ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
သင်၏ အိမ်သာခုံမှာ အိမ်တွင် အညစ်ညမ်းဆုံး နေရာတစ်ခုဖြစ်ပြီး အန္တရာယ်ရှိသော ဘက်တီးရီးယားတို့ ပေါက်ဖွားသည့်နေရာတစ်ခုဟု ယူဆထားပါက အောက်ဖော်ပြပါ လေ့လာတွေ့ရှိချက်ကို ဖတ်ရှုကြည့်ပါ။
အမေရိကန်ပြည်မှ အကျိုးအမြတ်အတွက်မဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် အမျိုးသား အိပ်စက်မှုဆိုင်ရာ ဖောင်ဒေးရှင်း (NSF) မှ ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်အရ တစ်ပတ်ခန့် မလျှော်ဘဲထားသော ခေါင်းအုံးစွပ်တို့တွင် အိမ်သာခုံထက် ဘက်တီးရီးယားများ ပိုမိုများပြားကြောင်း ဖော်ပြထားသည်။
“အိပ်ယာခင်းနှင့် ခေါင်းအုံးစွပ်တို့ အပါအဝင် အိပ်ယာနေရာမှာ ပုံမှန်သန့်ရှင်းရေး မလုပ်ပါက ဘက်တီးရီးယားများ အလွန်များပြားစွာ ပေါက်ဖွားလာနိုင်သည်။ ရက်သတ္တ ၄ပတ်ခန့် မလျှော်ဖွတ်ဘဲ ထားရှိပါက ခေါင်းအုံးစွပ်များနှင့် အိပ်ယာခင်းတို့တွင် ၁ လက်မ ပတ်လည်လျှင် ဘက်တီးရီးယား သန်းနှင့်ချီကာ ရှိနေနိုင်သည်။” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။
“ခေါင်းအုံးစွပ်တစ်ခုမှာ ရက်သတ္တပတ်လောက် အိပ်စက်ပြီးတဲ့အခါ အိမ်သာခုံထက် ဘက်တီးရီးယား အဆ ၁၇၀၀၀ ကျော် ပိုမို များပြားနေနိုင်ပါတယ်။ ခေါင်းအုံးစွပ် ၁ လက်မ ပတ်လည်မှာ ဘက်တီးရီးယား ၃ သန်းကနေ ၅ သန်းကျော်အထိ ရှိလာပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
“အိပ်ယာတွေထဲမှာ တွေ့ရတတ်တဲ့ ဘက်တီးရီးယား အမျိုးအစားတွေမှာဆိုရင် gram-negative rods, gram-positive rods, bacilli နဲ့ gram-positive cocci တွေ ပါဝင်ပါတယ်။ တချို့ ဘက်တီးရီးယားတွေက ကူးစက်ရောဂါတွေ ဖြစ်နိုင်ပြီး တချို့ကတော့ အန္တရာယ် မရှိပါဘူး”
((မလျှော်ဘဲထားသော ခေါင်းအုံးစွပ်များ၏ အန္တရာယ်))
မလျှော်ဘဲထားသော ခေါင်းအုံးစွပ်များတွင် အိပ်စက်ခြင်းအားဖြင့် ဘက်တီးရီးယား၊ မှို၊ ဓာတ်မတည့်မှု ဖြစ်စေနိုင်သော ပစ္စည်းများဖြင့် ထိတွေ့ကာ ကျန်းမာရေးပြဿနာ အမျိုးမျိုး ပေါ်ပေါက်လာနိုင်သည်။
ထိုသို့သော ကျန်းမာရေးပြဿနာများတွင် ဝက်ခြံနှင့် အရေပြား ယားယံကာ အနီကွက်ထခြင်းတို့လည်း အပါအဝင် ဖြစ်သည်။ ခေါင်းအုံးစွပ်တို့တွင် ဆီ၊ ချွေး၊ ဆဲလ်အသေ၊ ဘက်တီးရီးယားတို့ကြောင့် ချွေးပေါက်များပိတ်စေကာ နှင်းခူနှင့် ရိုစေးရှား အရေပြားရောဂါတို့ ဖြစ်လာနိုင်သည်။
(( မှတ်ချက်။ ရိုစေးရှား (Rosacea) ရောဂါဖြစ်ပွားသူတို့၏ အသားအရေမှာ အခြားသူများ လွယ်လွယ်ဖြင့် ခဏခဏနီရဲလာတတ်သည်။ မျက်နှာတွင် သွေးကြောများ မြင်နေရခြင်း (သို့မဟုတ်) ပြည်များရှိနေသည့် အဖုများ ပေါ်လာခြင်းမျိုး ကြုံဖူးကြလိမ့်မည်။ ထိုအရာများမှာ မျက်နှာမှသည် နား၊ ရင်ဘတ်နှင့် နောက်ကျောဘက်ဆီထိ ပျံ့သွားနိုင်သည်။)
ထို့အပြင် မှိုကြောင့်ဖြစ်သည့် ပွေးကဲ့သို့ ကူးစက်ရောဂါများလည်း ဖြစ်လာနိုင်သည်။
ခေါင်းအုံးစွပ် မသန့်ပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများလည်း ဖြစ်ပွားတတ်သည်။
ခေါင်းအုံးစွပ်တွင် ဖုန်၊ မှိုနှင့် အိမ်မွေးတိရ စ္ဆာန်တို့၏ အမွေးအမင်များ ရှိလာမှုကြောင့် ဓာတ်မတည့်ခြင်း (သို့မဟုတ်) ပန်းနာရောဂါတို့လည်း ဖြစ်နိုင်သည်။
ရောဂါလက္ခဏာများအနေဖြင့် နှာချေခြင်း၊ နှာရည်ကျခြင်း၊ မျက်ရည်ပူကျခြင်း၊ အသက်ရှူ မဝခြင်းတို့ ခံစားရလေ့ရှိသည်။ထိုသို့ ဓာတ်မတည့်သောအရာများနှင့် ကာလကြာရှည် ထိတွေ့နေရပါက ပြင်းထန်သော အသက်ရှူလမ်းကြောင်း ရောဂါများ ဖြစ်လာမည် ဖြစ်သည်။
မသန့်ရှင်းသော ခေါင်းအုံးစွပ်များကြောင့် staphylococcus (staph infection) နှင့် streptococcus တို့ကဲ့သို့ ဘက်တီးရီးယား ကူးစက်မှုများလည်း ဖြစ်လာနိုင်သည်။
မျက်နှာတွင် ဒဏ်ရာ (သို့မဟုတ်) အနာရှိခြင်း၊ ဝက်ခြံရှိခြင်း ရှိနေပါက ထိုနေရာများမှတဆင့် ဘက်တီးရီးယား ကူးစက်ရောဂါများ ဖြစ်နိုင်သည်။
ခေါင်းအုံးမှ မှိုတို့ကြောင့် ဗောက်နှင့် ဒက်များလည်း ဖြစ်လာနိုင်သည်။
ထိုသို့သော အခြေအနေများ ရှောင်ရှားနိုင်ရန်အတွက် ခေါင်းအုံးစွပ်များကို တစ်ပတ်လျှင်တစ်ကြိမ်လျှော်ကာ သန့်ရှင်းစွာ အိပ်စက်သင့်သည်။
(( Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) ကဘာလဲ ))
Staph ရောဂါသည် staphylococcus ဟုခေါ်သော ဘတ်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။
ထိုဘက်တီးရီးများများသည် ကျန်းမာသူတို့၏ အရေပြားပေါ်နှင့် နှာခေါင်းထဲတွင် ရှိနေတတ်သည်။
အများအားဖြင့် အရေပြားရောဂါငယ်မျိုး ဖြစ်တတ်သည်မှ လွဲပြီး ပြဿနာမရှိတတ်။
သို့သော် အဆိုပါ ဘက်တီးရီးယားများသည် သင့်ခန္ဓာကိုယ်ထဲသို့ နက်နက်တိုးဝင်သွားပါက (သို့မဟုတ်) သွေးကြော၊ အရိုးအဆစ်၊ အဆုတ်၊ နှလုံးများထဲသို့ ဝင်ရောက်သွားခဲ့ပါက အသက်သေနိုင်လောက်သည်ထိ အခြေအနေဆိုးသွားနိုင်သည်။
ကျန်းမာသူတို့တွင် အသက်အန္တရာယ်ရှိနိုင်သော staph ရောဂါဖြစ်နှုန်း မြင့်တက်လာနေသည်။
((staph ဘတ်တီးရီးယားကြောင့်ဖြစ်ရတဲ့ အရေပြားရောဂါများ))
■ သွေးစုနာ = အဖြစ်အများဆုံး အရေပြားရောဂါမှာ သွေးစုနာဖြစ်သည်။ မွှေးညင်းပေါက်၊ အဆီပေါက်တို့တွင် ပြည်တည်ခြင်းဖြစ်သည်။ ■ အနာစက်များ = ကူးစက်တတ်ပြီး တခါတရံ နာသော အနာကွက်များဖြစ်သည်။
(( ရုတ်တရတ်ပေါ်လာတတ်သော လက္ခဏာများ))
■ အဖျားကြီးခြင်း၊ ပျို့အန်ခြင်း၊ လက်ဖဝါး၊ ခြေဖဝါးတွင်နေလောင်ကွက်ကဲ့သို့ အကွက်များပေါ်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ပိုးကြောင့် အရိုးအဆစ် ရောင်ခြင်း
(( Strep Throat = စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း))
စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်းသည် စထရပ်တိုကောကတ် ဘက်တီးရီးယားကြောင့် ဖြစ်သော ရောဂါတစ်မျိုးဖြစ်သည်။
ရောဂါလက္ခဏာများမှာ ဗိုင်းရပ်ကြောင့်ဖြစ်သော လည်ချောင်းနာခြင်းထက် ပိုမိုပြင်းထန်တတ်သည်။ စထရပ်ကြောင့်ဖြစ်သော လည်ချောင်းနာခြင်းကို မကုပါက နောက်ဆက်တွဲအနေနှင့် ရူမတွိုဒ် အဖျားကို ဖြစ်စေတတ်သည်။
((လက္ခဏာများ))
■ လည်ချောင်းနာခြင်း (သို့မဟုတ်) မျိုချရခက်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အနီကွက်ထခြင်း၊ ဗိုက်အောင့်ခြင်း၊ အစားအသောက်ပျက်ခြင်း (သို့မဟုတ်) ပျို့ခြင်း၊ ကြွက်သားနာခြင်းနှင့်အဆစ်များကိုက်ခြင်း၊ အာသီးနီခြင်းယောင်ခြင်း၊ အဖြူကွက်များ (သို့မဟုတ်) ပြည်များရှိတတ်ခြင်း၊ အနီစက်များ ပါးစပ်အပေါ်တွင် ပေါ်လာခြင်း စထရွက်ကြောင့်ဖြစ်သော လည်ချောင်းနာခံစားနေရသည့် လူနာနှင့် ထိတွေ့ခြင်းရှောင်ပါ။
၎င်းအသုံးပြုသည့် ပစ္စည်းများ (ဥပမာ -ရေခွက် ) အား အတူတကွ မသုံးပါနှင့်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Pillow cases carry more bacteria than a toilet seat: This is the right time to replace them (timesofindia)