တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင် - Property News in Myanmar from iMyanmarHouse.com
15 Aug 2025 10:53 am တွင် တင်ခဲ့သည်
506 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်မှ သိပ္ပံပညာရှင်အဖွဲ့သည် ဆယ်စုနှစ်နှင့်ချီကာ ဆီးချိုရောဂါကုသရေးကို သုတေသနပြုလုပ်ခဲ့ရာ ဆဲလ်ကုထုံးဖြင့် Type 1 (T1D ) နှင့် Type 2 (T2D) ၂ မျိုးလုံးကို အမြစ်ပြတ်အောင်မြင်စွာ ကုသနိုင်ခဲ့ပြီ ဖြစ်သည်။

တရုတ်ပြည်မှ ဆီးချို အမြတ်ပြတ်ကုသနိုင်သည့် ကုထုံးပေါ်ပေါက်လာမှုမှာ ဒေါ်လာ ၂၀ ဘီလီယံတန်ကြေးရှိ အမေရိကန် အင်ဆူလင် လုပ်ငန်းနယ်ပယ်ကို ဂယက်ရိုက်လှုပ်ခတ်စေသည့် သတင်းလည်း ဖြစ်ခဲ့သည်။

ယခုကုထုံးသည် အင်ဆူလင်ကို တစ်သက်လုံးမှီခိုနေရစေမည့် လုပ်ငန်းများ၏ အမြတ်အစွန်းကို ထိခိုက်စေမည် ဖြစ်သည်။

ရောဂါအမြစ်ပြတ် စမ်းသပ်ပျောက်ကင်းသွားသူများထဲတွင် ဆီးချိုရောဂါကို ၂၅ နှစ်ကျော် ခံစားခဲ့ရသည့် အသက် ၅၉ နှစ်အရွယ် လူနာတစ်ဦးလည်း ပါဝင်သည်ဟု ဆိုသည်။

ယခုလေ့လာတွေ့ရှိချက်များကို Cell Discovery တွင် ဖော်ပြထားပြီးဖြစ်ကာ stem cell အစားထိုးကုထုံးဖြင့် ဆီးချိုရောဂါကို ကမ္ဘာ့ပထမဆုံး အမြစ်ပြတ်ကုသနိုင်မှုအဖြစ်လည်း သမိုင်းဝင်ခဲ့သည်။

Stem cell ကုထုံးကို တွေ့ရှိခဲ့သော သုတေသနပညာရှင်များမှာ တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ရှိ Shanghai Changzheng ဆေးရုံမှ ဖြစ်သည်။

“Type 2 ဆီးချို (T2D) ဖြစ်ပွားရတဲ့အကြောင်းက ဘီတာဆဲလ် (ẞ-cell) တွေ လျော့နည်းလာမှုကြောင့် ကျွန်းကလေးဆဲလ်တွေရဲ့ လုပ်ဆောင်ချက်တွေ တဖြည်းဖြည်းကျဆင်းလာပြီး သွေးကြောတစ်သျှူးတွေမှာ အင်ဆူလင် ခုခံမှုတွေ ပေါ်ပေါက်လာလို့ ဖြစ်ပါတယ်။

T2D လူနာ ၃ ပုံ ၁ ပုံလောက်က အင်ဆူလင်အပေါ် မှီခိုနေကြရပါတယ်။ အင်ဆူလင် မှီခိုရတဲ့ ဆီးချိုမှာ ကျွန်းကလေးဆဲလ် အစားထိုးကုသမှုဟာ ထိရောက်တဲ့ ကုသမှု ဖြစ်ပါတယ်” ဟု သုတေသနပညာရှင်တို့က ပြောထားသည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် တရုတ်သိပ္ပံပညာရှင်တို့သည် လူနာကိုယ်တိုင်၏ သွေးဆဲလ်များဖြင့် ပင်မဆဲလ် (stem cell) များ ထုတ်လုပ်ကာ ပန်ကရိယ ကျွန်းကလေးဆဲလ်များအဖြစ် ပြောင်းလဲပေးခဲ့သည်။

ထိုသို့ stem cell အစားထိုးကုသပေးမှုဖြင့် အင်ဆူလင် မှီခိုနေရသော လူနာကို ၁၁ ပတ်အတွင်း အမြစ်ပြတ် ကုသနိုင်သည်ကို တွေ့ရသည်။

ယင်းနောက်ပိုင်းတွင် သောက်ဆေးကို တစထက်တစ လျှော့ချလာနိုင်ပြီး နောက်ဆုံးတွင် အမြစ်ပြတ် ပျောက်ကင်းသွားသည်ကို တွေ့ရသည်။

((ကျွန်းကလေးဆဲလ်ရဲ့ အခန်းကဏ္ဍ))

ကျွန်းကလေးဆဲလ်များသည် ပန်ကရိယအတွင်းရှိ islets of Langerhans ဟုခေါ်သော cluster ငယ်များထဲတွင် တည်ရှိပြီး သွေးတွင်းသကြားဓာတ် ထိန်းညှိရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ လုပ်ဆောင်သူ ဖြစ်သည်။

ပန်ကရိယထဲတွင် ကျွန်းကလေး ဆဲလ်အမျိုးအစား အမျိုးမျိုးရှိပြီး ခန္ဓာကိုယ်၏ သကြားဓာတ်ထိန်းညှိရေး အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြသည်။

ကျွန်းကလေးဆဲလ်များ၏ အဓိကအစိတ်အပိုင်းမှာ ဘီတာဆဲလ်များဖြစ်ပြီး အင်ဆူလင်ထုတ်လုပ်သူ ဖြစ်သည်။

အင်ဆူလင်သည် ဆဲလ်များကို တံခါးဖွင့်ပေးသည့် သော့သဖွယ် လုပ်ဆောင်သည်။ ထိုသို့ ဆဲလ်များကို တံခါးဖွင့်ပေးလိုက်ခြင်းအားဖြင့် သွေးတွင်းမှ ဂလူးကို့ (သကြားဓာတ်) ကို စုပ်ယူနိုင်စေသည်။

ထိုဖြစ်စဉ်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါသည်။ ဆဲလ်များ အလုပ်ကောင်းကောင်းလုပ်နိုင်ရေးအတွက် ဂလူးကို့စ်က စွမ်းအင်ပေးခြင်း ဖြစ်သည်။

ဆီးချိုဝေဒနာရှင်များတွင် ကျွန်းကလေးဆဲလ်များ၏ မျှခြေမှာ ပျက်ယွင်းသွားသည်။

T1D ဆီချိုတွင် ကိုယ်ခံအားစနစ်က ဘီတာဆဲလ်များကို မှားယွင်းတိုက်ခိုက် ဖျက်ဆီးကြရာ အင်ဆူလင် ထုတ်လုပ်နိုင်ခြင်း မရှိတော့ချေ။

အင်ဆူလင်မရှိတော့ပါက ဆဲလ်များက ဂလူးကို့စ်ကို မစုပ်ယူနိုင်တော့ဘဲ သွေးထဲတွင် သကြားဓာတ်များ စုပုံလာပြီး ပြင်းထန်သည့် နှလုံးရောဂါအထိ ဖြစ်စေနိုင်သည်။

T2D တွင်မူ အင်ဆူလင်ကို ခုခံခြင်း ဖြစ်သည်။

ခန္ဓာကိုယ်မှ ဆဲလ်များက အင်ဆူလင်ကို တုံ့ပြန်မှု အားနည်းလာရာ ဂလူးကို့စ်မှာ ဆဲလ်များထဲသို့ ဝင်နိုင်ရန် ခက်ခဲလာသည်။

အကျိုးဆက်အားဖြင့် ပန်ကရိယမှာ အင်ဆူလင်များ ပိုထုတ်ရတော့သည်။

နောက်ဆုံးတွင် ဘီတာဆဲလ်များ ပင်ပန်းလာပြီး အင်ဆူလင် ထုတ်လုပ်မှု ကျဆင်းလာတော့သည်။

အခြားသော ကျွန်းကလေးဆဲလ်များ၏ အခန်းကဏ္ဍမှာလည်း အရေးပါသည်။

အယ်လ်ဖာဆဲလ်တို့သည် လိုအပ်ချိန်တွင် သွေးတွင်းသကြားဓာတ်မြှင့်တင်ပေးသည့် ဟော်မုန်းဖြစ်သော glucagon ကို ထုတ်လုပ်ပေးသည်။ အထူးသဖြင့် အစာမစားဘဲ ဥပုသ်စောင့်ချိန်များတွင် ဖြစ်သည်။

ဒယ်လ်တာ ဆဲလ်တို့သည်ကား somatostatin ကို ထုတ်လုပ်ပေးသည်။

Somatostatin မှာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စွာ ထိန်းထားနိုင်ရေးအတွက် အင်ဆူလင် ထုတ်လုပ်မှုနှင့် glucagon ထုတ်လုပ်မှုကို ထိန်းညှိပေးသူ ဖြစ်သည်။

ဤတွင် ဆီးချိုဝေဒနာရှင်တို့အနေဖြင့် မိမိဘာသာ မေးရမည့် မေးခွန်းတစ်ခု ပေါ်ပေါက်လာသည်။ ရောဂါကို အမြစ်ပြတ်ကုသမည်လော…တစ်သက်လုံး အင်ဆူလင်ထိုးနေမည်လော

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Stem-Cell Therapy Success in China Marks Milestone in Type 1 Diabetes Treatment

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service