ဘတ်စ်ကားတစ်စီး ပြန်ပေးဆွဲမှုဖြင့်အဖမ်းခံရဖူးသူ Britain's Got Talent ဒိုင်လူကြီး Simon Cowell ၏ စံအိမ်များ ....

ဘတ်စ်ကားတစ်စီး ပြန်ပေးဆွဲမှုဖြင့်အဖမ်းခံရဖူးသူ Britain's Got Talent ဒိုင်လူကြီး Simon Cowell ၏ စံအိမ်များ .... - Property News in Myanmar from iMyanmarHouse.com
2 Nov 2022 11:38 am တွင် တင်ခဲ့သည်
906 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

Simon Cowell (မွေး ၁၉၅၉) ၏ အမည်ရင်းမှာ Simon Phillip Cowell ဖြစ်ပြီး အင်္ဂလိပ်လူမျိုး ရုပ်သံအစီအစဉ် ပါဝင်တင်ဆက်သူ၊ လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

သူသည် The X Factor နှင့် Got Talent အစီအစဉ်များကို ဖန်တီးခဲ့သူဖြစ်ပြီး ယခုအခါ အဆိုပါ ရုပ်သံအစီအစဉ်များမှာ တစ်ကမ္ဘာလုံးတွင် franchise စနစ်ဖြင့် ရောင်းချခဲ့ရသည်အထိ အောင်မြင်ခဲ့သည်။

ဗြိတိန်တွင် ပြုလုပ်သော ရုပ်မြင်သံကြားမှတဆင့် အရည်အချင်းယှဉ်ပြိုင်ပွဲများဖြစ်သော Pop Idol (၂၀၀၁ မှ ၂၀၀၃) ၊ The X Factor UK (၂၀၀၄ မှ ၂၀၁၀၊ ၂၀၁၄ မှ ၂၀၁၈)၊ Britain’s Got Talent (၂၀၀၇ မှ ယနေ့အထိ)နှင့် အမေရိကန် ရုပ်မြင်သံကြား အရည်အချင်းပြိုင်ပွဲများဖြစ်သော American Idol (၂၀၀၂-၂၀၁၀) ၊ The X Factor US (၂၀၁၁-၂၀၁၃) နှင့် America's Got Talent (၂၀၀၆ မှ ယနေ့အထိ) တွင် ဒိုင်လူကြီးအဖြစ် ပါဝင်ခဲ့သည်။

Simon Cowell သည် ဗြိတိန်ဖျော်ဖြေရေးကုမ္ပဏီ Syco ၏ တည်ထောင်သူ၊ တစ်ဦးတည်းပိုင်ရှင်လည်း ဖြစ်သည်။

(ဘတ်စ်ကားကို ပြန်ပေးဆွဲဖူး)

ဆယ်ကျော်သက်အရွယ်က ကြမ်းတမ်းရိုင်းစိုင်းခဲ့ကြောင်း၊ အသက် ၈ နှစ်သားအရွယ် ကတည်းက ဆေးလိပ်၊ အရက်သောက်ခဲ့ပြီး ဘတ်စ်ကားတစ်စီးကို ပြန်ပေးဆွဲမှုအတွက် အဖမ်းခံရဖူးကြောင်း Simon Cowell က ပြန်ပြောင်းပြောပြသည်။

မိမိ၏ မိဘများက မိမိအား ထိန်းကျောင်းခဲ့ရမှုနှင့် နှိုင်းယှဉ်လျှင် မိမိ၏သားဖြစ်သူ အဲရစ်ကို ထိန်းကျောင်းရသည်မှာ များစွာလွယ်ကူခဲ့ကြောင်း Simon Cowell က ဝန်ခံသည်။

“အဲရစ်ရဲ့ အရွယ်တုန်းက ကျွန်တော်အရမ်းဆိုးခဲ့တယ်။ ၈ နှစ်သားအရွယ်ကတည်းက အရက်သောက်၊ ဆေးလိပ်သောက်နေပြီ။ တခါကဆို အိမ်မီးလောင်လို့ ကုန်တော့မလိုတောင် ဖြစ်ခဲ့ဖူးတယ်”ဟု Simon Cowell က ဝန်ခံပြောကြားသည်။

(Simon Cowell ၏ ပေါင် ၄၅ သန်းတန် စံအိမ်)

Simon Cowell သည် ဗြိတိန်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ပေါင် သန်း ၃၉၀ ခန့် ကြွယ်ဝသည်ဟု ခန့်မှန်းရသည်။ သို့ကြောင့် လန်ဒန်မှသည် အမေရိကန်ပြည်ထောင်စု၊ မာလီဘူးကမ်းခြေအထိ ကမ္ဘာတစ်ဝန်းတွင် ခမ်းနားသည့် စံအိမ်ကြီးများ အများအပြား ပိုင်ဆိုင်ထားသည်မှာ အံ့သြဖွယ်ရာ မရှိချေ။

Simon Cowell သည် လက်တွဲဖော် Lauren Silverman ၊ သားဖြစ်သူ အဲရစ်တို့နှင့်တူ လန်ဒန်နှင့် အမေရိကန်အကြား တလှည့်စီနေထိုင်လျက်ရှိသည်။

(Simon Cowell ၏ ပေါင် ၁၀ သန်းတန် လန်ဒန်စံအိမ်)

Simon Cowell သည် လန်ဒန်မြို့၊ Holland Park အရပ်တွင် အိပ်ခန်း ၆ ခန်းပါ နေအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။

ထိုဒေသတွင် ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားဘက်ခမ်း၊ ရော့ဘီ ဝီလျံစ်တို့လည်း စံအိမ်များ ပိုင်ဆိုင်ထားသည်။

အုတ်ဖြင့်ဆောက်လုပ်ထားသော ခမ်းနားသည့် စံအိမ်ကြီး၏ ပြင်ပမြင်ကွင်းအနေဖြင့် ရိုးရာ လျှောပြတင်းပေါက်များ၊ ကြီးမားသော ဂန္ထဝင်ဟန်အမည်းရောင် အိမ်ရှေ့တံခါးမအပြင် လုံခြုံရေးကင်မရာ များစွာကို တွေ့ရမည် ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်း Simon Cowell နှင့် သူ၏မိသားစု နေအိမ်အတွင်း အိပ်ပျော်နေစဉ် ဖောက်ထွင်းခိုးယူခံခဲ့ရ ဖူးသည်။

 

(ပုံတွင်တွေ့ရသည်မှာ Simon Cowell ၏ လန်ဒန်မြို့ ၊ Holland Park မှ ပေါင် ၁၀ သန်းတန် စံအိမ်ဖြစ်သည်။)

 

(Simon Cowell ၏ လန်ဒန်မြို့မှ ဒုတိယမြောက်စံအိမ်)

Simon Cowell သည် ၂၀၁၉ ခုနှစ်အတွင်း လန်ဒန်မြို့၊ Wimbledon အရပ်တွင် ဒုတိယမြောက် နေအိမ်တစ်လုံး ဝယ်ယူခဲ့သည်။

စံအိမ်တစ်ခုလုံးကို မွမ်းမံပြင်ဆင်မှုများ ပြန်လည်ပြုလုပ်ခဲ့ပြီးနောက် Simon Cowell တို့ မိသားစု ခေတ္တ နေထိုင်ခဲ့ဖူးသော်လည်း ထိုအိမ်မှာ ကျောင်းနှင့်အလွန်ဝေးသည်ကို တွေ့လာကြရသည်။

ထို့ကြောင့် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် အိပ်ခန်း ၆ ခန်းပါ ထိုစံအိမ်ကို ပေါင် ၁၇ သန်းဖြင့် အရောင်းဈေးကွက် တင်ထားခဲ့သည်။

စံအိမ်ဝယ်ယူစဉ်က ပေါင် ၁၅ သန်း ပေးခဲ့ရသည်။

 

(Simon Cowell ၏ အမေရိကန်ပြည်ထောင်စု၊ မာလီဘူးကမ်းခြေမှ ပေါင် ၁၈ ဒသမ ၃ သန်းတန် စံအိမ်)

Simon Cowell သည် ၂၀၂၀ ပြည့်နှစ်အတွင်း သူ၏ လျှပ်စစ်ဆိုင်ကယ်ကို ခြံဝန်းအတွင်း စမ်းမောင်းကြည့်စဉ် ကျောရိုးကျိုးခဲ့ရာ မာလီဘူးရှိ ယခုစံအိမ်တွင် လပေါင်းများစွာ အနားယူခဲ့ရသည်။

Simon Cowell က ဤစံအိမ်ကို ၂၀၁၇ ခုနှစ်အတွင်း ပေါင် ၁၈ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ခြံဝန်းအကျယ် ၁ ဒသမ ၆၃ ဧကရှိပြီး စံအိမ်တွင် အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၇ ခန်းပါဝင်ကာ ပင်လယ်ပြင်ကို အပေါ်စီးမှ တွေ့မြင်နိုင်သည့် ရှုခင်းများ ပိုင်ဆိုင်ထားသည်။

စံအိမ်ပြင်ပတွင်ကား ကြီးမားသည့်ရေကူးကန်တစ်ခုနှင့် ရေပူကန်၊ အကင်နေရာအပြင် Koi pond တို့လည်း ပါဝင်ကာ စံအိမ်တွင် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းများ တပ်ဆင်ထားသောကြောင့် စံအိမ်ဝန်းတစ်ခုလုံးကို တွေ့မြင်ရမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: BGT judge Simon Cowell's £45million property portfolio will blow your mind (hellomagazine, metro, wikipedia)

 

 

[Zawgyi]

 

ဘတ္စ္ကားတစ္စီး ျပန္ေပးဆြဲမႈျဖင့္အဖမ္းခံရဖူးသူ Britain's Got Talent ဒိုင္လူၾကီး Simon Cowell ၏ စံအိမ္မ်ား ....

 

Simon Cowell (ေမြး ၁၉၅၉) ၏ အမည္ရင္းမွာ Simon Phillip Cowell ျဖစ္ျပီး အဂၤလိပ္လူမ်ဳိး ရုပ္သံအစီအစဥ္ ပါဝင္တင္ဆက္သူ၊ လုပ္ငန္းရွင္တစ္ဦး ျဖစ္သည္။

သူသည္ The X Factor ႏွင့္ Got Talent အစီအစဥ္မ်ားကို ဖန္တီးခဲ့သူျဖစ္ျပီး ယခုအခါ အဆိုပါ ရုပ္သံအစီအစဥ္မ်ားမွာ တစ္ကမၻာလံုးတြင္ franchise စနစ္ျဖင့္ ေရာင္းခ်ခဲ့ရသည္အထိ ေအာင္ျမင္ခဲ့သည္။

ျဗိတိန္တြင္ ျပဳလုပ္ေသာ ရုပ္ျမင္သံၾကားမွတဆင့္ အရည္အခ်င္းယွဥ္ျပိဳင္ပြဲမ်ားျဖစ္ေသာ Pop Idol (၂၀၀၁ မွ ၂၀၀၃) ၊ The X Factor UK (၂၀၀၄ မွ ၂၀၁၀၊ ၂၀၁၄ မွ ၂၀၁၈)၊ Britain’s Got Talent (၂၀၀၇ မွ ယေန႔အထိ)ႏွင့္ အေမရိကန္ ရုပ္ျမင္သံၾကား အရည္အခ်င္းျပိဳင္ပြဲမ်ားျဖစ္ေသာ American Idol (၂၀၀၂-၂၀၁၀) ၊ The X Factor US (၂၀၁၁-၂၀၁၃) ႏွင့္ America's Got Talent (၂၀၀၆ မွ ယေန႔အထိ) တြင္ ဒိုင္လူၾကီးအျဖစ္ ပါဝင္ခဲ့သည္။

Simon Cowell သည္ ျဗိတိန္ေဖ်ာ္ေျဖေရးကုမၸဏီ Syco ၏ တည္ေထာင္သူ၊ တစ္ဦးတည္းပိုင္ရွင္လည္း ျဖစ္သည္။

(ဘတ္စ္ကားကို ျပန္ေပးဆြဲဖူး)

ဆယ္ေက်ာ္သက္အရြယ္က ၾကမ္းတမ္းရိုင္းစိုင္းခဲ့ေၾကာင္း၊ အသက္ ၈ ႏွစ္သားအရြယ္ ကတည္းက ေဆးလိပ္၊ အရက္ေသာက္ခဲ့ျပီး ဘတ္စ္ကားတစ္စီးကို ျပန္ေပးဆြဲမႈအတြက္ အဖမ္းခံရဖူးေၾကာင္း Simon Cowell က ျပန္ေျပာင္းေျပာျပသည္။

မိမိ၏ မိဘမ်ားက မိမိအား ထိန္းေက်ာင္းခဲ့ရမႈႏွင့္ ႏႈိင္းယွဥ္လွ်င္ မိမိ၏သားျဖစ္သူ အဲရစ္ကို ထိန္းေက်ာင္းရသည္မွာ မ်ားစြာလြယ္ကူခဲ့ေၾကာင္း Simon Cowell က ဝန္ခံသည္။

“အဲရစ္ရဲ႕ အရြယ္တုန္းက ကၽြန္ေတာ္အရမ္းဆိုးခဲ့တယ္။ ၈ ႏွစ္သားအရြယ္ကတည္းက အရက္ေသာက္၊ ေဆးလိပ္ေသာက္ေနျပီ။ တခါကဆို အိမ္မီးေလာင္လို႔ ကုန္ေတာ့မလိုေတာင္ ျဖစ္ခဲ့ဖူးတယ္”ဟု Simon Cowell က ဝန္ခံေျပာၾကားသည္။

(Simon Cowell ၏ ေပါင္ ၄၅ သန္းတန္ စံအိမ္)

Simon Cowell သည္ ျဗိတိန္၏ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ျပီး ေပါင္ သန္း ၃၉၀ ခန္႔ ၾကြယ္ဝသည္ဟု ခန္႔မွန္းရသည္။ သို႔ေၾကာင့္ လန္ဒန္မွသည္ အေမရိကန္ျပည္ေထာင္စု၊ မာလီဘူးကမ္းေျခအထိ ကမၻာတစ္ဝန္းတြင္ ခမ္းနားသည့္ စံအိမ္ၾကီးမ်ား အမ်ားအျပား ပိုင္ဆိုင္ထားသည္မွာ အံ့ၾသဖြယ္ရာ မရွိေခ်။ Simon Cowell သည္ လက္တြဲေဖာ္ Lauren Silverman ၊ သားျဖစ္သူ အဲရစ္တို႔ႏွင့္တူ လန္ဒန္ႏွင့္ အေမရိကန္အၾကား တလွည့္စီေနထိုင္လ်က္ရွိသည္။

(Simon Cowell ၏ ေပါင္ ၁၀ သန္းတန္ လန္ဒန္စံအိမ္)

Simon Cowell သည္ လန္ဒန္ျမိဳ႕၊ Holland Park အရပ္တြင္ အိပ္ခန္း ၆ ခန္းပါ ေနအိမ္တစ္လံုး ပိုင္ဆိုင္ထားသည္။

ထိုေဒသတြင္ ေဒးဗစ္ဘက္ခမ္းႏွင့္ ဗစ္တိုးရီးယားဘက္ခမ္း၊ ေရာ့ဘီ ဝီလ်ံစ္တို႔လည္း စံအိမ္မ်ား ပိုင္ဆိုင္ထားသည္။

အုတ္ျဖင့္ေဆာက္လုပ္ထားေသာ ခမ္းနားသည့္ စံအိမ္ၾကီး၏ ျပင္ပျမင္ကြင္းအေနျဖင့္ ရိုးရာ ေလွ်ာျပတင္းေပါက္မ်ား၊ ၾကီးမားေသာ ဂႏၳဝင္ဟန္အမည္းေရာင္ အိမ္ေရွ႕တံခါးမအျပင္ လံုျခံဳေရးကင္မရာ မ်ားစြာကို ေတြ႔ရမည္ ျဖစ္သည္။

၂၀၁၅ ခုႏွစ္အတြင္း Simon Cowell ႏွင့္ သူ၏မိသားစု ေနအိမ္အတြင္း အိပ္ေပ်ာ္ေနစဥ္ ေဖာက္ထြင္းခိုးယူခံခဲ့ရ ဖူးသည္။

(ပံုတြင္ေတြ႔ရသည္မွာ Simon Cowell ၏ လန္ဒန္ျမိဳ႕ ၊ Holland Park မွ ေပါင္ ၁၀ သန္းတန္ စံအိမ္ျဖစ္သည္။)

(Simon Cowell ၏ လန္ဒန္ျမိဳ႕မွ ဒုတိယေျမာက္စံအိမ္)

Simon Cowell သည္ ၂၀၁၉ ခုႏွစ္အတြင္း လန္ဒန္ျမိဳ႕၊ Wimbledon အရပ္တြင္ ဒုတိယေျမာက္ ေနအိမ္တစ္လံုး ဝယ္ယူခဲ့သည္။

စံအိမ္တစ္ခုလံုးကို မြမ္းမံျပင္ဆင္မႈမ်ား ျပန္လည္ျပဳလုပ္ခဲ့ျပီးေနာက္ Simon Cowell တို႔ မိသားစု ေခတၱ ေနထိုင္ခဲ့ဖူးေသာ္လည္း ထိုအိမ္မွာ ေက်ာင္းႏွင့္အလြန္ေဝးသည္ကို ေတြ႔လာၾကရသည္။

ထို႔ေၾကာင့္ ၂၀၂၁ ႏွစ္ကုန္ပိုင္းတြင္ အိပ္ခန္း ၆ ခန္းပါ ထိုစံအိမ္ကို ေပါင္ ၁၇ သန္းျဖင့္ အေရာင္းေစ်းကြက္ တင္ထားခဲ့သည္။

စံအိမ္ဝယ္ယူစဥ္က ေပါင္ ၁၅ သန္း ေပးခဲ့ရသည္။

(Simon Cowell ၏ အေမရိကန္ျပည္ေထာင္စု၊ မာလီဘူးကမ္းေျခမွ ေပါင္ ၁၈ ဒသမ ၃ သန္းတန္ စံအိမ္)

Simon Cowell သည္ ၂၀၂၀ ျပည့္ႏွစ္အတြင္း သူ၏ လွ်ပ္စစ္ဆိုင္ကယ္ကို ျခံဝန္းအတြင္း စမ္းေမာင္းၾကည့္စဥ္ ေက်ာရိုးက်ဳိးခဲ့ရာ မာလီဘူးရွိ ယခုစံအိမ္တြင္ လေပါင္းမ်ားစြာ အနားယူခဲ့ရသည္။

Simon Cowell က ဤစံအိမ္ကို ၂၀၁၇ ခုႏွစ္အတြင္း ေပါင္ ၁၈ ဒသမ ၃ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ျခံဝန္းအက်ယ္ ၁ ဒသမ ၆၃ ဧကရွိျပီး စံအိမ္တြင္ အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ဳိးခန္း ၇ ခန္းပါဝင္ကာ ပင္လယ္ျပင္ကို အေပၚစီးမွ ေတြ႔ျမင္ႏိုင္သည့္ ရႈခင္းမ်ား ပိုင္ဆိုင္ထားသည္။

စံအိမ္ျပင္ပတြင္ကား ၾကီးမားသည့္ေရကူးကန္တစ္ခုႏွင့္ ေရပူကန္၊ အကင္ေနရာအျပင္ Koi pond တို႔လည္း ပါဝင္ကာ စံအိမ္တြင္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားေသာ ျပတင္းမ်ား တပ္ဆင္ထားေသာေၾကာင့္ စံအိမ္ဝန္းတစ္ခုလံုးကို ေတြ႔ျမင္ရမည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: BGT judge Simon Cowell's £45million property portfolio will blow your mind (hellomagazine, metro, wikipedia)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service