The Guns of Navarone ဖြင့် ကမ္ဘာကျော်သူ ဟောလိဝုဒ်ကြယ်ပွင့် ဂရီဂိုရီ ပက်ခ်၏ စံအိမ်

The Guns of Navarone ဖြင့် ကမ္ဘာကျော်သူ ဟောလိဝုဒ်ကြယ်ပွင့် ဂရီဂိုရီ ပက်ခ်၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
21 Oct 2022 10:57 am တွင် တင်ခဲ့သည်
713 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောလိဝုဒ်ကြယ်ပွင့် ဂရီဂိုရီပက်ခ်သည် ၂၀ ရာစု၏ အကြီးမြတ်ဆုံးသရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခြင်းခံရသူ ဖြစ်သည်။

ဂရီဂိုရီပက်ခ် (Gregory Peck) မကွယ်လွန်မီ ၂၀၁၂ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ရှိ ခမ်းနားကြီးကျယ်လှသော စံအိမ်ကြီးတွင် နှစ်ပေါင်း ၃၀ ကြာနေထိုင်ခဲ့သည်။

ဂရီဂိုရီပက်ခ်နှင့် သူ၏ဇနီး ဗရောနိခ် (Veronique) တို့၏ စံအိမ်မှာ ပြင်သစ် ရှယ်သိုဗိသုကာဟန် (chateau) ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ဂရီဂိုရီပက်ခ်၏ ရုပ်ရှင်ဘဝဖြတ်သန်းမှုကာလတစ်လျှောက် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ ကမ္ဘာကျော်မိုဗီဒစ်ဝတ္ထုကြီးကို ပြန်လည်ရိုက်ကူးထားသည့် Moby Dick ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

အဆိုပါဇာတ်ကားအတွက် ၁၉၉၈ ခုနှစ်တွင် အကောင်းဆုံးဇာတ်ပို့အဖြစ် ရွှေကမ္ဘာလုံးဆု ရရှိခဲ့သည်။

ထို့အပြင် ဂျာမန်တို့၏ ဂရိနိုင်ငံ၊ အေဂျင်ပင်လယ်အတွင်း မဟာမိတ်ရေတပ်သင်္ဘောများကို ချေမှုန်းနေသည့် နဲဗားရွန်းခံတပ်မှ အမြှောက်ကြီးများ (The Guns of Navarone) အား မဟာမိတ်ကွန်မန်ဒိုအဖွဲ့တစ်ခုက သွားရောက်စွန့်စားဖျက်ဆီးကြပုံကို ရိုက်ကူးထားခြင်း ဖြစ်ကာ ၁၉၆၁ ခုနှစ်က ရုံတင်ပြသခဲ့ခြင်း ဖြစ်သည်။

အဆိုပါဇာတ်ကားအတွက် အကောင်းဆုံး visual effect ဖြင့် အော်စကာဆု၊ ရွှေကမ္ဘာလုံးဆု၊ British Academy Film Award အဖြစ် အကောင်းဆုံးဇာတ်ညွှန်းဆုများ ရရှိခဲ့သည်။

နန်းတော်တမျှ ခမ်းနားလှသောစံအိမ်ကြီး၏ အကျယ်အဝန်းမှာ စတုရန်းပေ ၉၀၀၀ ရှိပြီး ၁၉၃၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။

စံအိမ်ကြီးအတွင်း အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၉ ခန်းနှင့် formal နှင့် casual ဧည့်ခန်းနေရာများ ပါဝင်သည်။

(မှတ်ချက်- formal ဧည့်ခန်းဟူသည်မှာ ပုံမှန်အားဖြင့် နေအိမ်တစ်ခု၏ အဝင်ပေါက်နေရာအနီးတွင် တည်ရှိပြီး casual ဧည့်ခန်းမှာ မီးဖိုဆောင်အနီးတွင် တည်ရှိသည်။ အချို့အိမ်များတွင်မူ casual ဧည့်ခန်းကို မီးဖိုဆောင်အတွင်းတွင် ထားရှိလေ့ရှိကြသည်)

အခန်းအားလုံးတွင် စံအိမ်ပြင်ပ ပန်းခြံအသွင်မွမ်းမံထားသော ခြံဝန်းနှင့် ရေကူးကန်တို့ကို တွေ့မြင်နေရသော ကြီးမားသည့် ပြတင်းပေါက်ကြီးများ ရှိသည်။

(ချမ်းမြေ့ဖွယ်ကျေးလက်အလှ- ပြင်သစ် ရှယ်သိုဗိသုကာဟန်စံအိမ်သည် ဟောလိဝုဒ်ဂန္ထဝင် ဂရီဂိုရီပက်ခ်နှင့် ဇနီးဖြစ်သူ ဗရောနိခ်တို့ ကာလကြာရှည်နေထိုင်ခဲ့သော စံအိမ်ဖြစ်သည်။ ဗရောနိခ်မှာ ၂၀၁၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်)

(အေးချမ်းဆိတ်ငြိမ်မှု- စံအိမ်ရှိ ပြတင်းအားလုံးမှတဆင့် ခြံဝန်းတွင်းရှိ ကျယ်ပြောသော ပန်းဥယျာဉ်များနှင့် ရေကူးကန်ကို တွေ့မြင်နိုင်သည်)

(ဂရီဂိုရီပက်ခ်တို့ ဇနီးမောင်နှံသည် ဤစံအိမ်တွင် နှစ်ပေါင်း ၃၀ နေထိုင်ခဲ့သည်)

(Master Bedroom တွင် နားနေဆောင်၊ မီးလင်းဖို၊ ကျားသုံးနှင့် မ,သုံး ရေချိုးခန်းများ၊ အဝတ်လဲခန်းများနှင့် လမ်းလျှောက်ဝင်နိုင်သော အဝတ်အစားထားသိုခန်းများဖြင့် ဖွဲ့စည်းထားသည်)

 

“ဒီစံအိမ်ဟာ ခြံအကျယ် ၁ ဒသမ ၃ ဧကမှာရှိတဲ့ သီးခြားနိဗ္ဗာန်ဘုံတစ်ခုသဖွယ်ရှိပြီး တခြားနေရာတွေနဲ့ ဝေးကွာသလိုရှိပါတယ်။ ဒါပေမယ့် လော့စ်အိန်ဂျလိရဲ့ အကောင်းဆုံးဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ နာမည်ကြီးနေရာတွေနဲ့ မိနစ်ပိုင်းခရီးသာ ဝေးကွာပါတယ်။ ဒီစံအိမ်ကြီးကို ပြပေးရတာ တကယ် သဘောကျပါတယ်”ဟု စံအိမ်ကို အရောင်းဈေးကွက်တင်ပေးဖူးသည့် Coldwell Banker အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Jade Mills က ပြောဖူးသည်။

(စံအိမ်ကို ၁၉၃၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အကျယ်အဝန်း စတုရန်းပေ ၉၀၀၀ ရှိကာ အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၉ ခန်း၊ formal နှင့် casual ဧည့်ခန်းနေရာများ ပါဝင်သည်)

(လော့စ်အိန်ဂျလိမြို့၊ S. Mapleton Dr လမ်း၊ အမှတ် ၅၃၉ တွင် တည်ရှိသော စံအိမ်မှာ ကန်ဒေါ်လာ ၂၄ ဒသမ ၉၉၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်ခဲ့ဖူးသည်။)

ဂရီဂိုရီပက်ခ်အား အော်စကာဆုရစေခဲ့သည့် ဇာတ်ကားမှာ To Kill a Mockingbird ရုပ်ရှင်ဖြစ်ပြီး အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု ရရှိခဲ့သည်။

ပြင်သစ်နိုင်ငံမှ သတင်းထောက်မလေး ဗရောနစ်ခ်သည် ပြင်သစ်သတင်းစာတစ်စောင်အတွက် ဂရီဂိုရီပက်ခ်အား ၁၉၅၃ ခုနှစ်အတွင်း တွေ့ဆုံမေးမြန်းခန်းပြုလုပ်ခဲ့ရာမှစကာ သူတို့နှစ်ဦး ဆုံစည်းခဲ့ကြခြင်း ဖြစ်သည်။

ယင်းနောက် ပထမဇနီးနှင့် ကွာရှင်းပြတ်စဲပြီး ၁၉၅၅ နှစ်သစ်ကူးအကြိုကာလတွင် လက်ထပ်ခဲ့ကြသည်။

ဗရောနစ်ခ်သည် အသက် ၈၀ အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

(အချစ်စစ်- ဂရီဂိုရီပက်ခ်သည် ဒုတိယဇနီးဖြစ်လာမည့် သတင်းထောက်မလေး ဗရောနစ်ခ်နှင့် ၁၉၅၃ ခုနှစ်တွင် ဆုံစည်းခဲ့ပြီး ၁၉၅၅ ခုနှစ်၊ နှစ်သစ်ကူးအကြိုကာလတွင် လက်ထပ်ခဲ့ကြသည်)

 

 

(ဂရီဂိုရီပက်ခ်၏ ရုပ်ရှင်သက်တမ်း နှစ် ၅၀ ပြည့်ခဲ့စဉ်က ဂုဏ်ပြုဆုရရှိခဲ့)

(ဂရီဂိုရီပက်ခ်နှင့် ဗရောနစ်ခ်တို့ ဤစံအိမ်တွင် နှစ်ပေါင်း ၃၀ အတူနေထိုင်ခဲ့)

(ဂရီဂိုရီပက်ခ်နှင့် ဗရောနစ်ခ်တို့ အင်တာဗျူးမှတဆင့်ဆုံစည်းခဲ့ပြီး ၆ နှစ်အကြာ၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Lancaster ဟိုတယ်တွင် တွေ့ရပုံ)

(၂၀ ရာစု၏ အကြီးမြတ်ဆုံးရုပ်ရှင်သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံရ)

(ဂရီဂိုရီပက်ခ်ကို ၁၉၅၅ ခုနှစ်က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ရှိ ရုပ်ရှင်ရိုက်ကွင်းတစ်ခုတွင် တွေ့ရပုံ)

(To Kill a Mockingbird ရုပ်ရှင်ဇာတ်ကားဖြင့် အော်စကာဆုရခဲ့သည့်ညက ဂရီဂိုရီပက်ခ်နှင့် သူ၏ဇနီးကို တွေ့ရပုံ)

(ဂရီဂိုရီပက်ခ်၏ ၁၉၄၃ ခုနှစ်က ရိုက်ကူးထားသောဓာတ်ပုံ။ ဗရောနစ်ခ်နှင့် မဆုံစည်းမီက)

(ဂရီဂိုရီပက်ခ်နှင့် သူ၏ golden retriver ခွေးကလေးကို လော့စ်အိန်ဂျလိစံအိမ်၏ မြက်ခင်းပြင်တွင် တွေ့ရပုံ)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Hollywood legend Gregory Peck's stately seven-bedroom Los Angeles residence is on the market for $25 million (dailymail)

 

 

 

 

[Zawgyi]

The Guns of Navarone ျဖင့္ ကမၻာေက်ာ္သူ ေဟာလိဝုဒ္ၾကယ္ပြင့္ ဂရီဂိုရီ ပက္ခ္၏ စံအိမ္

 

ေဟာလိဝုဒ္ၾကယ္ပြင့္ ဂရီဂိုရီပက္ခ္သည္ ၂၀ ရာစု၏ အၾကီးျမတ္ဆံုးသရုပ္ေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ျခင္းခံရသူ ျဖစ္သည္။

ဂရီဂိုရီပက္ခ္ (Gregory Peck) မကြယ္လြန္မီ ၂၀၁၂ ခုႏွစ္အထိ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ ခမ္းနားၾကီးက်ယ္လွေသာ စံအိမ္ၾကီးတြင္ ႏွစ္ေပါင္း ၃၀ ၾကာေနထိုင္ခဲ့သည္။

ဂရီဂိုရီပက္ခ္ႏွင့္ သူ၏ဇနီး ဗေရာနိခ္ (Veronique) တို႔၏ စံအိမ္မွာ ျပင္သစ္ ရွယ္သိုဗိသုကာဟန္ (chateau) ျဖင့္ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။

ဂရီဂိုရီပက္ခ္၏ ရုပ္ရွင္ဘဝျဖတ္သန္းမႈကာလတစ္ေလွ်ာက္ ရုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ရာ ကမၻာေက်ာ္မိုဗီဒစ္ဝတၳဳၾကီးကို ျပန္လည္ရိုက္ကူးထားသည့္ Moby Dick ဇာတ္ကားတြင္လည္း ပါဝင္သရုပ္ေဆာင္ခဲ့သည္။

အဆိုပါဇာတ္ကားအတြက္ ၁၉၉၈ ခုႏွစ္တြင္ အေကာင္းဆံုးဇာတ္ပို႔အျဖစ္ ေရႊကမၻာလံုးဆု ရရွိခဲ့သည္။

ထို႔အျပင္ ဂ်ာမန္တို႔၏ ဂရိႏိုင္ငံ၊ ေအဂ်င္ပင္လယ္အတြင္း မဟာမိတ္ေရတပ္သေဘၤာမ်ားကို ေခ်မႈန္းေနသည့္ နဲဗားရြန္းခံတပ္မွ အေျမွာက္ၾကီးမ်ား (The Guns of Navarone) အား မဟာမိတ္ကြန္မန္ဒိုအဖြဲ႔တစ္ခုက သြားေရာက္စြန္႔စားဖ်က္ဆီးၾကပံုကို ရိုက္ကူးထားျခင္း ျဖစ္ကာ ၁၉၆၁ ခုႏွစ္က ရံုတင္ျပသခဲ့ျခင္း ျဖစ္သည္။

အဆိုပါဇာတ္ကားအတြက္ အေကာင္းဆံုး visual effect ျဖင့္ ေအာ္စကာဆု၊ ေရႊကမၻာလံုးဆု၊ British Academy Film Award အျဖစ္ အေကာင္းဆံုးဇာတ္ညႊန္းဆုမ်ား ရရွိခဲ့သည္။

နန္းေတာ္တမွ် ခမ္းနားလွေသာစံအိမ္ၾကီး၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၉၀၀၀ ရွိျပီး ၁၉၃၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည္။

စံအိမ္ၾကီးအတြင္း အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၉ ခန္းႏွင့္ formal ႏွင့္ casual ဧည့္ခန္းေနရာမ်ား ပါဝင္သည္။

(မွတ္ခ်က္- formal ဧည့္ခန္းဟူသည္မွာ ပံုမွန္အားျဖင့္ ေနအိမ္တစ္ခု၏ အဝင္ေပါက္ေနရာအနီးတြင္ တည္ရွိျပီး casual ဧည့္ခန္းမွာ မီးဖိုေဆာင္အနီးတြင္ တည္ရွိသည္။ အခ်ဳိ႕အိမ္မ်ားတြင္မူ casual ဧည့္ခန္းကို မီးဖုိေဆာင္အတြင္းတြင္ ထားရွိေလ့ရွိၾကသည္)

အခန္းအားလံုးတြင္ စံအိမ္ျပင္ပ ပန္းျခံအသြင္မြမ္းမံထားေသာ ျခံဝန္းႏွင့္ ေရကူးကန္တုိ႔ကို ေတြ႔ျမင္ေနရေသာ ၾကီးမားသည့္ ျပတင္းေပါက္ၾကီးမ်ား ရွိသည္။

(ခ်မ္းေျမ႕ဖြယ္ေက်းလက္အလွ- ျပင္သစ္ ရွယ္သိုဗိသုကာဟန္စံအိမ္သည္ ေဟာလိဝုဒ္ဂႏၳဝင္ ဂရီဂိုရီပက္ခ္ႏွင့္ ဇနီးျဖစ္သူ ဗေရာနိခ္တို႔ ကာလၾကာရွည္ေနထိုင္ခဲ့ေသာ စံအိမ္ျဖစ္သည္။ ဗေရာနိခ္မွာ ၂၀၁၂ ခုႏွစ္တြင္ ကြယ္လြန္ခဲ့သည္)

(ေအးခ်မ္းဆိတ္ျငိမ္မႈ- စံအိမ္ရွိ ျပတင္းအားလံုးမွတဆင့္ ျခံဝန္းတြင္းရွိ က်ယ္ေျပာေသာ ပန္းဥယ်ာဥ္မ်ားႏွင့္ ေရကူးကန္ကို ေတြ႔ျမင္ႏိုင္သည္)

(ဂရီဂိုရီပက္ခ္တို႔ ဇနီးေမာင္ႏွံသည္ ဤစံအိမ္တြင္ ႏွစ္ေပါင္း ၃၀ ေနထိုင္ခဲ့သည္)

(Master Bedroom တြင္ နားေနေဆာင္၊ မီးလင္းဖို၊ က်ားသံုးႏွင့္ မ,သံုး ေရခ်ဳိးခန္းမ်ား၊ အဝတ္လဲခန္းမ်ားႏွင့္ လမ္းေလွ်ာက္ဝင္ႏိုင္ေသာ အဝတ္အစားထားသိုခန္းမ်ားျဖင့္ ဖြဲ႔စည္းထားသည္)

“ဒီစံအိမ္ဟာ ျခံအက်ယ္ ၁ ဒသမ ၃ ဧကမွာရွိိတဲ့ သီးျခားနိဗၺာန္ဘံုတစ္ခုသဖြယ္ရွိျပီး တျခားေနရာေတြနဲ႔ ေဝးကြာသလိုရွိပါတယ္။ ဒါေပမယ့္ ေလာ့စ္အိန္ဂ်လိရဲ႕ အေကာင္းဆံုးေစ်းဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြ နာမည္ၾကီးေနရာေတြနဲ႔ မိနစ္ပိုင္းခရီးသာ ေဝးကြာပါတယ္။ ဒီစံအိမ္ၾကီးကို ျပေပးရတာ တကယ္ သေဘာက်ပါတယ္”ဟု စံအိမ္ကို အေရာင္းေစ်းကြက္တင္ေပးဖူးသည့္ Coldwell Banker အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Jade Mills က ေျပာဖူးသည္။

(စံအိမ္ကို ၁၉၃၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး အက်ယ္အဝန္း စတုရန္းေပ ၉၀၀၀ ရွိကာ အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၉ ခန္း၊ formal ႏွင့္ casual ဧည့္ခန္းေနရာမ်ား ပါဝင္သည္)

(ေလာ့စ္အိန္ဂ်လိျမိဳ႕၊ S. Mapleton Dr လမ္း၊ အမွတ္ ၅၃၉ တြင္ တည္ရွိေသာ စံအိမ္မွာ ကန္ေဒၚလာ ၂၄ ဒသမ ၉၉၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္ခဲ့ဖူးသည္။)

ဂရီဂိုရီပက္ခ္အား ေအာ္စကာဆုရေစခဲ့သည့္ ဇာတ္ကားမွာ To Kill a Mockingbird ရုပ္ရွင္ျဖစ္ျပီး အေကာင္းဆံုး ဇာတ္ေဆာင္မင္းသားဆု ရရွိခဲ့သည္။

ျပင္သစ္ႏိုင္ငံမွ သတင္းေထာက္မေလး ဗေရာနစ္ခ္သည္ ျပင္သစ္သတင္းစာတစ္ေစာင္အတြက္ ဂရီဂိုရီပက္ခ္အား ၁၉၅၃ ခုႏွစ္အတြင္း ေတြ႔ဆံုေမးျမန္းခန္းျပဳလုပ္ခဲ့ရာမွစကာ သူတို႔ႏွစ္ဦး ဆံုစည္းခဲ့ၾကျခင္း ျဖစ္သည္။

ယင္းေနာက္ ပထမဇနီးႏွင့္ ကြာရွင္းျပတ္စဲျပီး ၁၉၅၅ ႏွစ္သစ္ကူးအၾကိဳကာလတြင္ လက္ထပ္ခဲ့ၾကသည္။

ဗေရာနစ္ခ္သည္ အသက္ ၈၀ အရြယ္တြင္ ႏွလံုးေရာဂါျဖင့္ ကြယ္လြန္ခဲ့သည္။

(အခ်စ္စစ္- ဂရီဂိုရီပက္ခ္သည္ ဒုတိယဇနီးျဖစ္လာမည့္ သတင္းေထာက္မေလး ဗေရာနစ္ခ္ႏွင့္ ၁၉၅၃ ခုႏွစ္တြင္ ဆံုစည္းခဲ့ျပီး ၁၉၅၅ ခုႏွစ္၊ ႏွစ္သစ္ကူးအၾကိဳကာလတြင္ လက္ထပ္ခဲ့ၾကသည္)

(ဂရီဂိုရီပက္ခ္၏ ရုပ္ရွင္သက္တမ္း ႏွစ္ ၅၀ ျပည့္ခဲ့စဥ္က ဂုဏ္ျပဳဆုရရွိခဲ့)

(ဂရီဂိုရီပက္ခ္ႏွင့္ ဗေရာနစ္ခ္တုိ႔ ဤစံအိမ္တြင္ ႏွစ္ေပါင္း ၃၀ အတူေနထိုင္ခဲ့)

(ဂရီဂိုရီပက္ခ္ႏွင့္ ဗေရာနစ္ခ္တို႔ အင္တာဗ်ဴးမွတဆင့္ဆံုစည္းခဲ့ျပီး ၆ ႏွစ္အၾကာ၊ ျပင္သစ္ႏိုင္ငံ ပဲရစ္ျမိဳ႕ရွိ Lancaster ဟိုတယ္တြင္ ေတြ႔ရပံု)

(၂၀ ရာစု၏ အၾကီးျမတ္ဆံုးရုပ္ရွင္သရုပ္ေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ခံရ)

(ဂရီဂိုရီပက္ခ္ကို ၁၉၅၅ ခုႏွစ္က ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ျမိဳ႕ေတာ္ရွိ ရုပ္ရွင္ရိုက္ကြင္းတစ္ခုတြင္ ေတြ႔ရပံု)

(To Kill a Mockingbird ရုပ္ရွင္ဇာတ္ကားျဖင့္ ေအာ္စကာဆုရခဲ့သည့္ညက ဂရီဂိုရီပက္ခ္ႏွင့္ သူ၏ဇနီးကို ေတြ႔ရပံု)

(ဂရီဂိုရီပက္ခ္၏ ၁၉၄၃ ခုႏွစ္က ရိုက္ကူးထားေသာဓာတ္ပံု။ ဗေရာနစ္ခ္ႏွင့္ မဆံုစည္းမီက)

(ဂရီဂိုရီပက္ခ္ႏွင့္ သူ၏ golden retriver ေခြးကေလးကို ေလာ့စ္အိန္ဂ်လိစံအိမ္၏ ျမက္ခင္းျပင္တြင္ ေတြ႔ရပံု)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Hollywood legend Gregory Peck's stately seven-bedroom Los Angeles residence is on the market for $25 million (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service