အိမ်ငှားဖြစ်သူက အခန်း၏ တစိတ်တပိုင်းကို ပြန်လည်အငှားချထားကာ အကျိုးဖြစ်နေသော်လည်း အိမ်ငှားခမပေးတော့သောကြောင့် အိမ်ရှင်မှာ ကားပေါ်တွင် နေထိုင်ရသည့်ဘဝသို့ ရောက်ရှိနေသည်။
အိမ်ငှားဖြစ်သူက အခန်း၏ တစိတ်တပိုင်းကို ပြန်လည်အငှားချထားကာ အကျိုးဖြစ်နေသော်လည်း အိမ်ငှားခမပေးတော့သောကြောင့် အိမ်ရှင်မှာ ကားပေါ်တွင် နေထိုင်ရသည့်ဘဝသို့ ရောက်ရှိနေသည်။ - Property News in Myanmar from iMyanmarHouse.com
9 Oct 2023 10:19 am တွင် တင်ခဲ့သည်
966 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု ၊ ဝါရှင်တန်ပြည်နယ် Rainier မြို့တွင် အိမ်ငှားဖြစ်သူက အခန်း၏ တစိတ်တပိုင်းကို ပြန်လည်အငှားချထားကာ အကျိုးဖြစ်ထွန်းနေသော်လည်း အိမ်ငှားခမပေးတော့သောကြောင့် အိမ်ရှင်အမျိုးသား နှင့် သူ၏ခွေးမှာ ဗန်ကားတစ်စီးပေါ်တွင် နေထိုင်ရလျက် ရှိသည်။
(အိမ်ငှားဖြစ်သူက အိမ်လခမပေးတော့သောကြောင့် အိမ်ရှင်ဖြစ်သူ ဂျေဆင် ရော့သ်မှာ ဗန်ကားပေါ်တွင် နေထိုင်ရလျက် ရှိသည်။ အိမ်ငှားအား နှင်ထုတ်ရန်မှာ တစ်နှစ်ခန့်ကြာမြင့်မည် ဖြစ်သည်။ ဓာတ်ပုံ-KIRO7)
(အိမ်ငှားဖြစ်သူက နေအိမ်၏ တစိတ်တပိုင်းကို Airbnb အိမ်ငှားဝက်ဘ်ဆိုက်မှတဆင့် ပြန်လည် အငှားချထား ရာ တစ်လလျှင် ဒေါ်လာ ၄၀၀၀ ကျော် ရရှိလျက်ရှိသည်။ဓာတ်ပုံ-KIRO7)
အဆိုပါ အငှားချထားသောအိမ်မှာ အိမ်ငှားခမရသော်လည်း ရေမီးအခွန်အခများနှင့် အိမ်ခြံမြေအရစ်ကျသွင်းငွေ များ ပြန်လည်ပေးသွင်းနေရမှုကြောင့် အိမ်ရှင်ဖြစ်သူ ဂျေဆင် ရော့သ်မှာ ဒေါ်လာ ၅၀၀၀၀ နီးပါး အရှုံးပေါ်လျက် ရှိသည်။
အိမ်ရှင်က ပြောသည်မှာ ၅ လကြာ အိမ်ငှားခ မရခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကန်ဒေါ်လာ ၂၉၀၀၀ ရှိကြောင်း ပြောသည်။
ဂျေဆင် ရော့သ်၏ အိမ်ငှားမှာ အဆိုပါ အိမ်၏ အောက်ထပ်ကို Airbnb ဝက်ဘ်ဆိုက်တွင် အငှားတင်လျက် ရှိသည်။
ထိုသို့ ပြန်လည်အငှားချထားခြင်းမှတဆင့် အိမ်ငှားဖြစ်သူမှာ တစ်လလျှင် ဒေါ်လာ ၂၀၀၀ မှ ၄၀၀၀ ကြား ဝင်ငွေ ရနေကြောင်း ဂျေဆင် ရော့သ်က ခန့်မှန်းသည်။
“Airbnb တွင် ကြော်ငြာတင်သူများအားလုံး မိမိတို့၏ နေရာကို အငှားဈေးကွက် တင်ခွင့်ရှိကြောင်း မှန်ကန်မှု ရှိရမည်။ ကျွန်ုပ်တို့ထံ တိုင်ကြားလာမှုများကို စုံစမ်းစစ်ဆေးပြီး လိုအပ်သော အရေးယူမှုများ ပြုလုပ်ပါသည်”ဟု Airbnb ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
အဆိုပါ အိမ်ငှားသည် Airbnb တွင် အငှားတင်ရန် မြို့အုပ်ချုပ်ရေးအဖွဲ့ထံမှ ကာလတိုအငှားချထားခွင့်လိုင်စင် ရရှိထားသော်လည်း အချက်အလက်အတုများဖြင့် ရယူခဲ့ခြင်း ဖြစ်သည်။
“ဒီလူရရှိထားတဲ့ လိုင်စင်က တရားမဝင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နေအိမ်ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး မမှန်ကန်တဲ့အချက်အလက်တွေနဲ့ ရယူထားတာကြောင့် ဖြစ်ပါတယ်”ဟု မြို့အုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောသည်။
မြို့အုပ်ချုပ်ရေးအဖွဲ့က ထိုအိမ်ငှား ရယူခဲ့သော လိုင်စင်နှင့် စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်။
အိမ်ရှင်ဖြစ်သူ ဂျေဆင် ရော့သ်အတွက် အိမ်ငှားခ မရခြင်းသည်သာမက ဗန်ကားပေါ်တွင် နေထိုင်ရခြင်း မှာလည်း မလွယ်ကူချေ။
“ဒီဖြစ်ရပ်ကြောင့် ကျွန်တော်မှာ ခံစားချက်မျိုးစုံ ဖြစ်ရပါတယ်။ အရမ်းဝမ်းနည်းတယ် ၊ ဒေါသထွက်တယ် ၊ ကျွန်တော်နေရတဲ့ ပုံစံကြောင့် ရုပ်ပိုင်းဆိုင်ရာလည်း သက်တောင့်သက်သာမရှိပါဘူး”ဟု ဂျေဆင်က ပြောသည်။
“ကျွန်တော့်အိမ်ကို ကြည့်ဖို့သက်သက်အတွက် မကြာခဏလာပါတယ်။ ကျွန်တော့်အိမ်ကို လွမ်းတယ်။ ဒီအိမ်မှာ ပြန်နေချင်တယ်။”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: I’m living in my van while my ‘deadbeat renter’ AirBnbs my home for $4k a month – he’s making profit while I’m homeless (the-sun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service