ဘေဘီလေးတွေ ဘူးသီး စားလို့ရလား.....

ဘေဘီလေးတွေ ဘူးသီး စားလို့ရလား..... - Property Knowledge in Myanmar from iMyanmarHouse.com
13 Jul 2022 12:12 pm တွင် တင်ခဲ့သည်
1141 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ကြော်ချက်လေးပဲ ချက်ချက်၊ မုန့်နှစ်လေးနဲ့ ကြော်စားစား၊ ချဉ်ရည်ဟင်းလေးပဲ ချက်ချက် စားကောင်းတဲ့ ဘူးသီးလေးက အကျိုးများတယ်လို့ အရင်တစ်ခေါက်က ပြောပြထားဖူးပါတယ်။ ဒီတစ်ခေါက်တော့ ဘယ်လိုစားစား စားလို့အရသာရှိတဲ့ ဘူးသီးကြော်လေး စားနေတုန်း ဘေဘီလေးက သားသားလည်း စားချင်တယ်ဆိုလို့ ကျွေးရပါ့ မကျွေးရပါ့နဲ့ ဗျာများနေတဲ့ မေမေတို့ တီတီတို့ ရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်နော်။

ဒီဆောင်းပါးလေး ဖတ်ပြီးရင်တော့ ဘေဘီလေးကို ဘူးသီး ကျွေးလို့ ရမလား မရဘူးလားဆိုတဲ့ အဖြေထွက်မှာ အသေအချာပါပဲ။

ဘူးသီး ဆိုတာ 

ဘူးသီး ဆိုတာက ခပ်ဝိုင်းဝိုင်းလေး ရှိသလို ရှည်မျောမျောလေးလည်း ရှိတတ်ပါတယ်။ အခွံက အစိမ်းရောင် အနု၊ အစိမ်းရောင် အရင့် နဲ့ အဖြူရောင်ဆိုပြီး အမျိုးမျိုး ရှိပါတယ်။

အပေါ်ခွံကို နွှာပြီးမှ စားတာမျိုး ရသလို မနွှာဘဲ စားလို့လည်း ရပါတယ်။ အတွင်းမှာ အဖြူရောင် အူတိုင်နဲ့ အစေ့လေးတွေပါပြီး အပေါ်ယံအသားက ခပ်ကြွပ်ကြွပ်လေးပါ။ နုရင် တော်တော်လေး ချိုပြီး စားရတာ အရသာ ရှိလှပါတယ်။

ဘူးသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ

ဘူးသီးက ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အသီးတစ်မျိုးပါ။ အကြောင်းကတော့ ဘူးသီးမှာ ရေဓာတ် 92 ရာခိုင်နှုန်းအထိ ပါဝင်နေလို့ပါပဲ။ ဒါတင် မကသေးပါဘူး။ ဘူးသီးမှာ အခုလို အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။

* အမျှင်ဓာတ်

* ဗီတာမင် A

* ဗီတာမင် B

* ဗီတာမင် C

* ဗီတာမင် E

* ဗီတာမင် K

* သံဓာတ်

* ဖောလိတ်

* ပိုတက်ဆီယမ်

* မဂ္ဂနိစ်

* ကာဗိုဟိုက်ဒရိတ်

* ကယ်လ်ဆီယမ်

* ပရိုတင်းတို့ ပါဝင်နေပါတယ်။

ဘေဘီလေးတွေ ဘူးသီး စားလို့ရလား

ဘေဘီလေးတွေ ဘူးသီး စားလို့ရလား ဆိုတော့ ရပါတယ်။ ဘေဘီလေးက အသက် ၇ လ ဒါမှမဟုတ် ၈ လ ပြည့်ပြီ။ Solid food လည်း စစားနေပြီဆိုရင် ဘူးသီး စကျွေးပေးလို့ ရပါပြီ။ ဘူးသီးက ရေဓာတ်နဲ့ အမျှင်ဓာတ် ကြွယ်ဝသလို ဘေဘီလေးက ဘူးသီးနဲ့ ဓာတ်မတည့်တာလည်း အဖြစ်နည်းပါတယ်။

ဘူးသီးက အာဟာရပြည့်ဝပြီး ဘေဘီလေး ကျန်းမာဖွံ့ထွားစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ ဘယ်လို ထောက်ကူပေးသလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ဝမ်းမှန်စေတယ်

ဘူးသီးက ဘေဘီလေးကို ဝမ်းမှန်စေပြီး အစာခြေစနစ် ပြဿနာ ကင်းစေမှာပါ။ ရေဓာတ် နဲ့ အမျှင်ဓာတ် ပါဝင်နေမှုက အစာကြေစေနိုင်ပြီး အစာအိမ် အက်ဆစ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းချုပ်မှု ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

သန်ကျစေတယ်

ဘူးသီးက ဘေဘီလေးတွေရဲ့ အစာခြေစနစ်ထဲက သန်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးပါ။ ဘူးသီးစေ့ကို ကျွေးပေးတာက သဘာဝ သန်ချနည်း တစ်ရပ်ပါ။

ဆီးလမ်းကြောင်း ပိုးဝင်တာ သက်သာစေတယ်

ဘေဘီလေးတွေကလည်း လူကြီးတွေလိုပဲ ဆီလမ်းကြောင်း ပိုးဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဘူးသီးက ရေဓာတ်ပါဝင်မှု များတာကြောင့် ဆီးလမ်းကြောင်း ပိုးမဝင်စေဖို့ ကာကွယ်ပေးသလို ဆီးလမ်းကြောင်း ပိုးဝင်နေရင်လည်း သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို ထိန်းညှိပေးပါတယ်။

အေးမြစေတယ်

ဘူးသီးက ရေဓာတ် ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို အေးမြစေဖို့ ထောက်ကူပေးပါတယ်။ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးပြီး နွေရာသီမှာ ဘေဘီလေးကို ရေဓာတ်ဆုံးရှုံးမှု နည်းစေဖို့ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

နှလုံး ကျန်းမာစေတယ်

ဘူးသီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် နှလုံးကို လုပ်ငန်းဆောင်တာတွေ ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

အသည်း ကျန်းမာစေတယ်

ဗီတာမင် C ပါဝင်နေတာကြောင့် ဆဲလ်တွေထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်။ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးက အစိတ်အပိုင်းတွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

အသားအရေ နဲ့ ဆံသား ကျန်းမာစေတယ်

ဘူးသီးက ဘေဘီလေးရဲ့ အသားအရေနဲ့ ဆံသား ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

ဒီလောက် အကျိုးကျေးဇူးတွေ များနေမှတော့ ဘေဘီလေးကို ဘူးသီး ကျွေးလို့ရသလို ကျွေးလည်း ကျွေးသင့်ပါတယ်။ လတ်ဆတ်ပြီး organic ဖြစ်ဖို့တော့ သတိထားရမှာပေါ့။ ပြီးတော့ ဘူးသီးကို ချက်ပြုတ်တဲ့အခါမှာလည်း သတိထားရပါမယ်။ ကလေးကို ကျွေးမယ်ဆို လူကြီးစားတဲ့ ဘူးသီးကြော်လိုမျိုး မကျွေးသင့်ပါဘူး။ ဆီနဲ့ ဆားပါဝင်မှု များလို့ပါ။ ကလေးစားမယ်ဆို သီးသန့်ချက်ကျွေးသင့်ပါတယ်။

ကဲ ….. ဘေဘီလေးတွေ ဘူးသီး စားလို့ရလား ….. ဆိုတဲ့ အဖြေထွက်လောက်ပြီ ထင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ေဘဘီေလးေတြ ဘူးသီး စားလို႔ရလား.....

ေၾကာ္ခ်က္ေလးပဲ ခ်က္ခ်က္၊ မုန္႔ႏွစ္ေလးနဲ႔ ေၾကာ္စားစား၊ ခ်ဥ္ရည္ဟင္းေလးပဲ ခ်က္ခ်က္ စားေကာင္းတဲ့ ဘူးသီးေလးက အက်ိဳးမ်ားတယ္လို႔ အရင္တစ္ေခါက္က ေျပာျပထားဖူးပါတယ္။ ဒီတစ္ေခါက္ေတာ့ ဘယ္လိုစားစား စားလို႔အရသာ႐ွိတဲ့ ဘူးသီးေၾကာ္ေလး စားေနတုန္း ေဘဘီေလးက သားသားလည္း စားခ်င္တယ္ဆိုလို႔ ေကြၽးရပါ့ မေကြၽးရပါ့နဲ႔ ဗ်ာမ်ားေနတဲ့ ေမေမတို႔ တီတီတို႔ ႐ွိလား ….. ဒါဆိုရင္ေတာ့ ဒီေဆာင္းပါးေလးကို အရင္ဖတ္ၾကည့္လိုက္ေနာ္။

ဒီေဆာင္းပါးေလး ဖတ္ၿပီးရင္ေတာ့ ေဘဘီေလးကို ဘူးသီး ေကြၽးလို႔ ရမလား မရဘူးလားဆိုတဲ့ အေျဖထြက္မွာ အေသအခ်ာပါပဲ။

ဘူးသီး ဆိုတာ 

ဘူးသီး ဆိုတာက ခပ္ဝိုင္းဝိုင္းေလး ႐ွိသလို ႐ွည္ေမ်ာေမ်ာေလးလည္း ႐ွိတတ္ပါတယ္။ အခြံက အစိမ္းေရာင္ အႏု၊ အစိမ္းေရာင္ အရင့္ နဲ႔ အျဖဴေရာင္ဆိုၿပီး အမ်ိဳးမ်ိဳး ႐ွိပါတယ္။

အေပၚခြံကို ႏႊာၿပီးမွ စားတာမ်ိဳး ရသလို မႏႊာဘဲ စားလို႔လည္း ရပါတယ္။ အတြင္းမွာ အျဖဴေရာင္ အူတိုင္နဲ႔ အေစ့ေလးေတြပါၿပီး အေပၚယံအသားက ခပ္ႂကြပ္ႂကြပ္ေလးပါ။ ႏုရင္ ေတာ္ေတာ္ေလး ခ်ိဳၿပီး စားရတာ အရသာ ႐ွိလွပါတယ္။

ဘူးသီးမွာ ဘယ္လို အာဟာရဓာတ္ေတြ ပါဝင္ေနလဲ

ဘူးသီးက က်န္းမာေရးနဲ႔ အညီၫြတ္ဆုံး အသီးတစ္မ်ိဳးပါ။ အေၾကာင္းကေတာ့ ဘူးသီးမွာ ေရဓာတ္ 92 ရာခိုင္ႏႈန္းအထိ ပါဝင္ေနလို႔ပါပဲ။ ဒါတင္ မကေသးပါဘူး။ ဘူးသီးမွာ အခုလို အာဟာရဓာတ္ေတြလည္း ပါဝင္ေနပါတယ္။

* အမွ်င္ဓာတ္

* ဗီတာမင္ A

* ဗီတာမင္ B

* ဗီတာမင္ C

* ဗီတာမင္ E

* ဗီတာမင္ K

* သံဓာတ္

* ေဖာလိတ္

* ပိုတက္ဆီယမ္

* မဂၢနိစ္

* ကာဗိုဟိုက္ဒရိတ္

* ကယ္လ္ဆီယမ္

* ပ႐ိုတင္းတို႔ ပါဝင္ေနပါတယ္။

ေဘဘီေလးေတြ ဘူးသီး စားလို႔ရလား

ေဘဘီေလးေတြ ဘူးသီး စားလို႔ရလား ဆိုေတာ့ ရပါတယ္။ ေဘဘီေလးက အသက္ ၇ လ ဒါမွမဟုတ္ ၈ လ ျပည့္ၿပီ။ Solid food လည္း စစားေနၿပီဆိုရင္ ဘူးသီး စေကြၽးေပးလို႔ ရပါၿပီ။ ဘူးသီးက ေရဓာတ္နဲ႔ အမွ်င္ဓာတ္ ႂကြယ္ဝသလို ေဘဘီေလးက ဘူးသီးနဲ႔ ဓာတ္မတည့္တာလည္း အျဖစ္နည္းပါတယ္။

ဘူးသီးက အာဟာရျပည့္ဝၿပီး ေဘဘီေလး က်န္းမာဖြံ႕ထြားေစဖို႔ အေကာင္းဆုံး ေထာက္ကူေပးႏိုင္မွာပါ။ ဘယ္လို ေထာက္ကူေပးသလဲဆိုတာကို ေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္လိုက္ပါ။

ဝမ္းမွန္ေစတယ္

ဘူးသီးက ေဘဘီေလးကို ဝမ္းမွန္ေစၿပီး အစာေျခစနစ္ ျပႆနာ ကင္းေစမွာပါ။ ေရဓာတ္ နဲ႔ အမွ်င္ဓာတ္ ပါဝင္ေနမႈက အစာေၾကေစႏိုင္ၿပီး အစာအိမ္ အက္ဆစ္ပမာဏကို ထိန္းညႇိေပးႏိုင္ပါတယ္။ ဝမ္းခ်ဳပ္မႈ ကင္းေစဖို႔ အေကာင္းဆုံး ေထာက္ကူေပးႏိုင္မွာပါ။

သန္က်ေစတယ္

ဘူးသီးက ေဘဘီေလးေတြရဲ႕ အစာေျခစနစ္ထဲက သန္ေတြကို ထိထိေရာက္ေရာက္ ဖယ္႐ွားေပးႏိုင္တဲ့ သဘာဝေဆး တစ္မ်ိဳးပါ။ ဘူးသီးေစ့ကို ေကြၽးေပးတာက သဘာဝ သန္ခ်နည္း တစ္ရပ္ပါ။

ဆီးလမ္းေၾကာင္း ပိုးဝင္တာ သက္သာေစတယ္

ေဘဘီေလးေတြကလည္း လူႀကီးေတြလိုပဲ ဆီလမ္းေၾကာင္း ပိုးဝင္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဘူးသီးက ေရဓာတ္ပါဝင္မႈ မ်ားတာေၾကာင့္ ဆီးလမ္းေၾကာင္း ပိုးမဝင္ေစဖို႔ ကာကြယ္ေပးသလို ဆီးလမ္းေၾကာင္း ပိုးဝင္ေနရင္လည္း သက္သာေစဖို႔ လုပ္ေဆာင္ေပးပါတယ္။ ခႏၶာကိုယ္ရဲ႕ ေရဓာတ္ကို ထိန္းညႇိေပးပါတယ္။

ေအးျမေစတယ္

ဘူးသီးက ေရဓာတ္ ပါဝင္မႈ မ်ားတာေၾကာင့္ ခႏၶာကိုယ္ကို ေအးျမေစဖို႔ ေထာက္ကူေပးပါတယ္။ ခႏၶာကိုယ္ အပူခ်ိန္ကို ထိန္းညႇိေပးၿပီး ေႏြရာသီမွာ ေဘဘီေလးကို ေရဓာတ္ဆုံး႐ႈံးမႈ နည္းေစဖို႔ လုပ္ေဆာင္ေပးမွာ ျဖစ္ပါတယ္။

ႏွလုံး က်န္းမာေစတယ္

ဘူးသီးမွာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အေရးပါတဲ့ အာဟာရဓာတ္ေတြ ပါဝင္ေနတာေၾကာင့္ ႏွလုံးကို လုပ္ငန္းေဆာင္တာေတြ ေကာင္းေကာင္း လုပ္ေဆာင္ႏိုင္ေစဖို႔ ေထာက္ကူေပးပါတယ္။ ႏွလုံးက်န္းမာေစဖို႔ အေကာင္းဆုံး ေထာက္ကူေပးႏိုင္ပါတယ္။

အသည္း က်န္းမာေစတယ္

ဗီတာမင္ C ပါဝင္ေနတာေၾကာင့္ ဆဲလ္ေတြထဲက အဆိပ္အေတာက္ေတြ ဖယ္႐ွားေပးပါတယ္။ အသည္းရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစၿပီး ခႏၶာကိုယ္တစ္ခုလုံးက အစိတ္အပိုင္းေတြကို ဓာတ္တိုးပစၥည္းေတြေၾကာင့္ ထိခိုက္မႈ မျဖစ္ေစဖို႔ ေထာက္ကူေပးပါတယ္။

အသားအေရ နဲ႔ ဆံသား က်န္းမာေစတယ္

ဘူးသီးက ေဘဘီေလးရဲ႕ အသားအေရနဲ႔ ဆံသား က်န္းမာေစဖို႔ ေထာက္ကူေပးပါတယ္။

ဒီေလာက္ အက်ိဳးေက်းဇူးေတြ မ်ားေနမွေတာ့ ေဘဘီေလးကို ဘူးသီး ေကြၽးလို႔ရသလို ေကြၽးလည္း ေကြၽးသင့္ပါတယ္။ လတ္ဆတ္ၿပီး organic ျဖစ္ဖို႔ေတာ့ သတိထားရမွာေပါ့။ ၿပီးေတာ့ ဘူးသီးကို ခ်က္ျပဳတ္တဲ့အခါမွာလည္း သတိထားရပါမယ္။ ကေလးကို ေကြၽးမယ္ဆို လူႀကီးစားတဲ့ ဘူးသီးေၾကာ္လိုမ်ိဳး မေကြၽးသင့္ပါဘူး။ ဆီနဲ႔ ဆားပါဝင္မႈ မ်ားလို႔ပါ။ ကေလးစားမယ္ဆို သီးသန္႔ခ်က္ေကြၽးသင့္ပါတယ္။

ကဲ ….. ေဘဘီေလးေတြ ဘူးသီး စားလို႔ရလား ….. ဆိုတဲ့ အေျဖထြက္ေလာက္ၿပီ ထင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service