ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
ဆာအယ်လ်တန်ဂျွန် (မွေး ၁၉၄၇) ၏ အမည်ရင်းမှာ ဆာအယ်လ်တန် ဟာကျူလီ ဂျွန်ဖြစ်ပြီး အင်္ဂလိပ်အဆိုတော်၊ စန္ဒယားဆရာ၊ တေးရေးတစ်ဦးဖြစ်သည်။
သူ၏ ဂီတသက်တမ်းတစ်လျှောက် တေးအယ်ဘမ် ၃၁ ချပ် ထုတ်ဝေခဲ့ပြီးဖြစ်သည်။ အယ်လ်တန်ဂျွန်၏ တေးအယ်လ်ဘမ်များမှာ ကမ္ဘာတစ်ဝန်းတွင် ချပ်ရေ သန်း ၃၀၀ ကျော် ရောင်းချထားရပြီးဖြစ်ကာ သမိုင်းတစ်လျှောက် အရောင်းရဆုံးအနုပညာရှင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
အယ်တန်ဂျွန်သည် ၁၉၇၆ ခုနှစ်တွင် လိင်တူချစ်သူဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့ပြီး ၁၉၈၈ ခုနှစ်ကတည်းက ပေါ်ပေါ်တင်တင်လိင်တူချစ်သူတစ်ဦးအဖြစ် နေထိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အင်္ဂလန်နှင့် ဝေလပြည်နယ်တို့တွင် လိင်တူလက်ထပ်ခြင်းကို ဥပဒေက တရားဝင်ခွင့်ပြုပေးခဲ့ပြီးနောက်ပိုင်း ရုပ်ရှင်ဒါရိုက်တာ David Furnish နှင့် လိင်တူလက်ထပ်ခဲ့သည်။
အယ်လ်တန်ဂျွန်လက်ထပ်ခဲ့သော ခင်ပွန်း ၃ ဦးရှိပြီး David Furnish မှာ တတိယမြောက် ဖြစ်သည်။
ဝေလမင်းသမီး ဒိုင်ယာနာ၏ ဈာပနတွင် သီဆိုခဲ့သော လေထဲကဖယောင်းတိုင် (Candle in the wind) အမည်ရှိ တေးသီချင်းကို single ဓာတ်ပြားအဖြစ် ထုတ်လုပ်ရောင်းချခဲ့ရာ ကမ္ဘာတစ်ဝန်းတွင် ချပ်ရေ ၃၃ သန်းကျော် ရောင်းချခဲ့ရသည်။
အယ်လ်တန်ဂျွန်ဝယ်ယူလိုက်သော ဆောက်လုပ်ဆဲ penthouse ခန်း
အသက် ၇၅ နှစ်ရှိပြီဖြစ်သော အယ်လ်တန်ဂျွန်သည် ကနေဒါကွန်ဒိုစီမံကိန်းသစ်တစ်ခုဖြစ်သော King Toronto မှ အခမ်းနားဆုံးလူနေခန်းများအနက်မှ တစ်ခန်းကို ဝယ်ယူလိုက်သည်။
ယခုကွန်ဒိုကို ဆောက်လုပ်နေမှုမှာ ၂၀၂၃ ခုနှစ်အထိ အပြီးသတ်ဦးမည် မဟုတ်ချေ။ လက်ရှိမြင်ကွင်းမှာ စိမ်းလန်းစိုပြည်သည့်သစ်ပင်များပြည့်နှက်နေသောနေရာတစ်ခုအဖြစ်သာ ရှိသေးသည်။
သို့သော် ဆာအယ်လ်တန်ဂျွန်နှင့် သူ၏ကနေဒါခင်ပွန်း David Furnish တို့က ယင်းကွန်ဒိုမှ penthouse ခန်းတစ်ခန်းအတွက် ပမာဏမဖော်ပြသည့် ငွေကြေးကိန်းဂဏန်းတစ်ခု ပေးချေထားပြီး ဖြစ်သည်။
ယင်းကွန်ဒိုတွင် သစ်ပင်အိမ်များ (Treehouses) ဟုခေါ်သော penthouse ခန်း ၆ ခန်းပါဝင်ပြီး အယ်လ်တန်ဂျွန်က တစ်ခန်းဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း Jam Press သတင်းဌာနက ဖော်ပြသည်။
အယ်လ်တန်ဂျွန်ဝယ်ယူလိုက်သော penthouse ခန်း၏ အကျယ်အဝန်းမှာ ၂၆၀၂ စတုရန်းပေရှိပြီး အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်း၊ သီးသန့် spa နှင့် တိုရွန်တိုမြို့ကြီး၏ ကောင်းကင်မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။
အယ်လ်တန်ဂျွန်တို့ ပြောင်းရွှေ့နေထိုင်မည့်အချိန်ဆိုလျှင် ယခုကတည်းက စိုက်ပျိုးပေးထားသည့် အလင်းပေါက်အမိုးတပ်ပင်မဟောနေရာမှ သစ်ပင်တစ်ပင်မှာ အတော်ကြီးမားနေလောက်ပြီ ဖြစ်သည်။
ပင်မအိပ်ခန်းတွင် ရေချိုးခန်း၊ ဘေစင်နှင့် ရေပန်းတို့အပြင် လမ်းလျှောက်ဝင်နိုင်သော အဝတ်အစားထားသိုခန်း တစ်ခုလည်း ရှိသည်။
Penthouse ခန်း၏ ဒုတိယထပ်တွင် spa အပြင် ရေနွေးငွေ့ခန်းနှင့် sauna တို့လည်း ရှိသည်။
Penthouse ခန်း၏ အထပ်တိုင်းတွင် အိုင်ဗီနွယ်တို့ဖုံးလွှမ်းသော သီးသန့်လသာဆောင်နေရာများပါဝင်သည်။
(အဆောက်အအုံ၏ ပြင်ပမြင်ကွင်း ။ ဓာတ်ပုံ- Jam Press/Westbank/Hayes Davidson)
(လာမည့်နှစ်တွင် အပြီးသတ်ဆောက်လုပ်ရန် ရည်မှန်းထားသည်။ Jam Press/Westbank/Bjarke Ingels)
(ကွန်ဒိုတွင်နေမည့်သူများ စုပေါင်းသုံးစွဲရမည့် ရေကူးကန်။ ဓာတ်ပုံ- Jam Press/Westbank/Bjarke Ingels)
(အယ်လ်တန်ဂျွန်၏ အခန်းတွင် ရေချိုးခန်း ၃ ခန်းပါသည်။ ဓာတ်ပုံ- Jam Press/Westbank/Bjarke Ingels)
(ပင်မဟောနေရာ။ Jam Press/Westbank/Bjarke Ingels)
(အယ်လ်တန်ဂျွန်နှင့် သူ၏ တတိယခင်ပွန်း David Furnish တို့ကို တိုရွန်တိုမြို့တွင် တွေ့ရပုံ။ ဓာတ်ပုံ-FilmMagic)
(လူနေခန်းတစ်ခုအတွင်း ကြီးထွားနေသော သစ်ပင်တစ်ပင်။ ဓာတ်ပုံ- Jam Press/Westbank/Bjarke Ingels)
(ဤကွန်ဒိုတွင် Penthouse ခန်း ၆ ခန်းရှိသည်။ ဓာတ်ပုံ- Jam Press/Westbank/Bjarke Ingels)
Jam Press သတင်းဌာန၏ ဖော်ပြချက်အရ ယခုဝယ်ယူထားသော Penthouse ခန်းသည် အယ်လ်တန်ဂျွန်အနေဖြင့် နွေကာလများတွင် ကနေဒါသို့ အလည်အပတ်သွားပါက အခြေစိုက်နားနေ နေထိုင်မည့်နေရာဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဖော်ပြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Elton John buys treehouse-inspired Toronto penthouse (nypost)
[Zawgyi]
အဂၤလန္ျပည့္ရွင္မွ ဆာဘြဲ႔ခ်ီးျမွင့္ခံရသူ၊ လိင္တူခ်စ္သူ အဆိုေတာ္ၾကီး အယ္လ္တန္ဂၽြန္ ကေနဒါ penthouse ခန္းဝယ္
ဆာအယ္လ္တန္ဂၽြန္ (ေမြး ၁၉၄၇) ၏ အမည္ရင္းမွာ ဆာအယ္လ္တန္ ဟာက်ဴလီ ဂၽြန္ျဖစ္ျပီး အဂၤလိပ္အဆိုေတာ္၊ စႏၵယားဆရာ၊ ေတးေရးတစ္ဦးျဖစ္သည္။
သူ၏ ဂီတသက္တမ္းတစ္ေလွ်ာက္ ေတးအယ္ဘမ္ ၃၁ ခ်ပ္ ထုတ္ေဝခဲ့ျပီးျဖစ္သည္။ အယ္လ္တန္ဂၽြန္၏ ေတးအယ္လ္ဘမ္မ်ားမွာ ကမၻာတစ္ဝန္းတြင္ ခ်ပ္ေရ သန္း ၃၀၀ ေက်ာ္ ေရာင္းခ်ထားရျပီးျဖစ္ကာ သမိုင္းတစ္ေလွ်ာက္ အေရာင္းရဆံုးအႏုပညာရွင္မ်ားထဲတြင္ တစ္ဦးအပါအဝင္ျဖစ္သည္။
အယ္တန္ဂၽြန္သည္ ၁၉၇၆ ခုႏွစ္တြင္ လိင္တူခ်စ္သူျဖစ္ေၾကာင္း ထုတ္ေဖာ္ေၾကညာခဲ့ျပီး ၁၉၈၈ ခုႏွစ္ကတည္းက ေပၚေပၚတင္တင္လိင္တူခ်စ္သူတစ္ဦးအျဖစ္ ေနထိုင္ခဲ့သည္။ ၂၀၁၄ ခုႏွစ္တြင္ အဂၤလန္ႏွင့္ ေဝလျပည္နယ္တို႔တြင္ လိင္တူလက္ထပ္ျခင္းကို ဥပေဒက တရားဝင္ခြင့္ျပဳေပးခဲ့ျပီးေနာက္ပိုင္း ရုပ္ရွင္ဒါရိုက္တာ David Furnish ႏွင့္ လိင္တူလက္ထပ္ခဲ့သည္။
အယ္လ္တန္ဂၽြန္လက္ထပ္ခဲ့ေသာ ခင္ပြန္း ၃ ဦးရွိျပီး David Furnish မွာ တတိယေျမာက္ ျဖစ္သည္။
ေဝလမင္းသမီး ဒိုင္ယာနာ၏ စ်ာပနတြင္ သီဆိုခဲ့ေသာ ေလထဲကဖေယာင္းတိုင္ (Candle in the wind) အမည္ရွိ ေတးသီခ်င္းကို single ဓာတ္ျပားအျဖစ္ ထုတ္လုပ္ေရာင္းခ်ခဲ့ရာ ကမၻာတစ္ဝန္းတြင္ ခ်ပ္ေရ ၃၃ သန္းေက်ာ္ ေရာင္းခ်ခဲ့ရသည္။
(အယ္လ္တန္ဂၽြန္ဝယ္ယူလိုက္ေသာ ေဆာက္လုပ္ဆဲ penthouse ခန္း)
အသက္ ၇၅ ႏွစ္ရွိျပီျဖစ္ေသာ အယ္လ္တန္ဂၽြန္သည္ ကေနဒါကြန္ဒိုစီမံကိန္းသစ္တစ္ခုျဖစ္ေသာ King Toronto မွ အခမ္းနားဆံုးလူေနခန္းမ်ားအနက္မွ တစ္ခန္းကို ဝယ္ယူလိုက္သည္။
ယခုကြန္ဒိုကို ေဆာက္လုပ္ေနမႈမွာ ၂၀၂၃ ခုႏွစ္အထိ အျပီးသတ္ဦးမည္ မဟုတ္ေခ်။ လက္ရွိျမင္ကြင္းမွာ စိမ္းလန္းစိုျပည္သည့္သစ္ပင္မ်ားျပည့္ႏွက္ေနေသာေနရာတစ္ခုအျဖစ္သာ ရွိေသးသည္။
သို႔ေသာ္ ဆာအယ္လ္တန္ဂၽြန္ႏွင့္ သူ၏ကေနဒါခင္ပြန္း David Furnish တို႔က ယင္းကြန္ဒိုမွ penthouse ခန္းတစ္ခန္းအတြက္ ပမာဏမေဖာ္ျပသည့္ ေငြေၾကးကိန္းဂဏန္းတစ္ခု ေပးေခ်ထားျပီး ျဖစ္သည္။
ယင္းကြန္ဒိုတြင္ သစ္ပင္အိမ္မ်ား (Treehouses) ဟုေခၚေသာ penthouse ခန္း ၆ ခန္းပါဝင္ျပီး အယ္လ္တန္ဂၽြန္က တစ္ခန္းဝယ္ယူခဲ့ျခင္း ျဖစ္ေၾကာင္း Jam Press သတင္းဌာနက ေဖာ္ျပသည္။
အယ္လ္တန္ဂၽြန္ဝယ္ယူလိုက္ေသာ penthouse ခန္း၏ အက်ယ္အဝန္းမွာ ၂၆၀၂ စတုရန္းေပရွိျပီး အိပ္ခန္း ၃ ခန္း၊ ေရခ်ဳိးခန္း ၃ ခန္း၊ သီးသန္႔ spa ႏွင့္ တိုရြန္တိုျမိဳ႕ၾကီး၏ ေကာင္းကင္ျမင္ကြင္းမ်ား ပိုင္ဆိုင္ထားသည္။
အယ္လ္တန္ဂၽြန္တို႔ ေျပာင္းေရႊ႕ေနထိုင္မည့္အခ်ိန္ဆိုလွ်င္ ယခုကတည္းက စိုက္ပ်ဳိးေပးထားသည့္ အလင္းေပါက္အမိုးတပ္ပင္မေဟာေနရာမွ သစ္ပင္တစ္ပင္မွာ အေတာ္ၾကီးမားေနေလာက္ျပီ ျဖစ္သည္။
ပင္မအိပ္ခန္းတြင္ ေရခ်ဳိးခန္း၊ ေဘစင္ႏွင့္ ေရပန္းတို႔အျပင္ လမ္းေလွ်ာက္ဝင္ႏိုင္ေသာ အဝတ္အစားထားသိုခန္း တစ္ခုလည္း ရွိသည္။
Penthouse ခန္း၏ ဒုတိယထပ္တြင္ spa အျပင္ ေရေႏြးေငြ႔ခန္းႏွင့္ sauna တို႔လည္း ရွိသည္။
Penthouse ခန္း၏ အထပ္တိုင္းတြင္ အိုင္ဗီႏြယ္တို႔ဖံုးလႊမ္းေသာ သီးသန္႔လသာေဆာင္ေနရာမ်ားပါဝင္သည္။
(အေဆာက္အအံု၏ ျပင္ပျမင္ကြင္း ။ ဓာတ္ပံု- Jam Press/Westbank/Hayes Davidson)
(လာမည့္ႏွစ္တြင္ အျပီးသတ္ေဆာက္လုပ္ရန္ ရည္မွန္းထားသည္။ Jam Press/Westbank/Bjarke Ingels)
(ကြန္ဒိုတြင္ေနမည့္သူမ်ား စုေပါင္းသံုးစြဲရမည့္ ေရကူးကန္။ ဓာတ္ပံု- Jam Press/Westbank/Bjarke Ingels)
(အယ္လ္တန္ဂၽြန္၏ အခန္းတြင္ ေရခ်ဳိးခန္း ၃ ခန္းပါသည္။ ဓာတ္ပံု- Jam Press/Westbank/Bjarke Ingels)
(ပင္မေဟာေနရာ။ Jam Press/Westbank/Bjarke Ingels)
(အယ္လ္တန္ဂၽြန္ႏွင့္ သူ၏ တတိယခင္ပြန္း David Furnish တို႔ကို တိုရြန္တိုျမိဳ႕တြင္ ေတြ႔ရပံု။ ဓာတ္ပံု-FilmMagic)
(လူေနခန္းတစ္ခုအတြင္း ၾကီးထြားေနေသာ သစ္ပင္တစ္ပင္။ ဓာတ္ပံု- Jam Press/Westbank/Bjarke Ingels)
(ဤကြန္ဒိုတြင္ Penthouse ခန္း ၆ ခန္းရွိသည္။ ဓာတ္ပံု- Jam Press/Westbank/Bjarke Ingels)
Jam Press သတင္းဌာန၏ ေဖာ္ျပခ်က္အရ ယခုဝယ္ယူထားေသာ Penthouse ခန္းသည္ အယ္လ္တန္ဂၽြန္အေနျဖင့္ ေႏြကာလမ်ားတြင္ ကေနဒါသို႔ အလည္အပတ္သြားပါက အေျခစိုက္နားေန ေနထိုင္မည့္ေနရာျဖစ္လာလိမ့္မည္ျဖစ္ေၾကာင္း ေဖာ္ျပသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Elton John buys treehouse-inspired Toronto penthouse (nypost)