တစ်ခါတုန်းက အဖြစ်လေးတွေ (၁၉)

တစ်ခါတုန်းက အဖြစ်လေးတွေ (၁၉) - Property Knowledge in Myanmar from iMyanmarHouse.com
25 May 2023 3:31 pm တွင် တင်ခဲ့သည်
722 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အညာသား ပဲကြိုက်သလား

အညာသားတိုင်း ပဲကြိုက်မကြိုက်တော့မသိပါဘူး။အညာသား အတော်များများတော့ ပဲကြိုက်လိမ့်မယ်လို့တော့ ထင်ပါတယ်။ကျွန်တော်ကတော့ ပဲကြိုက်ခဲ့တာ အမှန်ပါပဲ။ ပဲတစ်ခွက်ပါလာရင် အခြားနေ့တွေထက် ထမင်းစားလို့ မြိန်တာကတော့အမှန်ပါပဲ။အခုလည်း ပဲကြိုက်ဆဲပါပဲ။နောင်လည်း….

ပဲဟင်းအနေနဲ့ချက်ချက်၊ပဲပြုတ်ပြီးသုပ်စားစား။ပဲတစ်ခွက်ပါမှ ထမင်းဟာ ပိုပြီးစားကောင်းသလိုပါပဲ။ အညာမှာနေတုန်းက နေ့တိုင်းနီးပါးလို ပဲတစ်ခွက်တော့ ပြင်ဆင်ထားပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အိမ်ကို ဆွမ်းခံကိုယ်တော်တွေ နေ့တိုင်းကြွကြပါတယ်။ပဲပြုတ်ကို ကိုယ်တော်တွေကို လောင်းလှူဖို့ပေါ့။

ပဲကိုကိုယ်တိုင်ပြုတ်ထားတာ မရှိရင်လည်း မိုးမလင်းခင်လာရောင်းတတ်တဲ့ ပဲပြုတ်သည်ဆီက ဝယ်ထားလိုက်ပြီး ကြက်သွန်စိမ်းလေးနဲ့ သုပ်ထားလိုက်တယ်။ကိုယ်တော်တွေကြွလာရင် ဟင်းလျာတစ်ခွက် အနေနဲ့ ဆွမ်းလောင်းဖြစ်ပါတယ်။

ရန်ကုန်မှာ စားတော်ပဲနဲ့ ပဲကတ္တီပါပြုတ်ပဲရောင်းကြတယ်။ကျွန်တော်တို့မြို့မှာတော့ ထောပတ်ပဲပြုတ်ပါ ရောင်းကြတယ်။ကျွန်တော်တို့မိသားစုကလည်း ဘာပဲဖြစ်ဖြစ် ကြိုက်ကြတာကိုတွေ့ရတယ်။

ကျွန်တော်တို့ မြို့ဝန်းကျင်မှာ ပဲမျိုးစုံစိုက်တယ်။ မြေပဲ၊ပဲစင်းငုံ၊ပဲတီစိမ်း၊ကုလားပဲ၊စွန်တာနီပဲ၊ နှံစားပြောင်း၊ ဖူးစားပြောင်း၊နေကြာ၊ဝါ၊နှမ်း၊ဂျုံ နဲ့ ဆေးရွက်ကြီးတွေ စိုက်တဲ့ စိုက်ခင်းတွေဟာ ကျွန်တော်တို့မြို့ရဲ့ တောင်ရပ်ဝန်းကျင်မှာ တွေ့မြင်နေရပါတယ်။မြို့အရှေ့ဘက်က ရေဝင်ရပ်မှာလည်း ရေကျသွားပြီးတဲ့နောက်မှာ စိုက်ခင်းတွေမှာ အစုံစိုက်ကြတာကိုတွေ့ရပါတယ်။

 

ကျွန်တော်တို့နေတဲ့ စက်မှုလယ်ယာဝင်းရဲ့ အပြင်ဘက်ကိုထွက်လိုက်တာနဲ့ အချိန်ကာလအရ စိုက်တဲ့ စိုက်ခင်းတွေက တွေ့ရပါတော့တယ်။နှံစားပြောင်းခင်းတွေဆိုတာ အိမ်ရှေ့ကပြင်ကနေ အနောက်ဘက်ကို ကြည့်လိုက်တာနဲ့ တွေ့ရပါတယ်။စိုက်ခင်းနဲ့ အဲဒီလောက်ကို နီးပါတယ်။

ဒီလိုပါပဲ မြေပဲတွေစိုက်တဲ့ အချိန်ဆိုရင် တချို့တောင်သူတွေက ပဲစင်းငုံပါရောပြီး စိုက်ကြပါတယ်။ မြေပဲတစ်ငန်း၊ပဲစင်းငုံတစ်တန်း စိုက်တာပေါ့။ ဒီလိုစိုက်ထားမှလည်း မြေပဲနှုတ်ချိန်ရောက်ရင် မြေပဲပင်တွေကိုနှုတ်ပြီး ပဲစင်းငုံပင်ရဲ့ အရိပ်မှာ ခြွေကြတော့ နေပူသက်သာတာပေါ့။ တချို့လည်းမြေပဲပဲ သီးခြားစိုက်ကြတယ် ရောမစိုက်ကြဘူး။

ကျွန်တော်တို့မြို့မှာ ပဲစင်းငုံတွေကို စိုက်တော့ စိုက်ကြတယ်။သူများတွေတော့မသိဘူး ကျွန်တော်တို့တော့ ပဲစင်းငုံကို ဟင်းအနေနဲ့ ချက်မစားခဲ့ဖူးထင်ပါရဲ့။ရန်ကုန်ရောက်မှသာ ချက်ပြီးစားဖူးတာပါ။

ပဲစင်းငုံဟင်းကို ချက်ပြီးတော့တာ မစားဖူးတာ။ပြုတ်ပြီးတော့ စားခဲ့ဖူးပါရဲ့။ပဲစင်းငုံကို အတောင့်လေးအတိုင်း ပြုတ်စားရင် အလွန်ကိုကောင်းလှပါတယ်။

 

 

ကျွန်တော်တို့ဘက်က စိုက်ခင်းတွေမှာ အခင်းစောင့်အနေနဲ့ အစောင့်အနေချထားတာ သိပ်မတွေ့ရပါဘူး။ ကျွန်တော်သတိထားမိသလောက် ဖရဲခင်းတွေမှာသာ အသီးမှည့်တဲ့ အချိန်လေးလောက်ပဲ အစောင့်ချထားတယ်ထင်ပါတယ်။ကျန်တဲ့စိုက်ခင်းတွေမှာ အစောင့်ချထားတာ သိပ်မတွေ့ရပါဘူး။

ပဲစင်းငုံခင်းတွေမှာ အသီးတွေရင့်တဲ့အချိန်က ရာသီဟာ ဆောင်းဥတုဘက် လုပြီထင်တယ်။ သိပ်တော့မမှတ်မိတော့ပါဘူး။လသာတဲ့ညတွေမှာ ကျွန်တော်တို့တတွေ မြို့လယ်လမ်းမကြီးအတိုင်း ထွက်လာကြပြီး ကုတို့ကုန်းရွာနဲ့ မြောင်ကြားက ဖောင်းကတောချောင်းကို ဖြတ်ပြီးဆောက်ထားတဲ့ တံတားထိ လမ်းလျှောက်ရင်လျှောက်၊ပြေးရင်ပြေးလုပ်ကြတယ်။

အပြန်မှာ လမ်းဘေးမှာရှိတဲ့ ပဲစင်းငုံခင်းထဲဝင်ပြီး ပုဆိုးတစ်ပိုက်လောက်တော့ ပဲစင်းငုံတွေ ခူးယူခဲ့ကြတယ်။ ပိုင်ရှင်မသိအောင်ယူတော့ ခိုးတာလို့ပဲ ပြောရမှာပေါ့။ဒါပေမဲ့ နေ့တိုင်းတော့ မလုပ်ပါဘူး။တစ်ရာသီမှ တစ်ခါနှစ်ခါပေါ့ဗျာ။ဒါလောက်ပါပဲ။

အပင်မချိုး ကိုင်းမချိုးပါဘူး။ဟိုအပင်ကနဲနဲ၊ဒီအပင်ကနဲနဲနဲ့ ပုဆိုးတစ်ပိုက်ရတာနဲ့ အခင်းထဲက ထွက်ပြီး အိမ်ပြန်လာကြတယ်။ ပြီးရင် ခြောက်ခန်းတွဲလိုင်းခန်းရှေ့က ကွင်းပြင်မှာ မီးဖိုလုပ်ပြီး ခူးလာတဲ့အတောင့်အတိုင်း ပြုတ်တာပါ။နာရီဝက်လောက် ပြုတ်ထားပြီးရင် နူးနပ်ပါတယ်။

ပဲစင်းငုံ အစေ့ခြောက်လို ပြုတ်ရတာ မကြာပါဘူး။ ခြောက်နေတဲ့ ပဲစင်းငုံပဲမှော်ကို နွားကျွေးရင် မှော်နဲ့အတူပါသွားတဲ့ ပဲစင်းငုံစေ့တွေဟာ နွားဗိုက်ထဲပါသွားပေမယ့် အစေ့ဟာ ဘယ်လောက်မာလည်းဆိုရင် နွားအီးပါတဲ့အခါ ဒီအတိုင်းပြန်ပါလာပါတယ်။အဲဒီလောက် မာပါတယ်။

 

 

 

ပဲစင်းငုံအစိုကို အတောင့်လိုက်ပြုတ်တော့ ဆူလာရင် ပဲပြုတ်ရေဟာ မွှေးနေပါတယ်။ကျက်သွားတဲ့ အတောင့်တွေကို ဒန်အိုးဖုံးပေါ်တင်ပြီး ပူပူလောင်လောင်မှာပဲ စားကြပါတယ်။စားချင်တဲ့သူတွေ လာစားကြပေါ့။ဒန်အိုးတစ်လုံးနဲ့ အပြည့်ပြုတ်ထားတဲ့ ပဲတောင့်တွေကို တစ်ထိုင်တည်းနဲ့ အပြီးစားကြပါတယ်။

ပဲတောင့်ထိပ်လေးကိုဟပြီး ပါးစပ်ထဲကို ဆွဲထည့်လိုက်ရင် မြေပဲပြုတ်တွေစားသလို ပဲစေ့တွေအားလုံး ပါးစပ်ထဲမှာ ကျန်ခဲ့ပါတယ်။ ချိုစိမ့်ပြီး စားလို့ကောင်းပါတယ်။ ပဲစင်းငုံပြုတ်တွေစားရင်း ဝိုင်ဖွဲ့စကားပြောရတာဟာ ပျော်စရာကြီးပါပဲ။ လွမ်းရတဲ့ ငယ်ဘဝလေးတွေပါပဲ။

စာရှု့သူတွေအနေနဲ့ အညာရောက်လို့ ပဲစင်းငုံတွေ ရင့်တဲ့အချိန်နဲ့ ကြုံခဲ့ရင် ကျွန်တော့်ရဲ့ တစ်ခါတုန်းက အဖြစ်လေးဖြစ်တဲ့ ပဲစင်းငုံတွေပြုတ်စားသလို စားကြည့်စမ်းပါ။ပဲမကြိုက်တဲ့သူတွေတောင်မှ အညာသားတွေလို ပဲစင်းငုံရဲ့ ရသာထူးကို ကြိုက်နှစ်သွားလိမ့်မယ်လို့ တပ်အပ်ပြောချင်ပါရဲ့ဗျာ….။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၁၉)

အညာသား ပဲႀကိဳက္သလား

အညာသားတိုင္း ပဲႀကိဳက္မႀကိဳက္ေတာ့မသိပါဘူး။အညာသား အေတာ္မ်ားမ်ားေတာ့ ပဲႀကိဳက္လိမ့္မယ္လို႔ေတာ့ ထင္ပါတယ္။ကၽြန္ေတာ္ကေတာ့ ပဲႀကိဳက္ခဲ့တာ အမွန္ပါပဲ။ ပဲတစ္ခြက္ပါလာရင္ အျခားေန႔ေတြထက္ ထမင္းစားလို႔ ၿမိန္တာကေတာ့အမွန္ပါပဲ။အခုလည္း ပဲႀကိဳက္ဆဲပါပဲ။ေနာင္လည္း….

ပဲဟင္းအေနနဲ႔ခ်က္ခ်က္၊ပဲျပဳတ္ၿပီးသုပ္စားစား။ပဲတစ္ခြက္ပါမွ ထမင္းဟာ ပိုၿပီးစားေကာင္းသလိုပါပဲ။ အညာမွာေနတုန္းက ေန႔တိုင္းနီးပါးလို ပဲတစ္ခြက္ေတာ့ ျပင္ဆင္ထားပါတယ္။ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ အိမ္ကို ဆြမ္းခံကိုယ္ေတာ္ေတြ ေန႔တိုင္းၾကြၾကပါတယ္။ပဲျပဳတ္ကို ကိုယ္ေတာ္ေတြကို ေလာင္းလွဴဖို႔ေပါ့။

ပဲကိုကိုယ္တိုင္ျပဳတ္ထားတာ မရွိရင္လည္း မိုးမလင္းခင္လာေရာင္းတတ္တဲ့ ပဲျပဳတ္သည္ဆီက ဝယ္ထားလိုက္ၿပီး ၾကက္သြန္စိမ္းေလးနဲ႔ သုပ္ထားလိုက္တယ္။ကိုယ္ေတာ္ေတြၾကြလာရင္ ဟင္းလ်ာတစ္ခြက္ အေနနဲ႔ ဆြမ္းေလာင္းျဖစ္ပါတယ္။

ရန္ကုန္မွာ စားေတာ္ပဲနဲ႔ ပဲကတၱီပါျပဳတ္ပဲေရာင္းၾကတယ္။ကၽြန္ေတာ္တို႔ၿမိဳ႕မွာေတာ့ ေထာပတ္ပဲဲျပဳတ္ပါ ေရာင္းၾကတယ္။ကၽြန္ေတာ္တို႔မိသားစုကလည္း ဘာပဲျဖစ္ျဖစ္ ႀကိဳက္ၾကတာကိုေတြ႔ရတယ္။

ကၽြန္ေတာ္တို႔ ၿမိဳ႕ဝန္းက်င္မွာ ပဲမ်ိဳးစုံစိုက္တယ္။ ေျမပဲ၊ပဲစင္းငုံ၊ပဲတီစိမ္း၊ကုလားပဲ၊စြန္တာနီပဲ၊ ႏွံစားေျပာင္း၊ ဖူးစားေျပာင္း၊ေနၾကာ၊ဝါ၊ႏွမ္း၊ဂ်ဳံ နဲ႔ ေဆးရြက္ႀကီးေတြ စိုက္တဲ့ စိုက္ခင္းေတြဟာ ကၽြန္ေတာ္တို႔ၿမိဳ႕ရဲ႕ ေတာင္ရပ္ဝန္းက်င္မွာ ေတြ႔ျမင္ေနရပါတယ္။ၿမိဳ႕အေရွ႕ဘက္က ေရဝင္ရပ္မွာလည္း ေရက်သြားၿပီးတဲ့ေနာက္မွာ စိုက္ခင္းေတြမွာ အစုံစိုက္ၾကတာကိုေတြ႔ရပါတယ္။

ကၽြန္ေတာ္တို႔ေနတဲ့ စက္မႈလယ္ယာဝင္းရဲ႕ အျပင္ဘက္ကိုထြက္လိုက္တာနဲ႔ အခ်ိန္ကာလအရ စိုက္တဲ့ စိုက္ခင္းေတြက ေတြ႕ရပါေတာ့တယ္။ႏွံစားေျပာင္းခင္းေတြဆိုတာ အိမ္ေရွ႕ကျပင္ကေန အေနာက္ဘက္ကို ၾကည့္လိုက္တာနဲ႔ ေတြ႔ရပါတယ္။စိုက္ခင္းနဲ႔ အဲဒီေလာက္ကို နီးပါတယ္။

ဒီလိုပါပဲ ေျမပဲေတြစိုက္တဲ့ အခ်ိန္ဆိုရင္ တခ်ိဳ႕ေတာင္သူေတြက ပဲစင္းငုံပါေရာၿပီး စိုက္ၾကပါတယ္။ ေျမပဲတစ္ငန္း၊ပဲစင္းငုံတစ္တန္း စိုက္တာေပါ့။ ဒီလိုစိုက္ထားမွလည္း ေျမပဲႏႈတ္ခ်ိန္ေရာက္ရင္ ေျမပဲပင္ေတြကိုႏႈတ္ၿပီး ပဲစင္းငုံပင္ရဲ႕ အရိပ္မွာ ေျခြၾကေတာ့ ေနပူသက္သာတာေပါ့။ တခ်ိဳ႕လည္းေျမပဲပဲ သီးျခားစိုက္ၾကတယ္ ေရာမစိုက္ၾကဘူး။

ကၽြန္ေတာ္တို႔ၿမိဳ႕မွာ ပဲစင္းငုံေတြကို စိုက္ေတာ့ စိုက္ၾကတယ္။သူမ်ားေတြေတာ့မသိဘူး ကၽြန္ေတာ္တို႔ေတာ့ ပဲစင္းငုံကို ဟင္းအေနနဲ႔ ခ်က္မစားခဲ့ဖူးထင္ပါရဲ႕။ရန္ကုန္ေရာက္မွသာ ခ်က္ၿပီးစားဖူးတာပါ။

ပဲစင္းငုံဟင္းကို ခ်က္ၿပီးေတာ့တာ မစားဖူးတာ။ျပဳတ္ၿပီးေတာ့ စားခဲ့ဖူးပါရဲ႕။ပဲစင္းငုံကို အေတာင့္ေလးအတိုင္း ျပဳတ္စားရင္ အလြန္ကိုေကာင္းလွပါတယ္။

ကၽြန္ေတာ္တို႔ဘက္က စိုက္ခင္းေတြမွာ အခင္းေစာင့္အေနနဲ႔ အေစာင့္အေနခ်ထားတာ သိပ္မေတြ႔ရပါဘူး။ ကၽြန္ေတာ္သတိထားမိသေလာက္ ဖရဲခင္းေတြမွာသာ အသီးမွည့္တဲ့ အခ်ိန္ေလးေလာက္ပဲ အေစာင့္ခ်ထားတယ္ထင္ပါတယ္။က်န္တဲ့စိုက္ခင္းေတြမွာ အေစာင့္ခ်ထားတာ သိပ္မေတြ႔ရပါဘူး။

ပဲစင္းငုံခင္းေတြမွာ အသီးေတြရင့္တဲ့အခ်ိန္က ရာသီဟာ ေဆာင္းဥတုဘက္ လုၿပီထင္တယ္။ သိပ္ေတာ့မမွတ္မိေတာ့ပါဘူး။လသာတဲ့ညေတြမွာ ကၽြန္ေတာ္တို႔တေတြ ၿမိဳ႕လယ္လမ္းမႀကီးအတိုင္း ထြက္လာၾကၿပီး ကုတို႔ကုန္းရြာနဲ႔ ေျမာင္ၾကားက ေဖာင္းကေတာေခ်ာင္းကို ျဖတ္ၿပီးေဆာက္ထားတဲ့ တံတားထိ လမ္းေလွ်ာက္ရင္ေလွ်ာက္၊ေျပးရင္ေျပးလုပ္ၾကတယ္။

အျပန္မွာ လမ္းေဘးမွာရွိတဲ့ ပဲစင္းငုံခင္းထဲဝင္ၿပီး ပုဆိုးတစ္ပိုက္ေလာက္ေတာ့ ပဲစင္းငုံေတြ ခူးယူခဲ့ၾကတယ္။ ပိုင္ရွင္မသိေအာင္ယူေတာ့ ခိုးတာလို႔ပဲ ေျပာရမွာေပါ့။ဒါေပမဲ့ ေန႔တိုင္းေတာ့ မလုပ္ပါဘူး။တစ္ရာသီမွ တစ္ခါႏွစ္ခါေပါ့ဗ်ာ။ဒါေလာက္ပါပဲ။

အပင္မခ်ိဳး ကိုင္းမခ်ိဳးပါဘူး။ဟိုအပင္ကနဲနဲ၊ဒီအပင္ကနဲနဲနဲ႔ ပုဆိုးတစ္ပိုက္ရတာနဲ႔ အခင္းထဲက ထြက္ၿပီး အိမ္ျပန္လာၾကတယ္။ ၿပီးရင္ ေျခာက္ခန္းတြဲလိုင္းခန္းေရွ႕က ကြင္းျပင္မွာ မီးဖိုလုပ္ၿပီး ခူးလာတဲ့အေတာင့္အတိုင္း ျပဳတ္တာပါ။နာရီဝက္ေလာက္ ျပဳတ္ထားၿပီးရင္ ႏူးနပ္ပါတယ္။

ပဲစင္းငုံ အေစ့ေျခာက္လို ျပဳတ္ရတာ မၾကာပါဘူး။ ေျခာက္ေနတဲ့ ပဲစင္းငုံပဲေမွာ္ကို ႏြားေကၽြးရင္ ေမွာ္နဲ႔အတူပါသြားတဲ့ ပဲစင္းငုံေစ့ေတြဟာ ႏြားဗိုက္ထဲပါသြားေပမယ့္ အေစ့ဟာ ဘယ္ေလာက္မာလည္းဆိုရင္ ႏြားအီးပါတဲ့အခါ ဒီအတိုင္းျပန္ပါလာပါတယ္။အဲဒီေလာက္ မာပါတယ္။

ပဲစင္းငုံအစိုကို အေတာင့္လိုက္ျပဳတ္ေတာ့ ဆူလာရင္ ပဲျပဳတ္ေရဟာ ေမႊးေနပါတယ္။က်က္သြားတဲ့ အေတာင့္ေတြကို ဒန္အိုးဖုံးေပၚတင္ၿပီး ပူပူေလာင္ေလာင္မွာပဲ စားၾကပါတယ္။စားခ်င္တဲ့သူေတြ လာစားၾကေပါ့။ဒန္အိုးတစ္လုံးနဲ႔ အျပည့္ျပဳတ္ထားတဲ့ ပဲေတာင့္ေတြကို တစ္ထိုင္တည္းနဲ႔ အၿပီးစားၾကပါတယ္။

ပဲေတာင့္ထိပ္ေလးကိုဟၿပီး ပါးစပ္ထဲကို ဆြဲထည့္လိုက္ရင္ ေျမပဲျပဳတ္ေတြစားသလို ပဲေစ့ေတြအားလုံး ပါးစပ္ထဲမွာ က်န္ခဲ့ပါတယ္။ ခ်ိဳစိမ့္ၿပီး စားလို႔ေကာင္းပါတယ္။ ပဲစင္းငုံျပဳတ္ေတြစားရင္း ဝိုင္ဖြဲ႔စကားေျပာရတာဟာ ေပ်ာ္စရာႀကီးပါပဲ။ လြမ္းရတဲ့ ငယ္ဘဝေလးေတြပါပဲ။

စာရႈ႕သူေတြအေနနဲ႔ အညာေရာက္လို႔ ပဲစင္းငုံေတြ ရင့္တဲ့အခ်ိန္နဲ႔ ႀကဳံခဲ့ရင္ ကၽြန္ေတာ့္ရဲ႕ တစ္ခါတုန္းက အျဖစ္ေလးျဖစ္တဲ့ ပဲစင္းငုံေတြျပဳတ္စားသလို စားၾကည့္စမ္းပါ။ပဲမႀကိဳက္တဲ့သူေတြေတာင္မွ အညာသားေတြလို ပဲစင္းငုံရဲ႕ ရသာထူးကို ႀကိဳက္ႏွစ္သြားလိမ့္မယ္လို႔ တပ္အပ္ေျပာခ်င္ပါရဲ႕ဗ်ာ….။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
area-one-business-complex
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service