Twilight သရုပ်ဆောင် ရောဘတ် ပက်တင်ဆန်က ကာလကြာရှည်နေထိုင်ခဲ့သော ဟောလိဝုဒ်ဟေးစ်ရှိ စံအိမ်ကို တရားဝင်အရောင်းဈေးကွက်မတင်ဘဲ တိတ်တဆိတ်ရောင်းချ
Twilight သရုပ်ဆောင် ရောဘတ် ပက်တင်ဆန်က ကာလကြာရှည်နေထိုင်ခဲ့သော ဟောလိဝုဒ်ဟေးစ်ရှိ စံအိမ်ကို တရားဝင်အရောင်းဈေးကွက်မတင်ဘဲ တိတ်တဆိတ်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
26 Dec 2023 11:20 am တွင် တင်ခဲ့သည်
751 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Twilight ရုပ်ရှင်ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သူ ရောဘတ် ပက်တင်ဆန်က သူ၏ ကာလကြာရှည် နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို တရားဝင်အရောင်းဈေးကွက်မတင်ခဲ့ဘဲ တိတ်တဆိတ် ရောင်းချလိုက်ကြောင်း အိမ်ခြံမြေအရောင်းအဝယ်မှတ်တမ်းများအရ သိရသည်ဟု  Yahoo/life  သတင်းတစ်ရပ်တွင် ဖော်ပြသည်။
Hollywood Hills အရပ်ရှိ တောင်ကုန်းများဆီတွင် ပုန်းလျှိုးတည်ရှိသော စံအိမ်ကို Batman နှင့် Twilight ဇာတ်ကားများ၏ သရုပ်ဆောင် ရောဘတ် ပက်တင်ဆန်က လွန်ခဲ့သော ၉ နှစ်ခန့်က ကန်ဒေါ်လာ ၂ ဒသမ ၂ သန်းခန့်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါစံအိမ်ကို ငွေသားအားလုံးဖြင့်ပေးချေ အရောင်းအဝယ်လုပ်လိုက်ခြင်းဖြစ်ပြီး ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃ သန်း ဖြစ်သည်။
အိမ်ခြံမြေမှတ်တမ်းများအရ ဝယ်ယူသွားသူမှာ ဟောလိဝုဒ်ကြယ်ပွင့်တစ်ဦးမဟုတ်။
ကန်ဒေါ်လာ ၉ ဘီလီယံ တန်ကြေးရှိ Marin Equity Partners ၏ အမှုဆောင်တစ်ဦးဖြစ်သူ Frank Buckley နှင့် ဆက်နွှယ်သည့် ကုမ္ပဏီတစ်ခုက ဝယ်ယူသွားခြင်းဖြစ်သည်။
Marin Equity Partners ကုမ္ပဏီသည် ကယ်လီဖိုးနီးယားပြည်နယ်၊ Hermosa Beach အရပ်တွင် အခြေစိုက်သည်။
ရောဘတ်ပက်တင်ဆန်က သူ၏ လူပျိုဘဝစံအိမ်ကို ရောင်းချလိုက်ခြင်းမှာ အံ့အားသင့်ဖွယ် မရှိ။
အသက် ၃၇ နှစ်ရှိပြီဖြစ်သော ဗြိတိသျှလူမျိုး ပက်တင်ဆန်သည် ကာလကြာရှည် လက်တွဲဖော် ဆူကီ ဝါးတားဟောက်စ်နှင့် ပထမဆုံးရင်သွေးရတော့မည်ဖြစ်ကြောင်း မကြာသေးမီက အတည်ပြုထားသည်။
ရောဘတ်ပက်တင်ဆန်တို့စုံတွဲသည် Hollywood Hills အရပ်တွင်ပင် မကြာသေးမီက ပိုမိုကြီးမားသော စံအိမ်တစ်လုံး ဝယ်ယူထားသည်။
ပက်တင်ဆန်သည် ဂရမ်မီဆုရှင် ဂီတပညာရှင် Beck ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ်ကို ၂၀၂၂ ခုနှစ် နွေရာသီက ကန်ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ပက်တင်ဆန်သည် လော့စ်အိန်ဂျလိစံအိမ်ကို အိမ်ခြံမြေဝက်ဘ်ဆိုက်များမှတဆင့် တရားဝင်အရောင်းဈေးကွက် တင်ခဲ့ခြင်းမဟုတ်ရာ ၎င်းပိုင်ဆိုင်ထားသော ဆယ်စုနှစ် တစ်ခုနီးပါးကာလအတွင်း စံအိမ်ကို မည်သည့်ပြောင်းလဲ မှုများ၊ အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်ကို မသိရချေ။
သို့သော် ကောင်းကင်ဓာတ်ပုံများအရ စံအိမ်အပြင်ပိုင်းမှာမူ နှစ်ပေါင်းများစွာအတွင်း မပြောင်းမလဲ ရှိနေသည်ကို တွေ့ရသည်။
ကြီးမားသော ဂိတ်တံခါးကြီးမှာလည်း စူးစမ်းလိုသူတို့ရန်မှ ကာကွယ်ပေးထားသည်။
၁၉၅၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ပြီး ရှည်လျားသော အနီရောင်အုတ်လမ်းလေးတစ်ခုတွင် အခြားအိမ်တစ်လုံး၏နောက်တွင် သီးခြားတည်ရှိသည်။
ယာတောစံအိမ်အသွင်ဆောက်လုပ်ထားပြီး တစ်ထပ်အိမ်ဖြစ်ကာ အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၂ ခန်းသာ ပါဝင်ပြီး စံအိမ်အကျယ်အဝန်း ၁၉၄၀ စတုရန်းပေသာ ရှိသည်။
(ဆက်စပ်သတင်းများ)
Twilight မင်းသား ရောဘတ် ပက်တင်ဆန်နဲ့ သူ့ချစ်သူရဲ့ နေအိမ်
https://www.imyanmarhouse.com/news/read/1003883
Twilight ဇာတ်ကားများဖြင့် ကမ္ဘာကျော်ခဲ့သူ ရောဘတ်ပက်တင်ဆန်နှင့် ချစ်သူ ဆူကီဝါးတားဟောက်စ်တို့ စုံတွဲ လော့စ်အိန်ဂျလိမြို့ရှိ စပိန်ကိုလိုနီဗိသုကာဟန် စံအိမ်ကြီးကို ဝယ်ယူ
https://www.imyanmarhouse.com/news/read/1057599
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref:  Robert Pattinson Quietly Unloads His Longtime Hollywood Hills Lair (robbreport)
[Zawgyi]
  (ဆက်စပ်သတင်းများ)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service