ထိုင်းသို့ အလည်အပတ်မသွားမီ သိထားသင့်သည့် ထူးဆန်းသောဥပဒေများ

ထိုင်းသို့ အလည်အပတ်မသွားမီ သိထားသင့်သည့် ထူးဆန်းသောဥပဒေများ - Property News in Myanmar from iMyanmarHouse.com
18 Oct 2022 10:05 am တွင် တင်ခဲ့သည်
1236 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုနှင့်စံနှုန်းများမှာ သင်၏နိုင်ငံနှင့် များစွာကွဲပြားမှုများရှိနိုင်ပါသည်။

သင်တို့ မထင်မှတ်သည့်အပြုအမူများက ထိုင်းတွင် ဥပဒေနှင့်မလွတ်ကင်းသော ပြစ်မှုတစ်ခု ဖြစ်နေနိုင်သည်။

အချို့သောဥပဒေများမှာ သင့်အတွက် ရူးကြောင်ကြောင်နိုင်သည်ဟု ယူဆဖွယ်ရှိသော်လည်း သင့်အနေဖြင့် ဒဏ်ငွေချမှတ်ခံရခြင်း (သို့မဟုတ်) ထောင်ကျရသည့်အဖြစ်မျိုးနှင့် အဆုံးမသတ်လိုပါက လေးလေးစားစား လိုက်နာရန် လိုအပ်လေသည်။ အောက်ပါတို့မှာ ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းမပြုမီ သင်သိထားသင့်သော ထူးဆန်းသည့်ဥပဒေများ ဖြစ်သည်။

(အင်္ကျီမဝတ်ဘဲ ယာဉ်မမောင်းပါနှင့်)

 

ထိုင်း၏ ပူနွေးစွတ်စိုသော ရာသီဥတု၊ ပူပြင်းသောအပူချိန်တို့ကြောင့် ကမ္ဘာလှည့်ခရီးသည်များ အပေါ်အင်္ကျီမဝတ်ဘဲ သွးလာကြသည်မှာ နားလည်နိုင်ပါသည်။ သို့သော် ယာဉ်တစ်ခုခုကို မောင်းနှင်မည်ဆိုလျှင်မူ မည်မျှပူသည်ဖြစ်စေ အဝတ်အစားအမြဲဝတ်ပါ။

အပေါ်အင်္ကျီမဝတ်ဘဲ ယာဉ်မောင်းနေသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိကာ ဖမ်းဆီးခံရလျှင် ဒဏ်ငွေချမှတ်ခံရမည့်အပြင် ထောင်ဒဏ်ပါချမှတ်ခံရနိုင်သည်။

(အတွင်းခံဘောင်းဘီဝတ်ပါ)

ထိုင်းတွင် အများပြည်သူအကြား အတွင်းခံဘောင်းဘီမဝတ်ဘဲ သွားလာခြင်းကို ဥပဒေအရ ခွင့်မပြုပါ။ အဆိုပါ ဥပဒေမှာ သင့်အတွက် ရယ်ဖွယ်လိလိဖြစ်နေနိုင်သော်လည်း အပြင်သို့ထွက်စရာရှိသည့်အခါ အတွင်းခံမဝတ်ဘဲ ထွက်မည်ဆိုလျှင် ဤဥပဒေရှိသည်ကို သတိရပါ။

အတွင်းခံ ဝတ်၊ မဝတ် မည်သူကသိနိုင်မည်နည်းဟု မေးစရာရှိသည်။ မှန်ပါသည်။ မသိနိုင်ပါ။ သို့သော် ဥပဒေလိုက်နာခြင်းက တောင်းပန်ပါသည်ဟူသော စကားထက် အန္တရာယ်ကင်းပါသည်။

(တော်ဝင်မိသားစုကို မလေးမစား မလုပ်ရ)

The Lese Majeste ဟူသော ဥပဒေတစ်ရပ်ကို ၁၉၀၈ ခုနှစ်တွင် ပြဌာန်းထားခဲ့ပြီး ထိုင်း၏ သက်တမ်းအရင့်ဆုံး ဥပဒေများတွင် ပါဝင်သည်။

အဆိုပါ ဥပဒေအရ ထိုင်း၏ တော်ဝင်မိသားစုကို ဆဲရေးရိုင်းပျစော်ကားခြင်း၊ ၎င်းတို့၏ ဂုဏ်သရေကို ညှိုးနွမ်းအောင်ပြုလုပ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။

ထိုင်းတော်ဝင်မိသားစုကို မလေးမစားပြုလုပ်မှုဖြင့် ဖမ်းဆီးခံရပါက ထောင်ဒဏ် ၁၅ နှစ်နှင့်အထက် ကျခံရနိုင်သည်။

ထို့ကြောင့် ထိုင်းသို့ ရောက်နေစဉ်ကာလအတွင်း တော်ဝင်မိသားစုနှင့် ပတ်သက်၍ ဝေဖန်ခြင်း၊ ပြက်ရယ်ပြုခြင်းများကို ရှောင်ကြဉ်ရမည် ဖြစ်သည်။

(ထိုင်းငွေစက္ကူကို တက်မနင်းပါနှင့်)

မိမိနိုင်ငံတွင်ဆိုလျှင် လမ်းသွားရင်း ငွေစက္ကူတစ်ရွက်ကို တင်နင်းမိခြင်းမှာ သင့်အတွက် ပိုက်ဆံကောက်ရသောကြောင့် ကံကောင်းသည့်နေ့ဖြစ်သည်ဟု ဆိုရနိုင်သည်။ သို့သော် ထိုင်းတွင်မူ သင့်အတွက် ကံဆိုးသောနေ့ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုလျှင် ထိုင်းတွင် ထိုင်းငွေစက္ကူများပေါ် တက်နင်းခြင်းကို ဥပဒေအရ ခွင့်မပြုချေ။

ထိုင်းငွေစက္ကူများနှင့် အကြွေစေ့များပေါ်တွင် ထိုင်းဘုရင်မင်းမြတ်၏ ရုပ်ပုံရိုက်နှိပ်ထားရာ တက်နင်းခြင်းအားဖြင့် ထိုင်းဘုရင်ကို မလေးမစားပြုရာကျသည်။ သို့ကြောင့် ထိုင်းတွင် မည်သည့်နေရာတွင် သွားလာနေချိန်မျိုးမဆို သင့်ခြေလှမ်းများကို ဂရုစိုက်ရန် လိုသည်။

အကယ်၍ သင်၏ ထိုင်းငွေစက္ကူ မတော်တဆပြုတ်ကျပါက လေတိုက်၍ လွင့်မသွားစေရန်ဆိုကာ ခြေထောက်ဖြင့် မဖိလိုက်ပါနှင့်။

(သင့်နိုင်ငံ၏အလံ မလွှင့်ထူပါနှင့်)

အချို့လူများသည် ပြည်ပသို့ ခရီးထွက်ချိန်များတွင် နိုင်ငံတော်အလံကို အမြတ်တနိုးယူဆောင်သွားလေ့ ရှိကြသည်။

သို့သော် ထိုင်းတွင် အခြားနိုင်ငံများ၏ အလံကို လွှင့်ထူခြင်းမှာ ဥပဒေနှင့် ဆန့်ကျင်နေသည်ကို သင်သိပါသလား။

၁၉၇၉ ခုနှစ် ထိုင်းအလံဥပဒေအရ ပြည်ပတိုင်းပြည်၏အလံတစ်ခုခုကို ဝှေ့ယမ်းခြင်း၊ လွှင့်ထူခြင်းများ ပြုလုပ်လျှင် ထောင်ဒဏ်ချမှတ်ခံရနိုင်သည်။ သံရုံးများနှင့် သံတမန်အိမ်တော်များတွင်သာ ထိုသို့ ပြုလုပ်ခွင့်ပေးထားသည်။

(အမှိုက်မပစ်ပါနှင့်)

အမှိုက်ပစ်ခြင်းကား ကမ္ဘာအရပ်ရပ် မည်သည့်နေရာရောက်ရောက် မလုပ်သင့်သည့်အရာ ဖြစ်၏။

သို့သော် ထိုင်းတွင်ကား ဥပဒေအရ အပြစ်ပေးခံရမည် ဖြစ်သည်။

ထိုင်းတွင် သင်အမှိုက်ပစ်နေချိန်တွင် ဖမ်းဆီးခံရပါက ဒဏ်ငွေ ဘတ် ၂၀၀၀ အထက် ချမှတ်ခံရမည့်အပြင် ထောင်ဒဏ် ၁ နှစ်ပါ ချမှတ်ခံရနိုင်သည်။

ထို့အပြင် ထိုင်းတွင် တာဝန်ရှိပုဂ္ဂိုလ်အယောင်ဆောင်သည့် လူလိမ်များရှိရာ သတိပြုရန်လိုသည်။

အမှိုက်ပစ်သောကြောင့်ဟုဆိုကာ အဆိုပါလူလိမ်များက သင့်အား ဒဏ်ငွေဆောင်ခိုင်းလိမ့်မည် ဖြစ်သည်။

အလိမ်မခံရစေမည့် နည်းလမ်းတစ်ခုမှာ ၎င်းတို့အား ဝန်ထမ်းကဒ် ပြခိုင်းပါ။

(မိုက္ကရိုဖုန်းသုံးမည်ဆိုလျှင် ထိုင်းဘာသာဖြင့်သာ ပြောခွင့်ရှိသည်)

ဤဥပဒေကား ထိုင်း၏ အထူးဆန်းဆုံး ဥပဒေများတွင် ပါဝင်သည်။

အဆိုပါ ထူးဆန်းသော ဥပဒေအရ ထိုင်းတွင် မိုက္ကရိုဖုန်းကဲ့သို့ အသံချဲ့စက်ပစ္စည်းတစ်ခုခုကို သုံးမည်ဆိုလျှင် ထိုင်းဘာသာစကားမှလွဲ၍ အခြားဘာသာစကား သုံးခွင့်မရှိချေ။

“hello testing” ဟူသော မိုက်အသံစမ်းသည့် စကားမျိုးကိုပင် ပြောခွင့်မရှိ။ ကျူးလွန်သူအနေဖြင့် ထောင်ဒဏ် ၁ လနှင့်အထက် ကျခံရနိုင်သည်။

သို့သော် ဘာသာရေးအခမ်းအနားများ၊ နိုင်ငံတော်အခမ်းအနားများနှင့် ဂီတဖျော်ဖြေပွဲများကိုကား ချွင်းချက်အနေဖြင့် ခွင့်ပြုထားသည်။

(ဖဲချပ် ၁၂၀ နှင့်အထက် လက်ဝယ်ထားလျှင် အရေးယူခံရမည်)

ထိုင်းနိုင်ငံသို့ သင်နှင့်အတူ ဖဲထုပ်ယူဆောင်သွားရန် ကြံစည်နေပါသလား။ ထိုင်းဥပဒေအရ ခွင့်မပြုပါ။ အိမ်တွင် ထားခဲ့ခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ၁၉၄၃ ခုနှစ် ထိုင်းဖဲချပ်အက်ဥပဒေအရ ဖဲချပ် ၁၂၀ နှင့်အထက် ပိုင်ဆိုင်ထားခြင်းကို ခွင့်မပြုချေ။

ဖမ်းဆီးခံရပါက ထောင်ဒဏ် ၁၀ နှစ်နှင့်အထက် ကျခံရနိုင်သည်။

ဖဲထုပ်တစ်ထုပ်တွင် ဖဲချပ် ၅၂ ချပ်သာ ပါသော်လည်း ထိုတစ်ထုပ်လက်ဝယ်ထားရှိရန်အတွက်လည်း တရားဝင်ခွင့်ပြုချက် လိုအပ်ပါသည်။

(အရက်သောက်ရန်နေရာ)

ထိုင်းတွင် ဘုရားကျောင်းများ၊ ပညာရေးဆိုင်ရာနေရာများ၊ အစိုးရရုံးများ၊ ပန်းခြံများ၊ ဆေးရုံများနှင့် ဓာတ်ငွေ့ဆိုင်များကဲ့သို့ အရက်သောက်ရန် ခွင့်မပြုသည့်နေရာများ ရှိသည်။

ထိုနေရာများတွင် သောက်စားမူးယစ်ခြင်းကြောင့် ဖမ်းဆီးခံရပါက ဒဏ်ငွေ ဘတ် ၁၀၀၀၀ (သို့မဟုတ်) ထောင်ဒဏ် ၆ လအထက် ချမှတ်ခံရနိုင်သည်။

(ဘေးကင်းသည့် ခရီးစဉ်ဖြစ်စေရန်)

အဆိုပါဥပဒေများသည် သင့်အတွက် ထူးဆန်းနေမည်ဖြစ်သော်လည်း ဘေးကင်းသည့်အလည်အပတ်ခရီးစဉ် ဖြစ်လိုပါက လေးစားလိုက်နာခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 10 strange laws to be aware of in Thailand (thethaiger)

 

 

 

[Zawgyi]

ထိုင္းသို႔ အလည္အပတ္မသြားမီ သိထားသင့္သည့္ ထူးဆန္းေသာဥပေဒမ်ား

 

ထိုင္းႏိုင္ငံ၏ ယဥ္ေက်းမႈႏွင့္စံႏႈန္းမ်ားမွာ သင္၏ႏိုင္ငံႏွင့္ မ်ားစြာကြဲျပားမႈမ်ားရွိႏိုင္ပါသည္။

သင္တို႔ မထင္မွတ္သည့္အျပဳအမူမ်ားက ထိုင္းတြင္ ဥပေဒႏွင့္မလြတ္ကင္းေသာ ျပစ္မႈတစ္ခု ျဖစ္ေနႏိုင္သည္။

အခ်ဳိ႕ေသာဥပေဒမ်ားမွာ သင့္အတြက္ ရူးေၾကာင္ေၾကာင္ႏိုင္သည္ဟု ယူဆဖြယ္ရွိေသာ္လည္း သင့္အေနျဖင့္ ဒဏ္ေငြခ်မွတ္ခံရျခင္း (သို႔မဟုတ္) ေထာင္က်ရသည့္အျဖစ္မ်ဳိးႏွင့္ အဆံုးမသတ္လိုပါက ေလးေလးစားစား လုိက္နာရန္ လိုအပ္ေလသည္။ ေအာက္ပါတို႔မွာ ထိုင္းႏိုင္ငံသို႔ သြားေရာက္လည္ပတ္ျခင္းမျပဳမီ သင္သိထားသင့္ေသာ ထူးဆန္းသည့္ဥပေဒမ်ား ျဖစ္သည္။

(အကၤ်ီမဝတ္ဘဲ ယာဥ္မေမာင္းပါႏွင့္)

ထိုင္း၏ ပူေႏြးစြတ္စိုေသာ ရာသီဥတု၊ ပူျပင္းေသာအပူခ်ိန္တို႔ေၾကာင့္ ကမၻာလွည့္ခရီးသည္မ်ား အေပၚအကၤ်ီမဝတ္ဘဲ သြးလာၾကသည္မွာ နားလည္ႏိုင္ပါသည္။ သို႔ေသာ္ ယာဥ္တစ္ခုခုကို ေမာင္းႏွင္မည္ဆိုလွ်င္မူ မည္မွ်ပူသည္ျဖစ္ေစ အဝတ္အစားအျမဲဝတ္ပါ။

အေပၚအကၤ်ီမဝတ္ဘဲ ယာဥ္ေမာင္းေနသည္ကို ရဲတပ္ဖြဲ႔က ေတြ႔ရွိကာ ဖမ္းဆီးခံရလွ်င္ ဒဏ္ေငြခ်မွတ္ခံရမည့္အျပင္ ေထာင္ဒဏ္ပါခ်မွတ္ခံရႏိုင္သည္။

(အတြင္းခံေဘာင္းဘီဝတ္ပါ)

ထိုင္းတြင္ အမ်ားျပည္သူအၾကား အတြင္းခံေဘာင္းဘီမဝတ္ဘဲ သြားလာျခင္းကို ဥပေဒအရ ခြင့္မျပဳပါ။ အဆိုပါ ဥပေဒမွာ သင့္အတြက္ ရယ္ဖြယ္လိလိျဖစ္ေနႏိုင္ေသာ္လည္း အျပင္သို႔ထြက္စရာရွိသည့္အခါ အတြင္းခံမဝတ္ဘဲ ထြက္မည္ဆိုလွ်င္ ဤဥပေဒရွိသည္ကို သတိရပါ။

အတြင္းခံ ဝတ္၊ မဝတ္ မည္သူကသိႏိုင္မည္နည္းဟု ေမးစရာရွိသည္။ မွန္ပါသည္။ မသိႏိုင္ပါ။ သို႔ေသာ္ ဥပေဒလိုက္နာျခင္းက ေတာင္းပန္ပါသည္ဟူေသာ စကားထက္ အႏၱရာယ္ကင္းပါသည္။

(ေတာ္ဝင္မိသားစုကို မေလးမစား မလုပ္ရ)

The Lese Majeste ဟူေသာ ဥပေဒတစ္ရပ္ကို ၁၉၀၈ ခုႏွစ္တြင္ ျပဌာန္းထားခဲ့ျပီး ထုိင္း၏ သက္တမ္းအရင့္ဆံုး ဥပေဒမ်ားတြင္ ပါဝင္သည္။

အဆိုပါ ဥပေဒအရ ထိုင္း၏ ေတာ္ဝင္မိသားစုကို ဆဲေရးရိုင္းပ်ေစာ္ကားျခင္း၊ ၎တို႔၏ ဂုဏ္သေရကို ညိွဳးႏြမ္းေအာင္ျပဳလုပ္ျခင္း၊ ျခိမ္းေျခာက္ျခင္းမ်ား မျပဳလုပ္ရန္ တားျမစ္ထားသည္။

ထိုင္းေတာ္ဝင္မိသားစုကို မေလးမစားျပဳလုပ္မႈျဖင့္ ဖမ္းဆီးခံရပါက ေထာင္ဒဏ္ ၁၅ ႏွစ္ႏွင့္အထက္ က်ခံရႏိုင္သည္။

ထို႔ေၾကာင့္ ထိုင္းသို႔ ေရာက္ေနစဥ္ကာလအတြင္း ေတာ္ဝင္မိသားစုႏွင့္ ပတ္သက္၍ ေဝဖန္ျခင္း၊ ျပက္ရယ္ျပဳျခင္းမ်ားကို ေရွာင္ၾကဥ္ရမည္ ျဖစ္သည္။

(ထိုင္းေငြစကၠဴကို တက္မနင္းပါႏွင့္)

မိမိႏိုင္ငံတြင္ဆိုလွ်င္ လမ္းသြားရင္း ေငြစကၠဴတစ္ရြက္ကို တင္နင္းမိျခင္းမွာ သင့္အတြက္ ပိုက္ဆံေကာက္ရေသာေၾကာင့္ ကံေကာင္းသည့္ေန႔ျဖစ္သည္ဟု ဆိုရႏိုင္သည္။ သို႔ေသာ္ ထိုင္းတြင္မူ သင့္အတြက္ ကံဆိုးေသာေန႔ ျဖစ္သည္။ အဘယ့္ေၾကာင့္ဆိုလွ်င္ ထိုင္းတြင္ ထိုင္းေငြစကၠဴမ်ားေပၚ တက္နင္းျခင္းကို ဥပေဒအရ ခြင့္မျပဳေခ်။

ထုိင္းေငြစကၠဴမ်ားႏွင့္ အေၾကြေစ့မ်ားေပၚတြင္ ထုိင္းဘုရင္မင္းျမတ္၏ ရုပ္ပံုရိုက္ႏွိပ္ထားရာ တက္နင္းျခင္းအားျဖင့္ ထုိင္းဘုရင္ကို မေလးမစားျပဳရာက်သည္။ သို႔ေၾကာင့္ ထိုင္းတြင္ မည္သည့္ေနရာတြင္ သြားလာေနခ်ိန္မ်ဳိးမဆို သင့္ေျခလွမ္းမ်ားကို ဂရုစိုက္ရန္ လိုသည္။

အကယ္၍ သင္၏ ထုိင္းေငြစကၠဴ မေတာ္တဆျပဳတ္က်ပါက ေလတိုက္၍ လြင့္မသြားေစရန္ဆိုကာ ေျခေထာက္ျဖင့္ မဖိလိုက္ပါႏွင့္။

(သင့္ႏိုင္ငံ၏အလံ မလႊင့္ထူပါႏွင့္)

အခ်ဳိ႕လူမ်ားသည္ ျပည္ပသို႔ ခရီးထြက္ခ်ိန္မ်ားတြင္ ႏိုင္ငံေတာ္အလံကို အျမတ္တႏိုးယူေဆာင္သြားေလ့ ရွိၾကသည္။

သို႔ေသာ္ ထိုင္းတြင္ အျခားႏိုင္ငံမ်ား၏ အလံကို လႊင့္ထူျခင္းမွာ ဥပေဒႏွင့္ ဆန္႔က်င္ေနသည္ကို သင္သိပါသလား။

၁၉၇၉ ခုႏွစ္ ထုိင္းအလံဥပေဒအရ ျပည္ပတိုင္းျပည္၏အလံတစ္ခုခုကို ေဝွ႔ယမ္းျခင္း၊ လႊင့္ထူျခင္းမ်ား ျပဳလုပ္လွ်င္ ေထာင္ဒဏ္ခ်မွတ္ခံရႏိုင္သည္။ သံရံုးမ်ားႏွင့္ သံတမန္အိမ္ေတာ္မ်ားတြင္သာ ထိုသို႔ ျပဳလုပ္ခြင့္ေပးထားသည္။

(အမိႈက္မပစ္ပါႏွင့္)

အမိႈက္ပစ္ျခင္းကား ကမၻာအရပ္ရပ္ မည္သည့္ေနရာေရာက္ေရာက္ မလုပ္သင့္သည့္အရာ ျဖစ္၏။

သို႔ေသာ္ ထုိင္းတြင္ကား ဥပေဒအရ အျပစ္ေပးခံရမည္ ျဖစ္သည္။

ထိုင္းတြင္ သင္အမႈိက္ပစ္ေနခ်ိန္တြင္ ဖမ္းဆီးခံရပါက ဒဏ္ေငြ ဘတ္ ၂၀၀၀ အထက္ ခ်မွတ္ခံရမည့္အျပင္ ေထာင္ဒဏ္ ၁ ႏွစ္ပါ ခ်မွတ္ခံရႏိုင္သည္။

ထို႔အျပင္ ထိုင္းတြင္ တာဝန္ရွိပုဂၢိဳလ္အေယာင္ေဆာင္သည့္ လူလိမ္မ်ားရွိရာ သတိျပဳရန္လိုသည္။

အမႈိက္ပစ္ေသာေၾကာင့္ဟုဆိုကာ အဆိုပါလူလိမ္မ်ားက သင့္အား ဒဏ္ေငြေဆာင္ခိုင္းလိမ့္မည္ ျဖစ္သည္။

အလိမ္မခံရေစမည့္ နည္းလမ္းတစ္ခုမွာ ၎တို႔အား ဝန္ထမ္းကဒ္ ျပခိုင္းပါ။

(မိုကၠရိုဖုန္းသံုးမည္ဆိုလွ်င္ ထိုင္းဘာသာျဖင့္သာ ေျပာခြင့္ရွိသည္)

ဤဥပေဒကား ထုိင္း၏ အထူးဆန္းဆံုး ဥပေဒမ်ားတြင္ ပါဝင္သည္။

အဆိုပါ ထူးဆန္းေသာ ဥပေဒအရ ထိုင္းတြင္ မိုကၠရိုဖုန္းကဲ့သို႔ အသံခ်ဲ႕စက္ပစၥည္းတစ္ခုခုကို သံုးမည္ဆိုလွ်င္ ထိုင္းဘာသာစကားမွလြဲ၍ အျခားဘာသာစကား သံုးခြင့္မရွိေခ်။

“hello testing” ဟူေသာ မိုက္အသံစမ္းသည့္ စကားမ်ဳိးကိုပင္ ေျပာခြင့္မရွိ။ က်ဴးလြန္သူအေနျဖင့္ ေထာင္ဒဏ္ ၁ လႏွင့္အထက္ က်ခံရႏိုင္သည္။

သို႔ေသာ္ ဘာသာေရးအခမ္းအနားမ်ား၊ ႏိုင္ငံေတာ္အခမ္းအနားမ်ားႏွင့္ ဂီတေဖ်ာ္ေျဖပြဲမ်ားကိုကား ခၽြင္းခ်က္အေနျဖင့္ ခြင့္ျပဳထားသည္။

(ဖဲခ်ပ္ ၁၂၀ ႏွင့္အထက္ လက္ဝယ္ထားလွ်င္ အေရးယူခံရမည္)

ထုိင္းႏိုင္ငံသို႔ သင္ႏွင့္အတူ ဖဲထုပ္ယူေဆာင္သြားရန္ ၾကံစည္ေနပါသလား။ ထုိင္းဥပေဒအရ ခြင့္မျပဳပါ။ အိမ္တြင္ ထားခဲ့ျခင္းက အေကာင္းဆံုးျဖစ္ပါသည္။ ၁၉၄၃ ခုႏွစ္ ထုိင္းဖဲခ်ပ္အက္ဥပေဒအရ ဖဲခ်ပ္ ၁၂၀ ႏွင့္အထက္ ပိုင္ဆိုင္ထားျခင္းကို ခြင့္မျပဳေခ်။

ဖမ္းဆီးခံရပါက ေထာင္ဒဏ္ ၁၀ ႏွစ္ႏွင့္အထက္ က်ခံရႏိုင္သည္။

ဖဲထုပ္တစ္ထုပ္တြင္ ဖဲခ်ပ္ ၅၂ ခ်ပ္သာ ပါေသာ္လည္း ထိုတစ္ထုပ္လက္ဝယ္ထားရွိရန္အတြက္လည္း တရားဝင္ခြင့္ျပဳခ်က္ လိုအပ္ပါသည္။

(အရက္ေသာက္ရန္ေနရာ)

ထိုင္းတြင္ ဘုရားေက်ာင္းမ်ား၊ ပညာေရးဆိုင္ရာေနရာမ်ား၊ အစိုးရရံုးမ်ား၊ ပန္းျခံမ်ား၊ ေဆးရံုမ်ားႏွင့္ ဓာတ္ေငြ႔ဆိုင္မ်ားကဲ့သို႔ အရက္ေသာက္ရန္ ခြင့္မျပဳသည့္ေနရာမ်ား ရွိသည္။

ထိုေနရာမ်ားတြင္ ေသာက္စားမူးယစ္ျခင္းေၾကာင့္ ဖမ္းဆီးခံရပါက ဒဏ္ေငြ ဘတ္ ၁၀၀၀၀ (သို႔မဟုတ္) ေထာင္ဒဏ္ ၆ လအထက္ ခ်မွတ္ခံရႏိုင္သည္။

(ေဘးကင္းသည့္ ခရီးစဥ္ျဖစ္ေစရန္)

အဆိုပါဥပေဒမ်ားသည္ သင့္အတြက္ ထူးဆန္းေနမည္ျဖစ္ေသာ္လည္း ေဘးကင္းသည့္အလည္အပတ္ခရီးစဥ္ ျဖစ္လိုပါက ေလးစားလိုက္နာျခင္းသာ အေကာင္းဆံုးျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: 10 strange laws to be aware of in Thailand (thethaiger)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service