ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီအား ဧက ၁၀၀၀ ခြံ အသိမပေးဘဲရောင်းချမှုဖြင့် တရားစွဲ

ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီအား ဧက ၁၀၀၀ ခြံ အသိမပေးဘဲရောင်းချမှုဖြင့် တရားစွဲ - Property News in Myanmar from iMyanmarHouse.com
10 Jun 2022 11:45 am တွင် တင်ခဲ့သည်
4450 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျွန်နီဒက်ပ်က ဇနီးဟောင်းကို တရားစွဲခဲ့သည့်အမှု ဟိုးလေးတကျော်ဖြစ်နေသည်မှာ မကြာသေးမီ ရက်ပိုင်းကမှ အမှုပြီးပြတ်သွားပြီးနောက် ယခုအခါ ကမ္ဘာကျော် စုံတွဲတစ်တွဲ၏ အမှု ပေါ်ပေါက်လာပြန်သည်။

ဟောလိဝုဒ်ကြယ်ပွင့် ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီအား ပြင်သစ်နိုင်ငံရှိ နှစ်ဦးပိုင် ဧက ၁၀၀၀ ကျယ်ဝန်းသော စပျစ်ခြံနှင့် ဝိုင်ထုတ်လုပ်ရေးခြံဝန်းကြီးအား ပူးတွဲပိုင်ဆိုင်သူ မိမိအား အသိမပေးဘဲ သူမ၏ ဝေစုကို ရောင်းချခဲ့ခြင်းကြောင့် တရားစွဲရန် တင်ပြလျှောက်ထားခဲ့သည်။

စပျစ်ခြံကြီး၏ အမည်မှာ Château Miraval ဟု အမည်ရပြီး ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် တည်ရှိသည်။

အင်ဂျလီနာဂျိုလီက သူမ ပိုင်ဆိုင်သော ပိုင်ဆိုင်မှုတစ်ဝက်ကို ဘရက်ပစ်အား အသိမပေးဘဲ ရောင်းချခဲ့ခြင်း ဖြစ်သည်။

တရားရုံးစာရွက်စာတမ်းများအရ ဘရက်ပစ်က ကယ်လီဖိုးနီးယားပြည်နယ်၊ တရားလွှတ်တော်တွင် ဇွန်လ ၃ ရက်နေ့က တရားစွဲခွင့်ပြုရန် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

Château Miraval ခြံကြီးတွင် အခြေစိုက်သော Château Miraval S.A. ကုမ္ပဏီအား ထိန်းချုပ်နိုင်သည့် ရှယ်ယာများ ၂၀၀၈ ခုနှစ်အတွင်း ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့ အတူဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ခြံဝန်းကြီးအတွင်း စံအိမ်တစ်လုံးနှင့် စပျစ်ခြံများ ပေါင်းစပ်ထားသည်။

“ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့သည် Château Miraval ခြံကြီးကို ကလေးများနှင့် အတူနေထိုင်ရာ စံအိမ်အဖြစ်လည်းကောင်း၊ စပျစ်ခြံကို မိသားစုလုပ်ငန်းအဖြစ်လည်းကောင်း ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။ တစ်ဦးမသိဘဲ အခြားတစ်ဦးက မိမိ၏ ဝေစုအား မည်သည့်အခါမျှ မရောင်းချရန် နှစ်ဦး သဘောတူထားခဲ့ကြ သည်။ ၎င်းတို့ စုံတွဲသည် ဤခြံကြီးတွင် ၂၀၁၄ ခုနှစ်အတွင်း လက်ထပ်ခဲ့ကြပြီး အားလပ်ရက်များတွင် ကလေးများနှင့်အတူ ယခုခြံဝန်းသို့ လာရောက်အပန်းဖြေလေ့ရှိကြသည်”ဟု တရားရုံး စာရွက်စာတမ်းများတွင် ဖော်ပြသည်။

 

(အင်ဂျလီနာဂျိုလီက သူမ၏ ဝေစုကို ရောင်းချလိုက်သောကြောင့် ဘရက်ပစ်က တရားရုံးတွင် ဦးတိုက်လျှောက်ထားကာ တရားစွဲခဲ့သည်)

(Château Miraval ဝိုင်ထုတ်လုပ်ရေးခြံကြီးနှင့် စပ်လျဉ်းပြီး နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ်ကို အင်ဂျလီနာဂျိုလီက ဖောက်ဖျက်ခဲ့ကြောင်း ဘရက်ပစ်က စွပ်စွဲထားသည်)

“ဤစပျစ်ခြံသည် ဘရက်ပစ်၏ မြတ်န်ိုးသည့်အရာတစ်ခုဖြစ်သည့်အပြင် အမြတ်ရနိုင်သည့် လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ ဘရက်ပစ်၏ ဦးဆောင်မှုအောက်တွင် ဝိုင်လုပ်ငန်းမှာ ဒေါ်လာသန်းပေါင်းများစွာတန်သည့် နိုင်ငံတကာ လုပ်ငန်းတစ်ခုဖြစ်လာပြီး ကမ္ဘာ့အထင်ရှားဆုံး နှင်းဆီဝိုင်ထုတ်လုပ်သူများတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။ အင်ဂျလီနာ ဂျိုလီသည် Miraval ၏ အောင်မြင်မှုအတွက် မည်သည့်အထောက်အကူမျှ မပေးခဲ့။ ဘရက်ပစ်မှသာ ငွေအား၊ လူအားများ စိုက်ထုတ်ခဲ့ရသည်”ဟု တရားရုံးမှတ်တမ်းတွင် ဖော်ပြသည်။

တရားရုံးမှတ်တမ်းများအရ အင်ဂျလီနာဂျိုလီသည် သူမ၏ ဝေစုကို Tenute del Mondo ကုမ္ပဏီထံ ရောင်းချခဲ့သည်ဟု ဆိုသည်။

ဘရက်ပစ်၏ ပြောကြားချက်အရ Tenute del Mondo သည် ရန်လိုသည့်ပြိုင်ဘက်ဖြစ်ပြီး Miraval ကို ထိန်းချုပ်လိုသည့် ကုမ္ပဏီဖြစ်သည်ဟု ဆိုသည်။

Tenute del Mondo ကို သွယ်ဝိုက်ပိုင်ဆိုင်ထိန်းချုပ်ထားသူမှာ ရုရှားဘီလျံနာ Yuri Shefler ဖြစ်သည်။

ရုရှားက ယူကရိန်းအား ကျူးကျော်တိုက်ခိုက်မှုများကြောင့် Yuri Shefler ၏ အခြားသော လုပ်ငန်းများမှာ သပိတ်မှောက်ကြရန် တောင်းဆိုခြင်းခံရလျက်ရှိသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း Yuri Shefler အား ရုရှား၏ ခရိုနီတစ်ဦးအဖြစ် သတ်မှတ်ထားသည်။

(ယခုခြံကြီးမှ နာမည်ကျော်ဆုရ နှင်းဆီဝိုင်များကို ပြင်သစ်ဝိုင်ကုမ္ပဏီတစ်ခုဖြစ်သော Famille Perrin နှင့် လက်တွဲကာ ထုတ်လုပ်သည်)

တရားရုံးမှတ်တမ်းများအရ အင်ဂျလီနာဂျိုလီသည် ဘရက်ပစ်၏ အောင်မြင်နေသော ဝိုင်လုပ်ငန်းကို ထိုးနှက်ရန် အကြံဖြင့် နှစ်ဦးသဘောတူစာချုပ်ကို သိသိနှင့်ဖောက်ဖျက်ခဲ့ခြင်းဖြစ်ကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဘရက်ပစ်က စွပ်စွဲထားကြောင်း ဖော်ပြသည်။

Shefler သည် Miraval ကို ထိန်းချုပ်နိုင်ရန် ကြိုးစားလိမ့်မည်ဟု အင်ဂျလီနာဂျိုလီက တွက်ဆခဲ့ကြောင်း ဘရက်ပစ်က ပြောသည်။

“ဂျိုလီမှန်းဆသည့်အတိုင်း Shefler က လုပ်ဆောင်ခဲ့သည်။ Miraval တွင်ရှိသော အင်ဂျလီနာဂျိုလီ၏ ပိုင်ဆိုင်မှုကို ဝယ်ယူကာ ပြိုင်ဘက်လုပ်ငန်းကို ထိန်းချုပ်ရန်နှင့် Miraval ၏ လုပ်ငန်းဆောင်တာများ မတည်မငြိမ်ဖြစ်စေရန် Shefler က ပြုလုပ်ခဲ့သည့်အပြင် လုပ်ငန်းလျှို့ဝှက်ချက်များကိုလည်း ရယူနိုင်ရန် ကြိုးစားလာသည်”ဟု ဘရက်ပစ်က စွပ်စွဲထားကြောင်း တရားရုံးမှတ်တမ်းတွင် ဖော်ပြသည်။

အင်ဂျလီနာဂျိုလီသည် ဘရက်ပစ်အား သူစိမ်းတစ်ဦး၊ ပို၍ဆိုးသည်မှာ အဆိပ်ရှိသော အဖွဲ့အစည်း၊ အဆိပ်ရှိသော အကြံအစည်ရှိသူများနှင့် လက်တွဲစေရရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဘရက်ပစ်က တင်ပြထားသည်။

(ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့သည် ၂၀၀၈ ခုနှစ်အတွင်းက ကလး ၆ ဦးနှင့်အတူတကွ ရှိခဲ့ကြသည်။ ပြင်သစ်မှ Château Miraval ခြံကြီးထဲတွင် ၂၀၁၄ ခုနှစ်အတွင်း လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး ယခုခြံကြီးထဲတွင် အချိန်ကာလများစွာ အတူတကွ ဖြတ်သန်းခဲ့ကြဖူးသည်)

Château Miraval ခြံကြီးကို အင်ဂျလီနာဂျိုလီက သူမ၏ Nouvel ကုမ္ပဏီမှတဆင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

ယခုအမှုကို လာမည့် ဇူလိုင်လ ၁၉ ရက်တွင် စတင်ကြားနာစစ်ဆေးမည် ဖြစ်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Brad Pitt demands trial by jury against Angelina Jolie over French wine estate (nypost)

 

 

[Zawgyi]

ဘရက္ပစ္က ဇနီးေဟာင္း အင္ဂ်လီနာဂ်ိဳလီအား ဧက ၁၀၀၀ ျခံ အသိမေပးဘဲေရာင္းခ်မႈျဖင့္ တရားစြဲ

 

ဂၽြန္နီဒက္ပ္က ဇနီးေဟာင္းကို တရားစြဲခဲ့သည့္အမႈ ဟိုးေလးတေက်ာ္ျဖစ္ေနသည္မွာ မၾကာေသးမီ ရက္ပိုင္းကမွ အမႈျပီးျပတ္သြားျပီးေနာက္ ယခုအခါ ကမၻာေက်ာ္ စံုတြဲတစ္တြဲ၏ အမႈ ေပၚေပါက္လာျပန္သည္။

ေဟာလိဝုဒ္ၾကယ္ပြင့္ ဘရက္ပစ္က ဇနီးေဟာင္း အင္ဂ်လီနာဂ်ဳိလီအား ျပင္သစ္ႏိုင္ငံရွိ ႏွစ္ဦးပိုင္ ဧက ၁၀၀၀ က်ယ္ဝန္းေသာ စပ်စ္ျခံႏွင့္ ဝိုင္ထုတ္လုပ္ေရးျခံဝန္းၾကီးအား ပူးတြဲပိုင္ဆိုင္သူ မိမိအား အသိမေပးဘဲ သူမ၏ ေဝစုကို ေရာင္းခ်ခဲ့ျခင္းေၾကာင့္ တရားစြဲရန္ တင္ျပေလွ်ာက္ထားခဲ့သည္။

စပ်စ္ျခံၾကီး၏ အမည္မွာ Château Miraval ဟု အမည္ရျပီး ျပင္သစ္ႏိုင္ငံေတာင္ပိုင္းတြင္ တည္ရွိသည္။

အင္ဂ်လီနာဂ်ဳိလီက သူမ ပိုင္ဆိုင္ေသာ ပုိင္ဆိုင္မႈတစ္ဝက္ကို ဘရက္ပစ္အား အသိမေပးဘဲ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

တရားရံုးစာရြက္စာတမ္းမ်ားအရ ဘရက္ပစ္က ကယ္လီဖုိးနီးယားျပည္နယ္၊ တရားလႊတ္ေတာ္တြင္ ဇြန္လ ၃ ရက္ေန႔က တရားစြဲခြင့္ျပဳရန္ ဦးတိုက္ေလွ်ာက္ထားခဲ့ျခင္း ျဖစ္သည္။

Château Miraval ျခံၾကီးတြင္ အေျခစိုက္ေသာ Château Miraval S.A. ကုမၸဏီအား ထိန္းခ်ဳပ္ႏိုင္သည့္ ရွယ္ယာမ်ား ၂၀၀၈ ခုႏွစ္အတြင္း ဘရက္ပစ္ႏွင့္ အင္ဂ်လီနာဂ်ဳိလီတို႔ အတူဝယ္ယူခဲ့ျခင္း ျဖစ္ျပီး ျခံဝန္းၾကီးအတြင္း စံအိမ္တစ္လံုးႏွင့္ စပ်စ္ျခံမ်ား ေပါင္းစပ္ထားသည္။

“ဘရက္ပစ္ႏွင့္ အင္ဂ်လီနာဂ်ဳိလီတို႔သည္ Château Miraval ျခံၾကီးကို ကေလးမ်ားႏွင့္ အတူေနထုိင္ရာ စံအိမ္အျဖစ္လည္းေကာင္း၊ စပ်စ္ျခံကို မိသားစုလုပ္ငန္းအျဖစ္လည္းေကာင္း ဝယ္ယူခဲ့ၾကျခင္း ျဖစ္သည္။ တစ္ဦးမသိဘဲ အျခားတစ္ဦးက မိမိ၏ ေဝစုအား မည္သည့္အခါမွ် မေရာင္းခ်ရန္ ႏွစ္ဦး သေဘာတူထားခဲ့ၾက သည္။ ၎တို႔ စံုတြဲသည္ ဤျခံၾကီးတြင္ ၂၀၁၄ ခုႏွစ္အတြင္း လက္ထပ္ခဲ့ၾကျပီး အားလပ္ရက္မ်ားတြင္ ကေလးမ်ားႏွင့္အတူ ယခုျခံဝန္းသို႔ လာေရာက္အပန္းေျဖေလ့ရွိၾကသည္”ဟု တရားရံုး စာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပသည္။

(အင္ဂ်လီနာဂ်ဳိလီက သူမ၏ ေဝစုကို ေရာင္းခ်လိုက္ေသာေၾကာင့္ ဘရက္ပစ္က တရားရံုးတြင္ ဦးတိုက္ေလွ်ာက္ထားကာ တရားစြဲခဲ့သည္)

(Château Miraval ဝိုင္ထုတ္လုပ္ေရးျခံၾကီးႏွင့္ စပ္လ်ဥ္းျပီး ႏွစ္ဦးသေဘာတူ လက္မွတ္ေရးထုိးထားသည့္ သေဘာတူစာခ်ဳပ္ကို အင္ဂ်လီနာဂ်ဳိလီက ေဖာက္ဖ်က္ခဲ့ေၾကာင္း ဘရက္ပစ္က စြပ္စြဲထားသည္)

“ဤစပ်စ္ျခံသည္ ဘရက္ပစ္၏ ျမတ္ႏို္းသည့္အရာတစ္ခုျဖစ္သည့္အျပင္ အျမတ္ရႏိုင္သည့္ လုပ္ငန္းတစ္ခုလည္း ျဖစ္သည္။ ဘရက္ပစ္၏ ဦးေဆာင္မႈေအာက္တြင္ ဝုိင္လုပ္ငန္းမွာ ေဒၚလာသန္းေပါင္းမ်ားစြာတန္သည့္ ႏိုင္ငံတကာ လုပ္ငန္းတစ္ခုျဖစ္လာျပီး ကမၻာ့အထင္ရွားဆံုး ႏွင္းဆီဝိုင္ထုတ္လုပ္သူမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္လာခဲ့သည္။ အင္ဂ်လီနာ ဂ်ဳိလီသည္ Miraval ၏ ေအာင္ျမင္မႈအတြက္ မည္သည့္အေထာက္အကူမွ် မေပးခဲ့။ ဘရက္ပစ္မွသာ ေငြအား၊ လူအားမ်ား စိုက္ထုတ္ခဲ့ရသည္”ဟု တရားရံုးမွတ္တမ္းတြင္ ေဖာ္ျပသည္။

တရားရံုးမွတ္တမ္းမ်ားအရ အင္ဂ်လီနာဂ်ဳိလီသည္ သူမ၏ ေဝစုကို Tenute del Mondo ကုမၸဏီထံ ေရာင္းခ်ခဲ့သည္ဟု ဆိုသည္။ ဘရက္ပစ္၏ ေျပာၾကားခ်က္အရ Tenute del Mondo သည္ ရန္လိုသည့္ျပိဳင္ဘက္ျဖစ္ျပီး Miraval ကို ထိန္းခ်ဳပ္လိုသည့္ ကုမၸဏီျဖစ္သည္ဟု ဆိုသည္။

Tenute del Mondo ကို သြယ္ဝိုက္ပိုင္ဆိုင္ထိန္းခ်ဳပ္ထားသူမွာ ရုရွားဘီလ်ံနာ Yuri Shefler ျဖစ္သည္။

ရုရွားက ယူကရိန္းအား က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားေၾကာင့္ Yuri Shefler ၏ အျခားေသာ လုပ္ငန္းမ်ားမွာ သပိတ္ေမွာက္ၾကရန္ ေတာင္းဆိုျခင္းခံရလ်က္ရွိသည္။

အေမရိကန္ဘ႑ာေရးဝန္ၾကီးဌာနကလည္း Yuri Shefler အား ရုရွား၏ ခရိုနီတစ္ဦးအျဖစ္ သတ္မွတ္ထားသည္။

(ယခုျခံၾကီးမွ နာမည္ေက်ာ္ဆုရ ႏွင္းဆီဝိုင္မ်ားကို ျပင္သစ္ဝိုင္ကုမၸဏီတစ္ခုျဖစ္ေသာ Famille Perrin ႏွင့္ လက္တြဲကာ ထုတ္လုပ္သည္)

တရားရံုးမွတ္တမ္းမ်ားအရ အင္ဂ်လီနာဂ်ဳိလီသည္ ဘရက္ပစ္၏ ေအာင္ျမင္ေနေသာ ဝိုင္လုပ္ငန္းကို ထိုးႏွက္ရန္ အၾကံျဖင့္ ႏွစ္ဦးသေဘာတူစာခ်ဳပ္ကို သိသိႏွင့္ေဖာက္ဖ်က္ခဲ့ျခင္းျဖစ္ကာ ရည္ရြယ္ခ်က္ရွိရွိ လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္ဟု ဘရက္ပစ္က စြပ္စြဲထားေၾကာင္း ေဖာ္ျပသည္။

Shefler သည္ Miraval ကို ထိန္းခ်ဳပ္ႏုိင္ရန္ ၾကိဳးစားလိမ့္မည္ဟု အင္ဂ်လီနာဂ်ဳိလီက တြက္ဆခဲ့ေၾကာင္း ဘရက္ပစ္က ေျပာသည္။ “ဂ်ဳိလီမွန္းဆသည့္အတိုင္း Shefler က လုပ္ေဆာင္ခဲ့သည္။ Miraval တြင္ရွိေသာ အင္ဂ်လီနာဂ်ိဳလီ၏ ပိုင္ဆိုင္မႈကို ဝယ္ယူကာ ျပိဳင္ဘက္လုပ္ငန္းကို ထိန္းခ်ဳပ္ရန္ႏွင့္ Miraval ၏ လုပ္ငန္းေဆာင္တာမ်ား မတည္မျငိမ္ျဖစ္ေစရန္ Shefler က ျပဳလုပ္ခဲ့သည့္အျပင္ လုပ္ငန္းလွ်ိဳ႕ဝွက္ခ်က္မ်ားကိုလည္း ရယူႏိုင္ရန္ ၾကိဳးစားလာသည္”ဟု ဘရက္ပစ္က စြပ္စြဲထားေၾကာင္း တရားရံုးမွတ္တမ္းတြင္ ေဖာ္ျပသည္။

အင္ဂ်လီနာဂ်ဳိလီသည္ ဘရက္ပစ္အား သူစိမ္းတစ္ဦး၊ ပို၍ဆိုးသည္မွာ အဆိပ္ရွိေသာ အဖြဲ႔အစည္း၊ အဆိပ္ရွိေသာ အၾကံအစည္ရွိသူမ်ားႏွင့္ လက္တြဲေစရရန္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ဘရက္ပစ္က တင္ျပထားသည္။

(ဘရက္ပစ္ႏွင့္ အင္ဂ်လီနာဂ်ဳိလီတို႔သည္ ၂၀၀၈ ခုႏွစ္အတြင္းက ကလး ၆ ဦးႏွင့္အတူတကြ ရွိခဲ့ၾကသည္။ ျပင္သစ္မွ Château Miraval ျခံၾကီးထဲတြင္ ၂၀၁၄ ခုႏွစ္အတြင္း လက္ထပ္ခဲ့ၾကျခင္းျဖစ္ျပီး ယခုျခံၾကီးထဲတြင္ အခ်ိန္ကာလမ်ားစြာ အတူတကြ ျဖတ္သန္းခဲ့ၾကဖူးသည္)

Château Miraval ျခံၾကီးကို အင္ဂ်လီနာဂ်ဳိလီက သူမ၏ Nouvel ကုမၸဏီမွတဆင့္ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

ယခုအမႈကို လာမည့္ ဇူလိုင္လ ၁၉ ရက္တြင္ စတင္ၾကားနာစစ္ေဆးမည္ ျဖစ္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Brad Pitt demands trial by jury against Angelina Jolie over French wine estate (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service