အီတလီ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာသူ မလိုနီ မြို့ပြင်နေအိမ်မှသာ ရုံးတက်မည်

အီတလီ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာသူ မလိုနီ မြို့ပြင်နေအိမ်မှသာ ရုံးတက်မည် - Property News in Myanmar from iMyanmarHouse.com
26 Oct 2022 10:41 am တွင် တင်ခဲ့သည်
552 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်တွင် အီတလီ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာသူ ဂျော်ဂျီယာ မလိုနီ

မွေးနေ့- ၁၉၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်

လက်တွဲဖော်- Andrea Giambrino

ဝက်ဘ်ဆိုက်-giorgiameloni.com

မီလိုနီသည် လက်တွဲဖော် အန်ဒရေ ဂျန်ဘရိနို (Andrea Giambrino) နှင့် သမီးတစ်ဦးထွန်းကားပြီး Ginevra ဟု အမည်ရသည်။

အန်ဒရေသည် အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီပိုင်သော Mediaset TV ရုပ်သံလိုင်းမှ သတင်းထောက်တစ်ဦး ဖြစ်သည်။

ဝန်ကြီးချုပ်ဖြစ်လာသည့် ဂျော်ဂျီယာ မလိုနီ (Giorgia Meloni) သည် ရောမမြို့တော်ရှိ ခမ်းနားသော ဝန်ကြီးချုပ်အိမ်တော်တွင် နေထိုင်မည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုလျှင် မလိုနီနှင့် သူမ၏ လက်တွဲဖော်တို့သည် သမီးဖြစ်သူကို ဆင်ခြေဖုံးဒေသများတွင်သာ ပြုစုပျိုးထောင်ပေးလိုရန် ပိုမိုလိုလားသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

ရှေးရိုးစွဲခေါင်းဆောင်တစ်ဦးဖြစ်သူ မလိုနီသည် လက်ရှိအားဖြင့် အန်ဒရေနှင့်အတူ နေထိုင်လျက်ရှိသော ရောမမြို့ ဆင်ခြေဖုံးဒေသဖြစ်သည့် Mostacciano တွင်သာ ဆက်လက်နေထိုင်သွားမည် ဖြစ်သည်။

“အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဗာဆိုင်းနန်းတော်ကြီးနဲ့တူတဲ့ အဆောက်အအုံကြီးတစ်ခုမှာ ကျွန်တော်တို့က မြေတောင်မြှောက်ပေးသွားလိမ့်မယ်လို့ ခင်ဗျားထင်လား။ ကျွန်တော်တို့မှာ နေအိမ် ရှိပြီးသား ဖြစ်ပါတယ်”ဟု ကိုယ်တိုင်က ရုပ်သံ သတင်းထောက်တစ်ဦးဖြစ်သူ အင်ဒရေက အီတလီနေ့စဉ်သတင်းစာ တစ်စောင်ဖြစ်သော Corriere della Sera နှင့် ပြုလုပ်ခဲ့သည့် ရှားရှားပါးပါး တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖြေကြားခဲ့သည်။

ဝန်ကြီးချုပ်၏ တရားဝင်အိမ်တော်မှာ ရောမမြို့လယ်တွင် တည်ရှိပြီး ၁၆ ရာစုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ Palazzo Chigi ဟု အမည်ရသည်။ Palazzo Chigi အိမ်တော်ကို အီတလီဝန်ကြီးချုပ်၏ အိမ်တော်နှင့် ဝန်ကြီးချုပ်ရုံးအဖြစ် အသုံးပြုခဲ့ကြသည်။

မလိုနီ၏ ပါတီဖြစ်သော အီတလီညီအစ်ကိုများ (Brothers of Italy) သည် လက်ယာစွန်းပါတီများနှင့် မဟာမိတ်ဖွဲ့ထားပြီး ရွေးကောက်ပွဲပြီးဆုံးသွားပြီးနောက် အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းလျက်ရှိသည်။

မလိုနီသည် လာမည့်လကုန်တွင် ဝန်ကြီးချုပ်တာဝန်စတင်မထမ်းဆောင်မီ မဟာမိတ်များဖြစ်သော Matteo Salvini ၊ အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီတို့နှင့် အစိုးရဖွဲ့ရန် ဆွေးနွေးလျက်ရှိသည်ဟု သတင်းများရှိသည်။

လက်ဝဲသမားတို့ကမူ မလိုနီကို ဖက်ဆစ်တစ်ဦးဖြစ်သည်ဟု ဝေဖန်လျက်ရှိကာ ဒုတိယကမ္ဘာစစ်အတွင်း အီတလီခေါင်းဆောင် ဘင်နီတို မူဆိုလီနီနှင့် ခိုင်းနှိုင်းကြသည်။

ထိုသို့ဝေဖန်ရခြင်း၏ အကြောင်းရင်းမှာ မလိုနီသည် ကမ္ဘာဝါဒီသမားတို့အပေါ် အပြင်းအထန်ဝေဖန်လေ့ရှိ သောကြောင့်လည်း ဖြစ်သည်။

မလိုနီ၏ အသက်မွေးဝမ်းကျောင်းမှုအဓိပ္ပာယ်ဖွင့်ဆိုသော ခွန်အားပါသည့် မိန့်ခွန်းတစ်ရပ်ကို ယခုရက်သတ္တပတ်အတွင်း YouTube က လူမှုကွန်ရက်စံနှုန်းများ ဖောက်ဖျက်သောကြောင့်ဟုဆိုကာ ဖြုတ်ချခဲ့သည်။

(အီတလီဝန်ကြီးချုပ်များ အစဉ်အဆက်နေထိုင်ခဲ့ကြသည့် နန်းတော်တမျှခမ်းနားသော Palazzo Chigi အိမ်တော်ကြီးသို့ ဂျော်ဂျီယာ မလိုနီ ပြောင်းရွှေ့နေထိုင်မည်မဟုတ်ချေ။ ဓာတ်ပုံ-Antonio Masiello/Getty Images)

 

မလိုနီကို ရောမမြို့တွင် အိမ်ထောင်ကွဲ ကလေးအမေတစ်ဦးက ပြုစုပျိုးထောင်ပေးခဲ့သည်။

မလိုနီ၏ မိခင်သည် အချစ်ဝတ္ထုများရေးသော စာရေးဆရာမတစ်ဦးလည်း ဖြစ်သည်။

မလိုနီသည် ဒေသတွင်းရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အသက် ၂၁ နှစ်အရွယ်ကတည်းကပင် ဝန်ကြီးဖြစ်လာရာ အီတလီ၏ အသက်အငယ်ဆုံးဝန်ကြီးဖြစ်ခဲ့သည်။

အီတလီဝန်ကြီးချုပ် ဘာလူစကိုနီ၏ လက်ထက် ၂၀၀၈ ခုနှစ်တွင် ဝန်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ခြင်း ဖြစ်သည်။

မလိုနီသည် ၂၀၂၁ ခုနှစ်အတွင်း I am Giorgia အမည်ဖြင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်တစ်အုပ်လည်း ရေးသားထုတ်ဝေထားသည်။

မလိုနီက သူမ၏ ပါတီကို အမေရိကန်မှ ရီပတ်ဘလီကန်၊ ဗြိတိန်မှ ကွန်ဆာဗေးတစ်ပါတီများနှင့် အလားတူကြောင်း နှိုင်းယှဉ်ပြသည်။

မလိုနီမှာ ဖက်ဆစ်တစ်ဦးဖြစ်သည်ဟူ၍ ပြောနေကြခြင်းမှာ သတင်းတုများသာဖြစ်ကြောင်း လက်ဝဲ အီတလီဝန်ကြီးချုပ်ဟောင်းဖြစ်သူ Matteo Renzi ကပင်လျှင် ပြောဖူးသည်။

“ကျွန်တော်နဲ့သူနဲ့က မိတ်ရင်းဆွေရင်းတွေမဟုတ်ပါဘူး။ ကျွန်တော်တို့က ပြိုင်ဖက်တွေပါ။ ဒါပေမယ့် သူက ဒီမိုကရေစီအတွက် အန္တရာယ်မဟုတ်ပါဘူး။ အီတလီမှာ ဖက်ဆစ်ဝါဒအန္တရာယ်ရှိနေပြီလို့ပြောနေတာတွေက လုံးဝသတင်းတုတွေပါပဲ”ဟု Renzi က CNN သတင်းဌာနသို့ ပြောသည်။

မလိုနီနှင့် သူ၏လက်တွဲဖော်တို့မှာ လက်ထပ်ထားခြင်းမရှိချေ။

ထိုသို့ လက်ထပ်မထားဘဲ ခရစ်ယာန်မိသားစုစံနှုန်းများကို လှုပ်ရှားပေးခြင်းအပေါ် သူတော်ကောင်းယောင် ဆောင်သည်ဟု ဝေဖန်ကြသည်။

“လက်မထပ်တဲ့အတွက် မိသားစုတွေကို မကာကွယ်ရဘူးဆိုတာက ဘာနဲ့တူလဲဆိုတော့ အသက်ငယ်လို့ သက်ကြီးရွယ်အိုတွေရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ပြောသလိုမျိုးဖြစ်နေပါတယ်”ဟု မလိုနီက သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိအတွင်း ရေးသားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref We’ve Already Got A House’: New Italian Leader Giorgia Meloni Won’t Move Into Luxury PM Palace (dailywire)

 

 

[Zawgyi]

အီတလီ၏ ပထမဆံုးအမ်ဳိးသမီးဝန္ၾကီးခ်ဳပ္ျဖစ္လာသူ မလိုနီ ျမိဳ႕ျပင္ေနအိမ္မွသာ ရံုးတက္မည္

၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္တြင္ အီတလီ၏ ပထမဆံုးအမ်ဳိးသမီးဝန္ၾကီးခ်ဳပ္ျဖစ္လာသူ ေဂ်ာ္ဂ်ီယာ မလိုနီ

ေမြးေန႔- ၁၉၇၇ ခုႏွစ္၊ ဇန္နဝါရီလ ၁၅ ရက္

လက္တြဲေဖာ္- Andrea Giambrino

ဝက္ဘ္ဆိုက္-giorgiameloni.com

မီလိုနီသည္ လက္တြဲေဖာ္ အန္ဒေရ ဂ်န္ဘရိႏို (Andrea Giambrino) ႏွင့္ သမီးတစ္ဦးထြန္းကားျပီး Ginevra ဟု အမည္ရသည္။

အန္ဒေရသည္ အီတလီဝန္ၾကီးခ်ဳပ္ေဟာင္း ဘာလူစကိုနီပိုင္ေသာ Mediaset TV ရုပ္သံလိုင္းမွ သတင္းေထာက္တစ္ဦး ျဖစ္သည္။

ဝန္ၾကီးခ်ဳပ္ျဖစ္လာသည့္ ေဂ်ာ္ဂ်ီယာ မလိုနီ (Giorgia Meloni) သည္ ေရာမျမိဳ႕ေတာ္ရွိ ခမ္းနားေသာ ဝန္ၾကီးခ်ဳပ္အိမ္ေတာ္တြင္ ေနထုိင္မည္မဟုတ္ေခ်။ အဘယ္ေၾကာင့္ဆိုလွ်င္ မလိုနီႏွင့္ သူမ၏ လက္တြဲေဖာ္တို႔သည္ သမီးျဖစ္သူကို ဆင္ေျခဖံုးေဒသမ်ားတြင္သာ ျပဳစုပ်ဳိးေထာင္ေပးလိုရန္ ပိုမိုလိုလားေသာေၾကာင့္ျဖစ္သည္ဟု ဆိုသည္။

ေရွးရိုးစြဲေခါင္းေဆာင္တစ္ဦးျဖစ္သူ မလိုနီသည္ လက္ရွိအားျဖင့္ အန္ဒေရႏွင့္အတူ ေနထုိင္လ်က္ရွိေသာ ေရာမျမိဳ႕ ဆင္ေျခဖံုးေဒသျဖစ္သည့္ Mostacciano တြင္သာ ဆက္လက္ေနထိုင္သြားမည္ ျဖစ္သည္။

“အသက္ ၆ ႏွစ္အရြယ္ ကေလးငယ္တစ္ဦးကို ဗာဆိုင္းနန္းေတာ္ၾကီးနဲ႔တူတဲ့ အေဆာက္အအံုၾကီးတစ္ခုမွာ ကၽြန္ေတာ္တို႔က ေျမေတာင္ေျမွာက္ေပးသြားလိမ့္မယ္လို႔ ခင္ဗ်ားထင္လား။ ကၽြန္ေတာ္တို႔မွာ ေနအိမ္ ရွိျပီးသား ျဖစ္ပါတယ္”ဟု ကိုယ္တိုင္က ရုပ္သံ သတင္းေထာက္တစ္ဦးျဖစ္သူ အင္ဒေရက အီတလီေန႔စဥ္သတင္းစာ တစ္ေစာင္ျဖစ္ေသာ Corriere della Sera ႏွင့္ ျပဳလုပ္ခဲ့သည့္ ရွားရွားပါးပါး ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ ေျဖၾကားခဲ့သည္။

ဝန္ၾကီးခ်ဳပ္၏ တရားဝင္အိမ္ေတာ္မွာ ေရာမျမိဳ႕လယ္တြင္ တည္ရွိျပီး ၁၆ ရာစုႏွစ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ကာ Palazzo Chigi ဟု အမည္ရသည္။ Palazzo Chigi အိမ္ေတာ္ကို အီတလီဝန္ၾကီးခ်ဳပ္၏ အိမ္ေတာ္ႏွင့္ ဝန္ၾကီးခ်ဳပ္ရံုးအျဖစ္ အသံုးျပဳခဲ့ၾကသည္။

မလိုနီ၏ ပါတီျဖစ္ေသာ အီတလီညီအစ္ကိုမ်ား (Brothers of Italy) သည္ လက္ယာစြန္းပါတီမ်ားႏွင့္ မဟာမိတ္ဖြဲ႔ထားျပီး ေရြးေကာက္ပြဲျပီးဆံုးသြားျပီးေနာက္ အစိုးရသစ္တစ္ရပ္ကို ဖြဲ႔စည္းလ်က္ရွိသည္။

မလိုနီသည္ လာမည့္လကုန္တြင္ ဝန္ၾကီးခ်ဳပ္တာဝန္စတင္မထမ္းေဆာင္မီ မဟာမိတ္မ်ားျဖစ္ေသာ Matteo Salvini ၊ အီတလီဝန္ၾကီးခ်ဳပ္ေဟာင္း ဘာလူစကိုနီတို႔ႏွင့္ အစိုးရဖြဲ႔ရန္ ေဆြးေႏြးလ်က္ရွိသည္ဟု သတင္းမ်ားရွိသည္။ လက္ဝဲသမားတို႔ကမူ မလိုနီကို ဖက္ဆစ္တစ္ဦးျဖစ္သည္ဟု ေဝဖန္လ်က္ရွိကာ ဒုတိယကမၻာစစ္အတြင္း အီတလီေခါင္းေဆာင္ ဘင္နီတို မူဆိုလီနီႏွင့္ ခိုင္းႏႈိင္းၾကသည္။

ထိုသို႔ေဝဖန္ရျခင္း၏ အေၾကာင္းရင္းမွာ မလိုနီသည္ ကမၻာဝါဒီသမားတို႔အေပၚ အျပင္းအထန္ေဝဖန္ေလ့ရွိ ေသာေၾကာင့္လည္း ျဖစ္သည္။

မလိုနီ၏ အသက္ေမြးဝမ္းေက်ာင္းမႈအဓိပၸာယ္ဖြင့္ဆိုေသာ ခြန္အားပါသည့္ မိန္႔ခြန္းတစ္ရပ္ကို ယခုရက္သတၱပတ္အတြင္း YouTube က လူမႈကြန္ရက္စံႏႈန္းမ်ား ေဖာက္ဖ်က္ေသာေၾကာင့္ဟုဆိုကာ ျဖဳတ္ခ်ခဲ့သည္။

(အီတလီဝန္ၾကီးခ်ဳပ္မ်ား အစဥ္အဆက္ေနထုိင္ခဲ့ၾကသည့္ နန္းေတာ္တမွ်ခမ္းနားေသာ Palazzo Chigi အိမ္ေတာ္ၾကီးသို႔ ေဂ်ာ္ဂ်ီယာ မလိုနီ ေျပာင္းေရႊ႕ေနထိုင္မည္မဟုတ္ေခ်။ ဓာတ္ပံု-Antonio Masiello/Getty Images)

မလိုနီကို ေရာမျမိဳ႕တြင္ အိမ္ေထာင္ကြဲ ကေလးအေမတစ္ဦးက ျပဳစုပ်ဳိးေထာင္ေပးခဲ့သည္။

မလိုနီ၏ မိခင္သည္ အခ်စ္ဝတၳဳမ်ားေရးေသာ စာေရးဆရာမတစ္ဦးလည္း ျဖစ္သည္။

မလိုနီသည္ ေဒသတြင္းေရြးေကာက္ပြဲမ်ားတြင္ ပါဝင္ယွဥ္ျပိဳင္ခဲ့ရာ အသက္ ၂၁ ႏွစ္အရြယ္ကတည္းကပင္ ဝန္ၾကီးျဖစ္လာရာ အီတလီ၏ အသက္အငယ္ဆံုးဝန္ၾကီးျဖစ္ခဲ့သည္။

အီတလီဝန္ၾကီးခ်ဳပ္ ဘာလူစကိုနီ၏ လက္ထက္ ၂၀၀၈ ခုႏွစ္တြင္ ဝန္ၾကီးတစ္ဦးအျဖစ္ တာဝန္ထမ္းေဆာင္ ခဲ့ျခင္း ျဖစ္သည္။

မလိုနီသည္ ၂၀၂၁ ခုႏွစ္အတြင္း I am Giorgia အမည္ျဖင့္ ကိုယ္တိုင္ေရးအတၳဳပၸတၱိစာအုပ္တစ္အုပ္လည္း ေရးသားထုတ္ေဝထားသည္။

မလိုနီက သူမ၏ ပါတီကို အေမရိကန္မွ ရီပတ္ဘလီကန္၊ ျဗိတိန္မွ ကြန္ဆာေဗးတစ္ပါတီမ်ားႏွင့္ အလားတူေၾကာင္း ႏႈိင္းယွဥ္ျပသည္။

မလိုနီမွာ ဖက္ဆစ္တစ္ဦးျဖစ္သည္ဟူ၍ ေျပာေနၾကျခင္းမွာ သတင္းတုမ်ားသာျဖစ္ေၾကာင္း လက္ဝဲ အီတလီဝန္ၾကီးခ်ဳပ္ေဟာင္းျဖစ္သူ Matteo Renzi ကပင္လွ်င္ ေျပာဖူးသည္။

“ကၽြန္ေတာ္နဲ႔သူနဲ႔က မိတ္ရင္းေဆြရင္းေတြမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔က ျပိဳင္ဖက္ေတြပါ။ ဒါေပမယ့္ သူက ဒီမိုကေရစီအတြက္ အႏၱရာယ္မဟုတ္ပါဘူး။ အီတလီမွာ ဖက္ဆစ္ဝါဒအႏၱရာယ္ရွိေနျပီလို႔ေျပာေနတာေတြက လံုးဝသတင္းတုေတြပါပဲ”ဟု Renzi က CNN သတင္းဌာနသို႔ ေျပာသည္။

မလိုနီႏွင့္ သူ၏လက္တြဲေဖာ္တို႔မွာ လက္ထပ္ထားျခင္းမရွိေခ်။

ထိုသို႔ လက္ထပ္မထားဘဲ ခရစ္ယာန္မိသားစုစံႏႈန္းမ်ားကို လႈပ္ရွားေပးျခင္းအေပၚ သူေတာ္ေကာင္းေယာင္ ေဆာင္သည္ဟု ေဝဖန္ၾကသည္။

“လက္မထပ္တဲ့အတြက္ မိသားစုေတြကို မကာကြယ္ရဘူးဆိုတာက ဘာနဲ႔တူလဲဆိုေတာ့ အသက္ငယ္လို႔ သက္ၾကီးရြယ္အိုေတြရဲ႕ ျပႆနာေတြကို မေျဖရွင္းႏိုင္ဘူးလို႔ ေျပာသလိုမ်ဳိးျဖစ္ေနပါတယ္”ဟု မလုိနီက သူ၏ ကိုယ္တိုင္ေရးအတၳဳပၸတၱိအတြင္း ေရးသားခဲ့သည္။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref We’ve Already Got A House’: New Italian Leader Giorgia Meloni Won’t Move Into Luxury PM Palace (dailywire)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service