဲ့ပါဘူး။ ကၽြန္မရဲ႕ အေထြေထြ စရိတ္ေတြေပးဖို႔ အကူအညီေတာင္းလို႔ ရမယ့္သူ တစ္ေယာက္မွ မရွိခဲ့ပါဘူး။”

“သရုပ္ေဆာင္ဘက္ပဲ အာရံုစိုက္ေနမယ္ဆိုရင္ ေလာ့စ္အိန္ဂ်လိမွာ ဘဝရပ္တည္ႏုိင္ခဲ့မွာ မဟုတ္ပါဘူး”ဟု ဆြီနီက ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Money problems forced Sydney Sweeney’s family to sell her great-grandmother’s house—she was able to buy it back last year (cnbc)

Photo Credit: Getty Images

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service