အိမ်မငှားနိုင်သဖြင့် ယာယီတဲတစ်လုံးကို တစ်လ ဒေါ်လာ ၁၂၀၀ (မြန်မာငွေ ၂၂ သိန်း) ပေး နေရသူ

အိမ်မငှားနိုင်သဖြင့် ယာယီတဲတစ်လုံးကို တစ်လ ဒေါ်လာ ၁၂၀၀ (မြန်မာငွေ ၂၂ သိန်း) ပေး နေရသူ - Property News in Myanmar from iMyanmarHouse.com
14 Jun 2022 11:05 am တွင် တင်ခဲ့သည်
4126 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သြစတေးလျနိုင်ငံ၊ အဲ့ဒလေ့မြို့ (Adelaide) မှ အသက် ၃၆ နှစ်အရွယ် မီဂန် (Meagan) အမည်ရှိ အမျိုးသမီးတစ်ဦးသည် အိမ်မငှားနိုင်သောကြောင့် တဲတစ်လုံးကို တစ်လလျှင် ဒေါ်လာ ၁၂၀၀ (မြန်မာကျပ်ငွေအားဖြင့် ၂၂ သိန်းကျော်) ပေးကာ ငှားရမ်းနေထိုင်ရလျက်ရှိကြောင်း ထုတ်ဖော်ပြောကြားလာသည်။

မီဂန် သည် ယောက်ျားမရှိသော ကလေးအမေတစ်ဦး (single mum) လည်း ဖြစ်သည်။

(အဲ့ဒလေ့မြို့၊ ဆင်ခြေဖုံး West beach ပင်လယ်ကမ်းခြေရှိ ယာယီစခန်းနေရာ (Caravan ) တွင် တဲတစ်လုံးကို တစ်လလျှင် ဒေါ်လာ ၁၂၀၀ ဝန်းကျင်ပေးကာ မီဂန် နေထိုင်ရသည်)

(သြစတေးလျတောင်ပိုင်းတွင် အိမ်ခြံမြေအကျပ်အတည်းကြောင့် ယခုလို အခြေအနေဆိုက်ရောက်ခဲ့ရခြင်း ဖြစ်ကြောင်း မီဂန်က ပြောသည်)

(ပုဂ္ဂလိကအငှားအိမ်လျှောက်ထားခဲ့မှု ၄၀ ခန့်၏ ငြင်းပယ်မှု ခံခဲ့ရသည်)

မသန်စွမ်းခံစားခွင့်များ အစိုးရထံမှ ရရှိနေသူ မီဂန်သည် West Beach ရှိ မြက်ခင်းတနေရာစာအတွက် ရက်သတ္တပတ်လျှင် ကန်ဒေါ်လာ ၃၀၀ (မြန်မာငွေ ၅၅၀,၀၀၀) ခန့် ပေးကာ နေထိုင်ရသည်ဟု ဆိုသည်။

လွန်ခဲ့သော ရက်သတ္တပတ် ၅ ခုအတွင်း အငှားအိမ်ရာလျှောက်ထားခဲ့မှု ၄၀ ခန့်တွင် ပယ်ချခြင်းခံရပြီး နောက်ပိုင်း ခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ခု ချခဲ့ရကြောင်း မီဂန်က 9News သတင်းဌာနသို့ ပြောသည်။

“ဒီလိုဘဝမျိုး ရောက်ရလိမ့်မယ်လို့ ကျွန်မတစ်ခါမှ မတွေးမိပါဘူး။ သိပ်ပြီးတုန်လှုပ်ဖို့ကောင်းပါတယ်” ဟု မီဂန်က ပြောသည်။

“ဈေးတွေက အားလုံးတက်နေတယ်။ လူတွေ ဘယ်လိုများဆက်ပြီး ရှင်သန်ကြရမလဲ။ အိမ်ရာမဲ့ အခြေအနေတွေ ဆိုးသထက်ဆိုးလာတယ်”

ပြည်သူ့အိမ်ရာလျှောက်ထားသော စောင့်ဆိုင်းစာရင်း လူဦးရေ ၁၆၀၀၀ ကျော်တွင် မီဂန်လည်း တစ်ဦးအပါအဝင်ဖြစ်ပြီး အစိုးရ၏ အိမ်ရာတွင် မရရှိမည်ကို မီဂန်က ရတက်မအေးဖြစ်နေသည်။

တောင်သြစတေးလျ၏ လူ့ဝန်ဆောင်မှုရေးရာဝန်ကြီး Nat Cook က ယခုပြဿနာမှာ သူမ ယခုနှစ်အစောပိုင်း ရာထူးရယူချိန်တွင် ဆက်ခံခဲ့ရသည့်ပြဿနာတစ်ရပ်ဖြစ်ကြောင်း ပြောသည်။

“ရာထူးနေရာရောက်ရှိပြီး ပထမတစ်ပတ်အတွင်းမှာပဲ ကျွန်မတို့ရုံးဟာ အီးမေးလ်ပေါင်း အစောင် ၁၅၀၀ လောက် လက်ခံရရှိခဲ့ပါတယ်။” ဟု ဝန်ကြီးက ပြောသည်။

ဝန်ကြီး Cook သည် မီဂန်ကို ပုဂ္ဂိုလ်ရေးအရ ခေါ်ယူတွေ့ဆုံခဲ့ပြီး ယာယီဖြေရှင်းမှုအနေဖြင့် ဟိုတယ်တွင် နေထိုင်ရန် ကမ်းလှမ်းခဲ့သည်။

သို့သော် အမြဲနေထိုင်ခွင့်ရမည့် အိမ်တစ်လုံးရရန်မှာ လနှင့်ချီ၍ ကြာမြင့်နိုင်မည် ဖြစ်သည်။

တောင်သြစတေးလျတွင် အိမ်ခြံမြေရှားပါးမှု အကျပ်အတည်းကြောင့် လူနေမှုစရိတ်များ ကြီးမြင့်မှုမှာ ပြဿနာကို ပိုမိုဆိုးရွားစေသည့်အချက်လည်း ဖြစ်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I pay £700 a month to live in a TENT – I can’t afford to live anywhere else, it’s absolutely horrible (thesun.co)

 

 

[Zawgyi]

အိမ္မငွားႏိုင္သျဖင့္ ယာယီတဲတစ္လံုးကို တစ္လ ေဒၚလာ ၁၂၀၀ (ျမန္မာေငြ ၂၂ သိန္း) ေပး ေနရသူ

ၾသစေတးလ်ႏိုင္ငံ၊ အဲ့ဒေလ့ျမိဳ႕ (Adelaide) မွ အသက္ ၃၆ ႏွစ္အရြယ္ မီဂန္ (Meagan) အမည္ရွိ အမ်ဳိးသမီးတစ္ဦးသည္ အိမ္မငွားႏိုင္ေသာေၾကာင့္ တဲတစ္လံုးကို တစ္လလွ်င္ ေဒၚလာ ၁၂၀၀ (ျမန္မာက်ပ္ေငြအားျဖင့္ ၂၂ သိန္းေက်ာ္) ေပးကာ ငွားရမ္းေနထိုင္ရလ်က္ရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာသည္။

မီဂန္ သည္ ေယာက်္ားမရွိေသာ ကေလးအေမတစ္ဦး (single mum) လည္း ျဖစ္သည္။

(အဲ့ဒေလ့ျမိဳ႕၊ ဆင္ေျခဖံုး West beach ပင္လယ္ကမ္းေျခရွိ ယာယီစခန္းေနရာ (Caravan ) တြင္ တဲတစ္လံုးကို တစ္လလွ်င္ ေဒၚလာ ၁၂၀၀ ဝန္းက်င္ေပးကာ မီဂန္ ေနထုိင္ရသည္)

(ၾသစေတးလ်ေတာင္ပိုင္းတြင္ အိမ္ျခံေျမအက်ပ္အတည္းေၾကာင့္ ယခုလို အေျခအေနဆိုက္ေရာက္ခဲ့ရျခင္း ျဖစ္ေၾကာင္း မီဂန္က ေျပာသည္)

(ပုဂၢလိကအငွားအိမ္ေလွ်ာက္ထားခဲ့မႈ ၄၀ ခန္႔၏ ျငင္းပယ္မႈ ခံခဲ့ရသည္)

မသန္စြမ္းခံစားခြင့္မ်ား အစိုးရထံမွ ရရွိေနသူ မီဂန္သည္ West Beach ရွိ ျမက္ခင္းတေနရာစာအတြက္ ရက္သတၱပတ္လွ်င္ ကန္ေဒၚလာ ၃၀၀ (ျမန္မာေငြ ၅၅၀,၀၀၀) ခန္႔ ေပးကာ ေနထိုင္ရသည္ဟု ဆိုသည္။

လြန္ခဲ့ေသာ ရက္သတၱပတ္ ၅ ခုအတြင္း အငွားအိမ္ရာေလွ်ာက္ထားခဲ့မႈ ၄၀ ခန္႔တြင္ ပယ္ခ်ျခင္းခံရျပီး ေနာက္ပိုင္း ခက္ခဲသည့္ဆံုးျဖတ္ခ်က္တစ္ခု ခ်ခဲ့ရေၾကာင္း မီဂန္က 9News သတင္းဌာနသို႔ ေျပာသည္။

“ဒီလိုဘဝမ်ဳိး ေရာက္ရလိမ့္မယ္လို႔ ကၽြန္မတစ္ခါမွ မေတြးမိပါဘူး။ သိပ္ျပီးတုန္လႈပ္ဖို႔ေကာင္းပါတယ္” ဟု မီဂန္က ေျပာသည္။

“ေစ်းေတြက အားလံုးတက္ေနတယ္။ လူေတြ ဘယ္လိုမ်ားဆက္ျပီး ရွင္သန္ၾကရမလဲ။ အိမ္ရာမဲ့ အေျခအေနေတြ ဆိုးသထက္ဆိုးလာတယ္”

ျပည္သူ႔အိမ္ရာေလွ်ာက္ထားေသာ ေစာင့္ဆိုင္းစာရင္း လူဦးေရ ၁၆၀၀၀ ေက်ာ္တြင္ မီဂန္လည္း တစ္ဦးအပါအဝင္ျဖစ္ျပီး အစိုးရ၏ အိမ္ရာတြင္ မရရွိမည္ကို မီဂန္က ရတက္မေအးျဖစ္ေနသည္။ ေတာင္ၾသစေတးလ်၏ လူ႔ဝန္ေဆာင္မႈေရးရာဝန္ၾကီး Nat Cook က ယခုျပႆနာမွာ သူမ ယခုႏွစ္အေစာပိုင္း ရာထူးရယူခ်ိန္တြင္ ဆက္ခံခဲ့ရသည့္ျပႆနာတစ္ရပ္ျဖစ္ေၾကာင္း ေျပာသည္။

“ရာထူးေနရာေရာက္ရွိျပီး ပထမတစ္ပတ္အတြင္းမွာပဲ ကၽြန္မတို႔ရံုးဟာ အီးေမးလ္ေပါင္း အေစာင္ ၁၅၀၀ ေလာက္ လက္ခံရရွိခဲ့ပါတယ္။” ဟု ဝန္ၾကီးက ေျပာသည္။

ဝန္ၾကီး Cook သည္ မီဂန္ကို ပုဂၢိဳလ္ေရးအရ ေခၚယူေတြ႔ဆံုခဲ့ျပီး ယာယီေျဖရွင္းမႈအေနျဖင့္ ဟိုတယ္တြင္ ေနထုိင္ရန္ ကမ္းလွမ္းခဲ့သည္။

သို႔ေသာ္ အျမဲေနထိုင္ခြင့္ရမည့္ အိမ္တစ္လံုးရရန္မွာ လႏွင့္ခ်ီ၍ ၾကာျမင့္ႏိုင္မည္ ျဖစ္သည္။

ေတာင္ၾသစေတးလ်တြင္ အိမ္ျခံေျမရွားပါးမႈ အက်ပ္အတည္းေၾကာင့္ လူေနမႈစရိတ္မ်ား ၾကီးျမင့္မႈမွာ ျပႆနာကို ပိုမိုဆိုးရြားေစသည့္အခ်က္လည္း ျဖစ္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I pay £700 a month to live in a TENT – I can’t afford to live anywhere else, it’s absolutely horrible (thesun.co)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service