အယ်လ်တန်ဂျွန်၏ ကွန်ဒိုခန်း အရောင်းဈေးကွက်တင်ပြီး မကြာမီ ငွေသားဖြင့် ပေးချေကာ ဝယ်ယူသော ဝယ်လက်ပေါ်ပေါက်

အယ်လ်တန်ဂျွန်၏ ကွန်ဒိုခန်း အရောင်းဈေးကွက်တင်ပြီး မကြာမီ ငွေသားဖြင့် ပေးချေကာ ဝယ်ယူသော ဝယ်လက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
9 Nov 2023 10:39 am တွင် တင်ခဲ့သည်
780 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(အယ်လ်တန်ဂျွန် ဘယ်သူလဲ)

အယ်လ်တန်ဂျွန် (မွေး ၁၉၄၇) သည် ဗြိတိန်အဆိုတော် ၊ စန္ဒယားဆရာ တေးရေးတစ်ဦးဖြစ်ပြီး ဂီတနယ်နှင့် ပရဟိတ ဆောင်ရွက်မှုများကြောင့် အဲလစ်ဇဘက်ဘုရင်မကြီးက ဆာဘွဲ့ချီးမြှင့်ကာ သူကောင်းပြုခြင်း ခံခဲ့ရသည်။

အယ်လ်တန်ဂျွန်၏ တေးအယ်လ်ဘမ်များမှာ ကမ္ဘာတစ်ဝန်းတွင် အချပ်ရေ သန်း ၃၀၀ ကျော် ရောင်းချထား ရကာ သမိုင်းတလျှောက် အရောင်းရဆုံး ဂီတအနုပညာသမားများတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

ဝေလမင်းသမီး ဒိုင်ယာနာ၏ ဈာပနတွင် သီဆိုခဲ့သော Candle in the Wind 1997 စင်ဂယ်တေးသီချင်းမှာ ကမ္ဘာတစ်လွှား အချပ်ရေ ၃၃ သန်း ရောင်းချခဲ့ရပြီး သမိုင်းတလျှောက် အရောင်းရဆုံး စင်ဂယ်အဖြစ် ရပ်တည်ခဲ့သည်။

(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)

အယ်လ်တန်ဂျွန်၏ သီချင်းအများအပြားကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများရှိရာ …အယ်လ်တန်ဂျွန်၏ Tell Me What The Papers Say အမည်ရှိ သီချင်းကို ဟေမာနေဝင်းက ရည်းစားထားရကောင်းမလား ၊ Candle in the Wind ကို ခင်မောင်တိုးက အချိန်လွန်မှ ရင်နာတယ်၊ လေးလေးဝါးက လေထဲက ဖယောင်းတိုင် ၊ ပိုးအိစံက တော်ဝင်နှင်းဆီဟု အသီးသီး သီဆိုခဲ့ကြသည်။

ထို့အပြင် တူးတူး ၊ စိန်လွင် ၊ ဇော်ဝင်းထွဋ် ၊ ဖိုးကျော် ၊ နော်လီဇာ နှင့် စိုးသူတို့အပါအဝင် အခြားတေးသံရှင်များ ကလည်း အယ်လ်တန်ဂျွန်၏ သီချင်းများကို ပြန်လည်သီဆိုထားမှုများ ရှိသည်။

(ရောင်းထွက်သွားသော ကွန်ဒိုခန်း)

ယခုအခါ အယ်လ်တန်ဂျွန်၏ ခမ်းနားထည်ဝါသော နေအိမ်တစ်ခု ကန်ဒေါ်လာ ၇ ဒသမ ၂၂ သန်းဖြင့် ရောင်းထွက်သွားသည်။

အရောင်းဈေးကွက်တင်ပြီး မကြာမီတွင်ပင် ခေါ်ဈေးထက် ၄၅ ရာခိုင်နှုန်း များပြားသောပမာဏဖြင့် အရောင်းအဝယ်ဖြစ်သွားခြင်းလည်း ဖြစ်သည်။

အရောင်းဈေးကွက်တင်ပေးခဲ့သော Sotheby’s International Realty အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Chase Mitzell က အယ်လ်တန်ဂျွန်၏နေအိမ် အရောင်းအဝယ်ဖြစ်သွားကြောင်း ဝေါစထရိဂျာနယ်သို့ အတည်ပြုသည်။

အယ်လ်တန်ဂျွန်က ယခုကွန်ဒိုခန်းကို အမေရိကန်သို့ရောက်လျှင် နားခိုသောနေရာအဖြစ် အသုံးပြုခဲ့သည်။

ယခုအခန်းသည် စက်တင်ဘာလတွင် အရောင်းဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၄ ဒသမ ၉၉ သန်း ဈေးခေါခဲ့သည်။

ယခုအရောင်းအဝယ်တွင် ဝယ်လက်မည်သူဖြစ်သည်ကို ဖွင့်ထုတ်ချပြခြင်း မရှိသော်လည်း ဒေသခံတစ်ဦးဖြစ်ပြီး ငွေသားချည်း ပေးချေကာ ဝယ်ယူသွားခြင်းဖြစ်သည်ဟု ဆိုသည်။

(အယ်လ်တန်ဂျွန်၏ ကွန်ဒိုခန်းတည်ရှိရာ အဆောက်အအုံကြီး။ ဓာတ်ပုံ- Sotheby’s International Realty)

(အတ္တလန္တာမြို့၏ ရှုမျှော်ခင်းများ အပြောကျယ်စွာ တွေ့မြင်နိုင်သည်။ ဓာတ်ပုံ- Sotheby’s International Realty)

(ကြမ်းပြင်မှာ မျက်နှာကြက်အထိ မြင့်မားသည့် ပြတင်းများ ပါဝင်သော ဧည့်ခန်းအများအပြားအနက်မှ တစ်ခု။ ဓာတ်ပုံ- Sotheby’s International Realty)

(အထက် ၂ ထပ် ဖြန့်ကျက်တည်ရှိသော ညစာစားခန်းနှင့် ဧည့်ခန်း။ ဓာတ်ပုံ-Sotheby’s International Realty)

(အဝတ်အစား ထားသိုခန်း ၂ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ- Sotheby’s International Realty)

(အဝတ်အစား ထားသိုခန်း မြင်ကွင်း။ ဓာတ်ပုံ- Sotheby’s International Realty)

(ဖိနပ် ထားသိုခန်း မြင်ကွင်း။ ဓာတ်ပုံ- Sotheby’s International Realty)

(ပင်မအိပ်ခန်း။ ဓာတ်ပုံ- Sotheby’s International Realty)

(ဆက်စပ်သတင်း)

အင်္ဂလန်ပြည့်ရှင်မှ ဆာဘွဲ့ချီးမြှင့်ခံရသူ၊ လိင်တူချစ်သူ အဆိုတော်ကြီး အယ်လ်တန်ဂျွန် ကနေဒါ penthouse ခန်းဝယ်ယူ

https://www.imyanmarhouse.com/news/read/1038429

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elton John’s Georgia home finds all-cash buyer above asking price only weeks after it listed (nypost)

[Zawgyi]

အယ္လ္တန္ဂၽြန္၏ ကြန္ဒိုခန္း အေရာင္းေစ်းကြက္တင္ျပီး မၾကာမီ ေငြသားျဖင့္ ေပးေခ်ကာ ဝယ္ယူေသာ ဝယ္လက္ေပၚေပါက္

(အယ္လ္တန္ဂၽြန္ ဘယ္သူလဲ)

အယ္လ္တန္ဂၽြန္ (ေမြး ၁၉၄၇) သည္ ျဗိတိန္အဆိုေတာ္ ၊ စႏၵယားဆရာ ေတးေရးတစ္ဦးျဖစ္ျပီး ဂီတနယ္ႏွင့္ ပရဟိတ ေဆာင္ရြက္မႈမ်ားေၾကာင့္ အဲလစ္ဇဘက္ဘုရင္မၾကီးက ဆာဘြဲ႔ခ်ီးျမွင့္ကာ သူေကာင္းျပဳျခင္း ခံခဲ့ရသည္။

အယ္လ္တန္ဂၽြန္၏ ေတးအယ္လ္ဘမ္မ်ားမွာ ကမၻာတစ္ဝန္းတြင္ အခ်ပ္ေရ သန္း ၃၀၀ ေက်ာ္ ေရာင္းခ်ထား ရကာ သမိုင္းတေလွ်ာက္ အေရာင္းရဆုံး ဂီတအႏုပညာသမားမ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္ခဲ့သည္။

ေဝလမင္းသမီး ဒိုင္ယာနာ၏ စ်ာပနတြင္ သီဆိုခဲ့ေသာ Candle in the Wind 1997 စင္ဂယ္ေတးသီခ်င္းမွာ ကမၻာတစ္လႊား အခ်ပ္ေရ ၃၃ သန္း ေရာင္းခ်ခဲ့ရျပီး သမိုင္းတေလွ်ာက္ အေရာင္းရဆံုး စင္ဂယ္အျဖစ္ ရပ္တည္ခဲ့သည္။

(ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)

အယ္လ္တန္ဂၽြန္၏ သီခ်င္းအမ်ားအျပားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ားရွိရာ …အယ္လ္တန္ဂၽြန္၏ Tell Me What The Papers Say အမည္ရွိ သီခ်င္းကို ေဟမာေနဝင္းက ရည္းစားထားရေကာင္းမလား ၊ Candle in the Wind ကို ခင္ေမာင္တိုးက အခ်ိန္လြန္မွ ရင္နာတယ္၊ ေလးေလးဝါးက ေလထဲက ဖေယာင္းတိုင္ ၊ ပိုးအိစံက ေတာ္ဝင္ႏွင္းဆီဟု အသီးသီး သီဆိုခဲ့ၾကသည္။

ထုိ႔အျပင္ တူးတူး ၊ စိန္လြင္ ၊ ေဇာ္ဝင္းထြဋ္ ၊ ဖိုးေက်ာ္ ၊ ေနာ္လီဇာ ႏွင့္ စုိးသူတို႔အပါအဝင္ အျခားေတးသံရွင္မ်ား ကလည္း အယ္လ္တန္ဂၽြန္၏ သီခ်င္းမ်ားကို ျပန္လည္သီဆိုထားမႈမ်ား ရွိသည္။

(ေရာင္းထြက္သြားေသာ ကြန္ဒိုခန္း)

ယခုအခါ အယ္လ္တန္ဂၽြန္၏ ခမ္းနားထည္ဝါေသာ ေနအိမ္တစ္ခု ကန္ေဒၚလာ ၇ ဒသမ ၂၂ သန္းျဖင့္ ေရာင္းထြက္သြားသည္။

အေရာင္းေစ်းကြက္တင္ျပီး မၾကာမီတြင္ပင္ ေခၚေစ်းထက္ ၄၅ ရာခိုင္ႏႈန္း မ်ားျပားေသာပမာဏျဖင့္ အေရာင္းအဝယ္ျဖစ္သြားျခင္းလည္း ျဖစ္သည္။

အေရာင္းေဈးကြက္တင္ေပးခဲ့ေသာ Sotheby’s International Realty အိမ္ျခံေျမကုမၸဏီမွ အက်ိဳးေဆာင္ Chase Mitzell က အယ္လ္တန္ဂြၽန္၏ေနအိမ္ အေရာင္းအဝယ္ျဖစ္သြားေၾကာင္း ေဝါစထရိဂ်ာနယ္သို႔ အတည္ျပဳသည္။

အယ္လ္တန္ဂၽြန္က ယခုကြန္ဒိုခန္းကို အေမရိကန္သို႔ေရာက္လွ်င္ နားခိုေသာေနရာအျဖစ္ အသံုးျပဳခဲ့သည္။

ယခုအခန္းသည္ စက္တင္ဘာလတြင္ အေရာင္းေစ်းကြက္သို႔ စတင္ဝင္ေရာက္ခဲ့ျခင္းျဖစ္ျပီး ကန္ေဒၚလာ ၄ ဒသမ ၉၉ သန္း ေစ်းေခၚခဲ့သည္။

ယခုအေရာင္းအဝယ္တြင္ ဝယ္လက္မည္သူျဖစ္သည္ကို ဖြင့္ထုတ္ခ်ျပျခင္း မရွိေသာ္လည္း ေဒသခံတစ္ဦးျဖစ္ျပီး ေငြသားခ်ည္း ေပးေခ်ကာ ဝယ္ယူသြားျခင္းျဖစ္သည္ဟု ဆိုသည္။

(အယ္လ္တန္ဂၽြန္၏ ကြန္ဒိုခန္းတည္ရွိရာ အေဆာက္အအံုၾကီး။ ဓာတ္ပံု- Sotheby’s International Realty)

(အတၱလႏၱာျမဳိ႕၏ ရႈေမွ်ာ္ခင္းမ်ား အေျပာက်ယ္စြာ ေတြ႔ျမင္ႏုိင္သည္။ ဓာတ္ပံု- Sotheby’s International Realty)

(ၾကမ္းျပင္မွာ မ်က္ႏွာၾကက္အထိ ျမင့္မားသည့္ ျပတင္းမ်ား ပါဝင္ေသာ ဧည့္ခန္းအမ်ားအျပားအနက္မွ တစ္ခု။ ဓာတ္ပံု- Sotheby’s International Realty)

(အထက္ ၂ ထပ္ ျဖန္႔က်က္တည္ရွိေသာ ညစာစားခန္းႏွင့္ ဧည့္ခန္း။ ဓာတ္ပံု-Sotheby’s International Realty)

(အဝတ္အစား ထားသိုခန္း ၂ ခန္းအနက္မွ တစ္ခန္း။ ဓာတ္ပံု- Sotheby’s International Realty)

(အဝတ္အစား ထားသိုခန္း ျမင္ကြင္း။ ဓာတ္ပံု- Sotheby’s International Realty)

(ပင္မအိပ္ခန္း။ ဓာတ္ပံု- Sotheby’s International Realty)

(ဆက္စပ္သတင္း)

အဂၤလန္ျပည့္ရွင္မွ ဆာဘြဲ႔ခ်ီးျမွင့္ခံရသူ၊ လိင္တူခ်စ္သူ အဆိုေတာ္ၾကီး အယ္လ္တန္ဂၽြန္ ကေနဒါ penthouse ခန္းဝယ္ယူ

https://www.imyanmarhouse.com/news/read/1038429

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Elton John’s Georgia home finds all-cash buyer above asking price only weeks after it listed (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service