အင်္ဂလန်တွင် ၂ နှစ်ကြာအိမ်ငှားခမပေးသည့် မိသားစု နေအိမ်အတွင်း မစင်ပုံများ၊ ကျင်ငယ်စွန့်ထားသည့် ဘူးပေါင်းများစွာဖြင့် အော်ဂလီဆန်ဖွယ်ထားခဲ့

အင်္ဂလန်တွင် ၂ နှစ်ကြာအိမ်ငှားခမပေးသည့် မိသားစု နေအိမ်အတွင်း မစင်ပုံများ၊ ကျင်ငယ်စွန့်ထားသည့် ဘူးပေါင်းများစွာဖြင့် အော်ဂလီဆန်ဖွယ်ထားခဲ့ - Property News in Myanmar from iMyanmarHouse.com
18 Nov 2022 10:13 am တွင် တင်ခဲ့သည်
909 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)

[Unicode]

 

အင်္ဂလန်နိုင်ငံဝေလပြည်နယ်တွင် ၂ နှစ်ကြာအိမ်ငှားခမပေးသည့် မိသားစုကို ယခုရက်သတ္တပတ်အတွင်း အိမ်ရှင်က နှင်ထုတ်ခဲ့ပြီး နေအိမ်အတွင်း စစ်ဆေးကြည့်ရှုရာ မစင်ပုံများ၊ ကျင်ငယ်ရည် ဘူးပေါင်းများစွာအပြင် တစ်အိမ်လုံး အမှိုက်များ ခြေချစရာမရှိအောင် ထားရစ်ခဲ့ကြောင်း တွေ့ရသည်။

နေအိမ်တည်ရှိရာနေရာမှာ အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်၊ Rhondda Valley မှ Tylortown မြို့တွင် တည်ရှိသည်။

အိမ်ရှင်က ပြောကြားသည်မှာ အိမ်ငှားသည် ၂ နှစ်ကျော် အိမ်ငှားခပေးရန် ငြင်းဆန်ခဲ့ကြောင်း၊ နေအိမ်ကို အလွန်ညစ်ပတ် အော်ဂလီဆန်ဖွယ်ထားရစ်ခဲ့သောကြောင့် သန့်ရှင်းရေးသမားတို့မှာ နေအိမ်ကို မှိုင်းတိုက်ခြင်းများ ပြုလုပ်ခဲ့ရသည့်အပြင် အချိန်ယူ၍ အသေးစိတ်သန့်ရှင်းမှုများ ပြုလုပ်ခဲ့ရကြောင်း dailymail သို့ပြောသည်။

အိမ်ငှားမိသားစုသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် စတင်ငှားရမ်းခဲ့ခြင်းဖြစ်ပြီး လအနည်းငယ်သာ အိမ်ငှားခ ပေးခဲ့သည်။

 

( ၂ နှစ်ခန့် အိမ်ငှားခမပေးသည့်အိမ်ငှားသည် နေအိမ်အတွင်း အမှိုက်များ ခြေချစရာမရှိအောင် ထားရစ်ခဲ့ရာ မစင်ပုံများ၊ ကျင်ငယ်ရည်ပေါက်ထည့်ထားသည့်ဘူးများ အပါအဝင် ဖြစ်သည်)

 

(ပျက်စီးနေသော အိမ်သာ)

အိမ်ငှားမိသားစုသည် အိမ်ငှားခပေးရန် ငြင်းဆန်သည့်အပြင် နေအိမ်တွင်းတွင် ပြတင်းပေါက်များ ကျိုးပဲ့ပျက်စီးနေခြင်း၊ တံခါးများနှင့်နံရံများ ပျက်စီးနေသည့် မြင်ကွင်းများ အိမ်ရှင်တွေ့မြင်သွားမည်စိုး၍ အိမ်ထဲသို့ပင် အဝင်မခံခဲ့။ အိမ်နောက်ဘက်ရှိ ပန်းဥယျာဉ်အတွင်းတွင်လည်း အမှိုက်အိတ်အနက်ရောင်များဖြင့် ပြည့်နှက်လျက် ရှိသည်။

အစားအစာများနှင့် အခြားစွန့်ပစ်အမှိုက်များမှာလည်း တစ်အိမ်လုံး ပြည့်နှက်နေကာ တိရ စ္ဆာန်တို့၏ ချေးပုံများလည်း ပါဝင်သည်။

အိမ်ပိုင်ရှင်က ပြောသည်မှာ သူ၏ ဘဝတွင် မြင်ဖူးသမျှမြင်ကွင်းနှင့် ကြုံဖူးသမျှ အနံ့ဆိုးတို့အနက် အော်ဂလီဆန်စရာ အကောင်းဆုံးဖြစ်ကြောင်း ပြောသည်။

နေအိမ်တစ်ခုလုံးတွင် ရွှံ့များနှင့် မစင်များ ပြည့်နှက်နေကြောင်း၊ ပြတင်းပေါက်တစ်ခုမှာ ကွဲနေပြီး၊ အိမ်ရှေ့ပြတင်း ၂ ခုတွင်ဆိုလျှင် ကြက်ဥအနှစ်များကပ်နေသည်မှာ ၂ နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း အိမ်ရှင်က ပြောသည်။

၎င်းက ပြောသည်မှာ အိမ်ငှား၏ ကလေးများက ကြက်ဥများဖြင့် ပစ်ပေါက်ခြင်းဖြစ်ပြီး မိဘများက သန့်ရှင်းရေးလုံးဝမလုပ်ကြောင်း ပြောသည်။

အိမ်ရှင်က ဆက်လက်ပြောကြားသည်မှာ အိပ်ခန်းထဲတွင်လည်း ကျင်ငယ်ရေများ ပြည့်နေသော သံဘူးများဖြင့် ပြည့်နှက်နေသည်ဟု ဆိုသည်။

 

(ပုလင်းများ၊ အမှိုက်များနှင့် ညစ်ပတ်နေသော မွေ့ယာတစ်ခုတို့မှာ နေအိမ်အတွင်း ပြန့်ကျဲလျက်ရှိသည်။)

 

(အိမ်ထဲတွင် အမှိုက်ထည့်ထားသော အိတ်များ၊ ပုံးများ ပြည့်နှက်လျက်ရှိသည်)

 

(နေအိမ်တစ်ခုလုံးတွင် အမှိုက်များဖြင့် စက်ဆုပ်ဖွယ်ရာရှိသည်)

အိမ်ငှားမိသားစုက အိမ်လခမပေးသောကြောင့် ယခုနေအိမ်ကို ပိုင်ဆိုင်သူမှာ အငြိမ်းစားယူသည့်အရွယ်သို့ ရောက်နေပြီဖြစ်သော်လည်း နေအိမ်အရစ်ကျပေးဆပ်ရမည့်ငွေ ပေးသွင်းနိုင်ရန်အတွက် အလုပ်တစ်ခု ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်ဟု ဆိုသည်။

အိမ်ငှားမိသားစုကို တစ်လလျှင် ပေါင် ၃၈၀ ဖြင့် လပေါင်းများစွာ ငှားရမ်းခဲ့ပြီး နောက်ပိုင်းတွင် တစ်လလျှင် ပေါင် ၄၂၀ သို့ အိမ်လခ မြှင့်တင်ခဲ့ကြောင်း အိမ်ရှင်မိသားစုဝင်တစ်ဦးက ပြောသည်။

အိမ်ငှားမိသားစုအနေဖြင့် အိမ်လခ ပေါင် ၁၁၀၀၀ ခန့် မပေးခဲ့ခြင်းဖြစ်ကြောင်း အိမ်ရှင်က ပြောသည်။

အိမ်ရှင်များသည် နောက်ဆုံးတွင် တရားရုံးအမိန့်ရယူကာ အိမ်ငှားမိသားစုကို နှင်ထုတ်ခဲ့ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: House of HORRORS left by feral family: Landlord reveals home piled with litter - including bottles of URINE and mounds of faeces - after tenants who paid no rent for two years were evicted (dailymail)

 

 

[Zawgyi]

အဂၤလန္တြင္ ၂ ႏွစ္ၾကာအိမ္ငွားခမေပးသည့္ မိသားစု ေနအိမ္အတြင္း မစင္ပံုမ်ား၊ က်င္ငယ္စြန္႔ထားသည့္ ဘူးေပါင္းမ်ားစြာျဖင့္ ေအာ္ဂလီဆန္ဖြယ္ထားခဲ့

 

အဂၤလန္ႏိုင္ငံေဝလျပည္နယ္တြင္ ၂ ႏွစ္ၾကာအိမ္ငွားခမေပးသည့္ မိသားစုကို ယခုရက္သတၱပတ္အတြင္း အိမ္ရွင္က ႏွင္ထုတ္ခဲ့ျပီး ေနအိမ္အတြင္း စစ္ေဆးၾကည့္ရႈရာ မစင္ပံုမ်ား၊ က်င္ငယ္ရည္ ဘူးေပါင္းမ်ားစြာအျပင္ တစ္အိမ္လံုး အမႈိက္မ်ား ေျခခ်စရာမရွိေအာင္ ထားရစ္ခဲ့ေၾကာင္း ေတြ႔ရသည္။

ေနအိမ္တည္ရွိရာေနရာမွာ အဂၤလန္ႏိုင္ငံ၊ ေဝလျပည္နယ္၊ Rhondda Valley မွ Tylortown ျမိဳ႕တြင္ တည္ရွိသည္။

အိမ္ရွင္က ေျပာၾကားသည္မွာ အိမ္ငွားသည္ ၂ ႏွစ္ေက်ာ္ အိမ္ငွားခေပးရန္ ျငင္းဆန္ခဲ့ေၾကာင္း၊ ေနအိမ္ကို အလြန္ညစ္ပတ္ ေအာ္ဂလီဆန္ဖြယ္ထားရစ္ခဲ့ေသာေၾကာင့္ သန္႔ရွင္းေရးသမားတို႔မွာ ေနအိမ္ကို မႈိင္းတိုက္ျခင္းမ်ား ျပဳလုပ္ခဲ့ရသည့္အျပင္ အခ်ိန္ယူ၍ အေသးစိတ္သန္႔ရွင္းမႈမ်ား ျပဳလုပ္ခဲ့ရေၾကာင္း dailymail သုိ႔ေျပာသည္။

အိမ္ငွားမိသားစုသည္ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလတြင္ စတင္ငွားရမ္းခဲ့ျခင္းျဖစ္ျပီး လအနည္းငယ္သာ အိမ္ငွားခ ေပးခဲ့သည္။

( ၂ ႏွစ္ခန္႔ အိမ္ငွားခမေပးသည့္အိမ္ငွားသည္ ေနအိမ္အတြင္း အမႈိက္မ်ား ေျခခ်စရာမရွိေအာင္ ထားရစ္ခဲ့ရာ မစင္ပံုမ်ား၊ က်င္ငယ္ရည္ေပါက္ထည့္ထားသည့္ဘူးမ်ား အပါအဝင္ ျဖစ္သည္)

(ပ်က္စီးေနေသာ အိမ္သာ)

အိမ္ငွားမိသားစုသည္ အိမ္ငွားခေပးရန္ ျငင္းဆန္သည့္အျပင္ ေနအိမ္တြင္းတြင္ ျပတင္းေပါက္မ်ား က်ဳိးပဲ့ပ်က္စီးေနျခင္း၊ တံခါးမ်ားႏွင့္နံရံမ်ား ပ်က္စီးေနသည့္ ျမင္ကြင္းမ်ား အိမ္ရွင္ေတြ႔ျမင္သြားမည္စိုး၍ အိမ္ထဲသို႔ပင္ အဝင္မခံခဲ့။ အိမ္ေနာက္ဘက္ရွိ ပန္းဥယ်ာဥ္အတြင္းတြင္လည္း အမိႈက္အိတ္အနက္ေရာင္မ်ားျဖင့္ ျပည့္ႏွက္လ်က္ ရွိသည္။

အစားအစာမ်ားႏွင့္ အျခားစြန္႔ပစ္အမႈိက္မ်ားမွာလည္း တစ္အိမ္လံုး ျပည့္ႏွက္ေနကာ တိရ စၦာန္တို႔၏ ေခ်းပံုမ်ားလည္း ပါဝင္သည္။

အိမ္ပိုင္ရွင္က ေျပာသည္မွာ သူ၏ ဘဝတြင္ ျမင္ဖူးသမွ်ျမင္ကြင္းႏွင့္ ၾကံဳဖူးသမွ် အနံ႔ဆိုးတု႔ိအနက္ ေအာ္ဂလီဆန္စရာ အေကာင္းဆံုးျဖစ္ေၾကာင္း ေျပာသည္။

ေနအိမ္တစ္ခုလံုးတြင္ ရံႊ႕မ်ားႏွင့္ မစင္မ်ား ျပည့္ႏွက္ေနေၾကာင္း၊ ျပတင္းေပါက္တစ္ခုမွာ ကြဲေနျပီး၊ အိမ္ေရွ႕ျပတင္း ၂ ခုတြင္ဆိုလွ်င္ ၾကက္ဥအႏွစ္မ်ားကပ္ေနသည္မွာ ၂ ႏွစ္ခန္႔ရွိေနျပီျဖစ္ေၾကာင္း အိမ္ရွင္က ေျပာသည္။

၎က ေျပာသည္မွာ အိမ္ငွား၏ ကေလးမ်ားက ၾကက္ဥမ်ားျဖင့္ ပစ္ေပါက္ျခင္းျဖစ္ျပီး မိဘမ်ားက သန္႔ရွင္းေရးလံုးဝမလုပ္ေၾကာင္း ေျပာသည္။

အိမ္ရွင္က ဆက္လက္ေျပာၾကားသည္မွာ အိပ္ခန္းထဲတြင္လည္း က်င္ငယ္ေရမ်ား ျပည့္ေနေသာ သံဘူးမ်ားျဖင့္ ျပည့္ႏွက္ေနသည္ဟု ဆိုသည္။

(ပုလင္းမ်ား၊ အမႈိက္မ်ားႏွင့္ ညစ္ပတ္ေနေသာ ေမြ႔ယာတစ္ခုတို႔မွာ ေနအိမ္အတြင္း ျပန္႔က်ဲလ်က္ရွိသည္။)

(အိမ္ထဲတြင္ အမိႈက္ထည့္ထားေသာ အိတ္မ်ား၊ ပံုးမ်ား ျပည့္ႏွက္လ်က္ရွိသည္)

(ေနအိမ္တစ္ခုလံုးတြင္ အမႈိက္မ်ားျဖင့္ စက္ဆုပ္ဖြယ္ရာရွိသည္)

အိမ္ငွားမိသားစုက အိမ္လခမေပးေသာေၾကာင့္ ယခုေနအိမ္ကို ပိုင္ဆိုင္သူမွာ အျငိမ္းစားယူသည့္အရြယ္သို႔ ေရာက္ေနျပီျဖစ္ေသာ္လည္း ေနအိမ္အရစ္က်ေပးဆပ္ရမည့္ေငြ ေပးသြင္းႏိုင္ရန္အတြက္ အလုပ္တစ္ခု ဝင္ေရာက္လုပ္ကိုင္ခဲ့ရသည္ဟု ဆိုသည္။

အိမ္ငွားမိသားစုကို တစ္လလွ်င္ ေပါင္ ၃၈၀ ျဖင့္ လေပါင္းမ်ားစြာ ငွားရမ္းခဲ့ျပီး ေနာက္ပိုင္းတြင္ တစ္လလွ်င္ ေပါင္ ၄၂၀ သို႔ အိမ္လခ ျမွင့္တင္ခဲ့ေၾကာင္း အိမ္ရွင္မိသားစုဝင္တစ္ဦးက ေျပာသည္။

အိမ္ငွားမိသားစုအေနျဖင့္ အိမ္လခ ေပါင္ ၁၁၀၀၀ ခန္႔ မေပးခဲ့ျခင္းျဖစ္ေၾကာင္း အိမ္ရွင္က ေျပာသည္။

အိမ္ရွင္မ်ားသည္ ေနာက္ဆံုးတြင္ တရားရံုးအမိန္႔ရယူကာ အိမ္ငွားမိသားစုကို ႏွင္ထုတ္ခဲ့ရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: House of HORRORS left by feral family: Landlord reveals home piled with litter - including bottles of URINE and mounds of faeces - after tenants who paid no rent for two years were evicted (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်မြို့လယ်ခေါင်တိုက်ခန်းအငှါးဈေးကွက် ပုံမှန်ဖြစ်သော်လည်းအရောင်းအဝယ်မှာ (၄၀) ရာခိုင်နှုန်းသာ ရှိနေ...
ရန်ကုန်မြို့လယ်ခေါင်တိုက်ခန်းအငှါးဈေးကွက် ပုံမှန်ဖြစ်သော်လည်းအရောင်းအဝယ်မှာ (၄၀) ရာခိုင်နှုန်းသာ ရှိနေ...
မိုးမျှော်စင် ၄၃ လွှာတွင် သရဲခြောက်သည်ဟု နာမည်ကြီးသော ထိုင်းနိုင်ငံရှိ ၆၀၇‌ ပေမြင့် စွန့်ပစ်ခံအဆောက်အဦးကြီး...
မိုးမျှော်စင် ၄၃ လွှာတွင် သရဲခြောက်သည်ဟု နာမည်ကြီးသော ထိုင်းနိုင်ငံရှိ ၆၀၇‌ ပေမြင့် စွန့်ပစ်ခံအဆောက်အဦးကြီး...
ညီအစ်မမြို့တော်သတ်မှတ်ထားသော တရုတ်ကူမင်းမြို့နှင့် ရန်ကုန်မြို့တို့ နှစ်နိုင်ငံ ကုန်သွယ်မှုပိုင်းဆိုင်ရာ မြှင့်တင်မည်...
ညီအစ်မမြို့တော်သတ်မှတ်ထားသော တရုတ်ကူမင်းမြို့နှင့် ရန်ကုန်မြို့တို့ နှစ်နိုင်ငံ ကုန်သွယ်မှုပိုင်းဆိုင်ရာ မြှင့်တင်မည်...
မိမိခင်ပွန်းအပြင် ချစ်သူယောက်ျားလေးနှင့် ၃ ဦးအတူနေထိုင်ကြကာ ၃ ဦးပေါင်း ဝင်ငွေဖြင့် အိမ်တစ်လုံး ဝယ်ယူရန် ကြိုးစားသည့် အမေရိကန်က မိန်းကလေး...
မိမိခင်ပွန်းအပြင် ချစ်သူယောက်ျားလေးနှင့် ၃ ဦးအတူနေထိုင်ကြကာ ၃ ဦးပေါင်း ဝင်ငွေဖြင့် အိမ်တစ်လုံး ဝယ်ယူရန် ကြိုးစားသည့် အမေရိကန်က မိန်းကလေး...
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ကာလတန်ဖိုးသတ်မှတ်ပေးခြင်း လျှောက်လွှာများကို မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်လွှာလက်ခံမည်။...
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ကာလတန်ဖိုးသတ်မှတ်ပေးခြင်း လျှောက်လွှာများကို မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်လွှာလက်ခံမည်။...
ဗြိတိန်ကို ကျောခိုင်းကာ ဂျပန်ကို ရွှေ့ပြောင်းခဲ့ကြသော မိသားစု ၊ ဂျပန်တွင် ကလေးငယ်များ ဘေးကင်း လုံခြုံမှုကို အလွန်နှစ်သက်သဘောကျ...
ဗြိတိန်ကို ကျောခိုင်းကာ ဂျပန်ကို ရွှေ့ပြောင်းခဲ့ကြသော မိသားစု ၊ ဂျပန်တွင် ကလေးငယ်များ ဘေးကင်း လုံခြုံမှုကို အလွန်နှစ်သက်သဘောကျ...
နယူးယောက်ရှိ ဟိုတယ်ကြီးတစ်ခုတွင် ၅ နှစ်ကြာ အခမဲ့ နေထိုင်ခဲ့သူ လိမ်လည်မှု ပေါ်ပေါက်လာပြီး ယခုအခါ ဟိုတယ်မှ ထွက်ခွာပေးရဖွယ်ရှိ...
နယူးယောက်ရှိ ဟိုတယ်ကြီးတစ်ခုတွင် ၅ နှစ်ကြာ အခမဲ့ နေထိုင်ခဲ့သူ လိမ်လည်မှု ပေါ်ပေါက်လာပြီး ယခုအခါ ဟိုတယ်မှ ထွက်ခွာပေးရဖွယ်ရှိ...
အင်္ဂလန်နိုင်ငံတောင်ပိုင်း Basingstoke မြို့တွင် အိမ်တစ်လုံးရောင်းထွက်ရန် ၂၄ ရက်သာ ကြာမြင့်
အင်္ဂလန်နိုင်ငံတောင်ပိုင်း Basingstoke မြို့တွင် အိမ်တစ်လုံးရောင်းထွက်ရန် ၂၄ ရက်သာ ကြာမြင့်
ပေါ့ပ်အဖွဲ့ Backstreet Boys မှ အဆိုတော် AJ McLean က ဇနီးနှင့် ကွာရှင်းပြီးနောက် ကယ်လီဖိုးနီးယားမှ နေအိမ်ကို အရောင်းဈေးကွက်တင်...
ပေါ့ပ်အဖွဲ့ Backstreet Boys မှ အဆိုတော် AJ McLean က ဇနီးနှင့် ကွာရှင်းပြီးနောက် ကယ်လီဖိုးနီးယားမှ နေအိမ်ကို အရောင်းဈေးကွက်တင်...
ကရင်ပြည်နယ် ဘားအံမြို့ပေါ်နှင့် အနီးတစ်ဝိုက် သိန်း (၁၀၀) ဝန်းကျင်ခြံမြေများသာ အရောင်းအဝယ်ရှိနေ...
ကရင်ပြည်နယ် ဘားအံမြို့ပေါ်နှင့် အနီးတစ်ဝိုက် သိန်း (၁၀၀) ဝန်းကျင်ခြံမြေများသာ အရောင်းအဝယ်ရှိနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Warren Buffett နှင့် နေ့လည်စာ ၂ ကြိမ် စားခွင့်ရရန် ဒေါ်လာ ၅ သန်းသုံးစွဲခဲ့သူအား Warren Buffett က Berkshire Hathaway တွင်
Warren Buffett နှင့် နေ့လည်စာ ၂ ကြိမ် စားခွင့်ရရန် ဒေါ်လာ ၅ သန်းသုံးစွဲခဲ့သူအား Warren Buffett က Berkshire Hathaway တွင်
ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ဖူးခက်မြို့က မြေကွက်တွေကို မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ စိတ်ဝင်စားနေ
ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ဖူးခက်မြို့က မြေကွက်တွေကို မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ စိတ်ဝင်စားနေ
အမေရိကန်ပြည် အာကင်ဆောပြည်နယ်မှ စိန်ပွင့်ပေါင်း ၇၅၀၀၀ ကျော် ကောက်ရဖူးသော ဥယျာဉ်ကြီးထဲတွင် ပြင်သစ်ကမ္ဘာလှည့်ခရီးသည်တစ်ဦး ၇
အမေရိကန်ပြည် အာကင်ဆောပြည်နယ်မှ စိန်ပွင့်ပေါင်း ၇၅၀၀၀ ကျော် ကောက်ရဖူးသော ဥယျာဉ်ကြီးထဲတွင် ပြင်သစ်ကမ္ဘာလှည့်ခရီးသည်တစ်ဦး ၇
ပြည်ပရောက်မြန်မာများရင်းနှီးမြှုပ်နှံမှုများသည့် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းမြေနေရာသည် ကရင်ပြည်နယ်တွင်း ဝယ်လ
ပြည်ပရောက်မြန်မာများရင်းနှီးမြှုပ်နှံမှုများသည့် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းမြေနေရာသည် ကရင်ပြည်နယ်တွင်း ဝယ်လ
အဆိုးရွားဆုံးလား အထူးခြားဆုံးလား လက်ဖျားခါ‌လောက်ဖွယ် ဂျပန်နိုင်ငံမှ အကျဉ်းမြောင်းဆုံး တိုက်ခန်း
အဆိုးရွားဆုံးလား အထူးခြားဆုံးလား လက်ဖျားခါ‌လောက်ဖွယ် ဂျပန်နိုင်ငံမှ အကျဉ်းမြောင်းဆုံး တိုက်ခန်း
မက္ကဆီကိုနိုင်ငံရှိ ကြယ်ငါးပွင့်အဆင့် အပန်းဖြေစခန်းကြီးသို့ လည်ပတ်ခဲ့ကြသော စုံတွဲတစ်တွဲမှာ အပန်းဖြေစခန်းတစ်ခုလုံးတွင် ၎င
မက္ကဆီကိုနိုင်ငံရှိ ကြယ်ငါးပွင့်အဆင့် အပန်းဖြေစခန်းကြီးသို့ လည်ပတ်ခဲ့ကြသော စုံတွဲတစ်တွဲမှာ အပန်းဖြေစခန်းတစ်ခုလုံးတွင် ၎င
အမေရိကန်တွင် အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးက မြက်ရိတ်ရာမှ ရသောငွေ ဒေါ်လာ ၁၅၀၀ ဖြင့် အိမ်ငယ်တစ်လုံး ဆောက်လုပ်ခဲ့ပုံ
အမေရိကန်တွင် အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးက မြက်ရိတ်ရာမှ ရသောငွေ ဒေါ်လာ ၁၅၀၀ ဖြင့် အိမ်ငယ်တစ်လုံး ဆောက်လုပ်ခဲ့ပုံ
ရေမချိုးသော Steve Jobs (သို့မဟုတ်) Steve Jobs က ၎င်းမှာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်သာ စားသောကြောင့် ရေချိုးရန် မလိုဟု ယူ
ရေမချိုးသော Steve Jobs (သို့မဟုတ်) Steve Jobs က ၎င်းမှာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်သာ စားသောကြောင့် ရေချိုးရန် မလိုဟု ယူ
Gucci ပိုင်ရှင်က နယူးယောက်မြို့ ပဉ္စမရိပ်သာလမ်းရှိ အဆောက်အအုံကြီးကို အိမ်ခြံမြေ Developer ဘီလျံနာ သူဌေးကြီး Jeff Sutton
Gucci ပိုင်ရှင်က နယူးယောက်မြို့ ပဉ္စမရိပ်သာလမ်းရှိ အဆောက်အအုံကြီးကို အိမ်ခြံမြေ Developer ဘီလျံနာ သူဌေးကြီး Jeff Sutton
ဒလတံတားဟာ မြန်မာနိုင်ငံတွင် တံတားကြမ်းခင်းအမြင့်ဆုံးတံတားဖြစ်
ဒလတံတားဟာ မြန်မာနိုင်ငံတွင် တံတားကြမ်းခင်းအမြင့်ဆုံးတံတားဖြစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

mann-yadanar-luxury-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service