ဝေါ့ဒစ္စနေက ၁၉၃၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော ပုံပြင်ဆန်ဆန် နေအိမ်ကလေးတစ်လုံး တစ်လလျှင် ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားမည်

ဝေါ့ဒစ္စနေက ၁၉၃၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော ပုံပြင်ဆန်ဆန် နေအိမ်ကလေးတစ်လုံး တစ်လလျှင် ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားမည် - Property News in Myanmar from iMyanmarHouse.com
5 Jul 2023 10:30 am တွင် တင်ခဲ့သည်
423 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ကာတွန်းရုပ်ရှင်၏ လမ်းပြကြယ်တစ်ဦးဖြစ်သူ ဝေါ့ဒစ္စနေပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိမှ စံအိမ်များအနက် တစ်လုံးမှာ တစ်လလျှင် ဒေါ်လာ ၄၀၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာသည်။

လော့စ်အိန်ဂျလိမြို့၊ လော့စ်ဖီလစ်ဇ်အရပ်တွင် တည်ရှိပြီး ဝေါ့ဒစ္စနေ၏ ကာတွန်းရုပ်ရှင်များထဲမှ ပုံပြင်ဆန်ဆန်နေအိမ်ကလေးများကဲ့သို့ ရဲတိုက်အသွင် မျှော်စင် ၊ တွဲလဲကျသော နွယ်ပင်များ ၊ ခဲဘောင်ကွတ် မှန်ပြတင်းများ ၊ ညစာစားခန်း၏ မျက်နှာကြက်တွင် ရေးဆွဲထားသော မူရင်း ပန်းချီလက်ရာများ ပါဝင်သည်။

အိပ်ခန်း ၄ ခန်းပါသော စံအိမ်ကို ဒစ္စနေက ၁၉၃၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဇနီး ၊ သမီးများနှင့်အတူ ဆယ်စုနှစ် တစ်ခုနီးပါး နေထိုင်ခဲ့ပြီးနောက်ပိုင်း Holmby Hills အရပ်ရှိ ပိုမိုခမ်းနားသောစံအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

စတုရန်းပေ ၆၄၀၀ ကျယ်ဝန်းသော စံအိမ်ကို လက်ရှိပိုင်ဆိုင်ထားသူမှာ ရုရှားနိုင်ငံသား ရုပ်ရှင်ဒါရိုက်တာ Timur Bekmambetov ဖြစ်ပြီး ၎င်းက ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြသည်။

 

 

 

(ဝေါ့ဒစ္စနေ ၁၉၃၂ တွင် ဆောက်လုပ်ခဲ့ပြီး လက်ရှိပိုင်ရှင်မှာ ရုရှား ရုပ်ရှင်ဒါရိုက်တာဖြစ်သည်။)

 

 

 

(ပုံတွင်တွေ့ရသည်မှာ ရုပ်ရှင်ခန်းမဖြစ်သည်။)

 

 

ရုရှားဒါရိုက်တာသည် အစ္စရေးနိုင်ငံတွင် အဓိက အခြေချနေထိုင်ပြီး လော့စ်ဖီလစ်ဇ်သို့ တစ်နှစ်လျှင် အချိန်အနည်းငယ် လာရောက်လည်ပတ်လေ့ရှိသည်။

ယခုအခါ ရုရှားဒါရိုက်တာက အခြားသူများကိုလည်း ဤနေရာတွင် နေထိုင်ဖူးလေဆိုသောကြောင့် အငှားဈေးကွက် တင်ပေးလာခြင်း ဖြစ်သည်။ ဝေါ့ဒစ္စနေသည် မစ်ကီမောက်စ်နှင့် Silly Symphony ဇာတ်လမ်းတိုကလေးများဖြင့် အောင်မြင်မှု ရလာပြီးနောက်ပိုင်း လော့စ်အိန်ဂျလိမြို့လယ်ကို စီးမိုးတွေ့မြင်နေရသော ယခုမြေနေရာကို ဝယ်ယူခဲ့ပြီး ၃ လအကြာတွင် အိမ်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယခုအိမ်တွင် နေထိုင်စဉ်ကာလအတွင်း ဒစ္စနေသည် သူ၏ အအောင်မြင်ဆုံးဇာတ်လမ်းများဖြစ်သော မနှင်းဖြူနှင့် လူပုလေး ၇ ယောက် ၊ စင်ဒရဲလား အစရှိသော ဇာတ်လမ်းများကို ဖန်တီးထုတ်လုပ်ခဲ့သည်။

 

 

 

(ညစာစားခန်း)

 

 

(ရုရှားဒါရိုက်တာက ယခုအိမ်ဝယ်ယူပြီးနောက်ပိုင်း မီးဖိုဆောင် အသုံးအဆောင်ပစ္စည်းများ အသစ်ပြောင်းလဲ အသုံးပြုခဲ့သည်။)

 

 

(ခြံနောက်ဘက်ကို တွေ့မြင်ရသော ဧည့်ခန်း။)

 

 

(ရေကူးကန် ၊ ကောင်းစွာ မွမ်းမံထိန်းသိမ်းထားသော ဆိုက်ပရပ်ပင်များ ၊ ကလေးများကစားရန် အိမ်ကလေးတစ်လုံးတို့ ပါဝင်သော ခြံနောက်ဘက်နေရာ။)

 

(နံရံကပ်နွယ်ပင်များဖြင့် အလှဆင်ထားသော စင်အောက်တွင် ညစာစားနိုင်သည်။ ခြံအကျယ်မှာ ၁ ဧက နီးပါးရှိပြီး ထိုဒေသရှိ ခြံအများစုထက် ပိုမိုကျယ်ဝန်းသည်။)

 

(Master Bedroom)

 

 

(စံအိမ်မှ စီးမိုးတွေ့မြင်ရသည့် ရှုခင်း။)

 

(စံအိမ်တွင်း တစ်နေရာ။)

 

(မီးဖိုဆောင်ဘေးမှ ဝိုင်ထားသိုခန်း။)

 

(ခမ်းနားသော လှေကားနေရာ။)

 

(အိမ်၏ အလယ်တွင် နေရာယူထားသော ပုံပြင်ဆန်ဆန် ပြအိုး။)

 

(အိပ်ခန်း ၄ ခန်းပါဝင်ပြီး ၂ ခန်းတွင် ဒစ္စနေ၏ သမီး ၂ ဦး အသုံးပြုခဲ့သည်။)

 

(ဝေါ့ဒစ္စနေကို ယခုအိမ်၏ နောက်ဘက်တွင် တွေ့ခဲ့ရပုံ။)

 

(ရုရှားရုပ်ရှင်ဒါရိုက်တာ)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Built for the movies! Storybook-style Los Angeles home built by Walt Disney in 1932 goes up for rent for $40,000-a-month (dailymail)

 

 

 

[Zawgyi]

 

ေဝါ့ဒစၥေနက ၁၉၃၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာ ပံုျပင္ဆန္ဆန္ ေနအိမ္ကေလးတစ္လံုး တစ္လလွ်င္ ေဒၚလာ ၄၀၀၀၀ ျဖင့္ ငွားမည္

 

အေမရိကန္ကာတြန္းရုပ္ရွင္၏ လမ္းျပၾကယ္တစ္ဦးျဖစ္သူ ေဝါ့ဒစၥေနပိုင္ဆိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိမွ စံအိမ္မ်ားအနက္ တစ္လံုးမွာ တစ္လလွ်င္ ေဒၚလာ ၄၀၀၀၀ ျဖင့္ အငွားေစ်းကြက္ဝင္လာသည္။

ေလာ့စ္အိန္ဂ်လိျမဳိ႕၊ ေလာ့စ္ဖီလစ္ဇ္အရပ္တြင္ တည္ရွိျပီး ေဝါ့ဒစၥေန၏ ကာတြန္းရုပ္ရွင္မ်ားထဲမွ ပံုျပင္ဆန္ဆန္ေနအိမ္ကေလးမ်ားကဲ့သုိ႔ ရဲတုိက္အသြင္ ေမွ်ာ္စင္ ၊ တြဲလဲက်ေသာ ႏြယ္ပင္မ်ား ၊ ခဲေဘာင္ကြတ္ မွန္ျပတင္းမ်ား ၊ ညစာစားခန္း၏ မ်က္ႏွာၾကက္တြင္ ေရးဆြဲထားေသာ မူရင္း ပန္းခ်ီလက္ရာမ်ား ပါဝင္သည္။

အိပ္ခန္း ၄ ခန္းပါေသာ စံအိမ္ကို ဒစၥေနက ၁၉၃၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ဇနီး ၊ သမီးမ်ားႏွင့္အတူ ဆယ္စုႏွစ္ တစ္ခုနီးပါး ေနထိုင္ခဲ့ျပီးေနာက္ပုိင္း Holmby Hills အရပ္ရွိ ပိုမိုခမ္းနားေသာစံအိမ္သုိ႔ ေျပာင္းေရႊ႕ေနထိုင္ခဲ့သည္။

စတုရန္းေပ ၆၄၀၀ က်ယ္ဝန္းေသာ စံအိမ္ကို လက္ရွိပိုင္ဆုိင္ထားသူမွာ ရုရွားႏိုင္ငံသား ရုပ္ရွင္ဒါရိုက္တာ Timur Bekmambetov ျဖစ္ျပီး ၎က ၂၀၁၁ ခုႏွစ္တြင္ ေဒၚလာ ၃ ဒသမ ၇ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ေဝါစထရိဂ်ာနယ္က ေဖာ္ျပသည္။

(ေဝါ့ဒစၥေန ၁၉၃၂ တြင္ ေဆာက္လုပ္ခဲ့ျပီး လက္ရွိပိုင္ရွင္မွာ ရုရွား ရုပ္ရွင္ဒါရုိက္တာျဖစ္သည္။)

(ပံုတြင္ေတြ႔ရသည္မွာ ရုပ္ရွင္ခန္းမျဖစ္သည္။)

ရုရွားဒါရိုက္တာသည္ အစၥေရးႏိုင္ငံတြင္ အဓိက အေျခခ်ေနထုိင္ျပီး ေလာ့စ္ဖီလစ္ဇ္သုိ႔ တစ္ႏွစ္လွ်င္ အခ်ိန္အနည္းငယ္ လာေရာက္လည္ပတ္ေလ့ရွိသည္။

ယခုအခါ ရုရွားဒါရိုက္တာက အျခားသူမ်ားကိုလည္း ဤေနရာတြင္ ေနထိုင္ဖူးေလဆိုေသာေၾကာင့္ အငွားေစ်းကြက္ တင္ေပးလာျခင္း ျဖစ္သည္။ ေဝါ့ဒစၥေနသည္ မစ္ကီေမာက္စ္ႏွင့္ Silly Symphony ဇာတ္လမ္းတိုကေလးမ်ားျဖင့္ ေအာင္ျမင္မႈ ရလာျပီးေနာက္ပိုင္း ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္ကုိ စီးမိုးေတြ႔ျမင္ေနရေသာ ယခုေျမေနရာကို ဝယ္ယူခဲ့ျပီး ၃ လအၾကာတြင္ အိမ္ေဆာက္ခဲ့ျခင္း ျဖစ္သည္။

ယခုအိမ္တြင္ ေနထိုင္စဥ္ကာလအတြင္း ဒစၥေနသည္ သူ၏ အေအာင္ျမင္ဆံုးဇာတ္လမ္းမ်ားျဖစ္ေသာ မႏွင္းျဖဴႏွင့္ လူပုေလး ၇ ေယာက္ ၊ စင္ဒရဲလား အစရွိေသာ ဇာတ္လမ္းမ်ားကို ဖန္တီးထုတ္လုပ္ခဲ့သည္။

(ညစာစားခန္း)

(ရုရွားဒါရိုက္တာက ယခုအိမ္ဝယ္ယူျပီးေနာက္ပိုင္း မီးဖိုေဆာင္ အသံုးအေဆာင္ပစၥည္းမ်ား အသစ္ေျပာင္းလဲ အသံုးျပဳခဲ့သည္။)

(ျခံေနာက္ဘက္ကို ေတြ႔ျမင္ရေသာ ဧည့္ခန္း။)

(ေရကူးကန္ ၊ ေကာင္းစြာ မြမ္းမံထိန္းသိမ္းထားေသာ ဆိုက္ပရပ္ပင္မ်ား ၊ ကေလးမ်ားကစားရန္ အိမ္ကေလးတစ္လံုးတုိ႔ ပါဝင္ေသာ ျခံေနာက္ဘက္ေနရာ။)

(နံရံကပ္ႏြယ္ပင္မ်ားျဖင့္ အလွဆင္ထားေသာ စင္ေအာက္တြင္ ညစာစားႏိုင္သည္။ ျခံအက်ယ္မွာ ၁ ဧက နီးပါးရွိျပီး ထိုေဒသရွိ ျခံအမ်ားစုထက္ ပိုမိုက်ယ္ဝန္းသည္။)

(Master Bedroom)

(စံအိမ္မွ စီးမိုးေတြ႔ျမင္ရသည့္ ရႈခင္း။)

(စံအိမ္တြင္း တစ္ေနရာ။)

(မီးဖိုေဆာင္ေဘးမွ ဝိုင္ထားသိုခန္း။)

(ခမ္းနားေသာ ေလွကားေနရာ။)

(အိမ္၏ အလယ္တြင္ ေနရာယူထားေသာ ပံုျပင္ဆန္ဆန္ ျပအိုး။)

(အိပ္ခန္း ၄ ခန္းပါဝင္ျပီး ၂ ခန္းတြင္ ဒစၥေန၏ သမီး ၂ ဦး အသံုးျပဳခဲ့သည္။)

(ေဝ့ါဒစၥေနကို ယခုအိမ္၏ ေနာက္ဘက္တြင္ ေတြ႔ခဲ့ရပံု။)

(ရုရွားရုပ္ရွင္ဒါရိုက္တာ)

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Built for the movies! Storybook-style Los Angeles home built by Walt Disney in 1932 goes up for rent for $40,000-a-month (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service