အော်စကာဆုငြင်းပယ်ခဲ့သူ မာလွန်ဘရန်ဒို၏ စံအိမ်

အော်စကာဆုငြင်းပယ်ခဲ့သူ မာလွန်ဘရန်ဒို၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
17 Oct 2022 10:28 am တွင် တင်ခဲ့သည်
878 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မာလွန်ဘရန်ဒို (မွေး ၁၉၂၄- ကွယ်လွန် ၂၀၀၄) သည် အမေရိကန်ရုပ်ရှင်မင်းသားဖြစ်ပြီး ၂၀ ရာစု၏ သြဇာအလွှမ်းဆုံး ရုပ်ရှင်မင်းသားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

သူ၏ အနုပညာသက်တမ်း နှစ်ပေါင်း ၆၀ အတွင်း ဆုပေါင်းများစွာရရှိခဲ့ရာ အော်စကာဆု ၂ ဆု၊ ရွှေကမ္ဘာလုံးဆု ၂ ဆုလည်း အပါအဝင် ဖြစ်သည်။ မာလွန်ဘရန်ဒိုသည် ပြည်သူ့အခွင့်အရေးနှင့် ဌာနေအမေရိကန် တိုင်းရင်းသားများ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည်။

မာလွန်ဘရန်ဒိုသည် On the Waterfront ဇာတ်ကားအတွက် ၁၉၅၅ ခုနှစ်တွင် ရရှိခဲ့သော အော်စကာဆုကို လက်ခံခဲ့သော်လည်း ၁၉၇၃ ခုနှစ် အော်စကာဆုပေးပွဲသို့မူ မတက်ရောက်ခဲ့ချေ။

အဆိုပါ အော်စကာ ဆုပေးပွဲမှာ တောင်ဒါကိုတာပြည်နယ်၊ Wounded Knee မြို့မှ ဖြစ်ရပ်နှင့် တိုက်ဆိုင်နေသည်။

၁၉၇၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် အမေရိကန်ဌာနေတိုင်းရင်းသားတို့က Wounded Knee မြို့ကို ၂ လကျော် သိမ်းပ်ိုက်ထားခဲ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သမ္မတ ရစ်ချတ် ဝီလ်ဆင်ကို အကျင့်ပျက်ခြစားမှုဖြင့် အယုံအကြည်မရှိကြောင်း စွဲချက်တင်ရာတွင် မအောင်မြင်ခဲ့ပြီးနောက် ယင်းသို့ မြို့ကလေးအား သိမ်းပိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သိမ်းပိုက်မှုကို အမေရိကန်အစိုးရက စစ်သည် ၁၀၀၀ ခန့်အပြင် ရဟတ်ယာဉ်များပါ သုံးစွဲချေမှုန်းခဲ့၏။ ဌာနေတိုင်းရင်းသားများဘက်မှ ၂ ဦးသေဆုံးပြီး FBI မှ ၂ ဦးသေဆုံးကာ မြို့လေးကို အမေရိကန်အစိုးရက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ထိုဖြစ်ရပ်ဖြစ်ပွားနေချိန်တွင် အော်စကာဆုပေးပွဲကျင်းပခဲ့ခြင်းဖြစ်ရာ ဌာနေတိုင်းရင်းသားတို့အရေး လှုပ်ရှားသူ ဖြစ်သည့် မာလွန်ဘရန်ဒိုက အော်စကာပေးပွဲကို မတက်ရောက်တော့ပဲ သူ့ကိုယ်စား ရုပ်ရှင်မင်းသမီး Sacheen Littlefeather ကို တက်ရောက်စေခဲ့ပြီး သူကြိုတင်ရေးသားထားသည့် အော်စကာ အမှတ်တရစကားကိုလည်း ပေးအပ်လိုက်၏။

မာလွန်ဘရန်ဒိုသည် ထိုနှစ်က The Godfather ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့ခြင်း ဖြစ်သည်။

အော်စကာဆုပေးပွဲတွင် မာလွန်ဘရန်ဒို၏ အမည်ကြေညာသောအခါ မင်းသမီး Littlefeather က စင်ပေါ်သို့ တက်သွား၏။ သို့သော် မင်းသမီးက အစီအစဉ်တင်ဆက်သူ ရော်ဂျာမိုးထံမှ အော်စကာရုပ်တုလက်ခံရန် ငြင်းပယ်ခဲ့သည်။

 

“မာလွန်ဘရန်ဒိုရဲ့ကိုယ်စား ကျွန်မတက်ရောက်လာတာဖြစ်ပါတယ်။ အော်စကာဆု အမှတ်တရစကားအတွက် အလွန်ရှည်လျားလှတဲ့စာတစ်စောင်ကိုလည်း သူက ပေးလိုက်ပါတယ်။ ဒါပေမယ့် အချိန်ကိုငဲ့တာကြောင့် အခုချိန်မှာ ကျွန်မ ဖတ်မပြတော့ပါဘူး။ သတင်းစာရှင်းလင်းပွဲမှာတော့ ကျွန်မ ဖတ်ပြပါ့မယ်။ စေတနာထားပြီး ပေးအပ်တဲ့ဒီဆုကို လက်မခံနိုင်တဲ့အတွက် သူလည်း အလွန်စိတ်မကောင်းပါဘူး”ဟု မင်းသမီး Littlefeather က ဆုပေးပွဲတွင်ပြောသည်။

“ဆုကို လက်မခံရတဲ့အကြောင်းရင်းက ယနေ့ခေတ် ရုပ်ရှင်နယ်ပယ်က အမေရိကန်ဌာနေ တိုင်းရင်းသားတွေ အပေါ် ပြုမူနေပုံတွေကြောင့် ဖြစ်ပါတယ်။ နောက်တစ်ကြောင်းကတော့ Wounded Knee မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကြောင့်လည်း ဖြစ်ပါတယ်”

ထိုသို့ပြောချိန်တွင် ပရိသတ်များထဲမှ ဝိုင်းဝန်းအော်ဟစ်လှောင်ပြောင်ကြသကဲ့သို့ လက်ခုပ်တီးသြဘာပေးသူ များလည်း ရှိသည်။

မင်းသမီး Littlefeather အား ယင်းသို့ ဝိုင်းဝန်းလှောင်ပြောင်ကြသည့်အပေါ် မိမိအနေဖြင့် စိတ်မချမ်းမြေ့ဖြစ်ရ ကြောင်း၊ သို့သော် ယခုအကြောင်းရပ်ကို ကမ္ဘာ့အလယ်တွင် မျက်ဝါးထင်ထင်တွေ့မြင်သွားစေမည်လည်း ဖြစ်ကြောင်း မာလွန်ဘရန်ဒိုက ပြောသည်။

The Wrap သတင်းဌာနက ဖော်ပြသောသတင်းတစ်ရပ်အရ ရော်ဂျာမိုးသည် မာလွန်ဘရန်ဒိုအားပေးမည့် အော်စကာရုပ်တုကို အော်စကာအပြီး ပါတီပွဲအချို့သို့ ယူဆောင်သွားခဲ့ကာ နောက်ဆုံးတွင် သူ၏နေအိမ်သို့ သယ်ဆောင်သွားခဲ့သည်။

နောက်ပိုင်းတွင်မူ အော်စကာဆုပေးသည့်အဖွဲ့ထံ အဆိုပါရုပ်တု ပြန်လည်အပ်နှံခဲ့၏။ ယင်းနောက်တွင်ကား အဆိုပါရုပ်တုကို အော်စကာဆုရရှိသူ ချာလီချက်ပလင်အား ပေးခဲ့သည်ဟု ဆိုသည်။

မာလွန်ဘရန်ဒို၏ ရုပ်ရှင်သက်တမ်းတစ်လျှောက် အော်စကာဆု ၈ ကြိမ်အမည်စာရင်းတင်သွင်းခံခဲ့ရပြီး ၂ ကြိမ် ဆုရခဲ့သည်။

(မာလွန်ဘရန်ဒို၏ ဟောလိဝုဒ်ဟေးလ်စံအိမ်)

မာလွန်ဘရန်ဒိုသည် ရုပ်ရှင်လောကတွင် ဖြတ်သန်းသည့်ကာလတစ်လျှောက် လော့စ်အိန်ဂျလိတွင် အများဆုံး နေထိုင်ခဲ့သည်။ ကယ်လီဖိုးနီးယားတွင် နေထိုင်စဉ်ကာလများအတွင်း A Streetcar Named Desire (၁၉၅၁) နှင့် Last Tango In Paris (၁၉၇၂) ဇာတ်ကားများမှသည် Apocalypse Now (၁၉၇၉) အထိ ရိုက်ကူးခဲ့သည်။

ဟောလိဝုဒ်ဟေးအရပ်၊ Laurel View Drive လမ်း၊ အမှတ် ၈၁၄၂ တွင်တည်ရှိသော စံအိမ်သည် မာလွန်ဘရန်ဒို၏ အကောင်းဆုံးလော့စ်အိန်ဂျလိစံအိမ်များတွင် ပါဝင်ပြီး ရုပ်ရှင်မင်းသားတစ်ယောက်အတွက် အလွန်သင့်တော်သင့် စံအိမ်ပင် ဖြစ်သည်။

အဆိုပါစံအိမ်သည် ကန်ဒေါ်လာ ၄,၁၅၀,၀၀၀ ဖြင့် နောက်ဆုံးအကြိမ် အရောင်းဈေးကွက်ဝင်ခဲ့ဖူးသည်။

မာလွန်ဘရန်ဒို၏ စံအိမ်သည် လော့စ်အိန်ဂျလိ၏ နှလုံးသည်းပွတ်နေရာတွင် တည်ရှိပြီး Nichols Canyon ၏ အပေါ်တွင် တည်ရှိကာ နတ်မိမယ်များ၏မြို့တော် (City of Angels) ဟု လူသိများသော လော့စ်အိန်ဂျလိ မြို့ကြီး၏ မြင်ကွင်းကို ၂၇၀ ဒီဂရီ တွေ့မြင်နိုင်သည့်မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။

မာလွန်ဘရန်ဒို၏ စံအိမ်မှာ ရိုမန့်တစ်ဆန်လှသော နေရာတစ်ခုလည်းဖြစ်ပြီး ဟောလိဝုဒ်ခေတ်ဟောင်းကို အမှတ်ရဖွယ်များဖြင့် ပြည့်နှက်နေသည်။

အမြဲပြာလဲ့နေသည့်ကောင်းကင်၊ နေ့ဘက်တွင် ယိမ်းထိုးနေသော အုန်းပင်များနှင့် ညဘက်တွင် လော့စ်အိန်ဂျလိ၏ ညှို့ယူဖမ်းစားသော ဖိတ်ဖိတ်လက်အလင်းများကို Sunset Strip မှသည် ဆန်တာမိုနီကာအထိ တခွင်တပြင် တွေ့မြင်ခံစားနိုင်မည် ဖြစ်သည်။

မာလွန်ဘရန်ဒို၏ စံအိမ်သည် ရှုမျှော်ခင်းကောင်းများ ပိုင်ဆိုင်ထားသည်ဆိုခြင်းထက် ပိုပါသည်။

ဗိသုကာအရဆိုလျှင်လည်း ဤစံအိမ်မှာ ပြိုင်ဖက်ကင်းသော လက်ရာမျိုးရှိသည်။

အထင်ကြီးစရာလက်ရာများဖြစ်သော ထိပ်တန်းဗိသုကာပညာရှင်ကြီး Frank Lloyd Wright ၏ Storer စံအိမ် (၁၉၂၃) ၊ Charles Kyson ၏ ထူးခြားသည့်လက်ရာဖြစ်သော ၁၉၂၅ ခုနှစ် “De Witt House” စံအိမ်များကို ကောင်းစွာဖြတ်ကျော်နိုင်သည့်လက်ရာမျိုး ဖြစ်သည်။

မာလွန်ဘရန်ဒို၏ စံအိမ်ကို နာမည်ကျော် ဗိသုကာပညာရှင် A.F.Leicht က ၁၉၂၆ ခုနှစ်တွင် စပိန်ကိုလိုနီဗိသုကာဟန်ဖြင့် ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

စံအိမ်အကျယ်မှာ ၄၃၀၀ စတုရန်းပေရှိပြီး ခမ်းနားထည်ဝါမှုအတွက် ချွေတာထားခြင်းမရှိချေ။

စံအိမ်အတွင်း ထုတ်တန်းဖော်မျက်နှာကြက်များ၊ တန်ဖိုးကြီး ကြွေပြားခင်းကြမ်းပြင်များ၊ ခမ်းနားသော လှေကားတစ်ခုတို့ကို တွေ့မြင်နိုင်သည်။

နံရံများတွင်သာ နားများရှိခဲ့လျှင် ဤစံအိမ်ကြီးက သင့်အားပြောပြမည့်အရာ အများအပြားရှိနိုင်သည်။

ဥပမာအားဖြင့် ဧည့်ခန်းကိုကြည့်ပါ။

ထိုအခန်းတွင် မာလွန်ဘရန်ဒိုက သူ၏နာမည်ကျော် ဓာတ်ပုံဖြစ်သော ၁၉၅၅ ခုနှစ်တွင် ပထမဆုံးရရှိခဲ့သည့် အော်စကာဆုနှင့်အတူ ဓာတ်ပုံရိုက်ခဲ့သည်။

ပိုင်ရှင်သစ်တို့အနေဖြင့် ယခုစံအိမ်ကြီးတွင် ဧည့်သည်ပေါင်းများစွာဖြင့် ကော့တေးပါတီပွဲများ ကျင်းပဖွယ်ရာရှိသည်။

အတိတ်မှ လွမ်းဆွတ်ဖွယ်ရာ ပဲ့တင်ခတ်သံများပင် ကြားရဖွယ်ရှိရာ အသေအချာနားစိုက်ထောင်မည်ဆိုပါက လွန်ခဲ့သော ဆယ်စုနှစ်များစွာက အော်စကာည ရှန်ပိန်ပုလင်းဖောက်သံများကိုပင် ကြားရနိုင်သည်။

မီးဖိုဆောင်မှာ ပွဲတော်ကြီးများကျင်းပနိုင်သည်အထိ ချက်ပြုတ်နိုင်ပြီး တောက်ပြောင်သော အဖြူရောင်ဗီရိုများနှင့် ပေါလစ်တင်ထားသော မီးဖိုဆောင်စားပွဲများကို တွေ့ရနိုင်သည်။

 

ညစာစားခန်းမှာလည်း ဧည့်သည်ဦးရေ ၂၀ ဧည့်ခံနိုင်သည့် အခန်းဖြစ်သည်။

ညစာစားခန်းတွင် ကြီးမားသည့် ပြတင်းပေါက်များ တပ်ဆင်ထားခြင်းကြောင့် ဧည့်သည်များသည် ညစာစားနေစဉ်အတွင်း အနောက်ဘက်ကမ်းရိုးတန်း၏ မြင့်မားသော အပူဒဏ်ကို ခံရနိုင်ဖွယ်မရှိချေ။

အိပ်ခန်းများမှာ ပြီးပြည့်စုံကာ ဇိမ်ကျလှပြီး စုစုပေါင်း အိပ်ခန်း ၄ ခန်းရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Credit: Step inside Marlon Brando’s Hollywood Hills home (thegentlemansjournal)

 

 

 

[Zawgyi]

ေအာ္စကာဆုျငင္းပယ္ခဲ့သူ မာလြန္ဘရန္ဒို၏ စံအိမ္

 

မာလြန္ဘရန္ဒို (ေမြး ၁၉၂၄- ကြယ္လြန္ ၂၀၀၄) သည္ အေမရိကန္ရုပ္ရွင္မင္းသားျဖစ္ျပီး ၂၀ ရာစု၏ ၾသဇာအလႊမ္းဆံုး ရုပ္ရွင္မင္းသားမ်ားထဲတြင္ တစ္ဦးအပါအဝင္ျဖစ္သည္။

သူ၏ အႏုပညာသက္တမ္း ႏွစ္ေပါင္း ၆၀ အတြင္း ဆုေပါင္းမ်ားစြာရရွိခဲ့ရာ ေအာ္စကာဆု ၂ ဆု၊ ေရႊကမၻာလံုးဆု ၂ ဆုလည္း အပါအဝင္ ျဖစ္သည္။ မာလြန္ဘရန္ဒိုသည္ ျပည္သူ႔အခြင့္အေရးႏွင့္ ဌာေနအေမရိကန္ တိုင္းရင္းသားမ်ား အခြင့္အေရးအတြက္ တက္ၾကြလႈပ္ရွားသူတစ္ဦးလည္း ျဖစ္သည္။

မာလြန္ဘရန္ဒိုသည္ On the Waterfront ဇာတ္ကားအတြက္ ၁၉၅၅ ခုႏွစ္တြင္ ရရွိခဲ့ေသာ ေအာ္စကာဆုကို လက္ခံခဲ့ေသာ္လည္း ၁၉၇၃ ခုႏွစ္ ေအာ္စကာဆုေပးပြဲသုိ႔မူ မတက္ေရာက္ခဲ့ေခ်။

အဆိုပါ ေအာ္စကာ ဆုေပးပြဲမွာ ေတာင္ဒါကိုတာျပည္နယ္၊ Wounded Knee ျမဳိ႕မွ ျဖစ္ရပ္ႏွင့္ တိုက္ဆိုင္ေနသည္။

၁၉၇၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၇ ရက္တြင္ အေမရိကန္ဌာေနတိုင္းရင္းသားတို႔က Wounded Knee ျမိဳ႕ကို ၂ လေက်ာ္ သိမ္းပို္က္ထားခဲ့မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ သမၼတ ရစ္ခ်တ္ ဝီလ္ဆင္ကို အက်င့္ပ်က္ျခစားမႈျဖင့္ အယံုအၾကည္မရွိေၾကာင္း စြဲခ်က္တင္ရာတြင္ မေအာင္ျမင္ခဲ့ျပီးေနာက္ ယင္းသို႔ ျမိဳ႕ကေလးအား သိမ္းပိုက္မႈ ျဖစ္ေပၚခဲ့ျခင္းျဖစ္သည္။

အဆိုပါ သိမ္းပိုက္မႈကို အေမရိကန္အစိုးရက စစ္သည္ ၁၀၀၀ ခန္႔အျပင္ ရဟတ္ယာဥ္မ်ားပါ သံုးစြဲေခ်မႈန္းခဲ့၏။ ဌာေနတိုင္းရင္းသားမ်ားဘက္မွ ၂ ဦးေသဆံုးျပီး FBI မွ ၂ ဦးေသဆံုးကာ ျမိဳ႕ေလးကို အေမရိကန္အစိုးရက ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့သည္။

ထိုျဖစ္ရပ္ျဖစ္ပြားေနခ်ိန္တြင္ ေအာ္စကာဆုေပးပြဲက်င္းပခဲ့ျခင္းျဖစ္ရာ ဌာေနတိုင္းရင္းသားတို႔အေရး လႈပ္ရွားသူ ျဖစ္သည့္ မာလြန္ဘရန္ဒိုက ေအာ္စကာေပးပြဲကို မတက္ေရာက္ေတာ့ပဲ သူ႔ကိုယ္စား ရုပ္ရွင္မင္းသမီး Sacheen Littlefeather ကို တက္ေရာက္ေစခဲ့ျပီး သူၾကိဳတင္ေရးသားထားသည့္ ေအာ္စကာ အမွတ္တရစကားကိုလည္း ေပးအပ္လိုက္၏။

မာလြန္ဘရန္ဒိုသည္ ထိုႏွစ္က The Godfather ဇာတ္ကားျဖင့္ ေအာ္စကာဆု ရရွိခဲ့ျခင္း ျဖစ္သည္။

ေအာ္စကာဆုေပးပြဲတြင္ မာလြန္ဘရန္ဒို၏ အမည္ေၾကညာေသာအခါ မင္းသမီး Littlefeather က စင္ေပၚသို႔ တက္သြား၏။ သို႔ေသာ္ မင္းသမီးက အစီအစဥ္တင္ဆက္သူ ေရာ္ဂ်ာမိုးထံမွ ေအာ္စကာရုပ္တုလက္ခံရန္ ျငင္းပယ္ခဲ့သည္။

“မာလြန္ဘရန္ဒိုရဲ႕ကိုယ္စား ကၽြန္မတက္ေရာက္လာတာျဖစ္ပါတယ္။ ေအာ္စကာဆု အမွတ္တရစကားအတြက္ အလြန္ရွည္လ်ားလွတဲ့စာတစ္ေစာင္ကိုလည္း သူက ေပးလိုက္ပါတယ္။ ဒါေပမယ့္ အခ်ိန္ကိုငဲ့တာေၾကာင့္ အခုခ်ိန္မွာ ကၽြန္မ ဖတ္မျပေတာ့ပါဘူး။ သတင္းစာရွင္းလင္းပြဲမွာေတာ့ ကၽြန္မ ဖတ္ျပပါ့မယ္။ ေစတနာထားျပီး ေပးအပ္တဲ့ဒီဆုကို လက္မခံႏိုင္တဲ့အတြက္ သူလည္း အလြန္စိတ္မေကာင္းပါဘူး”ဟု မင္းသမီး Littlefeather က ဆုေပးပြဲတြင္ေျပာသည္။

“ဆုကို လက္မခံရတဲ့အေၾကာင္းရင္းက ယေန႔ေခတ္ ရုပ္ရွင္နယ္ပယ္က အေမရိကန္ဌာေန တိုင္းရင္းသားေတြ အေပၚ ျပဳမူေနပံုေတြေၾကာင့္ ျဖစ္ပါတယ္။ ေနာက္တစ္ေၾကာင္းကေတာ့ Wounded Knee ျမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္ေၾကာင့္လည္း ျဖစ္ပါတယ္”

ထိုသိို႔ေျပာခ်ိန္တြင္ ပရိသတ္မ်ားထဲမွ ဝိုင္းဝန္းေအာ္ဟစ္ေလွာင္ေျပာင္ၾကသကဲ့သို႔ လက္ခုပ္တီးၾသဘာေပးသူ မ်ားလည္း ရွိသည္။

မင္းသမီး Littlefeather အား ယင္းသို႔ ဝိုင္းဝန္းေလွာင္ေျပာင္ၾကသည့္အေပၚ မိမိအေနျဖင့္ စိတ္မခ်မ္းေျမ့ျဖစ္ရ ေၾကာင္း၊ သို႔ေသာ္ ယခုအေၾကာင္းရပ္ကို ကမၻာ့အလယ္တြင္ မ်က္ဝါးထင္ထင္ေတြ႔ျမင္သြားေစမည္လည္း ျဖစ္ေၾကာင္း မာလြန္ဘရန္ဒိုက ေျပာသည္။

The Wrap သတင္းဌာနက ေဖာ္ျပေသာသတင္းတစ္ရပ္အရ ေရာ္ဂ်ာမိုးသည္ မာလြန္ဘရန္ဒိုအားေပးမည့္ ေအာ္စကာရုပ္တုကို ေအာ္စကာအျပီး ပါတီပြဲအခ်ဳိ႕သို႔ ယူေဆာင္သြားခဲ့ကာ ေနာက္ဆံုးတြင္ သူ၏ေနအိမ္သို႔ သယ္ေဆာင္သြားခဲ့သည္။

ေနာက္ပိုင္းတြင္မူ ေအာ္စကာဆုေပးသည့္အဖြဲ႔ထံ အဆိုပါရုပ္တု ျပန္လည္အပ္ႏွံခဲ့၏။ ယင္းေနာက္တြင္ကား အဆိုပါရုပ္တုကို ေအာ္စကာဆုရရွိသူ ခ်ာလီခ်က္ပလင္အား ေပးခဲ့သည္ဟု ဆိုသည္။

မာလြန္ဘရန္ဒို၏ ရုပ္ရွင္သက္တမ္းတစ္ေလွ်ာက္ ေအာ္စကာဆု ၈ ၾကိမ္အမည္စာရင္းတင္သြင္းခံခဲ့ရျပီး ၂ ၾကိမ္ ဆုရခဲ့သည္။

(မာလြန္ဘရန္ဒို၏ ေဟာလိဝုဒ္ေဟးလ္စံအိမ္)

မာလြန္ဘရန္ဒိုသည္ ရုပ္ရွင္ေလာကတြင္ ျဖတ္သန္းသည့္ကာလတစ္ေလွ်ာက္ ေလာ့စ္အိန္ဂ်လိတြင္ အမ်ားဆံုး ေနထိုင္ခဲ့သည္။ ကယ္လီဖုိးနီးယားတြင္ ေနထိုင္စဥ္ကာလမ်ားအတြင္း A Streetcar Named Desire (၁၉၅၁) ႏွင့္ Last Tango In Paris (၁၉၇၂) ဇာတ္ကားမ်ားမွသည္ Apocalypse Now (၁၉၇၉) အထိ ရိုက္ကူးခဲ့သည္။

ေဟာလိဝုဒ္ေဟးအရပ္၊ Laurel View Drive လမ္း၊ အမွတ္ ၈၁၄၂ တြင္တည္ရွိေသာ စံအိမ္သည္ မာလြန္ဘရန္ဒို၏ အေကာင္းဆံုးေလာ့စ္အိန္ဂ်လိစံအိမ္မ်ားတြင္ ပါဝင္ျပီး ရုပ္ရွင္မင္းသားတစ္ေယာက္အတြက္ အလြန္သင့္ေတာ္သင့္ စံအိမ္ပင္ ျဖစ္သည္။

အဆိုပါစံအိမ္သည္ ကန္ေဒၚလာ ၄,၁၅၀,၀၀၀ ျဖင့္ ေနာက္ဆံုးအၾကိမ္ အေရာင္းေစ်းကြက္ဝင္ခဲ့ဖူးသည္။

မာလြန္ဘရန္ဒို၏ စံအိမ္သည္ ေလာ့စ္အိန္ဂ်လိ၏ ႏွလံုးသည္းပြတ္ေနရာတြင္ တည္ရွိျပီး Nichols Canyon ၏ အေပၚတြင္ တည္ရွိကာ နတ္မိမယ္မ်ား၏ျမိဳ႕ေတာ္ (City of Angels) ဟု လူသိမ်ားေသာ ေလာ့စ္အိန္ဂ်လိ ျမိဳ႕ၾကီး၏ ျမင္ကြင္းကို ၂၇၀ ဒီဂရီ ေတြ႔ျမင္ႏိုင္သည့္ျမင္ကြင္းမ်ား ပိုင္ဆိုင္ထားသည္။

မာလြန္ဘရန္ဒို၏ စံအိမ္မွာ ရိုမန္႔တစ္ဆန္လွေသာ ေနရာတစ္ခုလည္းျဖစ္ျပီး ေဟာလိဝုဒ္ေခတ္ေဟာင္းကို အမွတ္ရဖြယ္မ်ားျဖင့္ ျပည့္ႏွက္ေနသည္။

အျမဲျပာလဲ့ေနသည့္ေကာင္းကင္၊ ေန႔ဘက္တြင္ ယိမ္းထုိးေနေသာ အုန္းပင္မ်ားႏွင့္ ညဘက္တြင္ ေလာ့စ္အိန္ဂ်လိ၏ ညွိဳ႕ယူဖမ္းစားေသာ ဖိတ္ဖိတ္လက္အလင္းမ်ားကို Sunset Strip မွသည္ ဆန္တာမိုနီကာအထိ တခြင္တျပင္ ေတြ႔ျမင္ခံစားႏိုင္မည္ ျဖစ္သည္။

မာလြန္ဘရန္ဒို၏ စံအိမ္သည္ ရႈေမွ်ာ္ခင္းေကာင္းမ်ား ပိုင္ဆိုင္ထားသည္ဆိုျခင္းထက္ ပိုပါသည္။

ဗိသုကာအရဆိုလွ်င္လည္း ဤစံအိမ္မွာ ျပိဳင္ဖက္ကင္းေသာ လက္ရာမ်ဳိးရွိသည္။

အထင္ၾကီးစရာလက္ရာမ်ားျဖစ္ေသာ ထိပ္တန္းဗိသုကာပညာရွင္ၾကီး Frank Lloyd Wright ၏ Storer စံအိမ္ (၁၉၂၃) ၊ Charles Kyson ၏ ထူးျခားသည့္လက္ရာျဖစ္ေသာ ၁၉၂၅ ခုႏွစ္ “De Witt House” စံအိမ္မ်ားကို ေကာင္းစြာျဖတ္ေက်ာ္ႏိုင္သည့္လက္ရာမ်ဳိး ျဖစ္သည္။

မာလြန္ဘရန္ဒို၏ စံအိမ္ကို နာမည္ေက်ာ္ ဗိသုကာပညာရွင္ A.F.Leicht က ၁၉၂၆ ခုႏွစ္တြင္ စပိန္ကိုလိုနီဗိသုကာဟန္ျဖင့္ ဒီဇိုင္းေရးဆြဲေဆာက္လုပ္ေပးခဲ့ျခင္း ျဖစ္သည္။

စံအိမ္အက်ယ္မွာ ၄၃၀၀ စတုရန္းေပရွိျပီး ခမ္းနားထည္ဝါမႈအတြက္ ေခၽြတာထားျခင္းမရွိေခ်။

စံအိမ္အတြင္း ထုတ္တန္းေဖာ္မ်က္ႏွာၾကက္မ်ား၊ တန္ဖိုးၾကီး ေၾကြျပားခင္းၾကမ္းျပင္မ်ား၊ ခမ္းနားေသာ ေလွကားတစ္ခုတို႔ကို ေတြ႔ျမင္ႏိုင္သည္။

နံရံမ်ားတြင္သာ နားမ်ားရွိခဲ့လွ်င္ ဤစံအိမ္ၾကီးက သင့္အားေျပာျပမည့္အရာ အမ်ားအျပားရွိႏိုင္သည္။

ဥပမာအားျဖင့္ ဧည့္ခန္းကိုၾကည့္ပါ။

ထိုအခန္းတြင္ မာလြန္ဘရန္ဒိုက သူ၏နာမည္ေက်ာ္ ဓာတ္ပံုျဖစ္ေသာ ၁၉၅၅ ခုႏွစ္တြင္ ပထမဆံုးရရွိခဲ့သည့္ ေအာ္စကာဆုႏွင့္အတူ ဓာတ္ပံုရိုက္ခဲ့သည္။ ပုိင္ရွင္သစ္တို႔အေနျဖင့္ ယခုစံအိမ္ၾကီးတြင္ ဧည့္သည္ေပါင္းမ်ားစြာျဖင့္ ေကာ့ေတးပါတီပြဲမ်ား က်င္းပဖြယ္ရာရွိသည္။

အတိတ္မွ လြမ္းဆြတ္ဖြယ္ရာ ပဲ့တင္ခတ္သံမ်ားပင္ ၾကားရဖြယ္ရွိရာ အေသအခ်ာနားစိုက္ေထာင္မည္ဆိုပါက လြန္ခဲ့ေသာ ဆယ္စုႏွစ္မ်ားစြာက ေအာ္စကာည ရွန္ပိန္ပုလင္းေဖာက္သံမ်ားကိုပင္ ၾကားရႏိုင္သည္။ မီးဖိုေဆာင္မွာ ပြဲေတာ္ၾကီးမ်ားက်င္းပႏုိင္သည္အထိ ခ်က္ျပဳတ္ႏိုင္ျပီး ေတာက္ေျပာင္ေသာ အျဖဴေရာင္ဗီရိုမ်ားႏွင့္ ေပါလစ္တင္ထားေသာ မီးဖိုေဆာင္စားပြဲမ်ားကုိ ေတြ႔ရႏိုင္သည္။

ညစာစားခန္းမွာလည္း ဧည့္သည္ဦးေရ ၂၀ ဧည့္ခံႏိုင္သည့္ အခန္းျဖစ္သည္။ ညစာစားခန္းတြင္ ၾကီးမားသည့္ ျပတင္းေပါက္မ်ား တပ္ဆင္ထားျခင္းေၾကာင့္ ဧည့္သည္မ်ားသည္ ညစာစားေနစဥ္အတြင္း အေနာက္ဘက္ကမ္းရိုးတန္း၏ ျမင့္မားေသာ အပူဒဏ္ကို ခံရႏိုင္ဖြယ္မရွိေခ်။

အိပ္ခန္းမ်ားမွာ ျပီးျပည့္စံုကာ ဇိမ္က်လွျပီး စုစုေပါင္း အိပ္ခန္း ၄ ခန္းရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Credit: Step inside Marlon Brando’s Hollywood Hills home (thegentlemansjournal)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service