ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ

ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ - Property News in Myanmar from iMyanmarHouse.com
16 Sep 2025 12:04 pm တွင် တင်ခဲ့သည်
333 ကြိမ် ကြည့်ရှု့ပြီး

ဗြိတိန်နိုင်ငံတွင် မိုက်ကယ် ကယ်ရိုးလ်အမည်ရှိ အမှိုက်ကောက်သမား အမျိုးသားတစ်ဦးသည် ပေါင် ၉ ဒသမ ၇ သန်း (ဒေါ်လာ ၁၃ ဒသမ ၁ သန်း) ကို သောက်စားပျော်ပါးကာ တစ်ပြားမှ မကျန်အောင် သုံးဖြုန်းပစ်ခဲ့ပြီးနောက် အမှိုက်ကောက်သမားဘဝသို့ ပြန်ရောက်သွားသည်။

အသက် ၃၉ နှစ်အရွယ်ရှိ မိုက်ကယ် ကယ်ရိုးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က ထီဆုကြီး ကံထူးခဲ့ပြီးနောက် သူ၏ဘဝမှာ နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့သည်။

ထီပေါက်ပြီးနောက်ပိုင်း ကယ်ရိုးလ်သည် မူးယစ်ဆေး၊ အရက်၊ ပြည့်တန်ဆာများနှင့်သာ သောက်စားပျော်ပါး နေတော့သည်။

ကယ်ရိုးသည် မိန်းမပေါင်း ၄၀၀၀ ကျော်နှင့် အိပ်စက်ခဲ့ပြီး ပါတီပွဲများ အကုန်အကျခံ ကျင်းပလေ့ရှိကြောင်း Daily Star သတင်းဌာနက ဖော်ပြသည်။

ကယ်ရိုးသည် ထီကံထူးသော ငွေအားလုံးကို သုုံးဖြုန်းကာ တက်တက်ပြောင်သွားပြီး အိမ်ရာမဲ့ဘဝ ရောက်သွားသည်။ ၎င်းနှင့် လက်ထပ်ထားသော မိန်းကလေးမှာလည်း ကယ်ရိုးကို ထားခဲ့ကာ ထွက်သွားသည်။

ကယ်ရိုး၏ ညီမဖြစ်သူမှာ ကိုကင်းရှူပြီးနောက် နှလုံးရပ်ကာ သေဆုံးသွားရာ ဈာပနကျင်းပရန်ပင် ငွေမရှိသောကြောင့် သူငယ်ချင်းများက အလှူငွေ လိုက်လံကောက်ခံကာ သဂြိုဟ်ခဲ့ရသည်။

(ထီဆုကြီးကံထူးပြီးနောက် တစ်ပြားမကျန် သုံးဖြုန်းပစ်လိုက်သူ ကယ်ရိုး။ ဓာတ်ပုံ-Press Association)

ကယ်ရိုးသည် လိင်ဖျော်ဖြေရေး ပါတီပွဲကြီးများကို ငွေသောက်သောက်လဲ အကုန်အကျခံ ကျင်းပကာ သုံးဖြုန်းခဲ့သည်။

ကယ်ရိုးက ကိုကင်းရှူရန်အတွက် ဝတ်လစ်စလစ် အမျိုးသမီးများ ခေါ်ယူထားပြီး တွန်းလှည်းတစ်စင်းဖြင့် ကိုကင်းများ သယ်ပေးရသည်ဟု ဆိုသည်။

ကိုကင်းရှူပြီးလျှင် မိန်းမ ၈ ဦးနှင့်အတူ အိပ်စက်ကာ ညခင်းကာလကို ဖြတ်သန်းလေ့ရှိသည်။

ထိုသို့သော လိင်ဖျော်ဖြေရေး ပါတီပွဲများကို ကျင်းပရာတွင် ပေါင် ၅၀၀၀၀ ခန့် ကုန်ကျကြောင်း ကယ်ရိုးက ပြောသည်။

ထို့အပြင် ကိုကင်းရှူရန်အတွက် တစ်ရက်လျှင် ပေါင် ၂၀၀၀ ခန့် ကုန်ကျသည်။

(ကယ်ရိုးသည် ပြိုင်ကားများ မောင်းရင်း တရားရုံးသို့လည်း ရောက်ခဲ့ရဖူးသည်။ ဓာတ်ပုံ-Press Association)

(ထီဆုငွေကို စိတ်ကြိုက်သုံးဖြုန်းခဲ့သူ ကယ်ရိုး။ ဓာတ်ပုံ-PA)

“ကျွန်တော့်အိမ်က အခန်းတိုင်းမှာ သံဝါသပြုနေတဲ့ အတွဲတွေ ပြည့်နေလေ့ရှိတယ်။ အမျိုးသမီးတွေ ကျွန်တော့်ဆီရောက်လာပြီး အိပ်ဖို့ ပြောကြတာတွေ အမြဲရှိနေပါတယ်”

မနက်မိုးလင်းသည်နှင့် ကယ်ရိုးမှာ ကိုကင်း၊ ဗော့ဒ်ကာတို့ဖြင့် နေ့သစ်ကို ကြိုဆိုသည်။

(မူးယစ်ဆေးနှင့် အပျော်အပါးတို့ဖြင့်သာ အချိန်ပြည့် ဖြတ်သန်းခဲ့သည်။ ဓာတ်ပုံ-PA)

(ယခုအခါတွင်မူ စားဝတ်နေရေးအတွက် အလုပ်ကြမ်းများ ပြန်လည်လုပ်ကိုင်နေရပြီ ဖြစ်သည်။ ဓာတ်ပုံ-Garry F McHarg Daily Record)

ထိုသို့ ရှိသမျှ တက်တက်ပြောင်ကာ အလုပ်ကြမ်းများ ပြန်လုပ်နေရသော်လည်း နောင်တမရ၊ ထီပေါက်သော ငွေများဖြင့် ဖြတ်သန်းခဲ့ရသည့် ၁၀ နှစ်တာမှာ ဘဝ၏ အကောင်းဆုံးကာလဖြစ်ကြောင်း ကယ်ရိုးက ပြောသည်။

“ကျွန်တော် နောင်တတွေနဲ့ အတိတ်ကို ပြန်မကြည့်ပါဘူး။ ဒါတော့ အသေအချာပြောနိုင်ပါတယ်။ အချိန်တွေကို နောက်ပြန်မလှည့်ချင်ပါဘူး”

ကယ်ရိုးသည် မူးယစ်ဆေး၊ အရက်၊ မိန်းမတို့ဖြင့် အချိန်ပြည့် ကုန်ဆုံးခဲ့သည်ဟုဆိုသော်လည်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ခြင်းများလည်း ရှိသည်။

စွန့်ပစ်ထားသည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်သော စံအိမ်တစ်လုံးကို ပေါင် ၃၂၅၀၀၀ ဖြင့် ဝယ်ယူခဲ့သည့်အပြင် သူအကြိုက်ဆုံး ဘောလုံးအသင်းဖြစ်သော ရိန်းဂျားစ် (Rangers) တွင်လည်း ပေါင် ၁ သန်း ရင်းနှီးမြှုပ်နှံခဲ့သည်။

ထို့အပြင် ပေါင် ၁၅၀,၀၀၀ ဖိုးခန့်လည်း ရွှေဝယ်ထားခဲ့သေးသည်။

၂၀၁၃ ခုနှစ်တွင် ကယ်ရိုးသည် ဒေဝါလီခံသွားခဲ့ပြီး အလုပ်လည်း ရှာမရသောကြောင့် အိမ်ရာမဲ့အဖြစ် ဟိုတယ်တစ်ခုတွင် ၃ လခန့် နေထိုင်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Lottery winner Michael Carroll who blew £10m - but has no regrets

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service