စီရော်နယ်ဒိုနှင့် ချစ်သူမိန်းကလေး ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့၏ ပေါင် ၇ သန်းတန် လူနေခန်း

စီရော်နယ်ဒိုနှင့် ချစ်သူမိန်းကလေး ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့၏ ပေါင် ၇ သန်းတန် လူနေခန်း - Property News in Myanmar from iMyanmarHouse.com
9 Jan 2023 10:38 am တွင် တင်ခဲ့သည်
1690 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ခရစ္စတီယာနို ရော်နယ်ဒိုနှင့် သူ၏ ချစ်သူမိန်းကလေး ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့ စုံတွဲသည် အမွှာရင်သွေး ထပ်မံရရှိလာဖွယ်တော့မည် ဖြစ်ပြီး လက်ရှိအားဖြင့် သားသမီး ၄ ဦးရှိသည်။

အမွှာကလေး ၂ ဦးဖြစ်သော Eva Maria နှင့် Mateo ၊ သားကြီး ခရစ္စတီယာနို ဂျူနီယာနှင့် အငယ်ဆုံးဖြစ်သော Alana Martina တို့ ဖြစ်ကြသည်။

 

 

စီရော်နယ်ဒိုက တိုးပွားလာနေသော သူ၏ မိသားစုကို မည်သည့်နေရာတွင် ကြီးပြင်းစေမည်နည်း။

 

(ဆော်ဒီအာဏာပိုင်များ မသိကျိုးကျွံပြုထားခြင်း)

စီရော်နယ်ဒိုသည် လက်ရှိအားဖြင့် ဆော်ဒီအာရေးဘီးယားတွင် သူ၏ ချစ်သူနှင့်အတူ နေထိုင်ခွင့် ရရှိထားသည်။

ဆော်ဒီအာရေးဘီးယား၏ ဥပဒေအရမူ လက်မထပ်ရသေးသော စုံတွဲများ အတူနေထိုင်ခွင့် မပြုချေ။

 

စီရော်နယ်ဒိုသည် ဆော်ဒီဘောလုံးကလပ်အသင်း Al-Nassr သို့ ပြောင်းရွှေ့ပြီးပြီဖြစ်ရာ ဆော်ဒီအာရေးဘီးယားတွင် သူ၏ ဘဝကို စတင်လျှက်ရှိသည်။

ဆော်ဒီရှေ့နေများက အတည်ပြုထားသည်မှာ လက်မထပ်ရသေးသော စုံတွဲများ အတူနေထိုင်ခြင်းကို ဥပဒေက တားမြစ်ထားသော်လည်း စီရော်နယ်ဒိုတို့ စုံတွဲ အတူနေထိုင်မှုကိုမူ အာဏာပိုင်တို့က မသိကျိုးကျွံပြုထားမည်ဖြစ်ကြောင်း အတည်ပြုသည်။

“ဒီဥပဒေက ပြဿနာတစ်ခု တက်တဲ့အခါ (ဒါမှမဟုတ်) မှုခင်းတစ်ခုပေါ်တဲ့ အခါမျိုးမှာ အသုံးပြုတာ ဖြစ်ပါတယ်”ဟု ရှေ့နေတစ်ဦးက စပိန်သတင်းဌာန EFE သို့ပြောကြားသည်။

စီရော်နယ်ဒိုသည် သူ၏ ဇာတိမြို့ဖြစ်သော ပေါ်တူဂီနိုင်ငံ Madeira ကျွန်းစု၏ မြို့တော် Funchal မြို့တွင် ပေါင် ၇ သန်းတန် တန်ကြေးရှိ လူနေခန်းတစ်ခု ပိုင်ဆိုင်ထားသည်။

 

စီရော်နယ်ဒိုက သူ၏ အားလပ်ချိန်များတွင် အဆိုပါ နေအိမ်တွင် အချိန်ကုန်လွန် ဖြတ်သန်းလေ့ရှိသည်။

စီရော်နယ်ဒိုနှင့် ဂျော်ဂျီနာတို့ နှစ်ဦးက ပေါ်တူဂီမှ ထိုနေအိမ်၏ ဓာတ်ပုံများကို ၎င်းတို့၏ အင်စတာဂရမ် လူမှုကွန်ရက်အကောင့်မှတဆင့် မျှဝေလေ့ရှိသည်။

ဧည့်ခန်းမှာ အတ္တလန္တိတ်သမုဒ္ဒရာရှုခင်းများကို ပိုင်ဆိုင်ထားပြီး မှန်ကာစတီးလက်ရန်းပါ လှေကားတစ်ခုမှတဆင့် ထပ်ခိုးရှိရာသို့ ရောက်ရှိနိုင်သည်။

 

 

အရောင်အနေဖြင့် စီရော်နယ်ဒိုတို့စုံတွဲက ခေတ်မီ အနက်ရောင်၊ မီးခိုးရောင်၊ နို့နှစ်နှင့် အဖြူရောင်များ ရွေးချယ်ထားသည်။

ဆိုဖာများမှာ သဲရောင်ဖြစ်ကာ ထိုင်ခုံကူရှင်များတွင် တစ်ရောင်တည်း အသုံးပြုထားသော ခွေးသွားစိတ်ပုံစံ အလှဆင်မှုများ မီးခိုးရောင်နံရံများနှင့် ကောဇောတို့ကို တွေ့ရသည်။

စကျင်ကျောက်ပြား မျက်နှာပြင်ရှိသော ခုံပုတစ်လုံးနှင့် ကြီးမားသော သစ်ပင်တစ်ပင်လည်း ရှိသည်။

အလင်းပေးမှု စနစ်အတွက် အခန်းအတွင်း ကမ္ဘာလုံးပုံသဏ္ဍန် ဖန်ဆွဲသီးများစွာကို အနိမ့်အမြင့် အမျိုးမျိုးဖြင့် ချိတ်ဆွဲထားသည်။

 

 

အမိုးပေါ်တွင် ကိုယ်ပိုင်ရေကူးကန်တစ်ခု ရှိသည်ကိုလည်း ဂျော်ဂျီနာက စီရော်နယ်ဒို၏ သားကြီး ခရစ္စတီယာနို ဂျူနီယာကို ရိုက်ကူးပေးထားသည့် ဓာတ်ပုံတစ်ပုံတွင် တွေ့ရသည်။

ရေချိုးခန်းအတွင်း အနက်ရောင် စကျင်ကျောက်ပြားနှင့် ကြမ်းပြင်များရှိပြီး အောက်ခြေတွင် အပြာရောင် LED မီးထွန်းထားပုံရသည့် ကြီးမားသော ရေစိမ်ကန်တစ်ခု ရှိသည်။

 

 

စီရော်နယ်ဒို၏ နေအိမ်တွင် ကိုယ်ပိုင်အားကစားလေ့ကျင့်ခန်းမလည်း ရှိပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း အဆိုပါ အခန်းတွင် အားကစားလေ့ကျင့်ကာ ကျန်းမာရေးကို ထိန်းသိမ်းထားသည်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Cristiano Ronaldo and Georgina Rodriguez's £7m apartment to raise four kids and counting (hellomagazine,goal)

 

 

 

[Zawgyi]

 

စီေရာ္နယ္ဒိုႏွင့္ ခ်စ္သူမိန္းကေလး ေဂ်ာ္ဂ်ီနာ ရိုဒရီဂြက္ဇ္တုိ႔၏ ေပါင္ ၇ သန္းတန္ လူေနခန္း

 

ခရစၥတီယာႏို ေရာ္နယ္ဒိုႏွင့္ သူ၏ ခ်စ္သူမိန္းကေလး ေဂ်ာ္ဂ်ီနာ ရုိဒရီဂြက္ဇ္တို႔ စံုတြဲသည္ အမႊာရင္ေသြး ထပ္မံရရွိလာဖြယ္ေတာ့မည္ ျဖစ္ျပီး လက္ရွိအားျဖင့္ သားသမီး ၄ ဦးရွိသည္။

အမႊာကေလး ၂ ဦးျဖစ္ေသာ Eva Maria ႏွင့္ Mateo ၊ သားၾကီး ခရစၥတီယာႏို ဂ်ဴနီယာႏွင့္ အငယ္ဆံုးျဖစ္ေသာ Alana Martina တို႔ ျဖစ္ၾကသည္။ စီေရာ္နယ္ဒိုက တိုးပြားလာေနေသာ သူ၏ မိသားစုကို မည္သည့္ေနရာတြင္ ၾကီးျပင္းေစမည္နည္း။

(ေဆာ္ဒီအာဏာပိုင္မ်ား မသိက်ဳိးကၽြံျပဳထားျခင္း)

စီေရာ္နယ္ဒိုသည္ လက္ရွိအားျဖင့္ ေဆာ္ဒီအာေရးဘီးယားတြင္ သူ၏ ခ်စ္သူႏွင့္အတူ ေနထိုင္ခြင့္ ရရွိထားသည္။

ေဆာ္ဒီအာေရးဘီးယား၏ ဥပေဒအရမူ လက္မထပ္ရေသးေသာ စံုတြဲမ်ား အတူေနထိုင္ခြင့္ မျပဳေခ်။

စီေရာ္နယ္ဒိုသည္ ေဆာ္ဒီေဘာလံုးကလပ္အသင္း Al-Nassr သို႔ ေျပာင္းေရႊ႕ျပီးျပီျဖစ္ရာ ေဆာ္ဒီအာေရးဘီးယားတြင္ သူ၏ ဘဝကို စတင္လွ်က္ရွိသည္။

ေဆာ္ဒီေရွ႕ေနမ်ားက အတည္ျပဳထားသည္မွာ လက္မထပ္ရေသးေသာ စံုတြဲမ်ား အတူေနထိုင္ျခင္းကို ဥပေဒက တားျမစ္ထားေသာ္လည္း စီေရာ္နယ္ဒိုတို႔ စံုတြဲ အတူေနထုိင္မႈကိုမူ အာဏာပိုင္တို႔က မသိက်ဳိးကၽြံျပဳထားမည္ျဖစ္ေၾကာင္း အတည္ျပဳသည္။

“ဒီဥပေဒက ျပႆနာတစ္ခု တက္တဲ့အခါ (ဒါမွမဟုတ္) မႈခင္းတစ္ခုေပၚတဲ့ အခါမ်ဳိးမွာ အသံုးျပဳတာ ျဖစ္ပါတယ္”ဟု ေရွ႕ေနတစ္ဦးက စပိန္သတင္းဌာန EFE သို႔ေျပာၾကားသည္။

စီေရာ္နယ္ဒိုသည္ သူ၏ ဇာတိျမိဳ႕ျဖစ္ေသာ ေပၚတူဂီႏိုင္ငံ Madeira ကၽြန္းစု၏ ျမိဳ႕ေတာ္ Funchal ျမိဳ႕တြင္ ေပါင္ ၇ သန္းတန္ တန္ေၾကးရွိ လူေနခန္းတစ္ခု ပိုင္ဆိုင္ထားသည္။

စီေရာ္နယ္ဒိုက သူ၏ အားလပ္ခ်ိန္မ်ားတြင္ အဆိုပါ ေနအိမ္တြင္ အခ်ိန္ကုန္လြန္ ျဖတ္သန္းေလ့ရွိသည္။

စီေရာ္နယ္ဒိုႏွင့္ ေဂ်ာ္ဂ်ီနာတို႔ ႏွစ္ဦးက ေပၚတူဂီမွ ထိုေနအိမ္၏ ဓာတ္ပံုမ်ားကို ၎တို႔၏ အင္စတာဂရမ္ လူမႈကြန္ရက္အေကာင့္မွတဆင့္ မွ်ေဝေလ့ရွိသည္။ ဧည့္ခန္းမွာ အတၱလႏၱိတ္သမုဒၵရာရႈခင္းမ်ားကို ပိုင္ဆိုင္ထားျပီး မွန္ကာစတီးလက္ရန္းပါ ေလွကားတစ္ခုမွတဆင့္ ထပ္ခုိးရွိရာသို႔ ေရာက္ရွိႏိုင္သည္။

အေရာင္အေနျဖင့္ စီေရာ္နယ္ဒိုတို႔စံုတြဲက ေခတ္မီ အနက္ေရာင္၊ မီးခိုးေရာင္၊ ႏို႔ႏွစ္ႏွင့္ အျဖဴေရာင္မ်ား ေရြးခ်ယ္ထားသည္။

ဆိုဖာမ်ားမွာ သဲေရာင္ျဖစ္ကာ ထိုင္ခံုကူရွင္မ်ားတြင္ တစ္ေရာင္တည္း အသံုးျပဳထားေသာ ေခြးသြားစိတ္ပံုစံ အလွဆင္မႈမ်ား မီးခိုးေရာင္နံရံမ်ားႏွင့္ ေကာေဇာတို႔ကို ေတြ႔ရသည္။

စက်င္ေက်ာက္ျပား မ်က္ႏွာျပင္ရွိေသာ ခံုပုတစ္လံုးႏွင့္ ၾကီးမားေသာ သစ္ပင္တစ္ပင္လည္း ရွိသည္။

အလင္းေပးမႈ စနစ္အတြက္ အခန္းအတြင္း ကမၻာလံုးပံုသ႑န္ ဖန္ဆြဲသီးမ်ားစြာကို အနိမ့္အျမင့္ အမ်ဳိးမ်ဳိးျဖင့္ ခ်ိတ္ဆြဲထားသည္။

အမုိးေပၚတြင္ ကိုယ္ပုိင္ေရကူးကန္တစ္ခု ရွိသည္ကိုလည္း ေဂ်ာ္ဂ်ီနာက စီေရာ္နယ္ဒို၏ သားၾကီး ခရစၥတီယာႏို ဂ်ဴနီယာကို ရိုက္ကူးေပးထားသည့္ ဓာတ္ပံုတစ္ပံုတြင္ ေတြ႔ရသည္။

ေရခ်ိဳးခန္းအတြင္း အနက္ေရာင္ စက်င္ေက်ာက္ျပားႏွင့္ ၾကမ္းျပင္မ်ားရွိျပီး ေအာက္ေျခတြင္ အျပာေရာင္ LED မီးထြန္းထားပံုရသည့္ ၾကီးမားေသာ ေရစိမ္ကန္တစ္ခု ရွိသည္။

စီေရာ္နယ္ဒို၏ ေနအိမ္တြင္ ကိုယ္ပုိင္အားကစားေလ့က်င့္ခန္းမလည္း ရွိျပီး ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးကာလအတြင္း အဆိုပါ အခန္းတြင္ အားကစားေလ့က်င့္ကာ က်န္းမာေရးကို ထိန္းသိမ္းထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Cristiano Ronaldo and Georgina Rodriguez's £7m apartment to raise four kids and counting (hellomagazine,goal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service