ကရိန်းကားထုတ်လုပ်ရေး ကုမ္ပဏီပိုင်ရှင်က ဒေါ်လာ ၉ သန်းခန့်ရှိ ငွေစက္ကူများ တောင်ပုံရာပုံ ပုံထားကာ ဝန်ထမ်းများအား ဘောနပ်စ်ပေး

ကရိန်းကားထုတ်လုပ်ရေး ကုမ္ပဏီပိုင်ရှင်က ဒေါ်လာ ၉ သန်းခန့်ရှိ ငွေစက္ကူများ တောင်ပုံရာပုံ ပုံထားကာ ဝန်ထမ်းများအား ဘောနပ်စ်ပေး - Property News in Myanmar from iMyanmarHouse.com
6 Feb 2023 9:49 am တွင် တင်ခဲ့သည်
1008 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကရိန်းကားများ ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီတစ်ခုသည် ဒေါ်လာ ၉ သန်းတန်ဖိုးခန့်ရှိသည့် ငွေစက္ကူများ တောင်ပုံရာပုံ ပုံထားကာ ဝန်ထမ်းများအား ဘောနပ်စ်ပေးသော ဗွီဒီယိုဖိုင်တစ်ခုမှာ တရုတ်လူမှုကွန်ရက် သုံးစွဲသူများအကြား ကျော်ကြားပျံ့နှံ့လျက်ရှိသည်။

Henan Mine ကုမ္ပဏီတည်ထောင်သူ စွေ့ဖိန်ချွင် (Cui Peijun) သည် ၂၀၂၂ ခုနှစ်အတွင်း ရောင်းအားထူးကဲစွာကောင်းမွန်ခဲ့သည့်အတွက် ဆုချီးမြှင့်သည့်အနေဖြင့် ကုမ္ပဏီ၏ performance အကောင်းဆုံး အရောင်းမန်နေဂျာ ၅ ဦးကို တစ်ဦးလျှင် ယွမ်ငွေ ၅ သန်း (ကန်ဒေါ်လာ ၇၄၀,၀၀၀ ခန့် ) ဆုချီးမြှင့်ခဲ့ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက တရုတ်သတင်းဌာနတစ်ခုဖြစ်သော Jiemian News သို့ပြောသည်။

အခြားသော အရောင်းမန်နေဂျာ ၃၅ ဦးမှာလည်း ဆုငွေ အနည်းဆုံးယွမ် ၁ သန်း ရရှိခဲ့ကြသည်။

ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေး မန်နေဂျာတစ်ဦးက ပြောသည်မှာ “ကျွန်တော်တို့ ကုမ္ပဏီက အရောင်းမန်နေဂျာ ၄၀ ဦးကို ယွမ်ငွေ ၆၁ သန်း ဘောနပ်စ်ပေးခဲ့ပါတယ်။”ဟု ပြောသည်။

တရုတ်နှစ်သစ်ကူးမတိုင်မီ ဇန်နဝါရီ ၁၇ ရက်က ကျင်းပသော အခမ်းအနားတစ်ခုတွင် ထိုသို့ ဆုကြေးငွေများ ပေးခဲ့ခြင်းဖြစ်သည်။

ငွေစက္ကူများ ပြည့်နှက်နေသော ကြီးကျယ်ခမ်းနားလှသည့် အခမ်းအနားနှင့် စပ်လျဉ်းသော လူမှုကွန်ရက် Post များမှာ တရုတ်လူမှုကွန်ရက်ဖြစ်သော Weibo တွင် ဟိုးလေးတကျော် ဂယက်ရိုက်ခဲ့သည်။

ဤငွေသား ဆုပေးပွဲအကြောင်းကို ဇန်နဝါရီလအတွင်း ကြည့်ရှုမှု အကြိမ်ရေ သန်း ၁၈၀ ကျော်ရှိခဲ့သည်။

ဗွီဒီယိုများတွင် တွေ့မြင်ခဲ့မှုအရ အနီရောင်လည်စီး ဝတ်ထားသော ဝန်ထမ်းများသည် ငွေစက္ကူထုတ်များ မနိုင်မနင်းသယ်ဆောင်ကာ စင်မြင့်ပေါ်မှ ပြန်ဆင်းနေကြပုံကို တွေ့ကြရသည်။

Weibo တွင် ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်အချို့တွင် တွေ့ရသည်မှာ ဝန်ထမ်းများအနေဖြင့် ဘောနပ်စ်ရရန် baijiu ခွက်တဝက်ခန့် သောက်ရမည်ဟု ကုမ္ပဏီပိုင်ရှင် စွေ့ဖိန်ချွင်က ကြေငြာနေသည်ကိုလည်း တွေ့ရသည်။

Baijiu သည် အရက်ပြင်းတစ်မျိုးဖြစ်ပြီး အရက် ၆၀ ရာခိုင်နှုန်းအထက် ပါဝင်သည်။

“ကောင်းပါပြီ။ ဝိတ်တာများခင်ဗျာ။ လူတိုင်းကို baijiu ၂၅၀ မီလီ လီတာ ပြင်ဆင်ပေးကြပါစို့။”ဟု အခမ်းအနားတင်ဆက်သူက ပြောကြားခဲ့သည်။

 

(ဝဲဘက်မှပုံမှာ အရောင်းမန်နေဂျာတစ်ဦး ဘောနပ်စ်ငွေများ မနိုင်မနင်းသယ်ဆောင်နေပုံ ဖြစ်ပြီး ယာဘက်မှပုံမှာ ဘောနပ်စ်ပေးနေမှုကို စောင့်ကြည့်နေသည့် စွေ့ဖိန်ချွင်က လက်ပြနေပုံ ဖြစ်သည်။ ဓာတ်ပုံ-. Screenshot/Weibo)

 

ကုမ္ပဏီပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကပြောသည်မှာ အရက်သောက်ခြင်းမှာ အောင်ပွဲခံသည့် အထိမ်းအမှတ် တစ်ခုသာ ဖြစ်ကြောင်း ၊ အကုန်သောက်ရမည်ဟု သတ်မှတ်ထားခြင်းမရှိကြောင်း ပြောသည်။

ကုမ္ပဏီပြောရေးဆိုခွင့်ရသူက ဘောနပ်စ်ငွေများတွင် အခွန်ပေးဆောင်ပြီးခြင်း ရှိမရှိနှင့်စပ်လျဉ်း၍ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သော Upstream News သို့ ပြောသည်မှာ “တချို့က အခွန်မဆောင်ရသေးပါဘူး။ တချို့ကတော့ အခွန်ဆောင်ပြီးသားတွေ ဖြစ်ပါတယ်။”ဟုပြောသည်။

Henan Mine ကုမ္ပဏီ၏ ပြန်ကြားရေးမန်နေဂျာ ဖုန်ရှောက်ဖိန် (Feng Xiaobei) ကပြောသည်မှာ ဝန်ထမ်းများ အား ဘောနပ်စ်ပေးသည့် ဗွီဒီယို လူမှုကွန်ရက်တွင် ဟိုးလေးတကျော်ဖြစ်ခဲ့ပြီးနောက်ပိုင်း ကုမ္ပဏီ၏ HR ဌာနသို့ ဖုန်းခေါ်ဆိုမှုများ အလွန်တရာများပြားခဲ့ကြောင်း ပြောသည်။

“HR ဌာနကို ဖုန်းခေါ်ဆိုမှုတွေက အခုအချိန်ထိ မရပ်မနားပါပဲ”ဟု ၎င်းက နိုင်ငံပိုင်သတင်းဌာနဖြစ်သော The Paper သို့ ပြောသည်။

ဖုန်ရှောက်ဖိန်က ဖြည့်စွက်ပြောကြားသည်မှာ ကုမ္ပဏီအနေဖြင့် အလုပ်လျှောက်ထားလာသူ အားလုံးကို ကြိုဆိုကြောင်း ပြောသည်။

Henan Mine ကုမ္ပဏီသည် လက်ရှိအချိန်တွင် ဝန်ထမ်းများစွာခန့်ထားရန် လိုအပ်လာကြောင်း ၊ အဘယ်ကြောင့်ဆိုလျှင် Weibo လူမှုကွန်ရက်တွင် ဘောနပ်စ်ပေးသည့် ဗွီဒီယို ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း ၎င်းတို့၏ ထုတ်ကုန်ကို မှာယူသည့် အမှာစာများ တရဟော ဝင်ရောက်လာသောကြောင့် ဖြစ်ကြောင်း မစ္စတာဖုန်က The Paper သို့ပြောသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း စီးပွားရေး အကျပ်အတည်းများကြောင့် တရုတ်ပြည်၏ ဆောက်လုပ်ရေး ကဏ္ဍ ထိခိုက်မှုများ ရှိခဲ့သော်လည်း Henan Mine ကုမ္ပဏီမှာမူ ရောင်းအားကောင်းခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်း Henan Mine သည် ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၃၆ ဘီလီယံ ရရှိခဲ့ကာ ၂၀၂၁ ခုနှစ်ကထက် ၂၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း Jiemian News သတင်းဌာနက ဖော်ပြသည်။

ကုမ္ပဏီ၏ အခမ်းအနားတွင် ဘောနပ်စ်ပေးခြင်းအပြင် ငွေစက္ကူရေတွက်သည့် ပြိုင်ပွဲတစ်ခုလည်း ကျင်းပခဲ့သေးသည်။

ယွမ်ငွေ ၁၀၀ တန် ငွေစက္ကူများကို သတ်မှတ်ထားသည့် အချိန်အတွင်း အများဆုံး ရေတွက်နိုင်မှု ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

အများဆုံး ရေတွက်နိုင်သူသည် သူရေတွက်ခဲ့သည့် ငွေပမာဏအတိုင်း ဆုကြေးရရှိသည်။

ငွေစက္ကူရေတွက် ပြိုင်ပွဲအတွက်ပင်လျှင် ယွမ်ငွေ ၁၂ သန်းခန့် သုံးစွဲခဲ့သည်ဟု ဆိုသည်။

Henan Mine ကုမ္ပဏီကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး တရုတ်ပြည်နှင့် ကမ္ဘာတလွှားတွင် ရုံးပေါင်း ၃၈၀ ရှိကာ ဝန်ထမ်းပေါင်း ၅၁၀၀ ကျော်ရှိကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The owner of a Chinese company gave his staff $9 million in bonuses and made them grab it themselves from a giant mountain of cash (insider,wionews)

 

 

 

[Zawgyi]

ကရိန္းကားထုတ္လုပ္ေရး ကုမၸဏီပိုင္ရွင္က ေဒၚလာ ၉ သန္းခန္႔ရွိ ေငြစကၠဴမ်ား ေတာင္ပံုရာပံု ပံုထားကာ ဝန္ထမ္းမ်ားအား ေဘာနပ္စ္ေပး

ကရိန္းကားမ်ား ထုတ္လုပ္သည့္ တရုတ္ကုမၸဏီတစ္ခုသည္ ေဒၚလာ ၉ သန္းတန္ဖိုးခန္႔ရွိသည့္ ေငြစကၠဴမ်ား ေတာင္ပံုရာပံု ပံုထားကာ ဝန္ထမ္းမ်ားအား ေဘာနပ္စ္ေပးေသာ ဗီြဒီယိုဖိုင္တစ္ခုမွာ တရုတ္လူမႈကြန္ရက္ သံုးစြဲသူမ်ားအၾကား ေက်ာ္ၾကားပ်ံ႕ႏွ႔ံလ်က္ရွိသည္။

Henan Mine ကုမၸဏီတည္ေထာင္သူ ေစြ႔ဖိန္ခၽြင္ (Cui Peijun) သည္ ၂၀၂၂ ခုႏွစ္အတြင္း ေရာင္းအားထူးကဲစြာေကာင္းမြန္ခဲ့သည့္အတြက္ ဆုခ်ီးျမွင့္သည့္အေနျဖင့္ ကုမၸဏီ၏ performance အေကာင္းဆံုး အေရာင္းမန္ေနဂ်ာ ၅ ဦးကို တစ္ဦးလွ်င္ ယြမ္ေငြ ၅ သန္း (ကန္ေဒၚလာ ၇၄၀,၀၀၀ ခန္႔ ) ဆုခ်ီးျမွင့္ခဲ့ေၾကာင္း ကုမၸဏီေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္တစ္ဦးက တရုတ္သတင္းဌာနတစ္ခုျဖစ္ေသာ Jiemian News သို႔ေျပာသည္။

အျခားေသာ အေရာင္းမန္ေနဂ်ာ ၃၅ ဦးမွာလည္း ဆုေငြ အနည္းဆံုးယြမ္ ၁ သန္း ရရွိခဲ့ၾကသည္။

ကုမၸဏီ၏ ျပည္သူ႔ဆက္ဆံေရး မန္ေနဂ်ာတစ္ဦးက ေျပာသည္မွာ “ကၽြန္ေတာ္တို႔ ကုမၸဏီက အေရာင္းမန္ေနဂ်ာ ၄၀ ဦးကို ယြမ္ေငြ ၆၁ သန္း ေဘာနပ္စ္ေပးခဲ့ပါတယ္။”ဟု ေျပာသည္။

တရုတ္ႏွစ္သစ္ကူးမတိုင္မီ ဇန္နဝါရီ ၁၇ ရက္က က်င္းပေသာ အခမ္းအနားတစ္ခုတြင္ ထိုသို႔ ဆုေၾကးေငြမ်ား ေပးခဲ့ျခင္းျဖစ္သည္။ ေငြစကၠဴမ်ား ျပည့္ႏွက္ေနေသာ ၾကီးက်ယ္ခမ္းနားလွသည့္ အခမ္းအနားႏွင့္ စပ္လ်ဥ္းေသာ လူမႈကြန္ရက္ Post မ်ားမွာ တရုတ္လူမႈကြန္ရက္ျဖစ္ေသာ Weibo တြင္ ဟိုးေလးတေက်ာ္ ဂယက္ရိုက္ခဲ့သည္။

ဤေငြသား ဆုေပးပြဲအေၾကာင္းကို ဇန္နဝါရီလအတြင္း ၾကည့္ရႈမႈ အၾကိမ္ေရ သန္း ၁၈၀ ေက်ာ္ရွိခဲ့သည္။

ဗြီဒီယိုမ်ားတြင္ ေတြ႔ျမင္ခဲ့မႈအရ အနီေရာင္လည္စီး ဝတ္ထားေသာ ဝန္ထမ္းမ်ားသည္ ေငြစကၠဴထုတ္မ်ား မႏိုင္မနင္းသယ္ေဆာင္ကာ စင္ျမင့္ေပၚမွ ျပန္ဆင္းေနၾကပံုကို ေတြ႔ၾကရသည္။

Weibo တြင္ ပ်ံ႕ႏွံ႔ေနေသာ ဗီြဒီယိုဖိုင္အခ်ဳိ႕တြင္ ေတြ႔ရသည္မွာ ဝန္ထမ္းမ်ားအေနျဖင့္ ေဘာနပ္စ္ရရန္ baijiu ခြက္တဝက္ခန္႔ ေသာက္ရမည္ဟု ကုမၸဏီပိုင္ရွင္ ေစြ႔ဖိန္ခၽြင္က ေၾကျငာေနသည္ကိုလည္း ေတြ႔ရသည္။

Baijiu သည္ အရက္ျပင္းတစ္မ်ဳိးျဖစ္ျပီး အရက္ ၆၀ ရာခုိင္ႏႈန္းအထက္ ပါဝင္သည္။

“ေကာင္းပါျပီ။ ဝိတ္တာမ်ားခင္ဗ်ာ။ လူတုိင္းကို baijiu ၂၅၀ မီလီ လီတာ ျပင္ဆင္ေပးၾကပါစို႔။”ဟု အခမ္းအနားတင္ဆက္သူက ေျပာၾကားခဲ့သည္။

(ဝဲဘက္မွပံုမွာ အေရာင္းမန္ေနဂ်ာတစ္ဦး ေဘာနပ္စ္ေငြမ်ား မႏိုင္မနင္းသယ္ေဆာင္ေနပံု ျဖစ္ျပီး ယာဘက္မွပံုမွာ ေဘာနပ္စ္ေပးေနမႈကို ေစာင့္ၾကည့္ေနသည့္ ေစြ႔ဖိန္ခၽြင္က လက္ျပေနပံု ျဖစ္သည္။ ဓာတ္ပံု-. Screenshot/Weibo)

ကုမၸဏီေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ကေျပာသည္မွာ အရက္ေသာက္ျခင္းမွာ ေအာင္ပြဲခံသည့္ အထိမ္းအမွတ္ တစ္ခုသာ ျဖစ္ေၾကာင္း ၊ အကုန္ေသာက္ရမည္ဟု သတ္မွတ္ထားျခင္းမရွိေၾကာင္း ေျပာသည္။

ကုမၸဏီေျပာေရးဆိုခြင့္ရသူက ေဘာနပ္စ္ေငြမ်ားတြင္ အခြန္ေပးေဆာင္ျပီးျခင္း ရွိမရွိႏွင့္စပ္လ်ဥ္း၍ ေဒသတြင္း သတင္းဌာနတစ္ခုျဖစ္ေသာ Upstream News သို႔ ေျပာသည္မွာ “တခ်ဳိ႕က အခြန္မေဆာင္ရေသးပါဘူး။ တခ်ိဳ႕ကေတာ့ အခြန္ေဆာင္ျပီးသားေတြ ျဖစ္ပါတယ္။”ဟုေျပာသည္။

Henan Mine ကုမၸဏီ၏ ျပန္ၾကားေရးမန္ေနဂ်ာ ဖုန္ေရွာက္ဖိန္ (Feng Xiaobei) ကေျပာသည္မွာ ဝန္ထမ္းမ်ား အား ေဘာနပ္စ္ေပးသည့္ ဗြီဒီယို လူမႈကြန္ရက္တြင္ ဟိုးေလးတေက်ာ္ျဖစ္ခဲ့ျပီးေနာက္ပုိင္း ကုမၸဏီ၏ HR ဌာနသို႔ ဖုန္းေခၚဆိုမႈမ်ား အလြန္တရာမ်ားျပားခဲ့ေၾကာင္း ေျပာသည္။

“HR ဌာနကို ဖုန္းေခၚဆိုမႈေတြက အခုအခ်ိန္ထိ မရပ္မနားပါပဲ”ဟု ၎က ႏိုင္ငံပိုင္သတင္းဌာနျဖစ္ေသာ The Paper သို႔ ေျပာသည္။ ဖုန္ေရွာက္ဖိန္က ျဖည့္စြက္ေျပာၾကားသည္မွာ ကုမၸဏီအေနျဖင့္ အလုပ္ေလွ်ာက္ထားလာသူ အားလံုးကို ၾကိဳဆိုေၾကာင္း ေျပာသည္။

Henan Mine ကုမၸဏီသည္ လက္ရွိအခ်ိန္တြင္ ဝန္ထမ္းမ်ားစြာခန္႔ထားရန္ လုိအပ္လာေၾကာင္း ၊ အဘယ္ေၾကာင့္ဆိုလွ်င္ Weibo လူမႈကြန္ရက္တြင္ ေဘာနပ္စ္ေပးသည့္ ဗြီဒီယို ပ်ံ႕ႏွ႔ံခဲ့ျပီးေနာက္ပိုင္း ၎တို႔၏ ထုတ္ကုန္ကို မွာယူသည့္ အမွာစာမ်ား တရေဟာ ဝင္ေရာက္လာေသာေၾကာင့္ ျဖစ္ေၾကာင္း မစၥတာဖုန္က The Paper သို႔ေျပာသည္။

ျပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္အတြင္း စီးပြားေရး အက်ပ္အတည္းမ်ားေၾကာင့္ တရုတ္ျပည္၏ ေဆာက္လုပ္ေရး က႑ ထိခုိက္မႈမ်ား ရွိခဲ့ေသာ္လည္း Henan Mine ကုမၸဏီမွာမူ ေရာင္းအားေကာင္းခဲ့သည္။ ၂၀၂၂ ခုႏွစ္အတြင္း Henan Mine သည္ ဝင္ေငြ ကန္ေဒၚလာ ၁ ဒသမ ၃၆ ဘီလီယံ ရရွိခဲ့ကာ ၂၀၂၁ ခုႏွစ္ကထက္ ၂၂ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ေၾကာင္း Jiemian News သတင္းဌာနက ေဖာ္ျပသည္။

ကုမၸဏီ၏ အခမ္းအနားတြင္ ေဘာနပ္စ္ေပးျခင္းအျပင္ ေငြစကၠဴေရတြက္သည့္ ျပိဳင္ပြဲတစ္ခုလည္း က်င္းပခဲ့ေသးသည္။

ယြမ္ေငြ ၁၀၀ တန္ ေငြစကၠဴမ်ားကို သတ္မွတ္ထားသည့္ အခ်ိန္အတြင္း အမ်ားဆံုး ေရတြက္ႏိုင္မႈ ယွဥ္ျပိဳင္ရျခင္း ျဖစ္သည္။

အမ်ားဆံုး ေရတြက္ႏုိင္သူသည္ သူေရတြက္ခဲ့သည့္ ေငြပမာဏအတုိင္း ဆုေၾကးရရွိသည္။

ေငြစကၠဴေရတြက္ ျပိဳင္ပြဲအတြက္ပင္လွ်င္ ယြမ္ေငြ ၁၂ သန္းခန္႔ သံုးစြဲခဲ့သည္ဟု ဆိုသည္။

Henan Mine ကုမၸဏီကို ၂၀၀၂ ခုႏွစ္တြင္ တည္ေထာင္ခဲ့ျပီး တရုတ္ျပည္ႏွင့္ ကမၻာတလႊားတြင္ ရံုးေပါင္း ၃၈၀ ရွိကာ ဝန္ထမ္းေပါင္း ၅၁၀၀ ေက်ာ္ရွိေၾကာင္း ကုမၸဏီ၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The owner of a Chinese company gave his staff $9 million in bonuses and made them grab it themselves from a giant mountain of cash (insider,wionews)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service