ကောလိပ်မှ ကျောင်းထွက်ကာ ဒေလီမြို့လမ်းများပေါ်တွင် ဆင်းမ်ကတ်လိုက်ရောင်းခဲ့သူ ၊ ကမ္ဘာ့ဒုတိယမြောက် အသက်အငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန်ဘီလျံနာ ၊ ရူပီး ၁၆၄၆၂ ကုဋေချမ်းသာသူ ရီတိရှ် အာဂရာဗာ
ကောလိပ်မှ ကျောင်းထွက်ကာ ဒေလီမြို့လမ်းများပေါ်တွင် ဆင်းမ်ကတ်လိုက်ရောင်းခဲ့သူ ၊ ကမ္ဘာ့ဒုတိယမြောက် အသက်အငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန်ဘီလျံနာ ၊ ရူပီး ၁၆၄၆၂ ကုဋေချမ်းသာသူ ရီတိရှ် အာဂရာဗာ - Property News in Myanmar from iMyanmarHouse.com
21 Jul 2023 11:12 am တွင် တင်ခဲ့သည်
1498 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Oyo Hotels အုပ်စုသည် အခြားအချက်များနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်များ ရှိနိုင်သော်လည်း အိန္ဒိယ၏ ဟိုတယ်လုပ်ငန်းကို ကိုင်လှုပ်ခဲ့ခြင်းမှာမူ အငြင်းပွားဖွယ်မရှိဘဲ လက်ခံကြရမည် ဖြစ်သည်။
Oyo Hotels ကို တည်ထောင်သူ ရီတိရှ် အာဂရာဗာသည် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာများ စာရင်းတွင် ကိုင်လီဂျင်းနာပြီးလျှင် ဒုတိယနေရာ၌ ရပ်တည်နေသည်။
ရီတိရှ် အာဂရာဗာသည် အသက် ၂၄ နှစ်အရွယ်တွင် Oyo Hotels အုပ်စုကို စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ရူပီး ၁၆၄၆၂ ကုဋေ (ကန်ဒေါ်လာ ၂ ဘီလီယံ) ချမ်းသာကြွယ်ဝနေပြီ ဖြစ်သူ ရီတိရှ် အာဂရာဗာသည် အောက်ခြေဘဝမှသည် ဟိုတယ်ကဏ္ဍ၏ ထိပ်ဆုံးအထိ မလျှော့သောဇွဲ ၊ ခိုင်မာသော သံန္နိဌာန်တို့ဖြင့် ချီတက်ခဲ့ခြင်း ဖြစ်သည်။
Oyo Hotels သည် အိန္ဒိယတွင် အကြီးမားဆုံး ဟိုတယ်အုပ်စုတစ်ခုဖြစ်ကာ ၂၀၁၃ ခုနှစ်တွင် ဂျပန်မှ SoftBank ၏ အကူအညီရရှိခဲ့ပြီး ယခုအခါ ကုမ္ပဏီတန်ကြေး ရူပီး ၈၂၃၀၇ ကုဋေ ရှိနေပြီ ဖြစ်သည်။
Oyo Hotels အုပ်စုသည် တရုတ်ပြည်၏ ဒုတိယအကြီးမားဆုံး ဟိုတယ်အုပ်စုကို မကြာသေးမီက ဖြတ်ကျော်သွားခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးရှိ အခြားဟိုတယ်အုပ်စုအားလုံးကို ဖြတ်ကျော်ရန် ရည်မှန်းထားသည်။
ရီတိရှ် အာဂရာဗာသည် အသက် ၁၃ နှစ်အရွယ်တွင် ဆင်းမ်ကတ်များ လိုက်လံရောင်းချခြင်းနှင့် စီးပွားရေးလမ်းခရီးကို စတင်ခဲ့သူ ဖြစ်သည်။
ရာဂျက်စ်သန်ပြည်နယ် ၊ ကိုတာမြို့ရှိ စိန့်ဂျွန်း အထက်တန်းကျောင်းမှ အောင်မြင်ပြီးချိန်တွင် ပညာဆက်လက်ဆည်းပူးရန် ဒေလီမြို့သို့ ရွှေ့ပြောင်းခဲ့သည်။
ဖခင်ဖြစ်သူ ရာမက်ရှ် အာဂရာဗာက သားဖြစ်သူအား အင်ဂျင်နီယာတစ်ယောက် ဖြစ်စေလိုသော်လည်း ရီတိရှ် အာဂရာဗာတွင် အောင်မြင်မှုသို့ သွားရန် သမရိုးကျမဟုတ်သော လမ်းကြောင်းတစ်ခု ရှိနေသည်။
ရီတိရှ် အာဂရာဗာက အင်ဂျင်နီယာကောလိပ်မှ ကျောင်းထွက်ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ရန် ဘဝလမ်းကြောင်း ရွေးချယ်ခဲ့သည်။
Thiel Fellowship အစီအစဉ်က ရီတိရှ် အာဂရာဗာ၏ စီးပွားရေး စိတ်ကူးစိတ်သန်းများကို အကောင်အထည် ဖော်နိုင်ရန် ဒေါ်လာ ၁၀၀၀၀၀ ထောက်ပံ့ပေးခဲ့သည်။
ရီတိရှ် အာဂရာဗာက အဆိုပါငွေကို အသုံးချကာ စရိတ်နည်း တည်းခိုခန်းများကို ဦးစားပေးသည့် Oravel Stays ဝက်ဘ်ဆိုက်ကို ၂၀၁၂ ခုနှစ် ၊ စက်တင်ဘာလတွင် စတင်လွှင့်တင်ခဲ့သည်။
ဤသည်ကား ဟိုတယ်လုပ်ငန်းကဏ္ဍကို ပြောင်းလဲပေးမည့် သူ၏ ပထမဆုံးခြေလှမ်းလဲ ဖြစ်သည်။
(OYO Rooms မွေးဖွားခြင်း)
Oravel Stays အောင်မြင်မှု ရရှိခဲ့သောကြောင့် ၂၀၁၃ ခုနှစ် ၊ မေလတွင် OYO Rooms ကို စတင်တည်ထောင်ခဲ့သည်။
အဆိုပါ ဟိုတယ်အုပ်စုသည် အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် စံချိန်မှီကာ ဈေးမကြီးသည့် တည်းခိုရာ နေရာများ ဖန်တီးပေးပြီး မကြာမီတွင်ပင် များစွာ ကျော်ကြားလာခဲ့သည်။
ရီတိရှ် အာဂရာဗာ၏ တီထွင်ဖန်တီးမှုရှိသော ခြေလှမ်းများကြောင့် ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလတွင် ကုမ္ပဏီ၏ ဝင်ငွေမှာ ရူပီး ကုဋေ ၈၀၀၀ အထိ ရှိလာခဲ့ပြီး အိန္ဒိယ၏ အကြီးမားဆုံး ဟိုတယ်အုပ်စု ဖြစ်လာခဲ့သည်။
(အိန္ဒိယအပြင်ဘက် ခြေလှမ်းများ)
OYO Rooms ၏ အောင်မြင်မှုသည် အိန္ဒိယနိုင်ငံနယ်နိမိတ်ပြင်ပအထိ ဖြန့်ကျက်နိုင်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် အာဂရာဗာ၏ ဟိုတယ်အုပ်စုမှာ Check-in ပြုလုပ်မှုပေါင်း ၁၀ သိန်းအထိ ရောက်ရှိကာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီးနောက် မလေးရှားနိုင်ငံတွင် လုပ်ငန်းများ ချဲ့ထွင်ခဲ့သည်။
ယင်းနောက် နီပေါနိုင်ငံတွင် ရုံးခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ ထိုနောက်ပိုင်းတွင်ကား ဗြိတိန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်း၊ တရုတ်၊ စင်္ကာပူနှင့် အင်ဒိုနီးရှားတို့အထိ ဖြန့်ကျက်နိုင်ခဲ့သည်။
၂၀၁၉ ခုနှစ်တွင်ကား ကမ္ဘာတစ်ဝန်း နေရာပေါင်း ၅၀၀ တွင် ဟိုတယ်ခန်းပေါင်း ၃၃၀၀၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။ 
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Next Gautam Adani? World's Second Youngest Self-Made Billionaire, A College Dropout Who Used To Sell Sim Cards In Streets Of Delhi, Has A Net Worth Rs 16,462 Crore (zeenews)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service