ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
ရောင်းချသူ- Marissa Ribisi
ဝယ်ယူသူ- ရောဘတ် ပက်တင်ဆန်
တည်နေရာ- ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးစ်အရပ်
ဈေးနှုန်း- ကန်ဒေါ်လာ ၅ ဒသမ ၃ သန်း
ဟောလိဝုဒ်ကြယ်ပွင့် ရောဘတ် ပက်တင်ဆန်နှင့် သူ၏ချစ်သူ မော်ဒယ်/အဆိုတော် ဆူကီ ဝါးတားဟောက်စ် တို့သည် လော့စ်အိန်ဂျလိမြို့ရှိ ဟောလိဝုဒ်သမိုင်းကြောင်းများရှိသော တောင်ကုန်းဘေးစံအိမ်တစ်လုံးကို ဝယ်ယူလိုက်သည်။
စံအိမ်တည်နေရာမှာ ဂိတ်ဝန်းခတ် တစ်သီးတစ်သန့် ဝန်းတစ်ခုအတွင်း တည်ရှိပြီး ၁၉၃၀ ပြည့်လွန်နှောင်းပိုင်း ကာလများက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
စပိန်ကိုလိုနီ ရီဗိုက်ဗယ်လ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကို ၂၀၀၀ ပြည့်လွန် အလယ်ပိုင်း ကာလများတွင် ဒီဇိုင်နာ Jeff Lewis က အလုံးစုံ ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
Jeff Lewis က အဆိုပါ မွမ်းမံမှုကို Flipping Out ရုပ်သံအစီအစဉ်တွင် ဖော်ပြခဲ့ဖူးသည်။
၂၀၁၄ ခုနှစ်တွင် အဆိုပါ စံအိမ်ကို အမေရိကန် ရုပ်သံဇာတ်လမ်းတွဲ Gossip Girl ကို ထုတ်လုပ်သူ Stephanie Savage က ဝယ်ယူခဲ့သည်။
Stephanie Savage က နောက် ၄ နှစ်အကြာတွင် ထိုစံအိမ်ကို ဂရမ်မီဆုရ အမေရိကန်အဆိုတော် Beck (Beck David Hansen)နှင့် ဇနီး (ဟောင်း) ရုပ်ရှင်မင်းသမီး Marissa Ribisi တို့ထံ ရောင်းချခဲ့သည်။
Beck နှင့် Marissa Ribisi တို့သည် ၂၀၂၁ ခုနှစ်တွင် ကွာရှင်းခဲ့ကြပြီး စတုရန်းပေ ၂၇၀၀ ခန့်ကျယ်ဝန်းသော ယခုစံအိမ်ကို Marissa Ribisi က ပိုင်ဆိုင်ခွင့်ရခဲ့သည်။
ယခုအခါ Marissa Ribisi က ဤစံအိမ်ကို ရောဘတ်ပက်တင်ဆန်ထံ ကန်ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။
ယခုရောင်းဈေးမှာ Marissa Ribisi နှင့် ခင်ပွန်းဟောင်းတို့ ၂၀၁၈ ခုနှစ်က ဝယ်ယူခဲ့သည့် ဈေးနှုန်းထက် ကန်ဒေါ်လာ ၂ ဒသမ ၂ သန်း ပိုမိုများပြားသည့် ဈေးနှုန်းလည်း ဖြစ်သည်။
အရောင်းအဝယ်ဖြစ်ချိန်ဝန်းကျင်တွင် စံအိမ်မှာ ဈေးကွက်တင်ထားခြင်း မရှိချေ။
ယခင်က ဈေးကွက်တင်ခဲ့မှု မှတ်တမ်းများအရ စံအိမ်မှာ လူတိုး၍မရနိုင်သော အပင်တံတိုင်းတို့နောက်တွင် တစ်သီးတသန့် တည်ရှိကြောင်း ဖော်ပြထားသည်။
လမ်းဆီမှလာလျှင် သစ်ရိပ်တို့ အုပ်မိုးသော နေအိမ်ဆီသို့ ရောက်ရှိမည် ဖြစ်သည်။
နေအိမ်မှာ အမှန်တကယ် အရွယ်အစားထက် ပိုမိုကြီးမားသလို ထင်ရသည်။ စံအိမ်၏ နောက်ဘက်မှာ မတ်စောက်သော ဆင်ခြေလျှော တောင်ကုန်းနံရံကို အမှီပြုထားသည်။
နေအိမ်၏ အခန်းအများစုမှာ အပေါ်ထပ်တွင် တည်ရှိသည်။
မြေအောက်ထပ်တွင် ဧည့်သည်အိပ်ခန်းငယ် ၊ ရေချိုးခန်း ၊ အဝတ်လျှော်နေရာများနှင့် ကား ၂ စင်းဆန့် ကားဂိုဒေါင်နေရာများ ပါဝင်သည်။
ကြီးမားသော ဧည့်ခန်းကြီးအတွင်း မီးလင်းဖိုတစ်ခုနှင့် ထုတ်တန်းဖော် မျက်နှာကြက်တို့ကို တွေ့ရသည်။
ဧည့်ခန်းမှ တဆင့် ညစာစားခန်း ၊ မိသားစုနားနေခန်းနှင့် မီးဖိုဆောင်တို့သို့ ပေါက်သည်။
မီးဖိုဆောင်တွင် စကျင်ကျောက် စားပွဲမျက်နှာပြင်များ ၊ သစ်သားဗီရိုအံများနှင့် Miele and Viking အမှတ်တံဆိပ် မီးဖိုဆောင်သုံးပစ္စည်းများကို တွေ့ရသည်။
အသက် ၃၆ နှစ်ရှိပြီဖြစ်သော ရောဘတ်ပက်တင်ဆန်သည် Twilight ရုပ်ရှင်ဇာတ်ကားများဖြင့် ကမ္ဘာကျော်ခဲ့ပြီး Tenet နှင့် The Batman တို့ကဲ့သို့ ဝက်ဝက်ကွဲအောင်မြင်သော ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင် ခဲ့သည်။
ရောဘတ်ပက်တင်ဆန်သည် လော့စ်အိန်ဂျလိမြို့ ၊ ဟောလိဝုဒ်ဟေးစ်အရပ်တွင်လည်း နေအိမ်တစ်လုံး ပိုင်ဆိုင်ထားဆဲဖြစ်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင်မူ တိုက်ခန်းတစ်ခန်း ငှားရမ်းကာ နေထိုင်သည်။
(ဆက်စပ်သတင်း )
Twilight မင်းသား ရောဘတ်ပက်တင်ဆန်နဲ့ သူ့ချစ်သူရဲ့နေအိမ်
https://www.imyanmarhouse.com/news/read/1003883
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Robert Pattinson, Suki Waterhouse Buy Updated Spanish Colonial in the Hills (dirt)
[Zawgyi]
Twilight ဇာတ္ကားမ်ားျဖင့္ ကမၻာေက်ာ္ခဲ့သူ ေရာဘတ္ပက္တန္ဆန္ႏွင့္ ခ်စ္သူ ဆူကီဝါးတားေဟာက္စ္တို႔ စံုတြဲ ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ စပိန္ကိုလိုနီဗိသုကာဟန္စံအိမ္ၾကီးကို ဝယ္ယူ
ေရာင္းခ်သူ- Marissa Ribisi
ဝယ္ယူသူ- ေရာဘတ္ ပက္တင္ဆန္
တည္ေနရာ- ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ေဟာလိဝုဒ္ေဟးစ္အရပ္
ေစ်းႏႈန္း- ကန္ေဒၚလာ ၅ ဒသမ ၃ သန္း
ေဟာလိဝုဒ္ၾကယ္ပြင့္ ေရာဘတ္ ပက္တင္ဆန္ႏွင့္ သူ၏ခ်စ္သူ ေမာ္ဒယ္/အဆိုေတာ္ ဆူကီ ဝါးတားေဟာက္စ္ တို႔သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ ေဟာလိဝုဒ္သမိုင္းေၾကာင္းမ်ားရွိေသာ ေတာင္ကုန္းေဘးစံအိမ္တစ္လံုးကို ဝယ္ယူလိုက္သည္။
စံအိမ္တည္ေနရာမွာ ဂိတ္ဝန္းခတ္ တစ္သီးတစ္သန္႔ ဝန္းတစ္ခုအတြင္း တည္ရွိျပီး ၁၉၃၀ ျပည့္လြန္ေႏွာင္းပိုင္း ကာလမ်ားက ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။
စပိန္ကိုလိုနီ ရီဗိုက္ဗယ္လ္ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္ကို ၂၀၀၀ ျပည့္လြန္ အလယ္ပိုင္း ကာလမ်ားတြင္ ဒီဇိုင္နာ Jeff Lewis က အလံုးစံု ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။
Jeff Lewis က အဆိုပါ မြမ္းမံမႈကို Flipping Out ရုပ္သံအစီအစဥ္တြင္ ေဖာ္ျပခဲ့ဖူးသည္။
၂၀၁၄ ခုႏွစ္တြင္ အဆိုပါ စံအိမ္ကုိ အေမရိကန္ ရုပ္သံဇာတ္လမ္းတြဲ Gossip Girl ကို ထုတ္လုပ္သူ Stephanie Savage က ဝယ္ယူခဲ့သည္။
Stephanie Savage က ေနာက္ ၄ ႏွစ္အၾကာတြင္ ထိုစံအိမ္ကို ဂရမ္မီဆုရ အေမရိကန္အဆိုေတာ္ Beck (Beck David Hansen)ႏွင့္ ဇနီး (ေဟာင္း) ရုပ္ရွင္မင္းသမီး Marissa Ribisi တို႔ထံ ေရာင္းခ်ခဲ့သည္။
Beck ႏွင့္ Marissa Ribisi တို႔သည္ ၂၀၂၁ ခုႏွစ္တြင္ ကြာရွင္းခဲ့ၾကျပီး စတုရန္းေပ ၂၇၀၀ ခန္႔က်ယ္ဝန္းေသာ ယခုစံအိမ္ကို Marissa Ribisi က ပိုင္ဆိုင္ခြင့္ရခဲ့သည္။
ယခုအခါ Marissa Ribisi က ဤစံအိမ္ကို ေရာဘတ္ပက္တင္ဆန္ထံ ကန္ေဒၚလာ ၅ ဒသမ ၃ သန္းျဖင့္ ေရာင္းခ်လိုက္ျပီ ျဖစ္သည္။
ယခုေရာင္းေစ်းမွာ Marissa Ribisi ႏွင့္ ခင္ပြန္းေဟာင္းတို႔ ၂၀၁၈ ခုႏွစ္က ဝယ္ယူခဲ့သည့္ ေစ်းႏႈန္းထက္ ကန္ေဒၚလာ ၂ ဒသမ ၂ သန္း ပိုမိုမ်ားျပားသည့္ ေစ်းႏႈန္းလည္း ျဖစ္သည္။
အေရာင္းအဝယ္ျဖစ္ခ်ိန္ဝန္းက်င္တြင္ စံအိမ္မွာ ေစ်းကြက္တင္ထားျခင္း မရွိေခ်။
ယခင္က ေစ်းကြက္တင္ခဲ့မႈ မွတ္တမ္းမ်ားအရ စံအိမ္မွာ လူတိုး၍မရႏိုင္ေသာ အပင္တံတိုင္းတို႔ေနာက္တြင္ တစ္သီးတသန္႔ တည္ရွိေၾကာင္း ေဖာ္ျပထားသည္။
လမ္းဆီမွလာလွ်င္ သစ္ရိပ္တို႔ အုပ္မိုးေသာ ေနအိမ္ဆီသို႔ ေရာက္ရွိမည္ ျဖစ္သည္။
ေနအိမ္မွာ အမွန္တကယ္ အရြယ္အစားထက္ ပိုမိုၾကီးမားသလို ထင္ရသည္။ စံအိမ္၏ ေနာက္ဘက္မွာ မတ္ေစာက္ေသာ ဆင္ေျခေလွ်ာ ေတာင္ကုန္းနံရံကို အမွီျပဳထားသည္။
ေနအိမ္၏ အခန္းအမ်ားစုမွာ အေပၚထပ္တြင္ တည္ရွိသည္။
ေျမေအာက္ထပ္တြင္ ဧည့္သည္အိပ္ခန္းငယ္ ၊ ေရခ်ိဳးခန္း ၊ အဝတ္ေလွ်ာ္ေနရာမ်ားႏွင့္ ကား ၂ စင္းဆန္႔ ကားဂိုေဒါင္ေနရာမ်ား ပါဝင္သည္။
ၾကီးမားေသာ ဧည့္ခန္းၾကီးအတြင္း မီးလင္းဖိုတစ္ခုႏွင့္ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္တုိ႔ကို ေတြ႔ရသည္။
ဧည့္ခန္းမွ တဆင့္ ညစာစားခန္း ၊ မိသားစုနားေနခန္းႏွင့္ မီးဖိုေဆာင္တို႔သို႔ ေပါက္သည္။
မီးဖိုေဆာင္တြင္ စက်င္ေက်ာက္ စားပြဲမ်က္ႏွာျပင္မ်ား ၊ သစ္သားဗီရိုအံမ်ားႏွင့္ Miele and Viking အမွတ္တံဆိပ္ မီးဖုိေဆာင္သံုးပစၥည္းမ်ားကို ေတြ႔ရသည္။
အသက္ ၃၆ ႏွစ္ရွိျပီျဖစ္ေသာ ေရာဘတ္ပက္တင္ဆန္သည္ Twilight ရုပ္ရွင္ဇာတ္ကားမ်ားျဖင့္ ကမၻာေက်ာ္ခဲ့ျပီး Tenet ႏွင့္ The Batman တို႔ကဲ့သို႔ ဝက္ဝက္ကြဲေအာင္ျမင္ေသာ ဇာတ္ကားမ်ားတြင္လည္း ပါဝင္သရုပ္ေဆာင္ ခဲ့သည္။
ေရာဘတ္ပက္တင္ဆန္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ ေဟာလိဝုဒ္ေဟးစ္အရပ္တြင္လည္း ေနအိမ္တစ္လံုး ပိုင္ဆိုင္ထားဆဲျဖစ္ျပီး အဂၤလန္ႏိုင္ငံ လန္ဒန္ျမိဳ႕တြင္မူ တုိက္ခန္းတစ္ခန္း ငွားရမ္းကာ ေနထိုင္သည္။
(ဆက္စပ္သတင္း )
Twilight မင္းသား ေရာဘတ္ပက္တင္ဆန္နဲ႔ သူ႔ခ်စ္သူရဲ႕ေနအိမ္
https://www.imyanmarhouse.com/news/read/1003883
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Robert Pattinson, Suki Waterhouse Buy Updated Spanish Colonial in the Hills (dirt)