ဗြိတိသျှလက်အောက် ကိုလိုနီခေတ်မြန်မာပြည်၏ ရှားပါးဓာတ်ပုံများ (သို့မဟုတ်) ဂျာမနီ ဓာတ်ပုံဆရာ Adolphe Philip Klier က ၁၉၀၀ ပြည့်နှစ်ဝန်းကျင်က ရိုက်ကူးခဲ့သော မြန်မာပြည်၏ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှားပါးဓာတ်ပုံများ

ဗြိတိသျှလက်အောက် ကိုလိုနီခေတ်မြန်မာပြည်၏ ရှားပါးဓာတ်ပုံများ (သို့မဟုတ်) ဂျာမနီ ဓာတ်ပုံဆရာ Adolphe Philip Klier က ၁၉၀၀ ပြည့်နှစ်ဝန်းကျင်က ရိုက်ကူးခဲ့သော မြန်မာပြည်၏ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှားပါးဓာတ်ပုံများ - Property News in Myanmar from iMyanmarHouse.com
23 Mar 2023 10:49 am တွင် တင်ခဲ့သည်
4721 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

♦ မြန်မာပြည်သည် ၁၈၂၄ မှ ၁၉၄၈ ခုနှစ်အထိ ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံဟု အမည်ပြောင်းလဲခဲ့သည်။

♦ ဂျာမန်ဓာတ်ပုံဆရာ Adolphe Philip Klier က ၁၉၀၀ ပြည့်နှစ်ဝန်းကျင်ခန့်တွင် ရိုက်ကူးခဲ့သော ဓာတ်ပုံများ၌ မြန်မာတို့၏ ဗြိတိသျှလက်အောက် နေထိုင်မှုဘဝမြင်ကွင်းများကို တွေ့မြင်ရမည် ဖြစ်သည်။

မြန်မာပြည်သည် ၁၈၂၄ မှ ၁၉၄၈ ခုနှစ်အထိ ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၈ ခုနှစ် တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ယခင်က Burma ဟု ခေါ်ဝေါ်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံဟု အမည်ပြောင်းလဲခဲ့သည်။

ဂျာမန် ဓာတ်ပုံဆရာ အာဒေါ့ဖီ ဖိလစ် ကလီယေ (Adolphe Philip Klier) က လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ဗြိတိသျှလက်အောက် မြန်မာပြည်၏ စိတ်ဝင်စားဖွယ် ဓာတ်ပုံများရိုက်ကူးခဲ့ပြီး ၁၉ ရာစုနှင့် ၂၀ ရာစု အကူးအပြောင်းတွင် မြန်မာပြည်တွင် မည်သို့ နေထိုင်ခဲ့ကြသည်ကို တွေ့ရမည် ဖြစ်သည်။

 

 

(ဂျာမန် ဓာတ်ပုံဆရာ အာဒေါ့ဖီ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ရိုက်ကူးခဲ့သော ဤဓာတ်ပုံတွင် ရုပ်သေးပွဲ ကြည့်နေသော မြန်မာပရိသတ်များကို တွေ့မြင်ရမည့် ရှားပါးဓာတ်ပုံ ဖြစ်သည်)

 

(တစ်သင်းလျှင် လူ ၁၅ ဦးပါဝင်သော လှေလှော်အဖွဲ့များ အပြင်းအထန် လှေပြိုင်ပွဲ ဆင်နွှဲနေကြပုံ မြင်ကွင်း)

 

(ဗြိတိန်က မြန်မာနိုင်ငံကို ကျူးကျော်စစ် ၃ ကြိမ်ဆင်နွှဲခဲ့ပြီး ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာတစ်နိုင်ငံလုံးကို သိမ်းယူခဲ့သည်။ ပုံတွင်တွေ့ရသည်မှာ မုဆိုးတစ်ဦးက အပေါ်ဘက်ဆီသို့ လေးမြှားနှင့် ချိန်ရွယ်နေပုံဖြစ်ပြီး ဂျာမန်ဓာတ်ပုံဆရာက ၎င်းအား ဓာတ်ပုံရိုက်နေသည်ကို သတိပြုမိဟန် မရှိချေ။)

 

(ဓာတ်ပုံဆရာ Adolphe သည် မြန်မာတို့၏ နေ့စဉ်လူနေမှုဘဝ ပုံရိပ်အမျိုးမျိုးကို ရိုက်ကူးမှတ်တမ်းတင်ခဲ့သည်။ ပုံတွင် တွေ့ရသည်မှာ ပွဲလမ်းတစ်ခု တက်ရန် ဝတ်စားပြင်ဆင်ထားသော လူတစ်စုကို တွေ့ရပုံ ဖြစ်သည်။ (ရှေးခေတ် ရှင်ပြု၊ နားသမင်္ဂလာပွဲ ဖြစ်ဟန်ရ) မြန်မာပြည်သူတို့အတွက် ဘာသာတရား၏ အရေးပါမှုကိုလည်း ဤဓာတ်ပုံက မီးမောင်းထိုးပြသထားသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ဗုဒ္ဓဘာသာ ပထမဆုံး ထွန်းကားခဲ့သည့် နိုင်ငံ ဖြစ်သည်)

 

 

(ဓာတ်ပုံဆရာ Adolphe က ကိုလိုနီခေတ်မြန်မာပြည်ရှိ ထင်ရှားသော ဗိသုကာလက်ရာ အဆောက်အအုံများ အပြင် ကျေးလက်ဒေသ နေ့စဉ်ဘဝများအထိ အကြောင်းရပ်မျိုးစုံ ဓာတ်ပုံရိုက်ကူးထားခဲ့သည်။ ပုံတွင် တွေ့ရသည်မှာ လယ်သမားတစ်ဦးက ကျွဲဆွဲလှည်းဖြင့် လယ်ယာလုပ်ငန်းခွင် ဝင်နေပုံ ဖြစ်သည်)

 

(ဤပုံမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို ဘုရားကျောင်းတစ်ခုရှေ့ လှေကားထစ်များတွင် ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်သည်။ ဗြိတိသျှတို့သည် ဘုရင်စနစ်ကို ဖျက်သိမ်းကာ တိုက်ရိုက်အုပ်ချုပ်သည့်စနစ်ကို ကျင့်သုံးခဲ့ပြီး နောက်ပိုင်းတွင်မူ အိန္ဒိယလက်အောက်ခံ ကိုလိုနီအဖြစ် ပြောင်းလဲခဲ့သည်)

 

(ဘာသာတရားသည် နေ့စဉ်လူနေမှုဘဝတွင် အရေးပါသည့်အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ပုံတွင် တွေ့ရသည်မှာ မနက်စောစော ဘုရားရှိခိုးနေသည့် ဗုဒ္ဓဘာသာဝင်များကို တွေ့ရပုံဖြစ်သည်။)

 

(ရင်သပ်ရှုမောဖွယ် ဗိသုကာလက်ရာ။ ဓာတ်ပုံဆရာ Adolphe ၏ ဤဓာတ်ပုံတွင် မြန်မာပြည်ရှိ အသက်ရှုမှားလောက်ဖွယ် သပ္ပာယ်လှသော ဘုရားများအနက်မှ အချို့ဖြစ်သည်။)

 

(ဂျာမန်ဓာတ်ပုံဆရာ Adolphe သည် ထိုခေတ် မြန်မာတို့၏ နေ့စဉ်ဘဝဖြတ်သန်းမှုများကိုလည်း ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားခဲ့သည်။ ယခုပုံတွင် မောင်းထောင်း၊ ဆန်ပြာနေကြသော မြန်မာမိသားစုကို တွေ့ရပုံ ဖြစ်သည်)

 

(ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာအကြောင်းမှာ ဂျာမန်ဓာတ်ပုံဆရာ Adolphe ရိုက်ကူးခဲ့သော ဓာတ်ပုံများ၏ အဓိက theme တစ်ခု ဖြစ်သည်။ ယခုဓာတ်ပုံတွင် ဆရာသမား သံဃာတော်များထံမှ ကိုရင်လေးများက ဗုဒ္ဓ၏ တရားဓမ္မများ လေ့လာဆည်းပူးနေပုံ ဖြစ်သည်။)

 

(ဤဓာတ်ပုံတွင် ဘုန်းကြီးကျောင်းသားလေးများနှင့်အတူ ဆွမ်းခံထွက်နေသော ဗုဒ္ဓဘာသာ သံဃာတော်များကို တွေ့ရမည် ဖြစ်သည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် ဗြိတိသျှလက်အောက်အိန္ဒိယ၏ အကြာရှည်ဆုံးနှင့် စစ်စရိတ်အကုန်ကျဆုံးစစ်ပွဲဖြစ်ခဲ့သည်)

 

(ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ဥရောပနှင့် အိန္ဒိယစစ်သည်ပေါင်း ၁၅၀၀၀ ခန့် သေဆုံးခဲ့ပြီး မြန်မာဘုရင်၏ ရဲမက်နှင့် အရပ်သား သေဆုံးမှုများလည်းရှိခဲ့ပြီး ကိန်းဂဏန်းပမာဏကိုမူ မသိရချေ။ ဤပုံတွင် ဆင်ကြီးတစ်ကောင်ဖြင့် သစ်လုံးများ သယ်နေပုံကို တွေ့ရမည် ဖြစ်သည်)

 

 

(ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ- ၁၈၃၃ အတွက် အင်္ဂလိပ်တို့က စစ်စရိတ် ပေါင် ၅ သန်းမှ ၁၃ သန်းကြား ကုန်ကျခဲ့ပြီး ဗြိတိသျှလက်အောက်အိန္ဒိယအစိုးရတွင် စီးပွားရေးအကျပ်ဆိုက်ခဲ့ရသည်ဟု ဆိုသည်။ ပုံတွင် တွေ့ရသည်မှာ မြန်မာလှေသမားတစ်ဦးက စပါးလှေတစ်စီးကို လှော်ခတ်နေပုံ ဖြစ်သည်)

 

 

(ဤဓာတ်ပုံမှာ ဓာတ်ပုံဆရာ Adolphe က ရန်ကုန်မြို့ကို ၁၉၀၀ ပြည့်နှစ်ဝန်းကျင်ခန့်တွင် ရိုက်ကူးခဲ့သည့်ပုံ ဖြစ်သည်။ ရန်ကုန်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးမြို့ဖြစ်ပြီး ဗြိတိသျှကိုလိုနီ ဗိသုကာဟန် ၊ ခေတ်မီ မိုးမျှော်တိုက်များနှင့် ရွှေရောင်ဝင်းသော ဘုရားစေတီများ ပေါင်းစပ်ထားသော မြို့ဖြစ်သည်။)

 

(ဂျာမန်ဓာတ်ပုံဆရာ Adolphe ရိုက်ကူးခဲ့သော ဤဓာတ်ပုံမှာ ဉာဏ်တော် ၃၂၆ ပေ မြင့်မားသော ရွှေတိဂုံ စေတီတော်ဖြစ်သည်။ ရွှေတိဂုံစေတီသည် မြန်မာပြည်တွင် အထွတ်အမြတ်အထားကြဆုံး စေတီဖြစ်သည်။ ရွှေတိဂုံစေတီတွင် ကကုသန် ၊ ကောနဂုဏ် ၊ ကဿပနှင့် ဂေါတမမြတ်စွာဘုရားများ၏ ဓာတ်တော်မွေတော်များ ပူဇော်ထားသည်။)

 

(ဂျာမန်ဓာတ်ပုံဆရာ Adolphe ၏ ၁၉၀၀ ပြည့်နှစ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများတွင် ပါဝင်သည့် ဤဓာတ်ပုံတွင် မြန်မာမိန်းကလေးငယ်တစ်ဦး မှန်တစ်ချပ်ဘေးတွင် သနပ်ခါးလိမ်းနေပုံကို တွေ့ရသည်။)

 

(ဤဓာတ်ပုံမှာ ရန်ကုန်မြို့မှ မြစ်တစ်ခု၏ လှေဆိပ်မြင်ကွင်းဖြစ်သည်။ ဗြိတိသျှလက်အောက်တွင် ရန်ကုန်မြို့ လူဦးရေနှင့် စီးပွားရေးမှာ ကြီးထွားလာခဲ့သည်။)

 

(ဂျာမန်ဓာတ်ပုံဆရာ Adolphe ရိုက်ကူးခဲ့သော ဤဓာတ်ပုံတွင် ရှမ်းမင်းသမီးတစ်ပါးနှင့် သူ၏ အခြွေအရံများကို တွေ့ရပုံဖြစ်သည်။ မြန်မာပြည်တွင် ဗုဒ္ဓဘာသာကိုးကွယ်သည့် အဓိက တိုင်းရင်းသား ၄ မျိုးတွင် ရှမ်းလူမျိုးလည်း အပါအဝင် ဖြစ်သည်။)

 

(ဤဓာတ်ပုံတွင် တွေ့ရသည်မှာ ရှမ်းစော်ဘွားတစ်ဦး၏ ဓာတ်ပုံဖြစ်သည်။ မြန်မာပြည်တွင် ၁၉၃၅ ခုနှစ် ကတည်းက သန်းခေါင်စာရင်း အတိအကျ ကောက်ယူနိုင်မှု မရှိခဲ့သော်လည်း ရှမ်းလူမျိုးများမှာ ၄ သန်းမှ ၆ သန်းကြားရှိသည်ဟု ခန့်မှန်းရသည်။)

 

(ဤပုံတွင် မိမိအား အထင်ကြီးစေရန် ဆေးလိပ်သောက်ပြနေသော မြန်မာအမျိုးသားတစ်ဦးနှင့် သူ၏ ဘေးတွင် မတ်တပ်ရပ်နေသော မြန်မာမိန်းကလေးငယ်တစ်ဦးတို့ကို ဂျာမန်ဓာတ်ပုံဆရာ Adolphe က ဓာတ်ပုံရိုက်ကူး ထားသည်။)

 

(ဆက်စပ်သတင်း)

Daily Mail သတင်းဌာနက ဖော်ထုတ်တင်ပြသော ကိုလိုနီခေတ် မြန်မာပြည်၏ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ရှားပါးဓာတ်ပုံများ

https://www.imyanmarhouse.com/news/read/1048317

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

  (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Credit to Photo - dailymail

Ref: Burma under British rule: Vintage photographs show Buddhist monks, traditional hunters and even a boat race from Myanmar’s days as a British colony (dailymail)

 

 

 

 

[Zawgyi]

ျဗိတိသွ်လက္ေအာက္ ကိုလိုနီေခတ္ျမန္မာျပည္၏ ရွားပါးဓာတ္ပံုမ်ား (သို႔မဟုတ္) ဂ်ာမနီ ဓာတ္ပံုဆရာ Adolphe Philip Klier က ၁၉၀၀ ျပည့္ႏွစ္ဝန္းက်င္က ရိုက္ကူးခဲ့ေသာ ျမန္မာျပည္၏ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ သက္တမ္းရွိ ရွားပါးဓာတ္ပံုမ်ား

 

♦ ျမန္မာျပည္သည္ ၁၈၂၄ မွ ၁၉၄၈ ခုႏွစ္အထိ ျဗိတိသွ် ကိုလိုနီျဖစ္ခဲ့ျပီး ၁၉၈၉ ခုႏွစ္တြင္ ျမန္မာႏိုင္ငံဟု အမည္ေျပာင္းလဲခဲ့သည္။

♦ ဂ်ာမန္ဓာတ္ပံုဆရာ Adolphe Philip Klier က ၁၉၀၀ ျပည့္ႏွစ္ဝန္းက်င္ခန္႔တြင္ ရိုက္ကူးခဲ့ေသာ ဓာတ္ပံုမ်ား၌ ျမန္မာတို႔၏ ျဗိတိသွ်လက္ေအာက္ ေနထိုင္မႈဘဝျမင္ကြင္းမ်ားကို ေတြ႔ျမင္ရမည္ ျဖစ္သည္။

ျမန္မာျပည္သည္ ၁၈၂၄ မွ ၁၉၄၈ ခုႏွစ္အထိ ျဗိတိသွ် ကိုလိုနီျဖစ္ခဲ့ျပီး ဒုတိယကမၻာစစ္ၾကီးအျပီး ၁၉၄၈ ခုႏွစ္ တြင္ လြတ္လပ္ေရးရရွိခဲ့သည္။ ယခင္က Burma ဟု ေခၚေဝၚခဲ့ျပီး ၁၉၈၉ ခုႏွစ္တြင္ ျမန္မာႏိုင္ငံဟု အမည္ေျပာင္းလဲခဲ့သည္။

ဂ်ာမန္ ဓာတ္ပံုဆရာ အာေဒါ့ဖီ ဖိလစ္ ကလီေယ (Adolphe Philip Klier) က လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္က ျဗိတိသွ်လက္ေအာက္ ျမန္မာျပည္၏ စိတ္ဝင္စားဖြယ္ ဓာတ္ပံုမ်ားရိုက္ကူးခဲ့ျပီး ၁၉ ရာစုႏွင့္ ၂၀ ရာစု အကူးအေျပာင္းတြင္ ျမန္မာျပည္တြင္ မည္သို႔ ေနထိုင္ခဲ့ၾကသည္ကို ေတြ႔ရမည္ ျဖစ္သည္။

(ဂ်ာမန္ ဓာတ္ပံုဆရာ အာေဒါ့ဖီ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္က ရိုက္ကူးခဲ့ေသာ ဤဓာတ္ပံုတြင္ ရုပ္ေသးပြဲ ၾကည့္ေနေသာ ျမန္မာပရိသတ္မ်ားကို ေတြ႔ျမင္ရမည့္ ရွားပါးဓာတ္ပံု ျဖစ္သည္)

(တစ္သင္းလွ်င္ လူ ၁၅ ဦးပါဝင္ေသာ ေလွေလွာ္အဖြဲ႔မ်ား အျပင္းအထန္ ေလွျပိဳင္ပြဲ ဆင္ႏႊဲေနၾကပံု ျမင္ကြင္း)

(ျဗိတိန္က ျမန္မာႏိုင္ငံကို က်ဴးေက်ာ္စစ္ ၃ ၾကိမ္ဆင္ႏႊဲခဲ့ျပီး ၁၈၈၆ ခုႏွစ္၊ ဇန္နဝါရီလတြင္ ျမန္မာတစ္ႏိုင္ငံလံုးကို သိမ္းယူခဲ့သည္။ ပံုတြင္ေတြ႔ရသည္မွာ မုဆိုးတစ္ဦးက အေပၚဘက္ဆီသို႔ ေလးျမွားႏွင့္ ခ်ိန္ရြယ္ေနပံုျဖစ္ျပီး ဂ်ာမန္ဓာတ္ပံုဆရာက ၎အား ဓာတ္ပံုရိုက္ေနသည္ကို သတိျပဳမိဟန္ မရွိေခ်။)

(ဓာတ္ပံုဆရာ Adolphe သည္ ျမန္မာတို႔၏ ေန႔စဥ္လူေနမႈဘဝ ပံုရိပ္အမ်ဳိးမ်ဳိးကို ရိုက္ကူးမွတ္တမ္းတင္ခဲ့သည္။ ပံုတြင္ ေတြ႔ရသည္မွာ ပြဲလမ္းတစ္ခု တက္ရန္ ဝတ္စားျပင္ဆင္ထားေသာ လူတစ္စုကို ေတြ႔ရပံု ျဖစ္သည္။ (ေရွးေခတ္ ရွင္ျပဳ၊ နားသမဂၤလာပြဲ ျဖစ္ဟန္ရ) ျမန္မာျပည္သူတို႔အတြက္ ဘာသာတရား၏ အေရးပါမႈကိုလည္း ဤဓာတ္ပံုက မီးေမာင္းထိုးျပသထားသည္။ ျမန္မာႏိုင္ငံသည္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ ဗုဒၶဘာသာ ပထမဆံုး ထြန္းကားခဲ့သည့္ ႏိုင္ငံ ျဖစ္သည္)

(ဓာတ္ပံုဆရာ Adolphe က ကိုလိုနီေခတ္ျမန္မာျပည္ရွိ ထင္ရွားေသာ ဗိသုကာလက္ရာ အေဆာက္အအံုမ်ား အျပင္ ေက်းလက္ေဒသ ေန႔စဥ္ဘဝမ်ားအထိ အေၾကာင္းရပ္မ်ဳိးစံု ဓာတ္ပံုရိုက္ကူးထားခဲ့သည္။ ပံုတြင္ ေတြ႔ရသည္မွာ လယ္သမားတစ္ဦးက ကၽြဲဆြဲလွည္းျဖင့္ လယ္ယာလုပ္ငန္းခြင္ ဝင္ေနပံု ျဖစ္သည္)

(ဤပံုမွာ ဗုဒၶဘာသာဘုန္းေတာ္ၾကီးမ်ားကို ဘုရားေက်ာင္းတစ္ခုေရွ႕ ေလွကားထစ္မ်ားတြင္ ရိုက္ကူးထားသည့္ ဓာတ္ပံုျဖစ္သည္။ ျဗိတိသွ်တို႔သည္ ဘုရင္စနစ္ကို ဖ်က္သိမ္းကာ တိုက္ရိုက္အုပ္ခ်ဳပ္သည့္စနစ္ကို က်င့္သံုးခဲ့ျပီး ေနာက္ပိုင္းတြင္မူ အိႏိၵယလက္ေအာက္ခံ ကိုလိုနီအျဖစ္ ေျပာင္းလဲခဲ့သည္)

(ဘာသာတရားသည္ ေန႔စဥ္လူေနမႈဘဝတြင္ အေရးပါသည့္အစိတ္အပိုင္းတစ္ရပ္ျဖစ္သည္။ ပံုတြင္ ေတြ႔ရသည္မွာ မနက္ေစာေစာ ဘုရားရွိခိုးေနသည့္ ဗုဒၶဘာသာဝင္မ်ားကို ေတြ႔ရပံုျဖစ္သည္။)

(ရင္သပ္ရႈေမာဖြယ္ ဗိသုကာလက္ရာ။ ဓာတ္ပံုဆရာ Adolphe ၏ ဤဓာတ္ပံုတြင္ ျမန္မာျပည္ရွိ အသက္ရႈမွားေလာက္ဖြယ္ သပၸာယ္လွေသာ ဘုရားမ်ားအနက္မွ အခ်ဳိ႕ျဖစ္သည္။)

(ဂ်ာမန္ဓာတ္ပံုဆရာ Adolphe သည္ ထိုေခတ္ ျမန္မာတို႔၏ ေန႔စဥ္ဘဝျဖတ္သန္းမႈမ်ားကိုလည္း ဓာတ္ပံုရိုက္ မွတ္တမ္းတင္ထားခဲ့သည္။ ယခုပံုတြင္ ေမာင္းေထာင္း၊ ဆန္ျပာေနၾကေသာ ျမန္မာမိသားစုကို ေတြ႔ရပံု ျဖစ္သည္)

(ဗုဒၶဘာသာ ရဟန္းေတာ္မ်ားႏွင့္ ဗုဒၶဘာသာအေၾကာင္းမွာ ဂ်ာမန္ဓာတ္ပံုဆရာ Adolphe ရိုက္ကူးခဲ့ေသာ ဓာတ္ပံုမ်ား၏ အဓိက theme တစ္ခု ျဖစ္သည္။ ယခုဓာတ္ပံုတြင္ ဆရာသမား သံဃာေတာ္မ်ားထံမွ ကိုရင္ေလးမ်ားက ဗုဒၶ၏ တရားဓမၼမ်ား ေလ့လာဆည္းပူးေနပံု ျဖစ္သည္။)

(ဤဓာတ္ပံုတြင္ ဘုန္းၾကီးေက်ာင္းသားေလးမ်ားႏွင့္အတူ ဆြမ္းခံထြက္ေနေသာ ဗုဒၶဘာသာ သံဃာေတာ္မ်ားကို ေတြ႔ရမည္ ျဖစ္သည္။ ပထမ အဂၤလိပ္-ျမန္မာစစ္ပြဲသည္ ျဗိတိသွ်လက္ေအာက္အိႏိၵယ၏ အၾကာရွည္ဆံုးႏွင့္ စစ္စရိတ္အကုန္က်ဆံုးစစ္ပြဲျဖစ္ခဲ့သည္)

(ပထမ အဂၤလိပ္-ျမန္မာစစ္ပြဲတြင္ ဥေရာပႏွင့္ အိႏိၵယစစ္သည္ေပါင္း ၁၅၀၀၀ ခန္႔ ေသဆံုးခဲ့ျပီး ျမန္မာဘုရင္၏ ရဲမက္ႏွင့္ အရပ္သား ေသဆံုးမႈမ်ားလည္းရွိခဲ့ျပီး ကိန္းဂဏန္းပမာဏကိုမူ မသိရေခ်။ ဤပံုတြင္ ဆင္ၾကီးတစ္ေကာင္ျဖင့္ သစ္လံုးမ်ား သယ္ေနပံုကို ေတြ႔ရမည္ ျဖစ္သည္)

(ပထမအဂၤလိပ္-ျမန္မာစစ္ပြဲ- ၁၈၃၃ အတြက္ အဂၤလိပ္တို႔က စစ္စရိတ္ ေပါင္ ၅ သန္းမွ ၁၃ သန္းၾကား ကုန္က်ခဲ့ျပီး ျဗိတိသွ်လက္ေအာက္အိႏိၵယအစိုးရတြင္ စီးပြားေရးအက်ပ္ဆိုက္ခဲ့ရသည္ဟု ဆိုသည္။ ပံုတြင္ ေတြ႔ရသည္မွာ ျမန္မာေလွသမားတစ္ဦးက စပါးေလွတစ္စီးကို ေလွာ္ခတ္ေနပံု ျဖစ္သည္)

(ဤဓာတ္ပံုမွာ ဓာတ္ပံုဆရာ Adolphe က ရန္ကုန္ျမိဳ႕ကို ၁၉၀၀ ျပည့္ႏွစ္ဝန္းက်င္ခန္႔တြင္ ရိုက္ကူးခဲ့သည့္ပံု ျဖစ္သည္။ ရန္ကုန္သည္ ျမန္မာႏိုင္ငံ၏ အၾကီးမားဆံုးျမိဳ႕ျဖစ္ျပီး ျဗိတိသွ်ကိုလိုနီ ဗိသုကာဟန္ ၊ ေခတ္မီ မိုးေမွ်ာ္တိုက္မ်ားႏွင့္ ေရႊေရာင္ဝင္းေသာ ဘုရားေစတီမ်ား ေပါင္းစပ္ထားေသာ ျမိဳ႕ျဖစ္သည္။)

(ဂ်ာမန္ဓာတ္ပံုဆရာ Adolphe ရိုက္ကူးခဲ့ေသာ ဤဓာတ္ပုံမွာ ဥာဏ္ေတာ္ ၃၂၆ ေပ ျမင့္မားေသာ ေရႊတိဂံု ေစတီေတာ္ျဖစ္သည္။ ေရႊတိဂံုေစတီသည္ ျမန္မာျပည္တြင္ အထြတ္အျမတ္အထားၾကဆံုး ေစတီျဖစ္သည္။ ေရႊတိဂံုေစတီတြင္ ကကုသန္ ၊ ေကာနဂုဏ္ ၊ ကႆပႏွင့္ ေဂါတမျမတ္စြာဘုရားမ်ား၏ ဓာတ္ေတာ္ေမြေတာ္မ်ား ပူေဇာ္ထားသည္။)

(ဂ်ာမန္ဓာတ္ပံုဆရာ Adolphe ၏ ၁၉၀၀ ျပည့္ႏွစ္က ရုိက္ကူးခဲ့ေသာ ဓာတ္ပံုမ်ားတြင္ ပါဝင္သည့္ ဤဓာတ္ပံုတြင္ ျမန္မာမိန္းကေလးငယ္တစ္ဦး မွန္တစ္ခ်ပ္ေဘးတြင္ သနပ္ခါးလိမ္းေနပံုကို ေတြ႔ရသည္။)

(ဤဓာတ္ပံုမွာ ရန္ကုန္ျမိဳ႕မွ ျမစ္တစ္ခု၏ ေလွဆိပ္ျမင္ကြင္းျဖစ္သည္။ ျဗိတိသွ်လက္ေအာက္တြင္ ရန္ကုန္ျမိဳ႕ လူဦးေရႏွင့္ စီးပြားေရးမွာ ၾကီးထြားလာခဲ့သည္။)

(ဂ်ာမန္ဓာတ္ပံုဆရာ Adolphe ရုိက္ကူးခဲ့ေသာ ဤဓာတ္ပံုတြင္ ရွမ္းမင္းသမီးတစ္ပါးႏွင့္ သူ၏ အေျခြအရံမ်ားကို ေတြ႔ရပံုျဖစ္သည္။ ျမန္မာျပည္တြင္ ဗုဒၶဘာသာကိုးကြယ္သည့္ အဓိက တိုင္းရင္းသား ၄ မ်ဳိးတြင္ ရွမ္းလူမ်ဳိးလည္း အပါအဝင္ ျဖစ္သည္။)

(ဤဓာတ္ပံုတြင္ ေတြ႔ရသည္မွာ ရွမ္းေစာ္ဘြားတစ္ဦး၏ ဓာတ္ပံုျဖစ္သည္။ ျမန္မာျပည္တြင္ ၁၉၃၅ ခုႏွစ္ ကတည္းက သန္းေခါင္စာရင္း အတိအက် ေကာက္ယူႏိုင္မႈ မရွိခဲ့ေသာ္လည္း ရွမ္းလူမ်ဳိးမ်ားမွာ ၄ သန္းမွ ၆ သန္းၾကားရွိသည္ဟု ခန္႔မွန္းရသည္။)

(ဤပံုတြင္ မိမိအား အထင္ၾကီးေစရန္ ေဆးလိပ္ေသာက္ျပေနေသာ ျမန္မာအမ်ဳိးသားတစ္ဦးႏွင့္ သူ၏ ေဘးတြင္ မတ္တပ္ရပ္ေနေသာ ျမန္မာမိန္းကေလးငယ္တစ္ဦးတို႔ကို ဂ်ာမန္ဓာတ္ပံုဆရာ Adolphe က ဓာတ္ပံုရုိက္ကူး ထားသည္။)

(ဆက္စပ္သတင္း)

Daily Mail သတင္းဌာနက ေဖာ္ထုတ္တင္ျပေသာ ကိုလိုနီေခတ္ ျမန္မာျပည္၏ ႏွစ္ေပါင္း ၁၅၀ သက္တမ္း႐ွိ ႐ွားပါးဓာတ္ပုံမ်ား

 

https://www.imyanmarhouse.com/news/read/1048317

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Credit to Photo - dailymail

Ref: Burma under British rule: Vintage photographs show Buddhist monks, traditional hunters and even a boat race from Myanmar’s days as a British colony (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service