ကောင်းတာလေးတွေမျှဝေပါ

ကောင်းတာလေးတွေမျှဝေပါ - Property Knowledge in Myanmar from iMyanmarHouse.com
28 Sep 2022 1:27 pm တွင် တင်ခဲ့သည်
457 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကိုယ်နှစ်သက်တဲ့အရာလေးတွေဆိုရင် လူတွေဟာ သူတစ်ပါးကိုလည်းမျှဝေချင်တတ်ကြတယ်။ ကိုယ်ကြိုက်တာတိုင်း မျှဝေလို့ကောင်းလားဆိုတော့ အဲလိုလည်းမဟုတ်ပြန်ပါဘူး။လောဘဒေါသမဖြစ်စေတဲ့ ကောင်းတာလေးတွေ၊ကျေနပ်နှစ်သိမ့်စရာလေးတွေ၊သတိထားဆင်ခြင်စရာလေးတွေနဲ့ ပညာရစေမဲ့ ကိစ္စလေးတွေကို မျှဝေကြရင်တော့ကောင်းတာပေါ့။

တချို့အစား စားတာကြိုက်တဲ့သူက အစားကောင်းလေးစားရရင် ဘယ်နေရာ ဘယ်ဆိုင်က ဘယ်လိုစားစရာ တွေကတော့ဖြင့် လျှာလည်သွားလောက်အောင် ကောင်းကြောင်းတွေကို မျှဝေတတ်ကြတာပါပဲ။ ဒီလိုမျှဝေ မှုတွေကြောင့် အစားကောင်း စားလိုသူတွေက အဲဒီနေရာတွေကို ဘယ်လောက်ဝေးဝေး ရောက်အောင်သွားပြီး တော့ အစားအစာတွေကိုစားကြည့်တတ်ကြတယ်။

ခရီးသွားကြိုက်သူတွေကလည်း သူတို့ခရီးသွားမှတ်တမ်းလေးတွေကို ပုံတွေတင်ပြီးမျှဝေတတ်ကြပါတယ်။ မရောက်ဘူးသေးတဲ့သူတွေက ငါတို့လည်းဒီနှစ်ခရီးသွားဖြစ်ရင် အဲဒီနေရာလေးတွေတော့ ရောက်အောင် သွားလိုက်ဦးမကွဲ့လို့ အားမွေးတတ်ကြတာပေါ့။ရောက်အောင်လည်းသွားတတ်ကြပြီး မတူတဲ့ပုံရိပ်တွေကို ရယူကြပြီး ပြန်လည်မျှဝေကြပြန်ပါတယ်။

ဟာသကြိုက်တဲသူတွေကလည်း ဟာသကွက်လေး တစ်ကွက်တလေများတွေ့ရင် လက်ဦးအောင်တင်ပြီး မျှဝေကြတော့တာပါပဲ။ဟာသပြကွက်ကောင်းလေးတွေကိုကြည့်ပြီး ရီလိုက်ပျော်လိုက်ရရင် လူတွေရဲ့ တင်းကျပ်နေတဲ့ စိတ်အမောတွေဟာ အထိုက်အလျောက် လျော့ပါသွားတယ်လို့ခံစားရပါတယ်။ ကျွန်တော်လည်း ဟာသတွေကိုနှစ်သက်တော့ သူတို့မျှဝေတဲ့ ရယ်စရာပြကွက်တွေကိုကြည့် နှစ်နှစ်ခြိုက်ခြိုက် တစ်ကိုယ်လုံးလှုပ်ခါပြီးရီမိတတ်တယ်။ပြန်အမှတ်ရမိတဲ့ ပြကွက်လေးတစ်ခုရှိပါတယ်။

တစ်ခါတော့ ယိုးဒယားမှာလို့ထင်ပါတယ်။အခြောက်မတစ်ယောက်က အတွင်းခံလေးနဲ့ မော်ဒယ်လမ်းလျှောက် တာပေါ့။ပထမတော့ ကော့လန်ကော့လန်နဲ့ ရိုးရိုးလေးလမ်းလျှောက်တာပါ။နောက်တော့ ဘာစိတ်ကူးရလည်း မသိပါဘူး ခုန်ပေါက်ပြီးလမ်းလျှောက်တယ်။ဘာမှမဖြစ်သေးဘူး။နောက်တော့ လက်ထောက်ပြီးကျွမ်းထောင် လိုက်တော့ အောက်ပိုင်းအတွင်းခံက ပြုတ်ထွက်ပြီး ယောက်ျားအင်္ဂါက လှုပ်လှုပ်ရမ်းနဲ့ပေါ်လာပါတော့တယ်။ အဲဒီအခြောက်မလည်း သူ့ဟာလေးလက်နဲ့အုပ်ပြီး ဝင်ပြေးပါလေးရောလား။အဲဒီမျှဝေမှုလေးကြည့်ပြီး ကျွန်တော်မှာလေ ရီလိုက်ရတာ မျက်ရည်တောင်ထွက်ပါတယ်။

တချို့က လျှပ်တစ်ပြတ် ဖြစ်ရပ်တွေကို မျှဝေတင်ပြကြတယ်။ဒီနေရာမှာတော့ အဲဒီလိုလျှပ်တစ်ပြတ်ဖြစ်ရပ် တွေက မကြည့်ဝံ့စရာ ဖြစ်ရပ်ဆိုးတွေပါသလို သတိထားဆင်ခြင်စရာတွေလည်းပါတဲ့အတွက် မကြည့်ဝံ့သူတွေလည်း တစ်ခါတစ်ရံ ကြည့်ဖို့သင့်တယ်လို့ ယူဆမိတယ်။ဒုက္ခရောက်မလိုဖြစ်နေရာကနေ သီသီလေးကပ်လွတ်သွားတဲ့ ဖြစ်ရပ်တွေ၊ ကံဆိုးချင်တဲ့သူတွေကြတော့လည်း ဒီဘက်ပလက်ဖောင်းက လမ်းလျှောက်နေတာကို ဟိုဘက်လမ်းကြောက ကားဘီးကျွတ်ပြီးလာမှန်တဲ့ဖြစ်ရပ်တွေဟာ လူတွေရဲ့ ကံကြမ္မာတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရတဲ့ မြင်ကွင်းတွေပါပဲ။ဘဝတွေဟာ မျက်စိတစ်မှိတ်၊လက်တစ်ဖျစ် အတွင်း ဘာဖြစ်သွားမှန်းမသိလိုက်ဘဲ ဘဝတွေပြောင်းသွားကြတဲ့ တကယ့်ဖြစ်စဉ်မှန်တွေဟာ တရားရဖွယ် တွေ့ရပါတယ်။

တချို့မျှဝေမှုတွေက အနိဋ္ဌာရုံတွေပါတတ်ပါတယ်။အဲဒီအဖြစ်ဆိုးတွေကနေ သတိထားနိုင်ဖို့၊ဆင်ခြင်ဖို့၊ ရှောင်တိမ်းနိုင်ဖို့ လိုအပ်ရင်မျှဝေကြပေါ့နော်။

အချို့က ကျန်းမာရေးဗဟုသုတတွေ မျှဝေကြတယ်၊ အချို့ကပညာရပ်တွေမျှဝေကြတယ်၊အချို့က တိုးတက် ကြီးပွားဖို့ရာအသိတွေကို မျှဝေကြတယ်၊အချို့က တရားရေအေး အမြိုက်ဆေးတွေ မျှဝေတိုက်ကြွေးကြတယ်။ ကောင်းတာလေးတွေမျှဝေကြတော့ ကောင်းတဲ့ အတွေးအသိအမြင်တွေရတာပေါ့။

ဒါပေမဲ့ လူတိုင်းဟာ လူစိတ်မရှိတဲ့သူတွေရော ရောပါနေလေတော့ သူတို့ရဲ့ မကောင်းတဲ့ မျှဝေမှုတွေဟာ ကိုယ့်ဆီကို ရောက်လာနိုင်ပါတယ်။စစ်ထုတ်ဝေဖန်နိုင်တဲ့ အသိလေးတွေနဲ့ သူတို့ရဲ့မျှဝေမှုတွေကို လျစ်လျူပြုရှောင်ရှားနိုင်ပြီး ကောင်းတာလေးတွေကိုသာ ရှာဖွေလက်ခံမျှဝေကြဖို့သာပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ေကာင္းတာေလးေတြမွ်ေဝပါ

 

ကိုယ္ႏွစ္သက္တဲ့အရာေလးေတြဆိုရင္ လူေတြဟာ သူတစ္ပါးကိုလည္းမွ်ေဝခ်င္တတ္ၾကတယ္။ ကိုယ္ႀကိဳက္တာတိုင္း မွ်ေဝလို႔ေကာင္းလားဆိုေတာ့ အဲလိုလည္းမဟုတ္ျပန္ပါဘူး။ေလာဘေဒါသမျဖစ္ေစတဲ့ ေကာင္းတာေလးေတြ၊ေက်နပ္ႏွစ္သိမ့္စရာေလးေတြ၊သတိထားဆင္ျခင္စရာေလးေတြနဲ႔ ပညာရေစမဲ့ ကိစၥေလးေတြကို မွ်ေဝၾကရင္ေတာ့ေကာင္းတာေပါ့။

တခ်ိဳ႕အစား စားတာႀကိဳက္တဲ့သူက အစားေကာင္းေလးစားရရင္ ဘယ္ေနရာ ဘယ္ဆိုင္က ဘယ္လိုစားစရာ ေတြကေတာ့ျဖင့္ လွ်ာလည္သြားေလာက္ေအာင္ ေကာင္းေၾကာင္းေတြကို မွ်ေဝတတ္ၾကတာပါပဲ။ ဒီလိုမွ်ေဝ မႈေတြေၾကာင့္ အစားေကာင္း စားလိုသူေတြက အဲဒီေနရာေတြကို ဘယ္ေလာက္ေဝးေဝး ေရာက္ေအာင္သြားၿပီး ေတာ့ အစားအစာေတြကိုစားၾကည့္တတ္ၾကတယ္။

ခရီးသြားႀကိဳက္သူေတြကလည္း သူတို႔ခရီးသြားမွတ္တမ္းေလးေတြကို ပုံေတြတင္ၿပီးမွ်ေဝတတ္ၾကပါတယ္။ မေရာက္ဘူးေသးတဲ့သူေတြက ငါတို႔လည္းဒီႏွစ္ခရီးသြားျဖစ္ရင္ အဲဒီေနရာေလးေတြေတာ့ ေရာက္ေအာင္ သြားလိုက္ဦးမကြဲ႔လို႔ အားေမြးတတ္ၾကတာေပါ့။ေရာက္ေအာင္လည္းသြားတတ္ၾကၿပီး မတူတဲ့ပုံရိပ္ေတြကို ရယူၾကၿပီး ျပန္လည္မွ်ေဝၾကျပန္ပါတယ္။

ဟာသႀကိဳက္တဲသူေတြကလည္း ဟာသကြက္ေလး တစ္ကြက္တေလမ်ားေတြ႔ရင္ လက္ဦးေအာင္တင္ၿပီး မွ်ေဝၾကေတာ့တာပါပဲ။ဟာသျပကြက္ေကာင္းေလးေတြကိုၾကည့္ၿပီး ရီလိုက္ေပ်ာ္လိုက္ရရင္ လူေတြရဲ႕ တင္းက်ပ္ေနတဲ့ စိတ္အေမာေတြဟာ အထိုက္အေလ်ာက္ ေလ်ာ့ပါသြားတယ္လို႔ခံစားရပါတယ္။ ကၽြန္ေတာ္လည္း ဟာသေတြကိုႏွစ္သက္ေတာ့ သူတို႔မွ်ေဝတဲ့ ရယ္စရာျပကြက္ေတြကိုၾကည့္ ႏွစ္ႏွစ္ျခိဳက္ျခိဳက္ တစ္ကိုယ္လုံးလႈပ္ခါၿပီးရီမိတတ္တယ္။ျပန္အမွတ္ရမိတဲ့ ျပကြက္ေလးတစ္ခုရွိပါတယ္။

တစ္ခါေတာ့ ယိုးဒယားမွာလို႔ထင္ပါတယ္။အေျခာက္မတစ္ေယာက္က အတြင္းခံေလးနဲ႔ ေမာ္ဒယ္လမ္းေလွ်ာက္ တာေပါ့။ပထမေတာ့ ေကာ့လန္ေကာ့လန္နဲ႔ ရိုးရုိးေလးလမ္းေလွ်ာက္တာပါ။ေနာက္ေတာ့ ဘာစိတ္ကူးရလည္း မသိပါဘူး ခုန္ေပါက္ၿပီးလမ္းေလွ်ာက္တယ္။ဘာမွမျဖစ္ေသးဘူး။ေနာက္ေတာ့ လက္ေထာက္ၿပီးကၽြမ္းေထာင္ လိုက္ေတာ့ ေအာက္ပိုင္းအတြင္းခံက ျပဳတ္ထြက္ၿပီး ေယာက်္ားအဂၤါက လႈပ္လႈပ္ရမ္းနဲ႔ေပၚလာပါေတာ့တယ္။ အဲဒီအေျခာက္မလည္း သူ႔ဟာေလးလက္နဲ႔အုပ္ၿပီး ဝင္ေျပးပါေလးေရာလား။အဲဒီမွ်ေဝမႈေလးၾကည့္ၿပီး ကၽြန္ေတာ္မွာေလ ရီလိုက္ရတာ မ်က္ရည္ေတာင္ထြက္ပါတယ္။

တခ်ိဳ႕က လွ်ပ္တစ္ျပတ္ ျဖစ္ရပ္ေတြကို မွ်ေဝတင္ျပၾကတယ္။ဒီေနရာမွာေတာ့ အဲဒီလိုလွ်ပ္တစ္ျပတ္ျဖစ္ရပ္ ေတြက မၾကည့္ဝံ႔စရာ ျဖစ္ရပ္ဆိုးေတြပါသလို သတိထားဆင္ျခင္စရာေတြလည္းပါတဲ့အတြက္ မၾကည့္ဝံ႔သူေတြလည္း တစ္ခါတစ္ရံ ၾကည့္ဖို႔သင့္တယ္လို႔ ယူဆမိတယ္။ဒုကၡေရာက္မလိုျဖစ္ေနရာကေန သီသီေလးကပ္လြတ္သြားတဲ့ ျဖစ္ရပ္ေတြ၊ ကံဆိုးခ်င္တဲ့သူေတြၾကေတာ့လည္း ဒီဘက္ပလက္ေဖာင္းက လမ္းေလွ်ာက္ေနတာကို ဟိုဘက္လမ္းေၾကာက ကားဘီးကၽြတ္ၿပီးလာမွန္တဲ့ျဖစ္ရပ္ေတြဟာ လူေတြရဲ႕ ကံၾကမၼာေတြကို မ်က္ဝါးထင္ထင္ ျမင္ေတြ႔ရတဲ့ ျမင္ကြင္းေတြပါပဲ။ဘဝေတြဟာ မ်က္စိတစ္မွိတ္၊လက္တစ္ဖ်စ္ အတြင္း ဘာျဖစ္သြားမွန္းမသိလုိက္ဘဲ ဘဝေတြေျပာင္းသြားၾကတဲ့ တကယ့္ျဖစ္စဥ္မွန္ေတြဟာ တရားရဖြယ္ ေတြ႔ရပါတယ္။

တခ်ိဳ႕မွ်ေဝမႈေတြက အနိ႒ာရုံေတြပါတတ္ပါတယ္။အဲဒီအျဖစ္ဆိုးေတြကေန သတိထားနိုင္ဖို႔၊ဆင္ျခင္ဖို႔၊ ေရွာင္တိမ္းႏိုင္ဖို႔ လိုအပ္ရင္မွ်ေဝၾကေပါ့ေနာ္။

အခ်ိဳ႕က က်န္းမာေရးဗဟုသုတေတြ မွ်ေဝၾကတယ္၊ အခ်ိဳ႕ကပညာရပ္ေတြမွ်ေဝၾကတယ္၊အခ်ိဳ႕က တိုးတက္ ႀကီးပြားဖို႔ရာအသိေတြကို မွ်ေဝၾကတယ္၊အခ်ိဳ႕က တရားေရေအး အၿမိဳက္ေဆးေတြ မွ်ေဝတိုက္ေၾကြးၾကတယ္။ ေကာင္းတာေလးေတြမွ်ေဝၾကေတာ့ ေကာင္းတဲ့ အေတြးအသိအျမင္ေတြရတာေပါ့။

ဒါေပမဲ့ လူတိုင္းဟာ လူစိတ္မရွိတဲ့သူေတြေရာ ေရာပါေနေလေတာ့ သူတို႔ရဲ႕ မေကာင္းတဲ့ မွ်ေဝမႈေတြဟာ ကိုယ့္ဆီကို ေရာက္လာႏိုင္ပါတယ္။စစ္ထုတ္ေဝဖန္ႏိုင္တဲ့ အသိေလးေတြနဲ႔ သူတို႔ရဲ႕မွ်ေဝမႈေတြကို လ်စ္လ်ဴျပဳေရွာင္ရွားနိုင္ၿပီး ေကာင္းတာေလးေတြကိုသာ ရွာေဖြလက္ခံမွ်ေဝၾကဖို႔သာပါပဲ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service