စတိဗ်ဂျော့က ပထမဆုံး Apple ကွန်ပြူတာကို ထုတ်လုပ်နိုင်ရန် သူ၏ Volkswagen ဘတ်စ်ကားကို ဒေါ်လာ ၁၅၀၀ ဖြင့် ရောင်းချခဲ့၊ နောင် ၄ နှစ်အကြာတွင် ကုမ္ပဏီတန်ကြေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ဖြစ်လာ
စတိဗ်ဂျော့က ပထမဆုံး Apple ကွန်ပြူတာကို ထုတ်လုပ်နိုင်ရန် သူ၏ Volkswagen ဘတ်စ်ကားကို ဒေါ်လာ ၁၅၀၀ ဖြင့် ရောင်းချခဲ့၊ နောင် ၄ နှစ်အကြာတွင် ကုမ္ပဏီတန်ကြေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
29 Jan 2024 11:02 am တွင် တင်ခဲ့သည်
972 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
၁၉၇၆ ခုနှစ် ၊ ဧပြီလတွင် စတိဗ်ဂျော့နှင့် စတိဗ်ဝေါ့ဇနီယက်တို့သည် ပထမဆုံး Apple ကွန်ပြူတာကို စတင် ထုတ်လုပ်ခဲ့ရာ ထိုကွန်ပြူတာသည် နည်းပညာထိပ်သီး ဖြစ်လာမည့် Apple ၏ ပထမဆုံး ခြေလှမ်းလည်း ဖြစ်သည်။
စတိဗ်ဂျော့သည် အသက် ၂၂ နှစ်အရွယ်တွင် သူ၏ Volkswagen ဘတ်စ်ကားကို ဒေါ်လာ ၁၅၀၀ ဖြင့် ရောင်းချခဲ့ပြီး ဝေါ့ဇနီယက်က သူ၏ Hewlett-Packard ဂဏန်းပေါင်းစက်ကို ဒေါ်လာ ၅၀၀ ဖြင့် ရောင်းချခဲ့ သည်။
၎င်းတို့နှစ်ဦး ရောင်းချရရှိသော ထိုငွေသည် ပထမဆုံး အရင်းအနှီးလည်း ဖြစ်သည်။
ထိုငွေဖြင့် စတိဗ်ဂျော့နှင့် ဝေါ့ဇနီယက်တို့သည် Apple I ကို ၁၉၇၆ ခုနှစ် April Fools Days တွင် ထုတ်လုပ်ခဲ့ ကြသည်။
၎င်းတို့၏ တီထွင်မှုမှာ အလုပ်ဖြစ်ခဲ့ကြသည်။
ဒေသတွင်း ကွန်ပြူတာရောင်းချသူတစ်ဦးက ကွန်ပြူတာ အလုံး ၁၀၀ ကို ဒေါ်လာ ၅၀၀၀၀ ဖြင့် မှာယူခဲ့ရာ ထွန်းသစ်စ ကုမ္ပဏီတစ်ခုအတွက် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။
ထိုကွန်ပြူတာများကို ထုတ်လုပ်ရန်အတွက် ၎င်းတို့က ဆက်စပ်ပစ္စည်း အစိတ်အပိုင်းများကို အကြွေးဖြင့် ဝယ်ယူခဲ့ကြသည်။
ထိုအော်ဒါအတွက် အချိန်မှာလည်း တစ်လသာ အချိန်ရခဲ့သည်။
မိသားစုနှင့် မိတ်ဆွေ သူငယ်ချင်းတို့၏ ထောက်ပံ့ကူညီမှုအားဖြင့် အဆိုပါအော်ဒါကို အချိန်မှီ ထုတ်လုပ်ပေးနိုင် ခဲ့ကြပြီး ပထမဆုံး ဝင်ငွေ ရရှိခဲ့ကြသည်။
ဆက်စပ်ပစ္စည်း အစိတ်အပိုင်း ရောင်းချသူများကိုလည်း တစ်ရက်အလိုတွင် ငွေပေးချေနိုင်ခဲ့သည်။
စတိဗ်ဂျော့နှင့် ဝေါ့ဇနီယက်တို့၏ တီထွင်ဉာဏ်က Apple Inc ဆက်လက်ကြီးထွားလာစေရန် မီးထိုးပေးခဲ့သည်။
နောက်ပိုင်းတွင် စတိဗ်ဂျော့တို့နှစ်ဦး Fairchild Semiconductor International Inc.နှင့် Intel Corp တို့၏ မန်နေဂျာ ဖြစ်ခဲ့သူ Armas Clifford Mike Markkula နှင့် ဆုံစည်းခဲ့ကြသည်။
ထိုသူသည် Apple အောင်မြင်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
Markkula သည် Business Plan ရေးဆွဲရန် ကူညီပေးခဲ့ပြီး ကန်ဒေါ်လာ ၉၂၀၀၀ လည်း ရင်းနှီးမြှုပ်နှံခဲ့သည်။
ထို့အပြင် ချေးငွေ ဒေါ်လာ ၂၅၀၀၀၀ ရရှိရန်လည်း ကူညီပေးခဲ့သည်။
အဆိုပါ ဘဏ္ဍာရေး အထောက်အပံ့သည် Apple ၏ ပထမဆုံး ထုတ်ကုန်များအတွက် အုတ်မြစ်ဖြစ်ခဲ့သည်။
Apple I ကို တစ်လုံးလျှင် ၆၆၆ ဒသမ ၆၆ ဒေါ်လာဖြင့် ရောင်းချခဲ့ပြီး စုစုပေါင်း ၇၇၄၀၀၀ ဒေါ်လာဝန်းကျင်ခန့် ရရှိခဲ့သည်။
Apple II ထုတ်လုပ်အပြီး ၃ နှစ်အကြာတွင် ရောင်းအားမှာ ကန်ဒေါ်လာ ၁၃၉ သန်းအထိ ထိုးတက်သွားခဲ့သည်။
Apple အတွက် အရေးပါဆုံး အချိန်ကာလမှာ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့သည့် ၁၉၈၀ ပြည့်နှစ် ဖြစ်သည်။
ရှယ်ယာများ စတင်ရောင်းချသည့်နေ့တွင် Apple ၏ ဈေးကွက်တန်ကြေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ အထိ ရောက်ရှိသွားသည်။
ထိုနှစ် ရှယ်ယာဈေးကွက် ပိတ်ချိန်တွင် Apple ၏ ဈေးကွက်တန်ကြေး ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံသို့ ရောက်ရှိသွားရာ စတိဗ်ဂျော့၏ ဂိုဒေါင်ထဲတွင် စတင်ခဲ့သော Apple ၏ ကြီးမားသော အောင်မြင်မှုလည်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Steve Jobs Sold His Volkswagen Bus For $1,500 So He Could Create The First Apple Computer — Just 4 Years Later, The Company Was Valued At $1.8 Billion (finance)
Photo Credit: finance.yahoo
[Zawgyi]
စတိဗ်ဂျော့နှင့် ဝေါ့ဇနီယက်တို့၏ တီထွင်ဥာဏ်က Apple Inc ဆက်လက်ကြီးထွားလာစေရန် မီးထိုးပေးခဲ့သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Pan Swal Taw Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service