အမေရိကန်တွင် ဒေါ်လာ သန်း ၂၀၀၀ ထီပေါက်သူ အက်ဒ်ဝင် ကက်စ်ထရိုက မိဘများအတွက် ဒေါ်လာ ၄ သန်းတန် ဂျပန်ဗိသုကာဟန် စံအိမ်တစ်လုံးဝယ်ယူ

အမေရိကန်တွင် ဒေါ်လာ သန်း ၂၀၀၀ ထီပေါက်သူ အက်ဒ်ဝင် ကက်စ်ထရိုက မိဘများအတွက် ဒေါ်လာ ၄ သန်းတန် ဂျပန်ဗိသုကာဟန် စံအိမ်တစ်လုံးဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
21 Dec 2023 12:09 pm တွင် တင်ခဲ့သည်
3184 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

အမေရိကန်ပြည်ထောင်စုတွင် ကန်ဒေါ်လာ ၂ ဘီလီယံကျော် Powerball ထီပေါက်ကာ နေ့ချင်းညချင်း ဘီလျံနာ ဖြစ်သွားသူ အသက် ၃၁ နှစ်အရွယ်ရှိ အက်ဒ်ဝင် ကက်စ်ထရိုသည် ကယ်လီဖိုးနီးယားပြည်နယ် ၊ Altadena မြို့ရှိ ဂျပန်ဗိသုကာဟန် စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း သတင်းရင်းမြစ်များက နယူးယောက်ပို့စ် သတင်းဌာနသို့ ပြောသည်။

ကက်စ်ထရို၏ မိဘများသည် ယခင်က နေထိုင်ခဲ့သည်မှာ ယခုဝယ်ယူလိုက်သောအိမ်နှင့် မိုင်အနည်းငယ် မျှသာဝေးကွာသည်။ ကက်စ်ထရိုသည် သူ၏ ညီငယ် ဂျက်ဆီအား ပိုင်ဆိုင်မှုများကို ထိန်းသိမ်းကွပ်ကွဲရန် တာဝန်ပေးထားသည်။

ဂျက်ဆီသည် အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဘဏ်တွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ကက်စ်ထရိုသည် ပြီးခဲ့သောနှစ်က ကန်ဒေါ်လာ ၂ ဒသမ ၀၄ ဘီလီယံထီပေါက်ခဲ့ပြီး တလုံးတခဲတည်း ထုတ်ယူရန် ရွေးချယ်ခဲ့ရာ ကန်ဒေါ်လာ ၉၉၇ ဒသမ ၆ သန်းရရှိခဲ့သည်။

“သူတို့က ပါတီပွဲတွေ ကလပ်တွေ မသွားပါဘူး။ သူတို့နဲ့ ပတ်သက်ပြီး တွေ့နိုင်မယ့် ဓာတ်ပုံတွေက ရှေ့နေရုံး ထဲက (ဒါမှမဟုတ်) ဘဏ်ထဲက ထွက်လာတဲ့ ပုံတွေပဲ ရှိပါတယ်။ သူတို့က သာမန်အတိုင်းပဲ နေထိုင်ကြ ပါတယ်”ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။

ကက်စ်ထရိုက Altadena မြို့ရှိ နေအိမ်တစ်လုံးကို ဒေါ်လာ ၄ သန်းဖြင့် မိဘများအတွက် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဖခင်မှာ အက်ဒ်ဝင်ဟုပင် အမည်ရပြီး မိခင်မှာ ဖရန်ဆက်ဖြစ်သည်။ ဝယ်ယူလိုက်သောအိမ်တွင် အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်ကာ အကျယ်အဝန်း စတုရန်းပေ ၄၆၃၁ ရှိပြီး San Gabrien တောင်တန်းများ၏ အံ့မခန်းရှုမျှော်ခင်းများ ပိုင်ဆိုင်ထားကြောင်း Dirt.com တွင် ဖော်ပြသည်။

(ဟောလိဝုဒ်ဟေးစ် နေအိမ်အတွင်းမှ အက်ဒ်ဝင် ကက်စ်ထရို ထွက်လာပုံ။ ဓာတ်ပုံ-The Sun US)

(မိဘများအတွက် ဝယ်ယူလိုက်သော ဒေါ်လာ ၄ သန်းတန်စံအိမ်။ ဓာတ်ပုံ-CBS)

ကက်စ်ထရိုသည် ဗိသုကာပညာရှင်တစ်ဦးဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် ၊ Burbank မြို့ရှိ Woodbury တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။

ထိုတက္ကသိုလ်သည် အမေရိကန်တွင်ရှိသော ဗိသုကာကျောင်းများအနက် နံပါတ် ၁၈ နေရာတွင် ရပ်တည်နေသည်။

ကက်စ်ထရိုသည် ယခုစံအိမ်၏ တမူထူးသော ဟန်ပန်ကို သဘောကျသွားခြင်း ဖြစ်နိုင်သည်။

Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် အရောင်းတင်ခဲ့သော ဈေးကွက်တင်မှတ်တမ်းအရ U ပုံသဏ္ဍန်ရှိသော စံအိမ်၏ အဓိကနေရာမှာ လှပသော အိမ်လယ်ခြံဝန်းဖြစ်ပြီး အပန်းဖြေနိုင်မည့် ကိုယ်ပိုင်အိုအေစစ်နေရာလေး ဖြစ်ကြောင်း ဖော်ပြသည်။

၂၀၁၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက် တင်ခဲ့ဖူးပြီး ယခုနှစ် မတ်လတွင် ကက်စ်ထရိုအား ဒေါ်လာ ၄ သန်းဖြင့် ရောင်းချလိုက်ခြင်း ဖြစ်သည်။

ကက်စ်ထရိုသည် အမေရိကန်သမိုင်းတလျှောက် ဆုကြေးအမြင့်မားဆုံး ထီဆုကြီး ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်တွင် စံအိမ် ၃ လုံး ဝယ်ယူထားပြီး ဖြစ်ကာ စုစုပေါင်း ဒေါ်လာ ၇၆ သန်း ပေးခဲ့ရသည်။

ထိုဝယ်ယူမှုများအနက် ဈေးအကြီးဆုံးမှာ လော့စ်အိန်ဂျလိမြို့ ဘဲလ်အဲရ်အရပ်ရှိ ဒေါ်လာ ၄၇ သန်းတန်စံအိမ် ဖြစ်ကာ အိပ်ခန်း ၇ ခန်း ၊ ရေချိုးခန်း ၁၁ ခန်းပါဝင်သည်။

(ကက်စ်ထရိုဝယ်ယူထားသော ဒေါ်လာ ၄၇ သန်းတန် စံအိမ်။ ဓာတ်ပုံ-SplashNews)

(ထီပေါက်ပြီးနောက် ပထမဆုံး ဝယ်ယူခဲ့သော ဟောလိဝုဒ်ဟေးစ်မှ စံအိမ်။ ဓာတ်ပုံ-BackGrid)

(ဆက်စပ်သတင်းများ)

အမေရိကန်တွင် ဒေါ်လာ သန်း ၂၀၀၀ ထီပေါက်သူက ကမ္ဘာကျော်ကြယ်ပွင့်များနေထိုင်ရာ Hollywood Hills တွင် ကန်ဒေါ်လာ ၂၅ ဒသမ ၅ သန်းတန်ကြေးရှိ စံအိမ်ကြီး ဝယ်ယူ

https://www.imyanmarhouse.com/news/read/1057727

အမေရိကန်တွင် ဒေါ်လာ ၂ ဘီလီယံ ထီပေါက်သူ Edwin Castro က vintage Porsche ၂ စင်းနှင့် vintage Volkswagen ၂ စင်းဝယ်ယူ

https://www.carsdb.com/my/news/200

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Powerball billionaire Edwin Castro bought $4M Japanese-style mansion for his parents as it’s revealed his brother is managing his assets (nypost)

[Zawgyi]

အေမရိကန္တြင္ ေဒၚလာ သန္း ၂၀၀၀ ထီေပါက္သူ အက္ဒ္ဝင္ ကက္စ္ထရုိက မိဘမ်ားအတြက္ ေဒၚလာ ၄ သန္းတန္ ဂ်ပန္ဗိသုကာဟန္ စံအိမ္တစ္လံုးဝယ္ယူ

အေမရိကန္ျပည္ေထာင္စုတြင္ ကန္ေဒၚလာ ၂ ဘီလီယံေက်ာ္ Powerball ထီေပါက္ကာ ေန႔ခ်င္းညခ်င္း ဘီလ်ံနာ ျဖစ္သြားသူ အသက္ ၃၁ ႏွစ္အရြယ္ရွိ အက္ဒ္ဝင္ ကက္စ္ထရိုသည္ ကယ္လီဖိုးနီးယားျပည္နယ္ ၊ Altadena ျမဳိ႕ရွိ ဂ်ပန္ဗိသုကာဟန္ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၄ သန္းျဖင့္ ဝယ္ယူလိုက္ေၾကာင္း သတင္းရင္းျမစ္မ်ားက နယူးေယာက္ပို႔စ္ သတင္းဌာနသို႔ ေျပာသည္။

ကက္စ္ထရို၏ မိဘမ်ားသည္ ယခင္က ေနထိုင္ခဲ့သည္မွာ ယခုဝယ္ယူလိုက္ေသာအိမ္ႏွင့္ မိုင္အနည္းငယ္ မွ်သာေဝးကြာသည္။ ကက္စ္ထရိုသည္ သူ၏ ညီငယ္ ဂ်က္ဆီအား ပိုင္ဆိုင္မႈမ်ားကို ထိန္းသိမ္းကြပ္ကြဲရန္ တာဝန္ေပးထားသည္။

ဂ်က္ဆီသည္ အသက္ ၂၇ ႏွစ္အရြယ္ရွိျပီျဖစ္ျပီး ဘဏ္တြင္ တာဝန္ထမ္းေဆာင္ေနသူ ျဖစ္သည္။

ကက္စ္ထရိုသည္ ျပီးခဲ့ေသာႏွစ္က ကန္ေဒၚလာ ၂ ဒသမ ၀၄ ဘီလီယံထီေပါက္ခဲ့ျပီး တလံုးတခဲတည္း ထုတ္ယူရန္ ေရြးခ်ယ္ခဲ့ရာ ကန္ေဒၚလာ ၉၉၇ ဒသမ ၆ သန္းရရွိခဲ့သည္။

“သူတို႔က ပါတီပြဲေတြ ကလပ္ေတြ မသြားပါဘူး။ သူတို႔နဲ႔ ပတ္သက္ျပီး ေတြ႔ႏိုင္မယ့္ ဓာတ္ပံုေတြက ေရွ႕ေနရံုး ထဲက (ဒါမွမဟုတ္) ဘဏ္ထဲက ထြက္လာတဲ့ ပံုေတြပဲ ရွိပါတယ္။ သူတို႔က သာမန္အတုိင္းပဲ ေနထိုင္ၾက ပါတယ္”ဟု သတင္းရင္းျမစ္တစ္ခုက ေျပာသည္။

ကက္စ္ထရိုက Altadena ျမဳိ႕ရွိ ေနအိမ္တစ္လံုးကို ေဒၚလာ ၄ သန္းျဖင့္ မိဘမ်ားအတြက္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ဖခင္မွာ အက္ဒ္ဝင္ဟုပင္ အမည္ရျပီး မိခင္မွာ ဖရန္ဆက္ျဖစ္သည္။ ဝယ္ယူလုိက္ေသာအိမ္တြင္ အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၅ ခန္းပါဝင္ကာ အက်ယ္အဝန္း စတုရန္းေပ ၄၆၃၁ ရွိျပီး San Gabrien ေတာင္တန္းမ်ား၏ အံ့မခန္းရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားေၾကာင္း Dirt.com တြင္ ေဖာ္ျပ သည္။

(ေဟာလိဝုဒ္ေဟးစ္ ေနအိမ္အတြင္းမွ အက္ဒ္ဝင္ ကက္စ္ထရို ထြက္လာပံု။ ဓာတ္ပံု-The Sun US)

(မိဘမ်ားအတြက္ ဝယ္ယူလိုက္ေသာ ေဒၚလာ ၄ သန္းတန္စံအိမ္။ ဓာတ္ပံု-CBS)

ကက္စ္ထရိုသည္ ဗိသုကာပညာရွင္တစ္ဦးျဖစ္ျပီး ကယ္လီဖိုးနီးယားျပည္နယ္ ၊ Burbank ျမိဳ႕ရွိ Woodbury တကၠသိုလ္မွ ဘြဲ႔ရခဲ့သည္။

ထိုတကၠသိုလ္သည္ အေမရိကန္တြင္ရွိေသာ ဗိသုကာေက်ာင္းမ်ားအနက္ နံပါတ္ ၁၈ ေနရာတြင္ ရပ္တည္ေနသည္။

ကက္စ္ထရိုသည္ ယခုစံအိမ္၏ တမူထူးေသာ ဟန္ပန္ကုိ သေဘာက်သြားျခင္း ျဖစ္ႏိုင္သည္။

Zillow အိမ္ျခံေျမဝက္ဘ္ဆိုက္တြင္ အေရာင္းတင္ခဲ့ေသာ ေစ်းကြက္တင္မွတ္တမ္းအရ U ပံုသ႑န္ရွိေသာ စံအိမ္၏ အဓိကေနရာမွာ လွပေသာ အိမ္လယ္ျခံဝန္းျဖစ္ျပီး အပန္းေျဖႏိုင္မည့္ ကိုယ္ပိုင္အိုေအစစ္ေနရာေလး ျဖစ္ေၾကာင္း ေဖာ္ျပသည္။

၂၀၁၀ ျပည့္ႏွစ္အတြင္း ကန္ေဒၚလာ ၁ ဒသမ ၁ သန္းျဖင့္ အေရာင္းေစ်းကြက္ တင္ခဲ့ဖူးျပီး ယခုႏွစ္ မတ္လတြင္ ကက္စ္ထရိုအား ေဒၚလာ ၄ သန္းျဖင့္ ေရာင္းခ်လိုက္ျခင္း ျဖစ္သည္။

ကက္စ္ထရိုသည္ အေမရိကန္သမိုင္းတေလွ်ာက္ ဆုေၾကးအျမင့္မားဆံုး ထီဆုၾကီး ဆြတ္ခူးခဲ့ျပီးေနာက္ပိုင္း ကယ္လီဖိုးနီးယားျပည္နယ္တြင္ စံအိမ္ ၃ လံုး ဝယ္ယူထားျပီး ျဖစ္ကာ စုစုေပါင္း ေဒၚလာ ၇၆ သန္း ေပးခဲ့ရသည္။

ထုိဝယ္ယူမႈမ်ားအနက္ ေစ်းအၾကီးဆံုးမွာ ေလာ့စ္အိန္ဂ်လိျမဳိ႕ ဘဲလ္အဲရ္အရပ္ရွိ ေဒၚလာ ၄၇ သန္းတန္စံအိမ္ ျဖစ္ကာ အိပ္ခန္း ၇ ခန္း ၊ ေရခ်ဳိးခန္း ၁၁ ခန္းပါဝင္သည္။

(ကက္စ္ထရိုဝယ္ယူထားေသာ ေဒၚလာ ၄၇ သန္းတန္ စံအိမ္။ ဓာတ္ပံု-SplashNews)

(ထီေပါက္ျပီးေနာက္ ပထမဆံုး ဝယ္ယူခဲ့ေသာ ေဟာလိဝုဒ္ေဟးစ္မွ စံအိမ္။ ဓာတ္ပံု-BackGrid)

(ဆက္စပ္သတင္းမ်ား)

အေမရိကန္တြင္ ေဒၚလာ သန္း ၂၀၀၀ ထီေပါက္သူက ကမၻာေက်ာ္ၾကယ္ပြင့္မ်ားေနထိုင္ရာ Hollywood Hills တြင္ ကန္ေဒၚလာ ၂၅ ဒသမ ၅ သန္းတန္ေၾကးရွိ စံအိမ္ၾကီး ဝယ္ယူ

https://www.imyanmarhouse.com/news/read/1057727

အေမရိကန္တြင္ ေဒၚလာ ၂ ဘီလီယံ ထီေပါက္သူ Edwin Castro က vintage Porsche ၂ စင္းႏွင့္ vintage Volkswagen ၂ စင္းဝယ္ယူ

https://www.carsdb.com/my/news/200

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Powerball billionaire Edwin Castro bought $4M Japanese-style mansion for his parents as it’s revealed his brother is managing his assets (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service