အမေရိကန်တွင် ဒေါ်လာ သန်း ၂၀၀၀ ထီပေါက်သူက ကမ္ဘာကျော်ကြယ်ပွင့်များနေထိုင်ရာ Hollywood Hills တွင် ကန်ဒေါ်လာ ၂၅ ဒသမ ၅ သန်းတန်ကြေးရှိ စံအိမ်ကြီး ဝယ်ယူ

အမေရိကန်တွင် ဒေါ်လာ သန်း ၂၀၀၀ ထီပေါက်သူက ကမ္ဘာကျော်ကြယ်ပွင့်များနေထိုင်ရာ Hollywood Hills တွင် ကန်ဒေါ်လာ ၂၅ ဒသမ ၅ သန်းတန်ကြေးရှိ စံအိမ်ကြီး ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
9 Mar 2023 10:24 am တွင် တင်ခဲ့သည်
2058 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စုတွင် Powerball jackpot ထီဆုကြီး ဒေါ်လာ ၂ ဘီလီယံ ထီပေါက်သူသည် ငွေသုံးရန် အချိန်ဆွဲနေခြင်းမရှိချေ။

အမေရိကန်ပြည်ထောင်စု၏ ဆုကြေးအများဆုံးထီဆုများတွင် တစ်ခုအပါအဝင်အဖြစ် ပြီးခဲ့သောလတွင် အဆိုပါထီဆုကြီးပေါက်ခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို (Edwin Castro) သည် လော့စ်အိန်ဂျလိမြို့တွင် ကမ္ဘာကျော် ဒိတ်ဒိတ်ကြဲကြယ်ပွင့်များ အခြေချနေထိုင်သော Hollywood Hills အရပ်၌ ကန်ဒေါ်လာ ၂၅ ဒသမ ၅ သန်းတန် စံအိမ်သစ်တစ်လုံးကို ဝယ်ယူလိုက်ပြီ ဖြစ်သည်။

ကက်စ်ထရိုက တစ်လုံးတစ်ခဲတည်း ကန်ဒေါ်လာ ၉၉၇ ဒသမ ၆ သန်း (အခွန်မဆောင်မီ) ငွေထုတ်ယူရန် ရွေးချယ်ခဲ့သည်။

ယခုအိမ်ကို ဝယ်ယူရာတွင် သုံးစွဲရသည့်ငွေမှာ ထီဆုငွေ၏ ၂ ဒသမ ၅၆ ရာခိုင်နှုန်း ဖြစ်သည်။

ယခုအရောင်းအဝယ်မှာ Hollywood Hills အရပ်တွင် ယခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သမျှ အိမ်ခြံမြေအရောင်းအဝယ် များတွင် ဈေးအကြီးဆုံး အိမ်ခြံမြေအရောင်းအဝယ်လည်း ဖြစ်သည်။

ကက်စ်ထရို မဝယ်ယူမီ ပြီးခဲ့သော နွေရာသီက ဤအိမ်ကို ကန်ဒေါ်လာ ၂၉ ဒသမ ၉၅ သန်းဖြင့် ဈေးကွက်တင် ခဲ့ဖူးရာ ယခင်ခေါ်ဈေးထက် အနည်းငယ်လျှော့ဈေးရခဲ့ခြင်းလည်း ဖြစ်သည်။

လော့စ်အိန်ဂျလိ၏ နာမည်ကျော် Sunset Strip နှင့် Chateau Marmont တို့ကို အပေါ်စီးမှ စီးမိုးတွေ့မြင်ရ သော တောင်ကုန်းဘေးနေအိမ်ကို တန်ဖိုးကြီးအိမ်ခြံမြေများ ဆောက်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည့် Roman James Design က ပြီးခဲ့သောနှစ်ကမှ ဆောက်လုပ်ခဲ့သည့် စံအိမ်သစ်တစ်လုံး ဖြစ်သည်။

စံအိမ်အပြင်ဘက်ကို သစ်၊ ကွန်ကရစ်တို့ဖြင့် အလှဆင်ထားပြီး လော့စ်အိန်ဂျလိမြို့ကြီးကို အပေါ်စီးမှ တွေ့မြင်ခွင့်ရမည့် အိမ်တွင်းအိမ်ပြင်နေရာများစွာ ပါဝင်သည်။

 

 

 

(မကြာသေးမီကမှ ဆောက်လုပ်ထားသော စံအိမ်သစ်ဖြစ်သည်။ ဓာတ်ပုံ-Simon Berlyn)

 

(စံအိမ်အပြင်ဘက်။ ဓာတ်ပုံ-Simon Berlyn)

 

(ဝင်ပေါက်နေရာ။ ဓာတ်ပုံ-Simon Berlyn)

 

(အခန်းဖွင့်အခင်းအကျင်း။ ဓာတ်ပုံ-Simon Berlyn)

 

(အိပ်ခန်း။ ဓာတ်ပုံ-Simon Berlyn)

 

(ဂိမ်းကစားခန်း။ ဓာတ်ပုံ-Simon Berlyn)

 

(ရုပ်ရှင်ရုံ။ ဓာတ်ပုံ-Simon Berlyn)

 

(ရေကူးကန်။ ဓာတ်ပုံ-Simon Berlyn)

 

(တောင်ကုန်းဘေးစံအိမ်။ ဓာတ်ပုံ-Simon Berlyn)

 

၃ ထပ် (အမိုးပေါ်ထပ်ပါဝင်) စံအိမ်တွင် အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်း၊ ဂိမ်းကစားခန်း၊ ဝိုင်သိုလှောင်ခန်း၊ ရုပ်ရှင်ရုံ၊ အရက်ဘား၊ အားကစားလေ့ကျင့်ခန်းမ၊ ရေအေးစိမ်ကန်၊ ရေနွေးငွေ့ရေပန်းနှင့် sauna တို့ ရှိသည်။

အိမ်နောက်ဘက်တွင် ရေကူးကန်၊ spa နှင့် ဟင်းလင်းပြင် မီးဖိုဆောင်တို့ ပါဝင်သည်။

ခြံဝန်းအကျယ်မှာ ဧကဝက်ကျော်သာ ရှိသည်။

Agency အိမ်ခြံမြေကုမ္ပဏီ၏ အကျိုးဆောင်များဖြစ်သော Stefan Pommepuy နှင့် H. Blair Chang တို့က Carolwood Estates ကုမ္ပဏီမှ Drew Fenton နှင့်အတူ အရောင်းဈေးကွက်တင်ပေးခဲ့ခြင်းဖြစ်သည်။

ဝယ်လက်ဘက်မှ ကိုယ်စားပြုသူမှာ Back Bay Realty Group အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Max Lindenberger ဖြစ်သည်။

ကက်စ်ထရိုသည် Altadena ဓာတ်ငွေ့ဆိုင်တစ်ဆိုင်မှ ထီလက်မှတ်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထီဂဏန်း ၅ လုံးအပြင် Powerball ပါ တူညီကာ အမေရိကန်၏ ဆုကြေးအမြင့်မားဆုံး ထီဆုကြီးပေါက်ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Winner of $2 billion Powerball jackpot drops $25.5 million on Hollywood Hills mansion (latimes)

 

 

 

[Zawgyi]

အေမရိကန္တြင္ ေဒၚလာ သန္း ၂၀၀၀ ထီေပါက္သူက ကမၻာေက်ာ္ၾကယ္ပြင့္မ်ားေနထိုင္ရာ Hollywood Hills တြင္ ကန္ေဒၚလာ ၂၅ ဒသမ ၅ သန္းတန္ေၾကးရွိ စံအိမ္ၾကီး ဝယ္ယူ

 

အေမရိကန္ျပည္ေထာင္စုတြင္ Powerball jackpot ထီဆုၾကီး ေဒၚလာ ၂ ဘီလီယံ ထီေပါက္သူသည္ ေငြသံုးရန္ အခ်ိန္ဆြဲေနျခင္းမရွိေခ်။

အေမရိကန္ျပည္ေထာင္စု၏ ဆုေၾကးအမ်ားဆံုးထီဆုမ်ားတြင္ တစ္ခုအပါအဝင္အျဖစ္ ျပီးခဲ့ေသာလတြင္ အဆိုပါထီဆုၾကီးေပါက္ခဲ့သူ အက္ဒ္ဝင္ ကက္စ္ထရို (Edwin Castro) သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ ကမၻာေက်ာ္ ဒိတ္ဒိတ္ၾကဲၾကယ္ပြင့္မ်ား အေျခခ်ေနထိုင္ေသာ Hollywood Hills အရပ္၌ ကန္ေဒၚလာ ၂၅ ဒသမ ၅ သန္းတန္ စံအိမ္သစ္တစ္လံုးကို ဝယ္ယူလိုက္ျပီ ျဖစ္သည္။

ကက္စ္ထရိုက တစ္လံုးတစ္ခဲတည္း ကန္ေဒၚလာ ၉၉၇ ဒသမ ၆ သန္း (အခြန္မေဆာင္မီ) ေငြထုတ္ယူရန္ ေရြးခ်ယ္ခဲ့သည္။

ယခုအိမ္ကို ဝယ္ယူရာတြင္ သံုးစြဲရသည့္ေငြမွာ ထီဆုေငြ၏ ၂ ဒသမ ၅၆ ရာခိုင္ႏႈန္း ျဖစ္သည္။

ယခုအေရာင္းအဝယ္မွာ Hollywood Hills အရပ္တြင္ ယခုႏွစ္အတြင္းျဖစ္ေပၚခဲ့သမွ် အိမ္ျခံေျမအေရာင္းအဝယ္ မ်ားတြင္ ေစ်းအၾကီးဆံုး အိမ္ျခံေျမအေရာင္းအဝယ္လည္း ျဖစ္သည္။

ကက္စ္ထရို မဝယ္ယူမီ ျပီးခဲ့ေသာ ေႏြရာသီက ဤအိမ္ကို ကန္ေဒၚလာ ၂၉ ဒသမ ၉၅ သန္းျဖင့္ ေစ်းကြက္တင္ ခဲ့ဖူးရာ ယခင္ေခၚေစ်းထက္ အနည္းငယ္ေလွ်ာ့ေစ်းရခဲ့ျခင္းလည္း ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိ၏ နာမည္ေက်ာ္ Sunset Strip ႏွင့္ Chateau Marmont တို႔ကို အေပၚစီးမွ စီးမိုးေတြ႔ျမင္ရ ေသာ ေတာင္ကုန္းေဘးေနအိမ္ကို တန္ဖိုးၾကီးအိမ္ျခံေျမမ်ား ေဆာက္လုပ္သည့္ ကုမၸဏီတစ္ခု ျဖစ္သည့္ Roman James Design က ျပီးခဲ့ေသာႏွစ္ကမွ ေဆာက္လုပ္ခဲ့သည့္ စံအိမ္သစ္တစ္လံုး ျဖစ္သည္။

စံအိမ္အျပင္ဘက္ကို သစ္၊ ကြန္ကရစ္တို႔ျဖင့္ အလွဆင္ထားျပီး ေလာ့စ္အိန္ဂ်လိျမိဳ႕ၾကီးကို အေပၚစီးမွ ေတြ႔ျမင္ခြင့္ရမည့္ အိမ္တြင္းအိမ္ျပင္ေနရာမ်ားစြာ ပါဝင္သည္။

(မၾကာေသးမီကမွ ေဆာက္လုပ္ထားေသာ စံအိမ္သစ္ျဖစ္သည္။ ဓာတ္ပံု-Simon Berlyn)

(စံအိမ္အျပင္ဘက္။ ဓာတ္ပံု-Simon Berlyn)

(ဝင္ေပါက္ေနရာ။ ဓာတ္ပံု-Simon Berlyn)

(အခန္းဖြင့္အခင္းအက်င္း။ ဓာတ္ပံု-Simon Berlyn)

(အိပ္ခန္း။ ဓာတ္ပံု-Simon Berlyn)

(ဂိမ္းကစားခန္း။ ဓာတ္ပံု-Simon Berlyn)

(ရုပ္ရွင္ရံု။ ဓာတ္ပံု-Simon Berlyn)

(ေရကူးကန္။ ဓာတ္ပံု-Simon Berlyn)

(ေတာင္ကုန္းေဘးစံအိမ္။ ဓာတ္ပံု-Simon Berlyn)

 

၃ ထပ္ (အမိုးေပၚထပ္ပါဝင္) စံအိမ္တြင္ အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၆ ခန္း၊ ဂိမ္းကစားခန္း၊ ဝိုင္သိုေလွာင္ခန္း၊ ရုပ္ရွင္ရံု၊ အရက္ဘား၊ အားကစားေလ့က်င့္ခန္းမ၊ ေရေအးစိမ္ကန္၊ ေရေႏြးေငြ႔ေရပန္းႏွင့္ sauna တို႔ ရွိသည္။

အိမ္ေနာက္ဘက္တြင္ ေရကူးကန္၊ spa ႏွင့္ ဟင္းလင္းျပင္ မီးဖိုေဆာင္တို႔ ပါဝင္သည္။

ျခံဝန္းအက်ယ္မွာ ဧကဝက္ေက်ာ္သာ ရွိသည္။

Agency အိမ္ျခံေျမကုမၸဏီ၏ အက်ဳိးေဆာင္မ်ားျဖစ္ေသာ Stefan Pommepuy ႏွင့္ H. Blair Chang တို႔က Carolwood Estates ကုမၸဏီမွ Drew Fenton ႏွင့္အတူ အေရာင္းေစ်းကြက္တင္ေပးခဲ့ျခင္းျဖစ္သည္။

ဝယ္လက္ဘက္မွ ကိုယ္စားျပဳသူမွာ Back Bay Realty Group အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Max Lindenberger ျဖစ္သည္။

ကက္စ္ထရိုသည္ Altadena ဓာတ္ေငြ႔ဆိုင္တစ္ဆိုင္မွ ထီလက္မွတ္ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ထီဂဏန္း ၅ လံုးအျပင္ Powerball ပါ တူညီကာ အေမရိကန္၏ ဆုေၾကးအျမင့္မားဆံုး ထီဆုၾကီးေပါက္ခဲ့ျခင္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Winner of $2 billion Powerball jackpot drops $25.5 million on Hollywood Hills mansion (latimes)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service