ဘရက်ပစ်နှင့် အင်ဂျလီနာ ဂျိုလီတို့ ပိုင်ဆိုင်ခဲ့ဖူးသော နယူးအော်လင်းမြို့စံအိမ် ယခင်အရောင်းတင်ခဲ့ဖူးသည့် ခေါ်ဈေးအောက် ထက်ဝက်ပင်မရှိသော ဈေးနှုန်းဖြင့် လေလံပွဲတွင်ရောင်းထွက်

ဘရက်ပစ်နှင့် အင်ဂျလီနာ ဂျိုလီတို့ ပိုင်ဆိုင်ခဲ့ဖူးသော နယူးအော်လင်းမြို့စံအိမ် ယခင်အရောင်းတင်ခဲ့ဖူးသည့် ခေါ်ဈေးအောက် ထက်ဝက်ပင်မရှိသော ဈေးနှုန်းဖြင့် လေလံပွဲတွင်ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
29 Dec 2023 11:41 am တွင် တင်ခဲ့သည်
1000 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စု၊ လူဝီစီယာနာပြည်နယ်၊ နယူးအော်လင်းမြို့၊ French Quarter အရပ်တွင် တခါက ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့စုံတွဲ ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ် လေလံပွဲတွင် ရောင်းထွက်သွားသည်။

၁၈၃၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ပြီး ခေတ်မီအဆင့်မြှင့်တင်ထားသောအိမ်ဖြစ်ကာ မိုက္ကရိုဆော့ဖ် ပူးတွဲတည်ထောင်သူ Paul Allen လည်း ပိုင်ဆိုင်ခဲ့ဖူးသည်။

ပြီးခဲ့သော ဒီဇင်ဘာလအလယ်ပိုင်းက ထိုစံအိမ်ကို လေလံပွဲတွင် ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ရောင်းချ လိုက်ရာ နောက်ဆုံးအရောင်းဈေးကွက်တင်ခဲ့ဖူးသည့်ခေါ်ဈေး ကန်ဒေါ်လာ ၅ ဒသမ ၃၅ သန်းအောက် ထက်ဝက်ပင်မရှိသော ဈေးနှုန်းလည်း ဖြစ်သည်။

 

 

နယူးအော်လင်းမြို့၊ Governor Nicholls လမ်း၊ အမှတ် ၅၂၁ တွင် တည်ရှိပြီး ကြမ်းခင်းဈေး ဒေါ်လာ ၁ သန်း သတ်မှတ်ခဲ့သည်။

မူလက လေလံကာလ တစ်ရက်တည်းသာ သတ်မှတ်ထားသော်လည်း နောက်ပိုင်းတွင် နောက်တစ်ရက် ထပ်မံ သက်တမ်းတိုးပေးခဲ့သည်။

 

ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့စုံတွဲက ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အဆောက်အအုံမှာ ၃ ထပ် ဖြစ်သည်။

အင်ဂျလီနာဂျိုလီတို့စုံတွဲက ကက်ထရီးနား ဟာရီကိန်းကြောင့် နေအိမ်များပျက်စီးသွားသောဒေသတွင် အိမ်ရာသစ်များ ဆောက်လုပ်နိုင်ရန် ရည်ရွယ်ကာ Make It Right ဖောင်ဒေးရှင်းကို တည်ထောင်ပြီးချိန်တွင် အဆိုပါစံအိမ်ကို ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

 

 

ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့စုံတွဲက French Quarter အရပ်ရှိ စံအိမ်ကို ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် ရောင်းချခဲ့သည်။

ယင်းနောက်ပိုင်း ပိုင်ရှင်အပြောင်းအလဲ များစွာဖြစ်ပေါ်ခဲ့သည်။

အင်ဂျလီနာဂျိုလီနှင့် ဘရက်ပစ်တို့နောက်ပိုင်း ပိုင်ဆိုင်ခဲ့သူမှာ မိုက္ကရိုဆော့ဖ် ပူးတွဲတည်ထောင်သူ Paul Allen ဖြစ်သည်။

 

 

Interluxe အိမ်ခြံမြေဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ အသံဖမ်းအင်ဂျင်နီယာ Cosimo Matassa လည်း ပိုင်ဆိုင် ခဲ့ဖူးပြီး သူ၏စတူဒီယိုနေရာ ဖြစ်ခဲ့ဖူးသည်။

Parisian ဗိသုကာဟန်ဖြင့် ၁၈၂၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၇ ခန်းပါဝင်ကာ သစ်ကြမ်းခင်း၊ စကျင်ကျောက်ဖြင့် ပြုလုပ်ထားသော မီးလင်းဖိုနှင့် မြင့်မားသော မျက်နှာကြက်များ ရှိသည်။

 

 

 

ထို့အပြင် ရေကူးကန်၊ အားကစားလေ့ကျင့်ခန်းမ၊ ၃ ထပ် ဧည့်ဂေဟာအိမ်တို့လည်း ပါဝင်သည်။

အပေါ်ထပ် ဧည့်ခန်းနှင့် အိပ်ခန်းတို့တွင် ကော်ဇောခင်းထားပြီး မီးဖိုဆောင်မှာ သစ်ကြမ်းခင်း ဖြစ်သည်။

အောက်ထပ်တွင် စာကြည့်တိုက်နှင့် ဂိမ်းကစားခန်းများ ရှိသည်။

 

 

 

 

 

 

(ဆက်စပ်သတင်းများ)

ရေချိုးအလွန်ပျင်းသောကြောင့် တွဲဖက်သရုပ်ဆောင်သူများ၏ စက်ဆုပ်ရွံရှာမှုခံရသူ ဘရက်ပစ်က လော့စ်အိန်ဂျလိမှ စံအိမ်တစ်လုံးကို ဒေါ်လာ ၅ သန်းဖြင့်ဝယ်

https://www.imyanmarhouse.com/news/read/1066286

 

မိမိနေအိမ်အနီး ဇနီးဟောင်း အင်ဂျလီနာဂျိုလီ ပြောင်းရွှေ့လာသောကြောင့် ဘရက်ပစ်က သူ၏ အိမ်ကို အရောင်းဈေးကွက်တင်ထားရာ ဒေါ်လာ ၃၉ သန်းဖြင့်ရောင်းထွက်

https://www.imyanmarhouse.com/news/read/1060194

 

ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီအား ဧက ၁၀၀၀ ခြံ အသိမပေးဘဲရောင်းချမှုဖြင့် တရားစွဲ

https://www.imyanmarhouse.com/news/read/1019455

 

မိမိ၏ ဇနီးကို ဘရက်ပစ်နှင့် အိပ်ယာထဲတွင် လက်ပူးလက်ကြပ်တွေ့ခဲ့သောကြောင့် ယမ်းပုံမီးကျ အမျက်ထွက်ခဲ့ဖူးသူ လက်ဝှေ့ချန်ပီယံ မိုက်တိုင်ဆန်၏ စံအိမ်

https://www.imyanmarhouse.com/news/read/1067472

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: French Quarter home once owned by Brad Pitt, Angelina Jolie auctioned off. See highest bid. (nola , zillow )

 

 

 

 

 

[Zawgyi]

ဘရက္ပစ္ႏွင့္ အင္ဂ်လီနာ ဂ်ဳိလီတို႔ ပိုင္ဆိုင္ခဲ့ဖူးေသာ နယူးေအာ္လင္းျမိဳ႕စံအိမ္ ယခင္အေရာင္းတင္ခဲ့ဖူးသည့္ ေခၚေစ်းေအာက္ ထက္ဝက္ပင္မရွိေသာ ေစ်းႏႈန္းျဖင့္ ေလလံပြဲတြင္ေရာင္းထြက္

 

အေမရိကန္ျပည္ေထာင္စု၊ လူဝီစီယာနာျပည္နယ္၊ နယူးေအာ္လင္းျမိဳ႕၊ French Quarter အရပ္တြင္ တခါက ဘရက္ပစ္ႏွင့္ အင္ဂ်လီနာဂ်ဳိလီတို႔စံုတြဲ ပိုင္ဆိုင္ခဲ့ဖူးေသာ စံအိမ္ ေလလံပြဲတြင္ ေရာင္းထြက္သြားသည္။ ၁၈၃၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ျပီး ေခတ္မီအဆင့္ျမွင့္တင္ထားေသာအိမ္ျဖစ္ကာ မိုကၠရိုေဆာ့ဖ္ ပူးတြဲတည္ေထာင္သူ Paul Allen လည္း ပိုင္ဆိုင္ခဲ့ဖူးသည္။

ျပီးခဲ့ေသာ ဒီဇင္ဘာလအလယ္ပိုင္းက ထိုစံအိမ္ကို ေလလံပြဲတြင္ ကန္ေဒၚလာ ၂ ဒသမ ၅ သန္းျဖင့္ ေရာင္းခ် လိုက္ရာ ေနာက္ဆံုးအေရာင္းေစ်းကြက္တင္ခဲ့ဖူးသည့္ေခၚေစ်း ကန္ေဒၚလာ ၅ ဒသမ ၃၅ သန္းေအာက္ ထက္ဝက္ပင္မရွိေသာ ေစ်းႏႈန္းလည္း ျဖစ္သည္။

နယူးေအာ္လင္းျမိဳ႕၊ Governor Nicholls လမ္း၊ အမွတ္ ၅၂၁ တြင္ တည္ရွိျပီး ၾကမ္းခင္းေစ်း ေဒၚလာ ၁ သန္း သတ္မွတ္ခဲ့သည္။

မူလက ေလလံကာလ တစ္ရက္တည္းသာ သတ္မွတ္ထားေသာ္လည္း ေနာက္ပိုင္းတြင္ ေနာက္တစ္ရက္ ထပ္မံ သက္တမ္းတိုးေပးခဲ့သည္။

ဘရက္ပစ္ႏွင့္ အင္ဂ်လီနာဂ်ဳိလီတို႔စံုတြဲက ၂၀၀၇ ခုႏွစ္အတြင္း ကန္ေဒၚလာ ၃ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္ျပီး အေဆာက္အအံုမွာ ၃ ထပ္ ျဖစ္သည္။

အင္ဂ်လီနာဂ်ဳိလီတို႔စံုတြဲက ကက္ထရီးနား ဟာရီကိန္းေၾကာင့္ ေနအိမ္မ်ားပ်က္စီးသြားေသာေဒသတြင္ အိမ္ရာသစ္မ်ား ေဆာက္လုပ္ႏိုင္ရန္ ရည္ရြယ္ကာ Make It Right ေဖာင္ေဒးရွင္းကို တည္ေထာင္ျပီးခ်ိန္တြင္ အဆိုပါစံအိမ္ကို ဝယ္ယူခဲ့ျခင္းလည္း ျဖစ္သည္။

ဘရက္ပစ္ႏွင့္ အင္ဂ်လီနာဂ်ဳိလီတို႔စံုတြဲက French Quarter အရပ္ရွိ စံအိမ္ကို ၂၀၁၆ ခုႏွစ္တြင္ ကန္ေဒၚလာ ၄ ဒသမ ၉ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။ ယင္းေနာက္ပိုင္း ပိုင္ရွင္အေျပာင္းအလဲ မ်ားစြာျဖစ္ေပၚခဲ့သည္။

အင္ဂ်လီနာဂ်ဳိလီႏွင့္ ဘရက္ပစ္တို႔ေနာက္ပိုင္း ပိုင္ဆိုင္ခဲ့သူမွာ မိုကၠရိုေဆာ့ဖ္ ပူးတြဲတည္ေထာင္သူ Paul Allen ျဖစ္သည္။

Interluxe အိမ္ျခံေျမဝက္ဘ္ဆိုက္၏ ေဖာ္ျပခ်က္အရ အသံဖမ္းအင္ဂ်င္နီယာ Cosimo Matassa လည္း ပိုင္ဆိုင္ ခဲ့ဖူးျပီး သူ၏စတူဒီယိုေနရာ ျဖစ္ခဲ့ဖူးသည္။

Parisian ဗိသုကာဟန္ျဖင့္ ၁၈၂၈ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး အိပ္ခန္း ၇ ခန္း၊ ေရခ်ိဳးခန္း ၇ ခန္းပါဝင္ကာ သစ္ၾကမ္းခင္း၊ စက်င္ေက်ာက္ျဖင့္ ျပဳလုပ္ထားေသာ မီးလင္းဖုိႏွင့္ ျမင့္မားေသာ မ်က္ႏွာၾကက္မ်ား ရွိသည္။

ထို႔အျပင္ ေရကူးကန္၊ အားကစားေလ့က်င့္ခန္းမ၊ ၃ ထပ္ ဧည့္ေဂဟာအိမ္တို႔လည္း ပါဝင္သည္။

အေပၚထပ္ ဧည့္ခန္းႏွင့္ အိပ္ခန္းတို႔တြင္ ေကာ္ေဇာခင္းထားျပီး မီးဖိုေဆာင္မွာ သစ္ၾကမ္းခင္း ျဖစ္သည္။

ေအာက္ထပ္တြင္ စာၾကည့္တိုက္ႏွင့္ ဂိမ္းကစားခန္းမ်ား ရွိသည္။

 

 

(ဆက္စပ္သတင္းမ်ား)

 

ေရခ်ဳိးအလြန္ပ်င္းေသာေၾကာင့္ တြဲဖက္သရုပ္ေဆာင္သူမ်ား၏ စက္ဆုပ္ရြံရွာမႈခံရသူ ဘရက္ပစ္က ေလာ့စ္အိန္ဂ်လိမွ စံအိမ္တစ္လံုးကို ေဒၚလာ ၅ သန္းျဖင့္ဝယ္

https://www.imyanmarhouse.com/news/read/1066286

 

မိမိေနအိမ္အနီး ဇနီးေဟာင္း အင္ဂ်လီနာဂ်ဳိလီ ေျပာင္းေရႊ႕လာေသာေၾကာင့္ ဘရက္ပစ္က သူ၏ အိမ္ကို အေရာင္းေစ်းကြက္တင္ထားရာ ေဒၚလာ ၃၉ သန္းျဖင့္ေရာင္းထြက္

https://www.imyanmarhouse.com/news/read/1060194

 

ဘရက္ပစ္က ဇနီးေဟာင္း အင္ဂ်လီနာဂ်ိဳလီအား ဧက ၁၀၀၀ ျခံ အသိမေပးဘဲေရာင္းခ်မႈျဖင့္ တရားစြဲ

https://www.imyanmarhouse.com/news/read/1019455

 

မိမိ၏ ဇနီးကို ဘရက္ပစ္ႏွင့္ အိပ္ယာထဲတြင္ လက္ပူးလက္ၾကပ္ေတြ႔ခဲ့ေသာေၾကာင့္ ယမ္းပံုမီးက် အမ်က္ထြက္ခဲ့ဖူးသူ လက္ေဝွ႔ခ်န္ပီယံ မိုက္တုိင္ဆန္၏ စံအိမ္

https://www.imyanmarhouse.com/news/read/1067472

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: French Quarter home once owned by Brad Pitt, Angelina Jolie auctioned off. See highest bid. (nola)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service