ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ - Property News in Myanmar from iMyanmarHouse.com
13 Aug 2025 11:09 am တွင် တင်ခဲ့သည်
490 ကြိမ် ကြည့်ရှု့ပြီး

ဘရုစ်လီသည် ဟောင်ကောင်မှ Kowloon tong အရပ်ရှိ Mayfair house တိုက်ခန်းအိမ်ရာရှိ အခန်းတစ်ခန်းတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခန်းမှာ ဘရုစ်လီ၏ မိတ်ဆွေရင်းချာ ထိုင်ဝမ်ရုပ်ရှင်မင်းသမီး ဘက်တီ (Betty ting bei) နေထိုင်သော အခန်းဖြစ်သည်။

((တိုက်ခန်းအကြောင်းနှင့် ဘရုစ်လီသေဆုံးပုံ))

● တည်နေရာ= ဘက်တီ၏ တိုက်ခန်းသည် high-end လူနေအိမ်ရာဖြစ်ပြီး Beacon Hill လမ်း ၊ အမှတ် ၆၇ တွင် တည်ရှိကာ Flat 2B ရှိ အခန်းဖြစ်သည်။

● ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်မှာ ဘာတွေဖြစ်ခဲ့လဲ

ထိုနေ့တွင် ဘရုစ်လီသည် Game of Death အမည်ရှိ ရုပ်ရှင်ရိုက်ကူးရေး လုပ်ဆောင်နေပြီး ရုပ်ရှင်ထုတ်လုပ်သူ ရေမွန်ချောင် (Raymond Chow) ၊ ရုပ်ရှင်မင်းသား ဂျော့ချ် လာဇန်ဘီ(George Lazenby) တို့နှင့် ကော်ဖီဆိုင်တစ်ခုတွင် တွေ့ဆုံခဲ့သည်။

ယင်းနောက်ပိုင်းတွင် ဘရုစ်လီက ရုပ်ရှင်မင်းသမီး ဘက်တီ၏ တိုက်ခန်းသို့ သွားခဲ့၏။ ရုပ်ရှင်တစ်ကားတွင် ဘက်တီ ပါဝင်သရုပ်ဆောင်ရေး ဆွေးနွေးရန် ဖြစ်သည်။

ဘက်တီ၏ တိုက်ခန်းသို့ရောက်ချိန်တွင် ဘရုစ်လီက ခေါင်းကိုက်သည်ဟု ပြောရာ ဘက်တီက equagesic အမည်ရှိ အကိုက်အခဲပျောက်ဆေး တိုက်ခဲ့သည်။

အဆိုပါ အကိုက်အခဲပျောက်ဆေးသည် Aspirin နှင့် Mebrobamate တို့ ပါဝင်သော ဆေးဖြစ်သည်။

ထို့နောက် ဘရုစ်လီက ခဏလှဲဦးမည်ဟုဆိုကာ အနားယူလိုက်သည်။ သို့သော် မည်သည့်အခါမှ ပြန်လည်နိုးထမလာတော့ချေ။

● စစ်ဆေးတွေ့ရှိချက်များ

ဘရုစ်လီကို ခေါ်မရတော့သောကြောင့် ဘက်တီက ရုပ်ရှင်ထုတ်လုပ်သူ ရေမွန်ချောင်ကို ခေါ်ယူခဲ့ပြီးနောက် ဆရာဝန်တစ်ဦး ပင့်ခဲ့သည်။

ထိို့နောက် ဘရုစ်လီကို Queen Elizabeth ဆေးရုံသို့ ကတိုက်ကရိုက် ပို့ဆောင်ခဲ့သော်လည်း ဆေးရုံသို့ ရောက်ရှိချိန်တွင် ဘရုစ်လီသေဆုံးနေပြီဖြစ်ကြောင်း ဆရာဝန်တို့က ပြောသည်။

ရုပ်ရှင်မင်းသမီးဘက်တီက သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ဖြစ်သော The Memoirs of Betty ting bei (၂၀၀၈) တွင် ဘရုစ်လီသေဆုံးခဲ့ပုံကို ထည့်သွင်းရေးသားထားသည်။

((ကျိန်စာသင့် လီမိသားစု))

ဘရုစ်လီနှင့် ၎င်း၏ သားဖြစ်သူ ဘရန်ဒွန်လီတို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးရမှုများ၊ အခြားသော မိသားစုဝင် တို့မှာလည်း ကံကြမ္မာဆိုး အမျိုးမျိုး ရင်ဆိုင်ရမှုများကြောင့် လီမိသားစုမှာ ကျိန်စာသင့်နေခြင်းဖြစ်သည်ဟု ယူဆသူများစွာရှိသည်။

● ကျိန်စာသင့်ဖြစ်ရပ်များ

► ဘရုစ်လီ၏ ဆန်းကြယ်စွာသေဆုံးမှု (၁၉၇၃ ခုနှစ်၊ ၃၂ နှစ်)

ဘရုစ်လီ သေဆုံးမှုမှာ ဦးနှောက်ရောင်ရမ်းမှုကြောင့်ဖြစ်ကြောင်း ဆရာဝန်တို့၏ တွေ့ရှိချက်တွင် ဖော်ပြသည်။

သို့သော် လုပ်ကြံသတ်ဖြတ်မှု၊ အဆိပ်ခတ်မှု၊ သဘာဝလွန်စွမ်းအားတို့ ပါဝင်ပတ်သက်နေမှုကြောင့် သေဆုံးရခြင်းဖြစ်နိုင်သည်ဟူသော ယူဆချက်များလည်းရှိသည်။

► ဘရန်ဒွန်လီ၏ သေဆုံးမှု (၁၉၉၃ ခုနှစ်၊ အသက် ၂၈ နှစ်)

ဘရန်ဒွန်လီသည် The Crow အမည်ရှိ ရုပ်ရှင်ဇာတ်ကားရိုက်ကူးစဉ် သေနတ်ပစ်သည့်အခန်းတွင် ကျည်အစစ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

► မိသားစုဝင်တို့၏ ကံကြမ္မာဆိုးများ

= ဘရုစ်လီ၏ ကျန်ရစ်သူဇနီး လင်ဒါ (Linda Lee Cadwell) သည် ၁၉၇၄ ခုနှစ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရရာ ကံကောင်းထောက်မစွာ သေကံမရောက် သက်မပျောက်ခဲ့။

= ဘရုစ်လီ၏ သမီး ရှန်နွန် (Shannon Lee) သည် ၁၉၉၃ ခုနှစ်တွင် အသက်သေနိုင်လောက်သော ကားအက်ဆီးဒင့်ဖြစ်ပွားခဲ့သည်။

= ဘရုစ်လီ၏ ညီမ ဖီဘီ (Phoebe Lee) သည် ၁၉၉၆ ခုနှစ်တွင် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွားခဲ့သည်။

((အသက် ၃၃ နှစ်မကျော်မီ သေဆုံးလိမ့်မည်ဟု ရှေ့ဖြစ်ဟောဆရာ၏ ဟောကြားချက်))

ဘရုစ်လီ၏ ကျန်ရစ်သူဇနီး လင်ဒါအပြင် ၎င်းနှင့် နီးစပ်သူတို့၏ ပြောကြားချက်များအရ ဘရုစ်လီကို ရှေ့ဖြစ်ဟောဆရာတစ်ဦးက ဟောကိန်းထုတ်ထားမှုတစ်ခု ရှိခဲ့သည်ဟု ဆိုသည်။

ဘရုစ်လီသည် ဟောင်ကောင်ရှိ ရှေ့ဖြစ်ဟောဆရာတစ်ဦးထံ ၁၉၇၀ ပြည့်လွန် အစောပိုင်းကာလများတွင် သွားရောက်ကာ ၎င်း၏ အနာဂတ်ကို မေးမြန်းခဲ့သည်။

လင်ဒါနှင့် အခြားသူတို့၏ ပြန်လည်ပြောပြမှုများတွင် အနည်းငယ်စီ ကွဲလွဲချက်များရှိနေသော်လည်း အဓိက ဟောကိန်းဆိုလိုရင်းမှာမူ အတူတူပင် ဖြစ်သည်။

“ခင်ဗျားဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးရလိမ့်မယ်။ ခင်ဗျားရဲ့ မိသားစုတွေလည်း ကံဆိုးမိုးမှောင်ကျတာတွေ ရင်ဆိုင်ရလိမ့်မယ်။” ဟု ဟောကြားခဲ့သည်ဟု ဆိုသည်။

အချို့က ပြောပြသည်မှာမူ ရှေ့ဖြစ်ဟောဆရာက ဘရုစ်လီအား အသက် ၃၃ နှစ်ထက် ကျော်လွန်ပြီး အသက်မရှည်နိုင်ကြောင်း၊ လူ့သက်တမ်းတိုမည်ဖြစ်သော်လည်း နာမည်ဂုဏ်သတင်း ကျော်ကြားမှုမှာမူ အဓွန့်ရှည် တည်တံ့နေမည်ဖြစ်ကြောင်း၊ ဘရုစ်လီမှ ဆင်းသက်သူများမှာလည်း ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးရမည့်ကံကြမ္မာရှိနေကြောင်း ဟောကြားခဲ့သည်ဟု ပြောကြသည်။

ဘရုစ်လီသည် ရှေ့ဖြစ်ဟောဆရာ၏ ဟောကြားချက်များအပေါ် စိတ်ထိခိုက်ခဲ့ရသော်လည်း လူသိရှင်ကြား စိတ်ဓာတ်ကျနေခြင်းမျိုး မရှိချေ။

((အနာဂတ်ဟောကြားချက်ကို ဘရုစ်လီ ယုံခဲ့လား))

ဘရုစ်လီသည် ကျိုးကြောင်းဆင်ခြင်မှုဖြင့် တွေးခေါ်တတ်သူဖြစ်ပြီး သိပ္ပံနှင့် ဒဿနိကတို့ကို လေ့လာထားသူ ဖြစ်သည်။

သို့သော်လည်း ဘရုစ်လီမှာ တရုတ်ရိုးရာဓလေ့၊ ဒဏ္ဍာရီနှင့် ယဉ်ကျေးမှုတို့ကြားတွင် ကြီးပြင်းခဲ့ရသူဖြစ်သည်ကို မမေ့အပ်ချေ။

((ဘရုစ်လီ၏ အစွဲအလမ်း))

ဘရုစ်လီသည် The Game of Death ဇာတ်ကားကို ကနဦးတွင် မရိုက်ကူးလိုကြောင်း ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။

ဇာတ်ကားနာမည်မှာ နိမိတ်မကောင်းဟု ဘရုစ်လီက ခံစားရသောကြောင့် ဖြစ်သည်။

နောက်ပိုင်းတွင်မူ လက်ခံရိုက်ကူးခဲ့သည်။ သို့သော် ရုပ်ရှင်ရိုက်ချိန်တွင် အဆောင်လက်ဖွဲ့များ ဆောင်ကာ ယတြာချေထားသည်ဟု ဆိုသည်။

အင်တာဗျူးများတွင်မူ ဘရုစ်လီက သဘာဝလွန်ကိစ္စများကို အယုံအကြည်မရှိကြောင်း ပြောတတ်သည်။

((ရှေ့ဖြစ်ဟောဆရာ၏ ဟောကြားချက်များ ကြောက်မက်ဖွယ် မှန်ကန်နေခြင်း))

၁။ ဘရုစ်လီသည် အသက် ၃၂ နှစ်အရွယ်တွင် သေဆုံးသွားသည်။ (၁၉၇၃ ခုနှစ်)

၂။ ဘရန်ဒွန်လီ ရုပ်ရှင်ရိုက်ကွင်းတွင် မတော်တဆ သေဆုံးခဲ့ရာ အသက် ၂၈ နှစ်သာရှိသေးသည်။ (၁၉၉၃ ခုနှစ်)

၃။ အခြားမိသားစုဝင်များ၏ ကံကြမ္မာဆိုးများ (လင်ဒါ ပစ်ခတ်လုပ်ကြံခံရခြင်း၊ ရှန်နွန် ကားတိုက်မှုဖြစ်ခြင်း)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: The Apartment Where Bruce Lee Died

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service