Mark Zuckerberg က နေအိမ်နောက်ဘက်ခြံဝန်းအတွင်း ဇနီးဖြစ်သူ ပရစ်ဆီလာ၏ ရုပ်တုကြီး စိုက်ထူထားရှိ

Mark Zuckerberg က နေအိမ်နောက်ဘက်ခြံဝန်းအတွင်း ဇနီးဖြစ်သူ ပရစ်ဆီလာ၏ ရုပ်တုကြီး စိုက်ထူထားရှိ - Property Knowledge in Myanmar from iMyanmarHouse.com
19 Aug 2024 11:25 am တွင် တင်ခဲ့သည်
3175 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

Meta တည်ထောင်သူ ဘီလျံနာ Mark Zuckerberg က ဇနီးဖြစ်သူ ပရစ်ဆီလာ၏ ထူးခြားသော ပုံတူရုပ်တု ကြီးတစ်ခုကို ထုတ်ဖော်ပြသလာသည်။

ဖေ့စ်ဘုတ်နှင့် အင်စတာဂရမ်တို့၏ ပိုင်ရှင် အသက် ၄၀ အရွယ်ရှိ Mark Zuckerberg က ပရစ်ဆီလာ၏ ရုပ်တု ဓာတ်ပုံတစ်ခုကို လူမှုကွန်ရက်တွင် ထုတ်ဖော်ပြသလာရာ အဆိုပါ ရုပ်တုမှာ အစိမ်းရောင်ကြေး၊ စတီးတို့ဖြင့် ပြုလုပ်ထားပုံရသည်။

“ဇနီးဖြစ်သူ၏ ပုံတူရုပ်တု သွန်းလောင်းကြသော ရောမယဉ်ကျေးမှုကို ပြန်လည်ဆောင်ကျဉ်းပေးခြင်း”ဟု Mark Zuckerberg က Caption ရေးသားခဲ့သည်။

ထိုရုပ်တုရှေ့တွင် အသက် ၃၉ နှစ်အရွယ်ရှိ ပရစ်ဆီလာက ကော်ဖီသောက်နေပုံတွေ့ ရသည်။

ပရစ်ဆီလာ၏ ပုံတူရုပ်တုကို လက်မှုပညာရှင် Daniel Arsham က ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

(ခင်ပွန်းဖြစ်သူ Mark Zuckerberg ပြုလုပ်ပေးခဲ့သော ရုပ်တုရှေ့တွင် ပရစ်ဆီလာချန်းအား တွေ့ရပုံ။)

 

ပရစ်ဆီလာကလည်း အဆိုပါ ဓာတ်ပုံကိုပင် သူမ၏ လူမှုကွန်ရက်အကောင့်တွင် မျှဝေခဲ့သည်။

ပရစ်ဆီလာ၏ ရုပ်တုမှာ လမ်းလျှောက်ရင်း ရှေ့သို့ အေးတိအေးစက်ကြည့်နေဟန် ပုံဖော် ပြုလုပ်ထားသည်။

ပရစ်ဆီလာ၏ ရုပ်တုမှာ ဝတ်လစ်စလစ်အသွင် ပြုလုပ်ထားခြင်း ဖြစ်ဟန်ရသော်လည်း အထူးအရောင်တင် ထားသော Stainless Steel ဖြင့် ဝတ်ရုံတစ်ခု လွှမ်းခြုံထားသည့်အသွင် ဖုံးလွှမ်းပေးထားသည်။

Mark Zuckerberg က မည်သို့ စိတ်ကူးရကာ ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ကိုမူ ပြောပြခြင်း မရှိချေ။

မိတ်ဆွေသူငယ်ချင်းများနှင့် သူ၏ Follower များက အားပေးထောက်ခံကြသည်။

ရုပ်သံကြယ်ပွင့် Gayle King က မှတ်ချက်ပြုသည်မှာ နောက်ခံဇာတ်လမ်းရှိသလားဟု မှတ်ချက်ပြုခဲ့သည်။

Liz Kelley က “ယောက်ျားတွေက နေရာတိုင်းမှာ စိတ်လှုပ်ရှားအောင် လုပ်နေကြတယ်”ဟု မှတ်ချက်ပြုသည်။

Yung Vec က “ဒါမျိုးက ဘီလျံနာတွေ အလုပ်ကြဆုံးပဲ”ဟု မှတ်ချက်ပြုသည်။

Tapcancerout အမည်ရှိ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက “ငါလည်း ငါ့မိန်းမအတွက် ဒီလိုအရုပ် လုပ်ပေးရ တော့မယ် ထင်တယ်”ဟု မှတ်ချက်ပြုသည်။

(ရုပ်တုမှာ အစိမ်းရောင်ကြေးနီနှင့် အထူးအရောင်တင်ထားသော Stainless Steel တို့ဖြင့် ပြုလုပ်ထားဟန် ရသည်။)

 

 

(အာရှတိုက်၏ အချမ်းသာဆုံး သူဌေးကြီး မူကက်ရှ်အမ်ဘာနီ၏ သား မင်္ဂလာဆောင်သို့ Mark Zuckerberg တို့ ဇနီးမောင်နှံ တက်ရောက်ခဲ့ပုံ။)

 

ပရစ်ဆီလာက ၂၀၀၃ ခုနှစ်အတွင်း ဟားဗတ်တက္ကသိုလ် ပထမနှစ်တက်စဉ် Mark Zuckerberg နှင့် နေအိမ်ပါတီပွဲတစ်ခုတွင် စတင်စုံစည်းခဲ့ခြင်း ဖြစ်သည်။

Mark Zuckerberg ဘီလျံနာသူဌေးဖြစ်ပြီး မကြာမီ ၂၀၁၂ ခုနှစ်မေလတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mark Zuckerberg installs sculpture of wife Priscilla in their backyard (dailymail)

Photo Credit-dailymail

 

[Zawgyi]

Mark Zuckerberg က ေနအိမ္ေနာက္ဘက္ျခံဝန္းအတြင္း ဇနီးျဖစ္သူ ပရစ္ဆီလာ၏ ရုပ္တုၾကီး စိုက္ထူထားရွိ

Meta တည္ေထာင္သူ ဘီလ်ံနာ Mark Zuckerberg က ဇနီးျဖစ္သူ ပရစ္ဆီလာ၏ ထူးျခားေသာ ပံုတူရုပ္တု ၾကီးတစ္ခုကို ထုတ္ေဖာ္ျပသလာသည္။

ေဖ့စ္ဘုတ္ႏွင့္ အင္စတာဂရမ္တုိ႔၏ ပုိင္ရွင္ အသက္ ၄၀ အရြယ္ရွိ Mark Zuckerberg က ပရစ္ဆီလာ၏ ရုပ္တု ဓာတ္ပံုတစ္ခုကို လူမႈကြန္ရက္တြင္ ထုတ္ေဖာ္ျပသလာရာ အဆိုပါ ရုပ္တုမွာ အစိမ္းေရာင္ေၾကး၊ စတီးတို႔ျဖင့္ ျပဳလုပ္ထားပံုရသည္။

“ဇနီးျဖစ္သူ၏ ပံုတူရုပ္တု သြန္းေလာင္းၾကေသာ ေရာမယဥ္ေက်းမႈကို ျပန္လည္ေဆာင္က်ဥ္းေပးျခင္း”ဟု Mark Zuckerberg က Caption ေရးသားခဲ့သည္။

ထိုရုပ္တုေရွ႕တြင္ အသက္ ၃၉ ႏွစ္အရြယ္ရွိ ပရစ္ဆီလာက ေကာ္ဖီေသာက္ေနပံုေတြ႔ ရသည္။

ပရစ္ဆီလာ၏ ပံုတူရုပ္တုကို လက္မႈပညာရွင္ Daniel Arsham က ျပဳလုပ္ေပးခဲ့ျခင္း ျဖစ္သည္။

(ခင္ပြန္းျဖစ္သူ Mark Zuckerberg ျပဳလုပ္ေပးခဲ့ေသာ ရုပ္တုေရွ႕တြင္ ပရစ္ဆီလာခ်န္းအား ေတြ႔ရပံု။)

ပရစ္ဆီလာကလည္း အဆိုပါ ဓာတ္ပံုကိုပင္ သူမ၏ လူမႈကြန္ရက္အေကာင့္တြင္ မွ်ေဝခ့ဲသည္။

ပရစ္ဆီလာ၏ ရုပ္တုမွာ လမ္းေလွ်ာက္ရင္း ေရွ႕သို႔ ေအးတိေအးစက္ၾကည့္ေနဟန္ ပံုေဖာ္ ျပဳလုပ္ထားသည္။

ပရစ္ဆီလာ၏ ရုပ္တုမွာ ဝတ္လစ္စလစ္အသြင္ ျပဳလုပ္ထားျခင္း ျဖစ္ဟန္ရေသာ္လည္း အထူးအေရာင္တင္ ထားေသာ Stainless Steel ျဖင့္ ဝတ္ရံုတစ္ခု လႊမ္းျခံဳထားသည့္အသြင္ ဖံုးလႊမ္းေပးထားသည္။

Mark Zuckerberg က မည္သို႔ စိတ္ကူူးရကာ ယခုကဲ့သို႔ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္ကိုမူ ေျပာျပျခင္း မရွိေခ်။

မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္ သူ၏ Follower မ်ားက အားေပးေထာက္ခံၾကသည္။

ရုပ္သံၾကယ္ပြင့္ Gayle King က မွတ္ခ်က္ျပဳသည္မွာ ေနာက္ခံဇာတ္လမ္းရွိသလားဟု မွတ္ခ်က္ျပဳခဲ့သည္။

Liz Kelley က “ေယာက္်ားေတြက ေနရာတိုင္းမွာ စိတ္လႈပ္ရွားေအာင္ လုပ္ေနၾကတယ္”ဟု မွတ္ခ်က္ျပဳသည္။

Yung Vec က “ဒါမ်ဳိးက ဘီလ်ံနာေတြ အလုပ္ၾကဆံုးပဲ”ဟု မွတ္ခ်က္ျပဳသည္။

Tapcancerout အမည္ရွိ လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက “ငါလည္း င့ါမိန္းမအတြက္ ဒီလုိအရုပ္ လုပ္ေပးရ ေတာ့မယ္ ထင္တယ္”ဟု မွတ္ခ်က္ျပဳသည္။

(ရုပ္တုမွာ အစိမ္းေရာင္ေၾကးနီႏွင့္ အထူးအေရာင္တင္ထားေသာ Stainless Steel တို႔ျဖင့္ ျပဳလုပ္ထားဟန္ ရသည္။)

(အာရွတိုက္၏ အခ်မ္းသာဆံုး သူေဌးၾကီး မူကက္ရွ္အမ္ဘာနီ၏ သား မဂၤလာေဆာင္သို႔ Mark Zuckerberg တို႔ ဇနီးေမာင္ႏွံ တက္ေရာက္ခဲ့ပံု။)

ပရစ္ဆီလာက ၂၀၀၃ ခုႏွစ္အတြင္း ဟားဗတ္တကၠသိုလ္ ပထမႏွစ္တက္စဥ္ Mark Zuckerberg ႏွင့္ ေနအိမ္ပါတီပြဲတစ္ခုတြင္ စတင္စံုစည္းခဲ့ျခင္း ျဖစ္သည္။

Mark Zuckerberg ဘီလ်ံနာသူေဌးျဖစ္ျပီး မၾကာမီ ၂၀၁၂ ခုႏွစ္ေမလတြင္ ၎တို႔ႏွစ္ဦး လက္ထပ္ခ့ဲၾကသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mark Zuckerberg installs sculpture of wife Priscilla in their backyard (dailymail)

Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service