အမေရိကန်တွင် ၁၂၀၅ ဧကကျယ်သော ခြံကြီးကို အများပြည်သူအပန်းဖြေရန် အမည်မဖော်သောပိုင်ရှင်က လှူဒါန်း

အမေရိကန်တွင် ၁၂၀၅ ဧကကျယ်သော ခြံကြီးကို အများပြည်သူအပန်းဖြေရန် အမည်မဖော်သောပိုင်ရှင်က လှူဒါန်း - Property News in Myanmar from iMyanmarHouse.com
8 Dec 2023 11:17 am တွင် တင်ခဲ့သည်
561 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်တွင် ဒေါ်လာ ၂၅ သန်းတန်ကြေးရှိ အပြောကျယ်လှသော သဘာဝ တောမြေတစ်ခုကို ပိုင်ရှင်မိသားစုက အများပြည်သူ အပန်းဖြေရန် လှူဒါန်းလိုက်သောကြောင့် ထိုခြံဝန်းကြီးမှာ သဘာဝအတိုင်း ဆက်လက်တည်ရှိနေတော့မည် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု ၊ တက္ကဆပ်ပြည်နယ် ဝီလျံဆန်ခရိုင်မြောက်ပိုင်း ၊ Jarrell မြို့၏ အနောက်ဘက် ၅ မိုင်အကွာ ၊ အော်စတင်မြို့၏ မြောက်ဘက် မိုင် ၄၀ အကွာတွင် တည်ရှိပြီး ၁၂၀၅ ဧကကျယ်ဝန်းကာ တောင်ကုန်းများ ၊ နက်ရှိုင်းသော လှိုဏ်ဂူများ ၊ သဘာဝစမ်းချောင်းများစွာ တည်ရှိကာ Pecan Springs Karst Preserve ဟု အမည်တွင်သည်။

ဤခြံဝန်းကြီးကို သဘာဝအတိုင်း ထိန်းသိမ်းထားရန် ၊ သုတေသန ၊ ပညာရေးဆိုင်ရာ လေ့လာမှုများနှင့် အများပြည်သူတို့ အပန်းဖြေနိုင်ရန်အတွက် အမည်မဖော်သော မိသားစုက Hill Country Conservancy ထံ လှူဒါန်းလိုက်ခြင်းဖြစ်ကြောင်း Austin American-Statesman က ဖော်ပြသည်။

“အံ့မခန်း ရက်ရောမှုကြီးပါပဲ”ဟု Hill Country Conservancy ၏ စီအီးအို ကေသီမစ်လာက ပြောသည်။

Pecan Springs Karst Preserve ခြံကြီးတွင် လှိုဏ်ဂူ ၆ ခု ၊ Salado ချောင်းအတွင်း စီးဝင်သော ချောင်း လက်တက် ၃ ခု၏ ချောင်းဖျားခံရာ ၊ မျိုးသုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ် ၃ ခု ဖြစ်သည့် သုံးရောင်ခြယ်လင်းနို့ ၊ Salado ရေပုတ်သင်နှင့် ပါးဝါတေးသီငှက်တို့ ရှိသည်။

ထိန်းသိမ်းကာကွယ်မှုခံရသည့် သဘာဝမြေကင်းမဲ့သော ဝီလျံဆန်ခရိုင်တွင် ယခုလှူဒါန်းမှုမှာ အလွန်အရေးပါသည်။

အနီးရှိ Hays ခရိုင်တွင်ဆိုလျှင် ထိန်းသိမ်းကာကွယ်ထားသော သဘာဝမြေ ၃၉၆၆၀ ဧကရှိသည်။

အော်စတင်မြို့ပါဝင်သော Travis ခရိုင်တွင်လည်း ထိန်းသိမ်းကာကွယ်ထားသောမြေ ၉၅၀၄၀ ဧက ရှိသည်။

Austin American-Statesman ၏ ဖော်ပြချက်အရ ယခုလှူဒါန်းလိုက်သော မြေနေရာ၏ ဝန်းကျင်တွင် လာမည့် ၁၀ နှစ်အတွင်း လူနေအိမ်သစ်ပေါင်း ၂၄၀၀၀ ခန့် ဖုံးလွှမ်းသွားဖွယ်ရှိကြောင်း ဖော်ပြသည်။

“ဤဒေသမှာ လူနေအိမ် ဆောက်လုပ်မှုတွေ အရှိန်မြင့်လာနေပါတယ်။ ဒီလို ဆောက်လုပ်မှု လျင်မြန်လာတာ တွေကြောင့် အများပြည်သူတို့အတွက် သဘာဝတောရိုင်းမြေတွေ ထိန်းသိမ်းရေးကလည်း အလျင်စလို အရေးကြီးလာပါတယ်။ ဒီနေရာကို အများပြည်သူ ဝင်ရောက်ကြည့်ရှုခွင့် ပေးခြင်းအားဖြင့် သဘာဝမြေတွေနဲ့ ဒီလိုအရင်းအမြစ်တွေကာကွယ်ရေးအပေါ် အများပြည်သူရဲ့ အာရုံစိုက်မှု ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်”ဟု မစ်လာက ပြောသည်။

Hill Country Conservancy ကို ၁၉၉၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လက်ရှိအားဖြင့် ထိန်းသိမ်းကာကွယ်ပေး ထားသော မြေဧကပေါင်း ၁၄၀၀၀ ကျော်ရှိသည်။

The Texas Tribune ၏ ဖော်ပြချက်အရ လူဦးရေနှင့် ပန်းဥယျာဉ်ဧကအချိုးအရ တက္ကဆပ်ပြည်နယ်သည် အမေရိကန်တွင် နံပါတ် ၃၅ နေရာတွင် ရပ်တည်နေကြောင်း ၊ ၂၀၃၀ သို့ရောက်လျှင် လူဦးရေနှင့် ကိုက်ညီစေ မည့် ပန်းဥယျာဉ်မြေဧက ၁ ဒသမ ၄ သန်း ထပ်မံတိုးချဲ့ရန် လိုအပ်ကြောင်း ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Family passes up selling property for millions and does something amazing instead: ‘It’s a breathtaking act of generosity’ (yahoo)

[Zawgyi]

အေမရိကန္တြင္ ၁၂၀၅ ဧကက်ယ္ေသာ ျခံၾကီးကို အမ်ားျပည္သူအပန္းေျဖရန္ အမည္မေဖာ္ေသာပိုင္ရွင္က လွဴဒါန္း

အေမရိကန္ျပည္ေထာင္စု တကၠဆပ္ျပည္နယ္တြင္ ေဒၚလာ ၂၅ သန္းတန္ေၾကးရွိ အေျပာက်ယ္လွေသာ သဘာဝ ေတာေျမတစ္ခုကို ပိုင္ရွင္မိသားစုက အမ်ားျပည္သူ အပန္းေျဖရန္ လွဴဒါန္းလိုက္ေသာေၾကာင့္ ထိုျခံဝန္းၾကီးမွာ သဘာဝအတိုင္း ဆက္လက္တည္ရွိေနေတာ့မည္ ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စု ၊ တကၠဆပ္ျပည္နယ္ ဝီလ်ံဆန္ခရိုင္ေျမာက္ပိုင္း ၊ Jarrell ျမိဳ႕၏ အေနာက္ဘက္ ၅ မိုင္အကြာ ၊ ေအာ္စတင္ျမဳိ႕၏ ေျမာက္ဘက္ မုိင္ ၄၀ အကြာတြင္ တည္ရွိျပီး ၁၂၀၅ ဧကက်ယ္ဝန္းကာ ေတာင္ကုန္းမ်ား ၊ နက္ရိႈင္းေသာ လိႈဏ္ဂူမ်ား ၊ သဘာဝစမ္းေခ်ာင္းမ်ားစြာ တည္ရွိကာ Pecan Springs Karst Preserve ဟု အမည္တြင္သည္။

ဤျခံဝန္းၾကီးကို သဘာဝအတုိင္း ထိန္းသိမ္းထားရန္ ၊ သုေတသန ၊ ပညာေရးဆိုင္ရာ ေလ့လာမႈမ်ားႏွင့္ အမ်ားျပည္သူတို႔ အပန္းေျဖႏိုင္ရန္အတြက္ အမည္မေဖာ္ေသာ မိသားစုက Hill Country Conservancy ထံ လွဴဒါန္းလိုက္ျခင္းျဖစ္ေၾကာင္း Austin American-Statesman က ေဖာ္ျပသည္။

“အံ့မခန္း ရက္ေရာမႈၾကီးပါပဲ”ဟု Hill Country Conservancy ၏ စီအီးအို ေကသီမစ္လာက ေျပာသည္။

Pecan Springs Karst Preserve ျခံၾကီးတြင္ လႈိဏ္ဂူ ၆ ခု ၊ Salado ေခ်ာင္းအတြင္း စီးဝင္ေသာ ေခ်ာင္း လက္တက္ ၃ ခု၏ ေခ်ာင္းဖ်ားခံရာ ၊ မ်ဳိးသုန္းေပ်ာက္ကြယ္မည့္ အႏၱရာယ္ႏွင့္ ရင္ဆိုင္ေနရေသာ မ်ဳိးစိတ္ ၃ ခု ျဖစ္သည့္ သံုးေရာင္ျခယ္လင္းႏို႔ ၊ Salado ေရပုတ္သင္ႏွင့္ ပါးဝါေတးသီငွက္တို႔ ရွိသည္။

ထိန္းသိမ္းကာကြယ္မႈခံရသည့္ သဘာဝေျမကင္းမဲ့ေသာ ဝီလ်ံဆန္ခရိုင္တြင္ ယခုလွဴဒါန္းမႈမွာ အလြန္အေရးပါသည္။

အနီးရွိ Hays ခရိုင္တြင္ဆိုလွ်င္ ထိန္းသိမ္းကာကြယ္ထားေသာ သဘာဝေျမ ၃၉၆၆၀ ဧကရွိသည္။

ေအာ္စတင္ျမဳိ႕ပါဝင္ေသာ Travis ခရိုင္တြင္လည္း ထိန္းသိမ္းကာကြယ္ထားေသာေျမ ၉၅၀၄၀ ဧက ရွိသည္။

Austin American-Statesman ၏ ေဖာ္ျပခ်က္အရ ယခုလွဴဒါန္းလုိက္ေသာ ေျမေနရာ၏ ဝန္းက်င္တြင္ လာမည့္ ၁၀ ႏွစ္အတြင္း လူေနအိမ္သစ္ေပါင္း ၂၄၀၀၀ ခန္႔ ဖံုးလႊမ္းသြားဖြယ္ရွိေၾကာင္း ေဖာ္ျပသည္။

“ဤေဒသမွာ လူေနအိမ္ ေဆာက္လုပ္မႈေတြ အရွိန္ျမင့္လာေနပါတယ္။ ဒီလို ေဆာက္လုပ္မႈ လ်င္ျမန္လာတာ ေတြေၾကာင့္ အမ်ားျပည္သူတို႔အတြက္ သဘာဝေတာရိုင္းေျမေတြ ထိန္းသိမ္းေရးကလည္း အလ်င္စလို အေရးၾကီးလာပါတယ္။ ဒီေနရာကို အမ်ားျပည္သူ ဝင္ေရာက္ၾကည့္ရႈခြင့္ ေပးျခင္းအားျဖင့္ သဘာဝေျမေတြနဲ႔ ဒီလိုအရင္းအျမစ္ေတြကာကြယ္ေရးအေပၚ အမ်ားျပည္သူရဲ႕ အာရံုစိုက္မႈ ဖန္တီးေပးႏိုင္မွာ ျဖစ္ပါတယ္”ဟု မစ္လာက ေျပာသည္။

Hill Country Conservancy ကို ၁၉၉၉ ခုႏွစ္တြင္ တည္ေထာင္ခဲ့ျပီး လက္ရွိအားျဖင့္ ထိန္းသိမ္းကာကြယ္ေပး ထားေသာ ေျမဧကေပါင္း ၁၄၀၀၀ ေက်ာ္ရွိသည္။

The Texas Tribune ၏ ေဖာ္ျပခ်က္အရ လူဦးေရႏွင့္ ပန္းဥယ်ာဥ္ဧကအခ်ဳိးအရ တကၠဆပ္ျပည္နယ္သည္ အေမရိကန္တြင္ နံပါတ္ ၃၅ ေနရာတြင္ ရပ္တည္ေနေၾကာင္း ၊ ၂၀၃၀ သို႔ေရာက္လွ်င္ လူဦးေရႏွင့္ ကိုက္ညီေစ မည့္ ပန္းဥယ်ာဥ္ေျမဧက ၁ ဒသမ ၄ သန္း ထပ္မံတိုးခ်ဲ႕ရန္ လိုအပ္ေၾကာင္း ေဖာ္ျပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Family passes up selling property for millions and does something amazing instead: ‘It’s a breathtaking act of generosity’ (yahoo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service