Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက် - Property News in Myanmar from iMyanmarHouse.com
14 Aug 2025 12:09 pm တွင် တင်ခဲ့သည်
323 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကမ္ဘာ့ထိပ်သီး နည်းပညာကုမ္ပဏီကြီးများ အခြေစိုက်သည့် ဆီလီကွန်တောင်ကြားဟု နာမည်ကျော်သော Palo Alto မြို့သည် သစ်ပင်ကြီးများဖြင့် စိမ်းလန်းဝေဆာသော လမ်းများ၊ စက်ဘီးပတ်စီးနေသည့် ကလေးငယ်များဖြင့် အေးချမ်းသောနေရာလေးတစ်ခု ဖြစ်သည်။

တိတ်ဆိတ်အေးချမ်းသော ဒေသလေးကို ယခုအခါ Meta ၏ စီအီးအို Mark Zuckerberg က ခြံနေရာများ ဆက်တိုက်ဝယ်ယူကာ အပိုင်စီးလာကြောင်း ဒေသခံတို့က ပြောသည်။

Mark Zuckerberg နှင့် ဇနီးဖြစ်သူ ပရစ်ဆီလာ ချန်းတို့သည် ထိုဒေသသို့ ၂၀၁၁ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပြီးနောက်ပိုင်း Edgewood Drive လမ်းနှင့် Hamilton Avenue လမ်းတို့တွင် အိမ်ပေါင်း ၁၁ သန်းခန့်ကို ဒေါ်လာ သန်း ၁၁၀ ကျော် သုံးစွဲကာ ဝယ်ယူထားပြီး ဖြစ်သည်။

ယင်းအနက် ကပ်လျက်တည်ရှိသော ခြံဝန်း ၅ ခုကို တစ်ခြံတည်းအဖြစ် ပေါင်းစည်းလိုက်သည်။

ထို့နောက် Mark Zuckerberg က ၎င်းတို့စုံတွဲနှင့် သမီး ၃ ဦးအတွက် မွမ်းမံဆောက်လုပ်မှုများ ပြုလုပ်ခဲ့ရာ ဧည့်ဂေဟာအိမ်များ၊ စိမ်းလန်းသာယာသော ပန်းဥယျာဉ်များ၊ pickleball ကစားကွင်းနှင့် ရေကူးကန်တို့ ပါဝင်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာကြီးက ဖော်ပြသည်။

(တချိန်က အေးချမ်းခဲ့သော၊ ချစ်ခင်စည်းလုံးခဲ့သော နေရာလေးမှာ Mark Zuckerberg ၏ ၁၄ နှစ်တာအတွင်း ဝါးမြိုချဲ့ထွင်မှုကြောင့် ဘီလျံနာ၏ သီးသန့်ရပ်ကွက်သဖွယ်ဖြစ်သွားကြောင်း ဒေသခံတို့က ပြောသည်။ ဓာတ်ပုံ-FilmMagic)

(Mark Zuckerberg သည် အိမ်ပေါင်း ၁၁ ခန့် ဝယ်ယူခဲ့ရာတွင် ဈေးကွက်ပေါက်ဈေးထက် ပိုပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်ကာ စုစုပေါင်း ဒေါ်လာ သန်း ၁၁၀ ခန့် သုံးစွဲခဲ့သည်။ ဓာတ်ပုံ-Splash News)

အနီးရှိ ကျန်နေအိမ် အဆောက်အအုံများကိုမူ ဖျော်ဖြေရေးနေရာ၊ outdoor ပွဲလမ်းများအတွက် စုဝေးရာနေရာအဖြစ် အသုံးပြုထားသည်။

ထို့အပြင် ကလေး ၁၄ ယောက်အတွက် သီးသန့် စာသင်ကျောင်းလည်း ထားရှိရာ Palo Alto ၏ စည်းမျဉ်းများအရ ဥပဒေနှင့် မကိုက်ညီချေ။

ကျယ်ပြောလှသော ခြံဝန်းကြီးအလယ်တွင်ကား Mark Zuckerberg က ဇနီးဖြစ်သူအတွက် သွန်းလုပ်ပေးထားသော အမြင့် ၇ ပေရှိ ရုပ်တုကြီးတစ်ခုရှိသည်။

(ဆက်စပ်သတင်း))

Mark Zuckerberg က နေအိမ်နောက်ဘက် ခြံဝန်းအတွင်း ဇနီးဖြစ်သူ ပရစ်ဆီလာ၏ ရုပ်တုကြီး စိုက်ထူထားရှိ

https://www.iMyanmarHouse.com/news/read/1120633

 

စံအိမ်ကြီး၏ အောက်ဘက်တွင် စတုရန်းပေ ၇၀၀၀ ကျယ်ဝန်းသော မြေအောက်ခန်းကြီး ရှိသည်ဟု ဆိုသည်။

 

(ဓာတ်ပုံ-Falon Wriede / NY Post Design)

Mark Zuckerberg သည် သူ၏ ကြီးမားကျယ်ဝန်းလှသော ခြံဝန်းကြီးတွင် ၈ နှစ်တာအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ အဆက်မပြတ်လုပ်ဆောင်နေခဲ့ရာ လမ်းများမှာ စက်ယန္တရားကြီးများဖြင့် ပိတ်ဆို့နေခဲ့ပြီး ရပ်ထားသော ကားတို့၏ နောက်ကြည့်မှန်များကိုပင် တိုက်ချသွားလေ့ရှိကြောင်း ဒေသခံတို့က ပြောသည်။

ဒေသခံတို့ စိတ်ပျက်နေသည့် အခြားအကြောင်းတစ်ခုမှာ စောင့်ကြည့်ခံနေရသည့် ကိစ္စဖြစ်သည်။

မိမိတို့၏ ခြံဝန်းများဘက်သို့ ကင်မရာများ လှည့်ထားပြီး လုံခြုံရေးအစောင့်များ အသင့်ရှိနေသည့် ကားများလည်းရှိနေကြောင်း၊ အများပြည်သူအသုံးပြုသည့်လမ်းပေါ် သွားလာနေသူများကို ဗွီဒီယိုရိုက်ကာ စစ်ဆေးမေးမြန်းလေ့ရှိကြောင်း အိမ်နီးချင်းတို့က ပြောသည်။

 

(Mark Zuckerberg က အိမ်ခြံဝန်း ၅ ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်သည့်အပြင် စတုရန်းပေ ၇၀၀၀ ကျယ်ဝန်းသော မြေအောက်ခန်းကြီးလည်း ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-Splash News)

(အိမ်ခြံမြေဈေးကြီးကာ နေအိမ်ရှားပါးလှသော နည်းပညာမြို့တော်တွင် Mark Zuckerberg ၏ အချို့အိမ်များမှာ လူမရှိဘဲ ဖြစ်နေပြီး အိမ်တစ်လုံးကိုမူ ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်ကျောင်းအဖြစ် ဖွင့်လှစ်ထားသည်။ ဓာတ်ပုံ-Bloomberg via Getty Images)

 

အာဏာပိုင်တို့မှာလည်း Mark Zuckerberg ကို မျက်နှာလိုက်ကြကြောင်း အချို့က ဝေဖန်သည်။

သာဓကအားဖြင့် Mark Zuckerberg တို့ မိသားစု barbecue ပွဲ ကျင်းပရန်အတွက် ကားမရပ်ရ tow-away ဇုန်အဖြစ် ရဲတပ်ဖွဲ့က နာရီပေါင်းများစွာ သတ်မှတ်ပေးခဲ့ခြင်းကို ထောက်ပြကြသည်။

(နှစ်ပေါင်းများစွာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဆူညံသံများ၊ အလွန်အမင်း စောင့်ကြည့်ခံရခြင်းများ၊ မြို့အာဏာပိုင်တို့က Mark Zuckerberg အပေါ် မျက်နှာသာပေးမှုများ၊ ရဲတပ်ဖွဲ့က ကျောထောက်နောက်ခံ ပေးထားသည့် ပွဲလမ်းများကို ဒေသခံတို့က စောဒကတက်ကြသည်။ ဓာတ်ပုံ-AP)

 

(Mark Zuckerberg ၏ အဆက်အပြတ် ပိုင်နက်ချဲ့ထွင်နေမှုများကို အိမ်နီးချင်းတို့ စိတ်ပျက်နေကြသည်။ ဓာတ်ပုံ-CBS)

(မိသားစုဆန်စွာ နေထိုင်ခဲ့ကြသော ဝန်းကျင်တစ်ခုဖြစ်သည်။ ဓာတ်ပုံ- CBS) (Mark Zuckerberg က တစထက်တစ ပိုင်နက်ချဲ့ထွင်လာမှုကို ဒေသခံတို့ ဝေဖန်နေကြသည်။ ဓာတ်ပုံ-CBS)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Mark Zuckerberg angers locals in tony Silicon Valley enclave over 11-home, $110M compound: ‘They’ve occupied our neighborhood’

Photo Credit-CBS, Bloomberg via Getty Images, AP, SplashNews, FlimMagic, Falon Wriede / NY Post Design

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service