မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း

မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း - Property News in Myanmar from iMyanmarHouse.com
14 Aug 2025 11:16 am တွင် တင်ခဲ့သည်
302 ကြိမ် ကြည့်ရှု့ပြီး

တရုတ်နာမည်ကြီး ရုပ်ရှင်မင်းသား ဟူကဲ (Hu Ge) သည် မက်မွန်မြေမှ ချစ်တေးတစ်ပုဒ် -The Legend of the Condor Heroes (射雕英雄传) တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သူ ဖြစ်သည်။

ဟူကဲတို့ မိသားစုမှာ ရှန်ဟိုင်းမြို့ဇာတိ သာမန် မထင်မရှား မိသားစုလေးဖြစ်သည်။

ဖခင်မှာ တင်းနစ်နည်းပြဖြစ်ပြီး မိခင်မှာ ကျောင်းဆရာမ ဖြစ်သည်။

ဟူကဲတို့ မိသားစုမှာ မရှိမရှား မိသားစုဖြစ်သောကြောင့် ဟူကဲ၏ ဝါသနာကို မြေတောင်မြှောက်ပေးနိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ကြရသည်။

ထိုသို့ မိဘများ ကြိုးစားရကြိုးနပ်သည်ဟု ဆိုရမည်။ ဟူကဲသည် ၁၄ နှစ်သား အရွယ်တွင် ရုပ်သံနယ်သို့ စတင်ခြေချခွင့်ရခဲ့သည်။

ကလေးငယ်များအတွက် ရုပ်သံအစီအစဉ်တွင် အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

မကြာမီတွင်ပင် Shanghai Theater Academy သို့ တက်ခွင့်ရခဲ့ပြီး Chinese Paladin series တွင် ပါဝင်ခွင့်ရခဲ့သည်။

((မက်မွန်မြေ ဇာတ်လမ်းတွဲ ရိုက်ကူးနေရင်း ယာဉ်မတော်တဆမှုကြီး ဆိုးဆိုးရွားရွားဖြစ်ပွားခြင်း))

ဟူကဲသည် မက်မွန်မြေမှ ချစ်တေးတစ်ပုဒ် (The Legend of the Condor Heroes) ကို ရိုက်ကူးနေစဉ် ၂၀၀၆ ခုနှစ်အတွင်း ကားမတော်တဆမှုဖြစ်ပွားရာ သူ၏ လက်ထောက်မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဟူကဲမှာလည်း အပြင်းအထန် ဒဏ်ရာရခဲ့သည်။

ထိုအချိန်က လျှမ်းလျှမ်းတောက် မကျော်ကြားသေးဘဲ တက်သစ်စ မင်းသားငယ်ဘဝသာရှိသေးချိန်ဖြစ်ရာ ဟူကဲမှာ ကိုယ်စိတ်နှစ်ပါး ချုံးချုံးကျခဲ့ရသည်။

ယာဉ်မတော်တဆမှုကြောင့် မျက်နှာနှင့် လည်ပင်းတွင် အချက် ၁၀၀ ကျော် ချုပ်ခဲ့ရရာ ညာဘက်တစ်ခြမ်းလုံး ချုပ်ရိုး ပရပွဖြစ်သွားသည်။

ဇာတ်ကား ရိုက်ကူးနေချိန်ဖြစ်သောကြောင့် ရိုက်ကူးရေး ပျက်မသွားစေရန် အမာရွတ်များကို ခွဲစိတ်ကုသမှုများစွာ ပြန်လည်ပြုလုပ်ခဲ့ရသည်။

((ဟူကဲ၏ စားသောက်ဆိုင်))

ဟူကဲသည် ကနဦးတွင် ငွေကြေးစီမံခန့်ခွဲမှုအကြောင်း နားမလည်သောကြောင့် ရရှိလာသမျှငွေအများစုကို မိခင်ကြီး၏ ဘဏ်စာရင်းတွင်သာ ထည့်ထားခဲ့သည်။

မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်ဖြင့် လျှမ်းလျှမ်းတောက်ကျော်ကြားလာချိန် ၂၀၀၈ ခုနှစ်အတွင်း အင်တာဗျူးတစ်ခုတွင် ဟူကဲက “ကျွန်တော် ရလာတဲ့ငွေ အများစုကို အမေ့ကို ပေးပါတယ်။ ကျွန်တော်သုံးဖို့ အနည်းအကျဉ်းပဲ ယူထားပါတယ်” ဟု ပြောဖူးသည်။

၂၀၁၀ ပြည့်နှစ်တွင်မူ ဟူကဲက သူငယ်ချင်းတစ်ဦးနှင့် ပူးပေါင်းကာ စားသောက်ဆိုင်တစ်ခုဖွင့်ရန်အတွက် ယွမ် ၅ သန်း သုံးစွဲခဲ့သည်။

သူ၏ စားသောက်ဆိုင်ဖွင့်ပွဲ အခမ်းအနားသို့ Tiffany Tang (唐嫣), Angelababy နှင့် Cecilia Liu (刘诗诗) တို့ အပါအဝင် ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်များစွာ တက်ရောက်ခဲ့ကြသည်။

ထိုအချိန်က ခံစားချက်ကို ဟူကဲပြောပြသည်မှာ “ရုပ်ရှင်စရိုက်တဲ့ နေ့ထက်တောင် ရင်တုန်ပန်းတုန် ဖြစ်ခဲ့ရပါတယ်။ မင်္ဂလာဦးနေ့လိုမျိုး ခံစားရတယ်” ဟု ဆိုသည်။

ဟူကဲ၏ စားသောက်ဆိုင်မှာ အလွန်အောင်မြင်သည်။ အစားအသောက်နှင့် lifestyle မဂ္ဂဇင်းများစွာအပြင် ရုပ်သံအစီအစဉ်များတွင် သူ၏ စားသောက်ဆိုင်အကြောင်း ဖော်ပြခံရသည်။

နာမည်ကြီး ရုပ်ရှင်ကားများ၊ ရုပ်သံဇာတ်လမ်းတွဲများစွာကိုလည်း ဟူကဲ၏ စားသောက်ဆိုင်တွင် လာရောက်ရိုက်ကူးကြသည်။

ဟူကဲက ပြောသည်မှာမူ “ကျွန်တော့်သူငယ်ချင်းတွေကို ကျွန်တော့်ဆိုင်ကိုလာဖို့ တရားဝင် တခါမှ မတောင်းဆိုခဲ့ပါဘူး။ အစားအသောက်ရဲ့ အရည်အသွေးနဲ့ပဲ customer တွေကို ဆွဲဆောင်ချင်ပါတယ်။ ကျွန်တော့်ရဲ့ ကျော်ကြားမှုအပေါ် မမှီခိုချင်ပါဘူး။ ကျော်ကြားမှုဆိုတာ ယာယီအခိုက်အတန့်ပါပဲ” ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: The Story Behind Hu Ge’s Multi-Million Dollar Wealth

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service