ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သူ ဟောလိဝုဒ်ရုပ်ရှင်မင်းသား ရောဘတ် ပက်တင်ဆန်သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိနှင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်တို့တွင် နေအိမ်များ ပိုင်ဆိုင်ထားသည်။
လော့စ်အိန်ဂျလိမြို့တွင် ကမ္ဘာကျော်များ နေထိုင်ကြသည့် ဟောလိဝုဒ်ဟေးလ်အရပ်မှ စတုရန်းပေ ၁၉၄၀ ကျယ်ဝန်းသည့် စံအိမ်ကို ရောဘတ်ပက်တင်ဆန်က ၂၀၁၄ ခုနှစ်၌ ကန်ဒေါ်လာ ၂,၁၇၆,၅၀၀ ဖြင့် ဝယ်ယူခဲ့သည်။
မော်ဒယ် ဆုကီ ဝါးတားဟောက်စ်နှင့် ၂၀၁၈ ခုနှစ်တွင် စတင်ချစ်ကြိုက်ခဲ့ပြီး လန်ဒန်ရှိ တိုက်ခန်းတစ်ခုတွင် အတူနေထိုင်လျက်ရှိကြသည်။
ရောဘတ် ပက်တင်ဆန်၏ အမည်ရင်းမှာ ရောဘတ် ဒေါက်ဂလပ် သောမတ်စ် ပက်တင်ဆန်ဖြစ်ပြီး အင်္ဂလိပ်လူမျိုး ရုပ်ရှင်သရုပ်ဆောင်ဖြစ်ကာ ဟယ်ရီပေါ်တာနှင့် မီးလျှံဝိုင်ခွက် (၂၀၀၅) ၊ Cosmopolis (၂၀၁၂) ဇာတ်ကားများဖြင့် လူသိများပြီး လျှမ်းလျှမ်းတောက် ကျော်ကြားသည့် သရုပ်ဆောင်ဘဝသို့ ပို့ဆောင်ပေးခဲ့သည်မှာမူ Twilight ဇာတ်လမ်းတွဲများ (၂၀၀၅ မှ ၂၀၁၂ ထိ) ဖြစ်သည်။
ဒါရိုက်တာ Matt Reeves ရိုက်ကူးသော လင်းနို့လူသား (The Batman) ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။ အဆိုပါဇာတ်ကားကို အမေရိကန်ပြည်ထောင်စုတွင် လာမည့် မတ်လ ၄ ရက်၌ ရုံတင်ပြသမည် ဖြစ်သည်။
(ရောဘတ် ပက်တင်ဆန် ဘယ်မှာနေလဲ)
လက်ရှိအားဖြင့် ရောဘတ်ပက်တင်ဆန်သည် သူ၏ချစ်သူ ဆူကီ ဝါးတားဟောက်စ်နှင့်အတူ လန်ဒန်ရှိ တိုက်ခန်းတစ်ခန်းကို ငှားရမ်းနေထိုင်လျက်ရှိကာ ဆိတ်ငြိမ်အေးချမ်းသောဘဝကို ဖြတ်သန်းလျက်ရှိနေသည်။
၎င်းတို့ စုံတွဲသည် ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းကာလအများစုကို လန်ဒန်ရှိ ချစ်ဗိမ္မာန်တွင်သာ ကုန်လွန်ဖြတ်သန်းနေပြီး အခြားနေရာသို့ အဆောတလျင်ရွှေ့ပြောင်းမည့်ပုံ မပေါ်ချေ။
(လန်ဒန်နေအိမ်-လက်ရှိနေထိုင်)
လက်ရှိတွင် ရောဘတ် ပက်တင်ဆန်သည် လန်ဒန်၌ နေအိမ်ဝယ်ယူပိုင်ဆိုင်ထားခြင်းမျိုး မရှိသေးဘဲ တိုက်ခန်းတစ်ခန်းကိုသာ ငှားရမ်းနေထိုင်နေခြင်း ဖြစ်သည်။
လန်ဒန်တိုက်ခန်းနှင့် ပတ်သက်သည့်အချက်အလက်များကို အသေးစိတ်မသိရချေ။ သို့သော် ရောဘတ်ပက်တင်ဆန်၏ ချစ်သူ ဆူကီက အင်စတာဂရမ်တွင် တခါတရံတင်တတ်သော ဓာတ်ပုံများမှတဆင့် ကြည့်ရှုလေ့လာနိုင်သည်။
အဆိုပါဓာတ်ပုံများမှတဆင့်တွေ့ရသည်မှာမူ ရောဘတ်ပက်တင်ဆန်နှင့် ဆူကီတို့၏ နေအိမ်အတွင်း အသံဖမ်းပစ္စည်းများနှင့် တူရိယာများကို တွေ့ရသည်။သို့သော် အံ့အားသင့်ဖွယ် သာမန်ပုံစံမျိုးတွေ့ရပြီး အနည်းငယ်ပင် ရှုပ်ပွနေသည်။ဂစ်တာများ၊ ကီးဘုတ်နှင့် ပြန့်ကျဲနေသော ပရိဘောဂများကို တွေ့ရသည်။
ရောဘတ်ပက်တင်ဆန်၏ လော့စ်အိန်ဂျလိအိမ် (လက်ရှိ)
ရောဘတ်ပက်တင်ဆန်သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးစ်တွင် သံပန်းဂိတ်တံခါးနောက် ရှည်လျားသော အုတ်လမ်းမှ ကားမောင်းဝင်ရသော စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။
စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ကြီးမားသည့်စံအိမ်ကြီးသည် ၁၉၅၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
စတုရန်းပေ ၁၉၄၀ သာရှိသော အဆိုပါစံအိမ်ကို ရောဘတ်ပက်တင်ဆန်က ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၁၇၆၅၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ခေါ်ဈေးထက် ကန်ဒေါ်လာ ၄၀၀၀၀၀ နီးပါး များပြားခဲ့သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Robert Pattinson House: Stunning Photos of His Los Angeles Digs & Secret London Pad (velvetropes)
[Zawgyi]
Twilight မင္းသား ေရာဘတ္ပက္တင္ဆန္နဲ႔ သူ႔ခ်စ္သူရဲ႕ ေနအိမ္
Twilight ဇာတ္လမ္းတြဲမ်ားျဖင့္ ကမၻာေက်ာ္ခဲ့သူ ေဟာလိဝုဒ္ရုပ္ရွင္မင္းသား ေရာဘတ္ ပက္တင္ဆန္သည္ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိႏွင့္ အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ႕ေတာ္တို႔တြင္ ေနအိမ္မ်ား ပိုင္ဆိုင္ထားသည္။
ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ ကမၻာေက်ာ္မ်ား ေနထုိင္ၾကသည့္ ေဟာလိဝုဒ္ေဟးလ္အရပ္မွ စတုရန္းေပ ၁၉၄၀ က်ယ္ဝန္းသည့္ စံအိမ္ကို ေရာဘတ္ပက္တင္ဆန္က ၂၀၁၄ ခုႏွစ္၌ ကန္ေဒၚလာ ၂,၁၇၆,၅၀၀ ျဖင့္ ဝယ္ယူခဲ့သည္။
ေမာ္ဒယ္ ဆုကီ ဝါးတားေဟာက္စ္ႏွင့္ ၂၀၁၈ ခုႏွစ္တြင္ စတင္ခ်စ္ၾကိဳက္ခဲ့ျပီး လန္ဒန္ရွိ တိုက္ခန္းတစ္ခုတြင္ အတူေနထိုင္လ်က္ရွိၾကသည္။
ေရာဘတ္ ပက္တင္ဆန္၏ အမည္ရင္းမွာ ေရာဘတ္ ေဒါက္ဂလပ္ ေသာမတ္စ္ ပက္တင္ဆန္ျဖစ္ျပီး အဂၤလိပ္လူမ်ဳိး ရုပ္ရွင္သရုပ္ေဆာင္ျဖစ္ကာ ဟယ္ရီေပၚတာႏွင့္ မီးလွ်ံဝိုင္ခြက္ (၂၀၀၅) ၊ Cosmopolis (၂၀၁၂) ဇာတ္ကားမ်ားျဖင့္ လူသိမ်ားျပီး လွ်မ္းလွ်မ္းေတာက္ ေက်ာ္ၾကားသည့္ သရုပ္ေဆာင္ဘဝသို႔ ပို႔ေဆာင္ေပးခဲ့သည္မွာမူ Twilight ဇာတ္လမ္းတြဲမ်ား (၂၀၀၅ မွ ၂၀၁၂ ထိ) ျဖစ္သည္။
ဒါရိုက္တာ Matt Reeves ရိုက္ကူးေသာ လင္းႏို႔လူသား (The Batman) ဇာတ္ကားတြင္လည္း ပါဝင္သရုပ္ေဆာင္ထားသည္။ အဆိုပါဇာတ္ကားကို အေမရိကန္ျပည္ေထာင္စုတြင္ လာမည့္ မတ္လ ၄ ရက္၌ ရံုတင္ျပသမည္ ျဖစ္သည္။
(ေရာဘတ္ ပက္တင္ဆန္ ဘယ္မွာေနလဲ)
လက္ရွိအားျဖင့္ ေရာဘတ္ပက္တင္ဆန္သည္ သူ၏ခ်စ္သူ ဆူကီ ဝါးတားေဟာက္စ္ႏွင့္အတူ လန္ဒန္ရွိ တိုက္ခန္းတစ္ခန္းကို ငွားရမ္းေနထိုင္လ်က္ရွိကာ ဆိတ္ျငိမ္ေအးခ်မ္းေသာဘဝကို ျဖတ္သန္းလ်က္ရွိေနသည္။
၎တို႔ စံုတြဲသည္ ကိုရိုနာဗိုင္းရပ္စ္ ေလာ့ေဒါင္းကာလအမ်ားစုကို လန္ဒန္ရွိ ခ်စ္ဗိမၼာန္တြင္သာ ကုန္လြန္ျဖတ္သန္းေနျပီး အျခားေနရာသို႔ အေဆာတလ်င္ေရႊ႕ေျပာင္းမည့္ပံု မေပၚေခ်။
(လန္ဒန္ေနအိမ္-လက္ရွိေနထိုင္)
လက္ရွိတြင္ ေရာဘတ္ ပက္တင္ဆန္သည္ လန္ဒန္၌ ေနအိမ္ဝယ္ယူပိုင္ဆိုင္ထားျခင္းမ်ဳိး မရွိေသးဘဲ တိုက္ခန္းတစ္ခန္းကိုသာ ငွားရမ္းေနထိုင္ေနျခင္း ျဖစ္သည္။
လန္ဒန္တိုက္ခန္းႏွင့္ ပတ္သက္သည့္အခ်က္အလက္မ်ားကို အေသးစိတ္မသိရေခ်။ သို႔ေသာ္ ေရာဘတ္ပက္တင္ဆန္၏ ခ်စ္သူ ဆူကီက အင္စတာဂရမ္တြင္ တခါတရံတင္တတ္ေသာ ဓာတ္ပံုမ်ားမွတဆင့္ ၾကည့္ရႈေလ့လာႏိုင္သည္။
အဆိုပါဓာတ္ပံုမ်ားမွတဆင့္ေတြ႔ရသည္မွာမူ ေရာဘတ္ပက္တင္ဆန္ႏွင့္ ဆူကီတို႔၏ ေနအိမ္အတြင္း အသံဖမ္းပစၥည္းမ်ားႏွင့္ တူရိယာမ်ားကို ေတြ႔ရသည္။သို႔ေသာ္ အံ့အားသင့္ဖြယ္ သာမန္ပံုစံမ်ဳိးေတြ႔ရျပီး အနည္းငယ္ပင္ ရႈပ္ပြေနသည္။ဂစ္တာမ်ား၊ ကီးဘုတ္ႏွင့္ ျပန္႔က်ဲေနေသာ ပရိေဘာဂမ်ားကို ေတြ႔ရသည္။
ေရာဘတ္ပက္တင္ဆန္၏ ေလာ့စ္အိန္ဂ်လိအိမ္ (လက္ရွိ)
ေရာဘတ္ပက္တင္ဆန္သည္ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ေဟာလိဝုဒ္ေဟးစ္တြင္ သံပန္းဂိတ္တံခါးေနာက္ ရွည္လ်ားေသာ အုတ္လမ္းမွ ကားေမာင္းဝင္ရေသာ စံအိမ္တစ္လံုး ပိုင္ဆိုင္ထားသည္။
စပိန္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ ၾကီးမားသည့္စံအိမ္ၾကီးသည္ ၁၉၅၈ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ စတုရန္းေပ ၁၉၄၀ သာရွိေသာ အဆိုပါစံအိမ္ကို ေရာဘတ္ပက္တင္ဆန္က ၂၀၁၄ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂၁၇၆၅၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ေခၚေစ်းထက္ ကန္ေဒၚလာ ၄၀၀၀၀၀ နီးပါး မ်ားျပားခဲ့သည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Robert Pattinson House: Stunning Photos of His Los Angeles Digs & Secret London Pad (velvetropes)